Category: ကျန်းမာရေး

ဆင်းရဲနွမ်းပါးသည့်နိုင်ငံများအတွက် Covid ကာကွယ်ဆေးကူညီပေးရန် ရန်ပုံငွေဒေါ်လာ သန်း ၇၀၀ ရရှိထားဟု WHO ဆို

အနာဂတ်ကာလမှာ Covid-19 ကာကွယ်ဆေးတွေကို ချမ်းသာတဲ့နိုင်ငံ တွေကသာ ရရှိတာမျိုးမဟုတ်ဘဲ ဆင်းရဲ နွမ်းပါးတဲ့နိုင်ငံတွေကိုပါကူညီပေးနိုင်ဖို့ အတွက် နိုင်ငံတကာအလှူရှင်တွေဆီက နေစုဆောင်းရရှိတဲ့ရန်ပုံငွေ ဒေါ်လာသန်း ၇၀၀ ရှိခဲ့ပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဆိုပါတယ်။ ကာကွယ်ဆေး ဝယ်ယူနိုင်ရေးအတွက် ကနဦးလျာထားမှု က ဒေါ်လာ ၂ဘီလီယံဖြစ်ပေမယ့် ယနေ့ ချိန်ထိ စုဆောင်းရရှိတဲ့ရန်ပုံငွေပမာဏက ဒေါ်လာသန်း ၇၀၀ ရှိပြီဖြစ်ပါတယ်လို့ အွန်လိုင်းသတင်းပြန်ကြားမှုနဲ့အတူ WHO ရဲ့ အာဖရိကဒေသပိုင်းဆိုင်ရာ ဒါရိုက်တာ မက်ရှီဒီဆိုမိုရက်တီက ထုတ် ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ တရား ဝင်အတည်ပြုချက်ရရှိတဲ့ Covid- 19 ကာကွယ်ဆေး ၂ ဘီလီယံစာကို ၂၀၂၁ ခုနှစ်နှစ်ကုန်ပိုင်းမှာ ဖြန့်ချိပေးသွားနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ အာဖရိကနိုင်ငံတွေထဲမှာမှ တောင်အာဖရိက၊ ဂေဘွန်၊ နမ်မီဘီယာ၊ အီကွေတိုရီရယ်ဂီ နီတို့အပါအဝင် ရှစ်နိုင်ငံကတော့ ကိုယ် ပိုင်ငွေနဲ့ ကာကွယ်ဆေးဝယ်ယူရရှိဖို့...

တောင်ဥက္ကလာအထူးကုဆေးရုံကြီးမှာ ထောပတ်ထမင်းပွဲ(၂၀၀) သွားရောက်လှူဒါန်းပေးခဲ့တဲ့ ညီနန္ဒ

ကိုဗစ်ကာလစတင်ကတည်းက ထောပတ်ထမင်းရောင်းချပြီး အဆင်ပြေလာခဲ့သူ ညီနန္ဒကတော့ လွန်ခဲ့တဲ့ရက်ပိုင်းကစတင်ပြီး ကျန်းမာရေးဝန်ထမ်းတွေအတွက် ထောပတ်ထမင်းလှူဒါန်းပေးဖို့အစီအစဉ်လေးကို စတင်ခဲ့ပါတယ်။ သူကိုယ်တိုင် (၂၅) ပွဲ မတည်လှူဒါန်းခဲ့ပြီး အလှူရှင်တွေကိုပါ ဖိတ်ခေါ်ခဲ့ရာမှာတော့ မထင်မှတ်ထားလောက်အောင် လှူဒါန်းသူအများအပြားရှိခဲ့ပါတယ်။ မနေ့က ညနေအထိ ထောပတ်ထမင်းပွဲရေ (၁၈၅၁) ပွဲလှူဒါန်းဖို့ လက်ခံရရှိထားပြီး ပထမဆုံးအကြိမ်အနေနဲ့ မြောက်ဒဂုံမြို့နယ် (၃၅) ရပ်ကွက်နဲ့ ပြည်သူ့ဆေးရုံ၊ မြို့နယ်ကြက်ခြေနီရုံးမှာ ပွဲ(၁၀၀) လှူဒါန်းပေးခဲ့ပြီး ဒုတိယအကြိမ်အနေနဲ့ မြောက်ဒဂုံမြို့နယ်အုပ်ချုပ်ရေးမှူးဆီမှာ ပရဟိတသမားတွေ ပွဲ(၁၂၀) လှူဒါန်းပေးခဲ့ပါတယ် ပရိသတ်ကြီးရေ.. ဒီနေ့မှာတော့ ကိုဗစ်လူနာတွေကို အထူးကြပ်မတ်ကုသပေးနေတဲ့ တောင်ဥက္ကလာအထူးကုဆေးရုံကြီးမှာ ပွဲ(၂၀၀) နဲ့ ရှမ်းရိုးရာ ချဉ်စော်ခါးသီးဖျော်ရည် ဘူး(၁၀၀) လှူဒါန်းပေးခဲ့ပါတယ်။ မနက်ဖြန်မှာလည်း ဝေဘာဂီအထူးကုဆေးရုံကြီးအတွက် ပွဲ(၂၀၀) လှူဒါန်းပေးသွားမယ်လို့ သိရပါတယ်။ အခုလို ကိုယ့်စီးပွားရေးလည်း လုပ်ရင်း ကိုဗစ်ကပ်ရောဂါကာကွယ်ရေးမှာ တစ်တပ်တစ်အားပါဝင်နေကြတဲ့ ပရဟိတသမားတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို လှူဒါန်းပေးနိုင်ဖို့လည်း ကြိုးစားနေတဲ့...

