Category: ဓမ္မ

နေ့စဉ်ဘုရားရှိခိုး၊ တရားထိုင်တာကို ပုံမှန်လုပ်ပေးခြင်းဖြင့် ရလာမယ့် အကျိုးကျေးဇူးများ

လူတချို့က ဘုရားရှိခိုးတာ၊ တရားထိုင် တာတွေဟာ ဆုတောင်းချင်လို့၊ ကိုယ်လိုချင်တာတစ်ခုခုအတွက် ဘုရားကိုအသုံးချဖို့ ကြိုးစားနေတာ မျိုးလို့ ထင်နေတတ် ကြပါ တယ်။ တကယ်တော့ ဘုရားရှိခိုးတာ၊ တရားထိုင်တာဟာ လောကုတ္တရာ အကျိုးတင်မကဘဲ လောကီဆိုင်ရာ အကျိုးတွေလည်း ရစေတဲ့ ကောင်းမွန်တဲ့ အမူအကျင့် တစ်ခုဖြစ် ပါတယ်။ နေ့စဉ်ဘုရားရှိခိုးခြင်းက ဒီလိုအကျိုးကျေးဇူးတွေကို ရစေပါတယ်။ စိတ်ကြည်လင်စေတယ် နေ့တိုင်းဘုရားရှိခိုး၊ မိနစ်အနည်းငယ်လောက် တရားထိုင်တာကို ပုံမှန်လေး လုပ်ပေးနိုင်ရင် နေ့စဉ်စိတ်ကြည်လင်မှုကိုဖြစ်စေပြီး ရက်တွေကြာလာတဲ့ အခါမှာလည်း စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု အပိုင်းမှာ အံ့သြစရာကောင်းလောက်အောင် တိုးတက်လာတာ ကိုတွေ့ရ ပါလိမ့်မယ်။ ကောင်းတဲ့စိတ်ကိုဖြစ်စေတယ် ပတ်ဝန်းကျင်နဲ့ လူတွေအပေါ် အဆိုးမြင်စိတ်ကို လျော့နည်းစေတယ်။ ကောင်းမွန်တဲ့ စိတ်ကိုဖြစ်ပေါ်စေပြီး မျက်နှာကြည်လင် စေတယ်။ စိတ်ပျံ့လွင့်မှုတွေ နည်းလာအောင် ကိုယ့်ကိုယ်ကို ထိန်းချုပ် လာနိုင်ပြီး ကောင်းမွန်တဲ့ အတွေးတွေ ပေါက်ဖွားလာစေ ပါလိမ့်...

ခန္ဓာကိုယ်ကနေ သင်းပျံ့တဲ့ ရနံ့တွေ ထွက်နေတဲ့ဆရာတော် မဖူးမြော်ရသေးသူတွေ ဖူးမြော်နိုင်ဖို့ မျှဝေပါတယ်နော်

ကျေး ဇူးတော်ရှင် ကုံလုံဆရာတော်ဘုရားကြီးဟာ ဖူးမြော်ရသူတွေ သိကြမှာပါ..အင်မတန် မွှေးပျံ့တဲ့ ရနံ့တွေ ဆရာတော်ဘုရားကြီးရဲ့ ခန္ဓာကိုယ်ကနေ ထွက်ရှိတာပါ…..အဲဒီလိုပဲ ကုံလုံဆရာတော်ဘုရားကြီးရဲ့ ခန္ဓာကိုယ်ကလို မွှေးပျံ့တဲ့ ရနံ့တွေ ထွက်နေတဲ့ ဆရာတော်တစ်ပါးကို ဖူးမြော်ခဲ့ရသူတစ်ဦးက ခုလို ဖော်ပြထားပါတယ်… “တောင်ကြီးမြို့မှာရှိတဲ့ ကုံလုံဆရာတော်ကြီးရဲ့ ခန္ဓာကိုယ်ကလို မွှေးပျံ့တဲ့ ရနံ့တွေ ထွက်နေတဲ့ ဆရာတော်တစ်ပါးကိုဖူးမြော်ခဲ့ရတာမျှဝေပါရစေ။ ရွှေတိဂုံဘုရား တောင်ဘက်မုဒ်မှာ အိမ်က လာခေါ်မယ့်ကားကို ထိုင်စောင့်ရင်း Wheel chair နဲ့ ဘုန်းဘုန်း တစ်ပါးကို ရုတ်တရက် ကြည့်မိတဲ့ အခါမှာ ဘုန်းဘုန်းရဲ့ ညာဘက်ခြေထောက်အောက်မှ ခြေနင်းခုံက မကောင်းတော့ လည်ထွက်သွားပြီး ခြေဖဝါးက မြေကြီးနဲ့ထိနေတယ်။ အနောက်မှ လှည်းတွန်းတဲ့သူက မသိပဲ တွန်းလိုက်ရင် ခြေထောက်ညပ် သွားမယ်ဆိုတာ သိလို့ ဘုန်းဘုန်းရဲ့ခြေထောက်ကို အမြန်ပြေး၍ မယူပြီးတော့ ခြေနင်းခုံပေါ် ပြန်တင်ပေးလိုက်တယ်ဆရာတော်ရဲ့ ခြေထောက်ကို ပြေးကိုင်ပြီး...

