အစိုးရအဖွဲ့အဂတိကင်းရှင်းစေရေး ပြည်သူများပူးပေါင်းပါဝင်ပေးရန် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် တိုက်တွန်း

အစိုးရအဖွဲ့အဂတိကင်းရှင်းစေရေး ပြည်သူများပူးပေါင်းပါဝင်ပေးရန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကပြောသည်။ကသာမြို့တွင် ဖေဖော်ဝါရီ (၁၅)ရက်ကကျင်းပသည့် လူထုတွေ့ဆုံပွဲတွင် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

“ကျွန်တော်အမျိုးသားလွှတ်တော်အမတ်ဖြစ်ကတည်းကပိုင်ဆိုင်မှုစာရင်းတွေကို ပြထားရတယ်။ အခုလည်း ပြထားရတယ်။ အချိန်မရွေးလာစစ်ပါ။ ဘဏ်ကဒ်တွေရော။ အဂတိကင်းဖို့ ကျွန်တော့်အစိုးရအဖွဲ့က လူတွေကိုလည်း အမြဲပြောပါတယ်။ ကျွန်တော်တို့ပါတီက ၈၈ ကတည်းကအဖိနှိပ်ခံပြီး ပြည်သူတွေရဲ့အားနဲ့ ဒီနေ့ဒီနေရာအထိရောက်လာတာပါ။ ကျွန်တော်ပြောချင်တယ်။ ပြည်သူသာအမိ၊ ပြည်သူသာအဖပါ။ အဂတိကင်းတဲ့အစိုးရဖြစ်အောင်လုပ်နေတယ်။ ဒီလိုလုပ်ဆောင်တဲ့အပေါ် ပြည်သူတွေကလည်း ပူးပေါင်းပါဝင်ပေးကြပါ။ ပြည်သူတွေမပါရင်ဘာမှဖြစ်လာမှာမဟုတ်ဘူး။ ကျွန်တော်တို့က ပြည်သူတွေပေးတဲ့လစာကိုယူနေရတာပါ။”ဟုစစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကပြောသည်။

Image may contain: 6 people

လက်ရှိအစိုးရလက်ထက်တွင် အဂတိလိုက်စားမှုကြောင့် အရေးယူခံရသူများအနက် ရန်ကုန်တိုင်းဥပဒေချုပ် ဦးဟန်ထူးနှင့် တနသာင်္ရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲမော်တို့မှာ အထင်ရှားဆုံးဖြစ်သည်။NLD ပါတီသည် အစိုးရအဖွဲ့အဖြစ်ဖွဲ့စည်းအုပ်ချုပ်နိုင်ခဲ့ပါက အဂတိကင်းသောအစိုးရတစ်ရပ်ဖြစ်ရေး အဓိကလုပ်ဆောင်မည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားဖူးသည်။

အကုန်သိ

Facebook Comments

Burmese Online News