Stay at Home ၄ မြို့နယ်က ထပ်တိုး ပိုးတွေ့လူနာပါလာမည်ကို စိုးရိမ်နေကြ

ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်နှင့် သံတွဲမြို့နယ်များကို Stay at Home အစီအစဉ် ကြေညာလိုက်ပြီးနောက် ယနေ့ည ပိုးတွေ့လူနာသစ်များတွေ့ရှိမှုတွင် ယင်းဒေသများမှ ပါဝင်လာမည်ကို စိုးရိမ်မှုများ ရှိနေကြသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယနေ့ည ထုတ်ပြန်ကြေညာချက်အရ ကိုဗစ်ပိုးတွေ့လူနာသစ် ၃၀ ဦး ထပ်တိုးလာရာ စုစုပေါင်းဦးရေ ၅၀၄ ဦးအထိ ရှိလာသည်။ အဆိုပါ လူနာသစ် စာရင်းကို ဆက်လက်ထုတ်ပြန်ပေးမည်ဟုလည်း သက်ဆိုင်ရာက ကြေညာထားသည်။ ဧရာဝတီ

COVID-19 အတည်ပြု လူနာသစ် မတွေ့ရှိခဲ့တဲ့ အင်္ဂါနေ့နံနက်ခင်း

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၅-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ ၁။ (၂၄-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် – အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ထပ်မံ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၇၁၈)ခု၌ –  COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်မတွေ့ရှိပါ။ ၂။ (၂၅-၈-၂၀၂၀)ရက်နေ့၊ နံနက် (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၄၇၄)ဦး ရှိပါသည်။ ၃။ (၂၄-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများအနေဖြင့် – • အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမ + ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၁,၁၈၃ )ခု၊ • ဆေးသုတေသနဦးစီးဌာန (DMR) မှ...

မြန်မာနိုင်ငံတွင် Covid-19 အတည်ပြုလူနာ (၄၇၄) ဦးရှိနေပြီး တစ်ကမ္ဘာလုံးတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၈.၁ သိန်းကျော်နှင့် ရောဂါကူးစက်ခံရသူ ၂၃.၈ သန်းကျော်အထိ မြင့်တက်နေ

တစ်ကမ္ဘာလုံးတွင် ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်မှာ ဩဂုတ်လ ၂၅ ရက်နေ့ နံနက် ၇:၃၀ အချိန်အထိ သေဆုံးသူ စုစုပေါင်း (၈၁၆,၅၃၄) ဦးရှိလာပြီး ရောဂါကူးစက်ခံရသူ အရေအတွက်မှာလည်း စုစုပေါင်း (၂၃,၈၀၀,၇၂၄) ဦး ရှိကြောင်း တရုတ်ဆေးဘက်ဆိုင်ရာ အရာရှိများ၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။ မြန်မာနိုင်ငံတွင် (၂၃-၃-၂၀၂၀)ရက်နေ့မှ (၂၄-၈-၂၀၂၀)ရက်နေ့၊ ည (၈:၀၀) နာရီ အချိန်အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၄၇၄)ဦး၊ ပိုးတွေ့ပြန်လည်သက်သာလူနာ (၃၄၁)ဦးနှင့် ပိုးတွေ့သေဆုံးလူနာ (၆)ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။ Crd- Myanmar Online News

