ကမ္ဘောဒီးယားမှာ ဆိုက်ကပ်ခဲ့တဲ့ အပျော်စီး သင်္ဘောကြီးပေါ်ပါ အမေရိကန်ခရီးသည်တစ်ဦး မလေးရှားအရောက်တွင် ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိ

ဗိုင်းရပ်စ် ကူးစက်လူနာပါလာမှာ စိုးရိမ်တာကြောင့် ထိုင်း၊ဂျပန်အပါအ၀င် နိုင်ငံငါးနိုင်ငံရဲ့ ဆိုက်ကပ်ခွင့် ငြင်းပယ်ခံရကာ နောက်ဆုံးမှာ ကမ္ဘောဒီးယားနိုင်ငံမှာ ဆိုက်ကပ်ခွင့်ရသွားခဲ့တဲ့ အပျော်စီး သင်္ဘောကြီးပေါ်လိုက်ပါခဲ့သူ အမေရိကန်ခရီးသွားတစ်ဦးဟာ မလေးရှားအရောက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာ စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးအာဏာပိုင်တွေက စနေနေ့  ပြောဆိုခဲ့ပါတယ်။

Image may contain: one or more people and outdoor

အသက် ၈၃ နှစ်အရွယ် ယင်း အမေရိကန်အမျိုးသမီးကြီးဟာ Holland America Inc သင်္ဘောလိုင်းရဲ့ MS Westerdam သင်္ဘောပေါ်လိုက်ပါခဲ့သူတွေထဲ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိတဲ့ ပထမဆုံး ခရီးသည်ဖြစ်ပါတယ်။

Image may contain: 3 people, people standing

ခရီးသည် ၁၄၅၅ ဦးနဲ့ သင်္ဘောအမှုထမ်း ၈၀၂ လိုက်ပါလာတဲ့ MS Westerdam သင်္ဘောကြီးဟာ ဂျပန်၊ ထိုင်ဝမ်၊ ဂူအမ်၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတို့ က ဆိပ်ကမ်းဆိုက်ကပ်ခွင့် ငြင်းပယ်ခဲ့ကြပြီးနောက် ကြာသာပတေးနေ့ က ကမ္ဘောဒီးယားနိုင်ငံ သီဟာနုဗေးလ် ဆိပ်ကမ်းမြို့မှာ ဆိုက်ကပ်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ကမ်းမကပ်ခင် သင်္ဘောပေါ်မှာ ခရီးသည်တွေကို ပုံမှန်ရောဂါစစ်ဆေး စမ်းသပ်မှုလုပ်ခဲ့သလို ဆိပ်ကမ်းကို ဆင်းသက်ချိန်မှာလည်း ထပ်မံစမ်းသပ်စစ်ဆေးမှုလုပ်ခဲ့တာပါ။ ဒါပေမဲ့ ခရီးသည် တစ်ယောက်မှာမျှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ထားတာ မတွေ့ခဲ့ပါဘူး။

Image result for ကမ္ဘောဒီးယားမှာ ဆိုက်ကပ်ခဲ့တဲ့ အပျော်စီး သင်္ဘောကြီး

အမျိုးသမီးကြီးရဲ့ ခင်ပွန်းသည်ဟာ ရောဂါလက္ခဏာတွေပြပေမယ့် ဗိုင်းရပ်စ် ကူးစက်ထားခြင်းမရှိကြောင်း အဖြေထွက်ခဲ့ပါတယ်။ယခုသတင်းနဲ့ ပတ်သက်ပြီး Holland America သင်္ဘောလိုင်း ပြောရေးဆိုခွင့်ရှိသူကတော့ မှတ်ချက်ပေးဖြေကြားဖို့  ငြင်းဆန်ပါတယ်။ ယခုအခါ Westerdam သင်္ဘောပေါ်မှာ ခရီးသည် ၃၀၀ အောက်ကျန်ရှိဆဲဖြစ်ကြောင်း အမည်မဖော်လိုတဲ့ ကုမ္ပဏီ အရာရှိတစ်ဦးက ပြောဆိုပါတယ်။ ခရီးသည်တွေဟာ ဖနွမ်ပင်ကတဆင့် ကွာလာလမ်ပူကို သွားကာ ၄င်းတို့ မူရင်းနိုင်ငံတွေဆီပြန်ကြတာဖြစ်ကြောင်း ကုမ္ပဏီ တာဝန်ရှိသူတွေက ပြောပေမယ့် ခရီးသည်အားလုံး ယင်းလမ်းကြောင်းအတိုင်းပြန်ကြသလားဆိုတာကိုတော့ ၄င်းတို့ က ပြောဆိုခြင်းမရှိပါဘူး။

Image result for ကမ္ဘောဒီးယားမှာ ဆိုက်ကပ်ခဲ့တဲ့ အပျော်စီး သင်္ဘောကြီး

ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူကလည်း ယခုသတင်းနဲ ပတ်သက်ပြီး မှတ်ချက်ပေးဖို့  ငြင်းဆန်ခဲ့ပါတယ်။

#အကုန်သိ

Facebook Comments

Burmese Online News