ဒေါ်စုဒါလီအောင်အားတရားစွဲဆိုထားသည့် အမှု BBC သတင်းထောက်နှင့် လိုပြ သက်သေ ၂ ဦး စစ်ဆေး
ဗစ်တိုးရီးယားလေး၏ ဒုတိယအကြိမ်မြောက်ရုံးချိန်းအပြီးတွင် ဒေါ်စုဒါလီအောင်မှ BBC သတင်းဌာနအား အင်တာဗျူးဖြေဆိုရာတွင် ကိုကိုညီညီ ဟု သုံးနှုန်းခဲ့ခြင်းကြောင့် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်ကို Wisdom Hill ကျောင်းမှ ကျောင်းကြီးကြပ်ရေးမှူးဖြစ်သူ ဒေါ်ဥမ္မာလှိုင်မှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပုဒ်မ ၁၀၁ ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး အဆိုပါ အမှု မှ ယနေ့ တွင် နေပြည်တော် အခြေစိုက် BBC သတင်းထောက်ဖြစ်သူ ကိုအောင်သူရနှင့် လိုပြ သက်သေ ၂ ဦးဖြစ်သည့် ကျေးရွာမှ ရာအိမ်မှူး ၂ ဦးတို့ ကို နှစ်ဖက်ရှေ့နေများမှ ပြန်အလှန်စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ “သတင်းထောက်ကလည်း သူ့လုပ်ဆောင်ချက်ပဲ သူထွက်ဆိုထားတာပေါ့။ BBC သတင်းဌာန က ထုတ်လွင့်တာက သူတို့ ဌာန အကြီးအကဲတွေကို ဌာနရဲ့ အရင်းအမြစ်တွေကို တင်ပြတဲ့ အခါမှာ သူတို့ဌာန ကနေပြီးတော့ မီဒီယာကျင့်ဝတ် သတ်မှတ်ထားတဲ့...