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၄-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ

၁။ (၂၄-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် – – အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL)မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၄၆၅) ခု၊ – ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၉၁) ခု၊ – ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၉၀) ခု၊ – ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၁၇၆) ခုနှင့် – ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၄၆) ခု၊ စုစုပေါင်း (၁,၀၆၈)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ – • COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၁) ဦး တွေ့ရှိရပါသည်။ ၂။ (၂၄-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19...

“Mask တပ်ထားစဉ် ဒီလိုတွေမလုပ်ပါနဲ့” – ဒေါက်တာခင်မိုးမိုး

ယခုရက်ပိုင်းအတွင်း စစ်တွေမြို့မှာ Local အချင်းချင်းကူးစက်မှုတွေရှိလာတာကြောင့် Second Wave ဖြစ်မှာကို စိုးရိမ်ကြလို့ Mask ကို မဖြစ်မနေ တပ်ကြရတော့မှာဖြစ်ပါတယ်။ Mask တပ်တာက ကိုဗစ်-၁၉ ရောဂါကို အပြည့်အ၀ မကာကွယ်ကွယ်နိုင်ပေမယ့် သင့်ဘေးပတ်ဝန်းကျင်ကသူတွေ(အထူးသဖြင့် အသက်ကြီးသူ၊ နာတာရှည်ရောဂါရှိသူ)အတွက် အန္တရာယ်ကင်းနိုင်ပါတယ်။ လူတိုင်းလူတိုင်းသာ Mask တပ်ကြမယ်ဆိုရင် ကျွန်မတို့အားလုံးဟာ ရောဂါကူးစက်နှုန်းကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ Mask တပ်တဲ့အခါမှာ နှာခေါင်းနဲ့ပါးစပ်ကို လုံအောင် အုပ်ထားရပါမယ်။ ဒါပေမဲ့ လူအများစုက စကားပြောစဉ် ဒါမှမဟုတ် အစာစားနေစဉ်မှာ Mask ကို မေးစေ့အောက်မှာ ထားတတ်ကြပါတယ်။ ဒီလိုမေးစေ့အောက်ကိုဆွဲချထားလိုက်တာကြောင့် မေးစေ့နေရာမှာ ကပ်တွယ်နေတဲ့ ရောဂါပိုးတွေက Mask နဲ့အတူ ပါးစပ်ပေါက်နားကို ရောက်ရှိသွားနိုင်ပါတယ်။ ဒါ့အပြင် Mask ကို ခဏခဏ သင့်လက်နဲ့ကိုင်တွယ်ရတဲ့အတွက် လက်ပေါ်က ရောဂါပိုးတွေကလည်း Mask ကတစ်ဆင့် ပါးစပ်၊...

အသက် ၁၂ နှစ်နဲ့အထက် ကလေးများ အရွယ်ရောက်ပြီးသူတွေကဲ့သို့ mask တပ်သင့်ကြောင်း WHO ပြော

အသက် ၁၂ နှစ်နဲ့အထက် ကလေးများဟာ ၎င်းတို့ နိုင်ငံ သို့မဟုတ် နယ်မြေဒေသမှာ အရွယ်ရောက်ပြီးသူတွေအတွက် ထောက်ခံအကြံပြုထားတဲ့ အလေ့အကျင့်နဲ့အညီ mask တပ်သင့်ကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့အစည်း (World Health Organization – WHO) က လမ်းညွှန်ချက်ထုတ်ပြန်လိုက်ပါတယ်။ အခြား အသက်အုပ်စုအလိုက် ကလေးတွေအတွက်လည်း mask တပ်ခြင်းနဲ့ ပတ်သက်တဲ့ အကြံပြုချက်တွေကို ဩဂုတ် ၂၁ ရက် ရက်စွဲဖြင့် WHO နဲ့ United Nations Children’s Fund (UNICEF) တို့က WHO ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ထားကြောင်း သိရပါတယ်။ ကလေးတွေက ဗိုင်းရပ်စ် မည်သို့ ကူးစက်ပျံ့နှံ့စေနိုင်မှုနဲ့ ပတ်သက်ပြီး အနည်းအကျဉ်းသာ သိရှိထားကြောင်း WHO က ဝန်ခံခဲ့ပေမဲ့ ဆယ်ကျော်သက်တွေဟာ အရွယ်ရောက်ပြီးသူများကဲ့သို့ပင် အခြားသူတွေကို ဗိုင်းရပ်စ်ကူးစက်စေနိုင်တဲ့ အထောက်အထားကို...

