ဗိုင်းရပ်စ် ပျံ့နှံ့မှု ထိန်းချုပ်ဖို့ အတွက် ဟူပေပြည်နယ်မှာ ယာဉ်မောင်းခွင့်ပိတ်

တရုတ်နိုင်ငံရဲ့ ဗိုင်းရပ်စ် အဓိက ကူးစက်ဖြစ်ပွားနေရာ ပြည်နယ်တ၀န်းမှာ COVID-19 ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေး အလို့ ငှာ ယာဉ်မောင်းခွင့်တွေ ပိတ်သွားတော့မှာဖြစ်ကြောင်း ဟူပေပြည်နယ် အစိုးရက ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက် စာတမ်းအရ ရဲကားတွေ၊ လူနာတင်ယာဉ်တွေ၊ မရှိမဖြစ် လူသုံးကုန်ပစ္စည်းသယ်ယာဉ် သို့ မဟုတ် ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ ယာဉ်တွေကိုတော့ ခြွင်းချက်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြည်နယ်တွင်းရှိ ဒေသခံအားလုံးကို ပြည်နယ်အစိုးရက ပုံမှန် ကျန်းမာရေးစစ်ဆေးမှုလုပ်သွားမယ်လို့ လည်း ဆိုပါတယ်။ တဖန် ကုမ္ပဏီတွေအနေနဲ့ အစိုးရထံမှ ပထမဦးဆုံး ခွင့်ပြုချက်မရဘဲ လုပ်ငန်းခွင်တွေ ပြန်စတာမျိုး မလုပ်ရဘူးလို့ လည်း ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

Image result for wuhan virus car

တရုတ်နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် အဓိက ကူးစက်ဖြစ်ပွားနေရာ ပြည်နယ်မှာ သုံးရက်မြောက်နေ့ အဖြစ် တနင်္ဂနွေနေ့ မှာလည်း ပိုးကူးစက်သူအသစ်တွေ့မှု ဆက်ကျဆင်းခဲ့ပါတယ်။ WHO အကြီးအကဲကတော့ ရောဂါ ကူးစက်ဖြစ်ပွားမှု ဘယ်လိုဆက်ဖြစ်ပေါ်မယ်ဆိုတာ ခန့် မှန်းဖို့ မဖြစ်နိုင်ကြောင်း သတိပေးထားပါတယ်။

Image result for wuhan virus car

ယခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်မကြီးမှာ သေဆုံး ၁၆၆၅ ဦးနဲ့ ပိုးတွေ့လူနာ ၆၈၀၀၀ ကျော်သွားပြီလို့  သိရပါတယ်။

Image result for wuhan virus car

အကုန်သိ

Facebook Comments

Burmese Online News