မူဆယ္-ကြတ္ခိုင္ လမ္းပိုင္း မိုင္တိုင္ (၂၆၆) အနီးတြင္ အိမ္စီးကားတစ္စီး လမ္းေဘးေခ်ာက္တြင္း ထိုးက်မႈ႕ျဖစ္ပြား ၁ ဦးေသ ၁ ဦးဒဏ္ရာရ

မူဆယ္-ကြတ္ခိုင္ လမ္းပိုင္း မိုင္တိုင္ ၂၆၆ အနီးတြင္ အိမ္စီးကားတစ္စီး လမ္းေဘးေခ်ာက္တြင္း ထိုးက်မႈ႕ျဖစ္ပြား ၁ ဦးေသ ၁ ဦးဒဏ္ရာရ

ယေန႔ညေနပိုင္းကမူဆယ္ဘက္မွ ကြတ္ခိုင္ဘက္သို့ေမာင္းႏွင္လာေသာ အိမ္စီးကားငယ္တစ္စီးသည္ ကြတ္ခိုင္ ရွုခင္းသာ မိုင္တိုင္ ၂၆၆ အနီး အေရာက္တြင္ အရွိန္မ်ား၍ လမ္းေဘးေခ်ာက္အတြင္း ထိုးက်မွုျဖစ္ပြားခဲ့ေၾကာင္းသိရပါသည္။

၎ယာဥ္မေတာ္တဆ ျဖစ္စဥ္ေၾကာင့္ တစ္ဦးေသဆုံးၿပီးတစ္ဦးဒဏ္ရာ ရရွိခဲ့သည္။ ေသဆုံးသူႏွင့္ ဒဏ္ရာရသူမ်ားကို ကြတ္ခိုင္မီးသတ္တပ္ဖြဲ႕ဝင္မ်ား လူမူကူညီေရးအသင္းမ်ား’ ယာဥ္ထိန္းႏွင့္ရဲတပ္ဖြဲ႕ဝင္မ်ား’ လမ္းသြားလမ္းလာျပည္သူမ်ား စုေပါင္း၍ ေခ်ာက္အတြင္းမွခက္ခဲစြာဆြဲတင္ကူညီ၍ ကြတ္ခိုင္ေဆး႐ုံသို့ ပို့ေဆာင္ေပးခဲ့ၾကသည္။

ယခုရက္ပိုင္း ျပည္ေထာင္စုလမ္းတေလၽွာက္ ကားမ်ားသြားလာမွု နည္းပါးသည့္အတြက္ လမ္းရွင္းသျဖင့္ အခ်ိဳ့ ကားငယ္ေလးမ်ား အရွိန္ျပင္းစြာေမာင္းႏွင္လ်က္ရွိသည္ကို မၾကာခဏေတြ႕ေနရသည္။

သို့ျဖစ္ပါ၍လမ္းေၾကာင္းတေလၽွာက္သြားလာသည့္ ယာဥ္မ်ားအေနျဖင့္ သတိျပဳကာ မိမိနိုင္နင္းသည့္အရွိန္ မ်ားျဖင့္သာသြားလာၾကပါရန္ အသိေပး တိုက္တြန္းပါသည္။

Unicode

မူဆယ်-ကွတ်ခိုင် လမ်းပိုင်း မိုင်တိုင် ၂၆၆ အနီးတွင် အိမ်စီးကားတစ်စီး လမ်းဘေးချောက်တွင်း ထိုးကျမှု့ဖြစ်ပွား ၁ ဦးသေ ၁ ဦးဒဏ်ရာရ

ယနေ့ညနေပိုင်းကမူဆယ်ဘက်မှ ကွတ်ခိုင်ဘက်သို့မောင်းနှင်လာသော အိမ်စီးကားငယ်တစ်စီးသည် ကွတ်ခိုင် ရှုခင်းသာ မိုင်တိုင် ၂၆၆ အနီး အရောက်တွင် အရှိန်များ၍ လမ်းဘေးချောက်အတွင်း ထိုးကျမှုဖြစ်ပွားခဲ့ကြောင်းသိရပါသည်။

၎င်းယာဉ်မတော်တဆ ဖြစ်စဉ်ကြောင့် တစ်ဦးသေဆုံးပြီးတစ်ဦးဒဏ်ရာ ရရှိခဲ့သည်။ သေဆုံးသူနှင့် ဒဏ်ရာရသူများကို ကွတ်ခိုင်မီးသတ်တပ်ဖွဲ့ဝင်များ လူမူကူညီရေးအသင်းများ’ ယာဉ်ထိန်းနှင့်ရဲတပ်ဖွဲ့ဝင်များ’ လမ်းသွားလမ်းလာပြည်သူများ စုပေါင်း၍ ချောက်အတွင်းမှခက်ခဲစွာဆွဲတင်ကူညီ၍ ကွတ်ခိုင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။

ယခုရက်ပိုင်း ပြည်ထောင်စုလမ်းတလျှောက် ကားများသွားလာမှု နည်းပါးသည့်အတွက် လမ်းရှင်းသဖြင့် အချို့ ကားငယ်လေးများ အရှိန်ပြင်းစွာမောင်းနှင်လျက်ရှိသည်ကို မကြာခဏတွေ့နေရသည်။

သို့ဖြစ်ပါ၍လမ်းကြောင်းတလျှောက်သွားလာသည့် ယာဉ်များအနေဖြင့် သတိပြုကာ မိမိနိုင်နင်းသည့်အရှိန် များဖြင့်သာသွားလာကြပါရန် အသိပေး တိုက်တွန်းပါသည်။

#Chartake

Facebook Comments

Burmese Online News