ရခိုင်ပြည်နယ်တွင် “မိမိဆန္ဒအလျောက်” ယာယီတာဝန်ထမ်းဆောင်မည့် ကျန်းမာရေး သူရဲကောင်းများ

ရခိုင်ပြည်နယ်တွင် “မိမိဆန္ဒအလျောက်” ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန် ၂၁ ဦးနှင့် သူနာပြု ၃ ဦးစစ်တွေမြို့သို့ ရောက်ရှိ ရခိုင်ပြည်နယ်တွင် “မိမိဆန္ဒအလျောက်” ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန် ၂၁ ဦးနှင့် သူနာပြု ၃ ဦးစစ်တွေမြို့သို့ ရောက်ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ နံနက် သတင်းထုတ်ပြန်သည်။ မြန်မာအမျိုးသားပိုင်လေကြောင်းလိုင်းမှ အထူးလေယာဉ်ဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေလေဆိပ်သို့ ယနေ့ (၂၃-၈-၂၀၂၀) ရက်နေ့၊ နံနက်တွင် ရောက်ရှိခဲ့သည့် “မိမိဆန္ဒအလျောက်” ရခိုင်ပြည်နယ်တွင် ယာယီတာဝန်ထမ်းဆောင်ကြမည့် ဆရာဝန် ၂၁ ဦးနှင့် သူနာပြု ၃ ဦးတွင် • ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (၁) ဦး၊ • ရောဂါဗေဒအထူးကုဆရာဝန်ကြီး (၁) ဦး၊ • လက်ထောက်ဆရာဝန် (မေ့ဆေးအထူးကု) (၃) ဦး၊ • လက်ထောက်ဆရာဝန် (ဆေးပညာအထူးကု) (၁)...

ကူးစက်မှု ၁၀ ဆနီးပါးမြန်တဲ့ ကိုဗစ်ပိုး ပြည်ပပြန်တွေဆီက အများဆုံးတွေ့

ကမ္ဘာတလွှားမှာ ပျံ့နှံ့နေတဲ့ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇအသစ်တမျိုးကို ပြည်ပကနေ ပြန်လာသူတွေဆီမှာ အများစု တွေ့ရတယ်လို့ မြန်မာနိုင်ငံ ဆေးသုတေသန ဦးစီးဌာနက ပြောပါတယ်။ကိုဗစ်-၁၉ သံသယလူနာတွေထဲက ပိုးကောင်ရေ ပါဝင်မှု ပိုမိုမြင့်မားတဲ့ ဓာတ်ခွဲနမူနာတွေရဲ့ မျိုးဗီဇ ၁၀ ခုကို သုတေသနပြု စစ်ဆေးကြည့်ရာမှာ ၆ ခုဟာ ကူးစက်မှုနှုန်း ၁၀ ဆနီးပါးထိ ပိုမိုမြန်ဆန်တဲ့ D614 ကနေ G614 ကို ပြောင်းလဲသွားတာ တွေ့ရတယ်လို့ ဆေးသုတေသန ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်ထွဋ်ညွန့်က ဘီဘီစီကို ပြောပါတယ်။ “ဓာတ်ခွဲနမူနာ ၁၀ ခုထဲမှာ မေလပထမပတ် မတိုင်ခင် D ကနေ G ပြောင်းသွားတဲ့ နမူနာ တခုပဲ ရှိပြီး မေလပထမပတ် နောက်ပိုင်းမှာ လုပ်ခဲ့တဲ့ ဓာတ်ခွဲနမူနာ အားလုံးကတော့ မျိုးဗီဇီ ပြောင်းပြီးသား...