မင်္ဂလာတောင်ညွန့်မြို့နယ်၌ ဂက်(စ်) မီးခြစ်အား ယူဆော့ရာမှ မီးလောင်မှုဖြစ်ပွား

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ၁၁;၅၀ အချိန် မင်္ဂလာတောင်ညွန့်မြို့နယ်၊ လွတ်လပ်ရေးရပ်ကွက်၊ အမှတ်(၂၅) ပထမထပ်နေ တင်မောင်ဝင်း (၇၀) နှစ်၏ နေအိမ်၌ အလည်ရောက်ရှိနေသူ ငြိမ်းဇေယျာဦး(ခ) အိုဝိုက် (၉) နှစ် (ဉာဏ်ရည်မပြည့်သူ) သည် ဂက်(စ်)မီးခြစ်အား ယူဆော့ရာမှ မီးစတင်လောင်ကျွမ်းခဲ့ရာ နေအိမ်ခန်း ၁ ခန်းနှင့် အသုံးအဆောင်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး ၁၂;၁၅ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

Image may contain: outdoor

အဆိုပါမီးလောင်မှုကြောင့် တင်မောင်ဝင်း၏ ဇနီး ဒေါ်ခင်အေးဝင်း (၆၈) နှစ်နှင့် ငြိမ်းဇေယျာဦး (ခ) အိုဝိုက်တို့ပါ ၃ ဦး (မ ၂၊ ကလေး ကျား ၁) တို့တွင် ခန္ဓာကိုယ်မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး သမီးဖြစ်သူ မဖြိုးမမစိုး(၃၂) နှစ်တွင် မျက်နှာ၊ ဝဲ/ယာလက် မီးလောင်ဒဏ်ရာများ(စိုးရိမ်ရ) တို့ရရှိခဲ့သဖြင့် ၁၂း၃၀ အချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကာ ၁၈၃၀ အချိန်တွင် တင်မောင်ဝင်း(ဖမ်းမိ) အား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း၊ (ပ)၂၀၃/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၂၈၅ (ပေါ့လျော့မှုကြောင့် လူသေမှု/ပြင်းထန်နာကျင်စေမှု/ မီးပေါ့ဆမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Image may contain: 1 person, outdoor

Image may contain: one or more people and outdoor

အကုန်သိ

Facebook Comments

Burmese Online News