နယူးယောက်မြို့လယ်ခေါင်မှာ ဆွမ်းခံကြွတဲ့ ရဟန်း ၂ ပါးနဲ့ ဆွမ်းလှူခဲ့တဲ့ နိုင်ငံခြားသူလေးတို့ရဲ့ စိတ်အေးချမ်းဖွယ်မြင်ကွင်း

ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံတွေက အာရှမှာပဲ ရှိတာပါ…ဒါပေမဲ့ ခုနောက်ပိုင်းမှာတော့ ကမ္ဘာတစ်လွှားက ဗုဒ္ဓဘာသာသို့ ဝင်ရောက်သူတွေများပြားလာသလို သာသနာဟာလည်း ဥရောပ အမေရိက အာဖရိကထိ ပြန့်နှံ့လာတာ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ သတင်းတွေ ဖတ်ရမှာပါ…ခုလည်းပဲ အမေရိကန်မှာ နိုင်ငံခြားသား ရဟန်း ၂ ပါး နယူးယောက်မြို့လယ်မှာ ဆွမ်းခံကြွနေတဲ့ ပုံရိပ်လေးတွေ လူမှုကွန်ရက်မှာ ခုလိုပြန့်နေပါတယ်။ “နယူးယောက်မြို့လယ်မှာ ရဟန်းတော်နှစ်ပါးဆွမ်းခံကြွသလို ဆွမ်းလောင်းတဲ့ သူတွေက လည်း အသီးအရွက်စိမ်းနဲ့ မုန့်တွေ လောင်းလှူကြပါတယ် အဲဒီလို ဆွမ်းခံရင်း ရဟန်းတော် နှစ်ပါးကလည်း ဆွမ်းဘုန်းချိန် နီးလေတော့ မုန့်ပဲ သရေစာကို ဆွမ်းအမှတ်နဲ့ သုံးဆောင် မ လို့ လုပ်နေတုန်း ဗုဒ္ဓဘာသာအ ကြောင်း နားလည်တဲ့ ဗုဒ္ဓ ဘာသာဝင် တကာမလေး တစ် ယောက်က အလျင်အမြန် ပြေးလာပြီး လျှောက်သတဲ့။ အရှင်ဘုရားတို့ တပည့်တော်မ...

တစ်သက်မှာတစ်ခါ ဖူးမြော်ဖို့ကို ခဲယဉ်းလှသည့် ဗုဒ္ဓမြတ်စွာဘုရားရဲ့ အံတော်

တစ်သက်မှာတစ်ခါ ဖူးမြှော်ဖို့ ခဲယဉ်းလှတဲ့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ အံတော်ကိုဖူးလိုက်ပါကံထူးလို့ဖျာပုံသူဖျာပုံသား များ နှင့် မြန်မာ တစ်ပြည်လုံးမှာရှိတဲ့ ဖူးချိန်တန် ဖူးထိုက်လို့.ဖူးမျှော်ခွင့်ရလို့ ထင်ပါပြီ။ ကျွန်တော်ကလေးဘဝတည်း က ဘိုးဘိုး ၊ဘွားဘွား၊ဘိုဘေး အစဉ်အဆက်ကတည်း က ဖျာပုံမှာ ဗုဒ္ဓမြတ်စွာဘုရား အံ့တော် နှင့် ဆံတော်တစ် ဆူ ကိမ်းဝပ်နေတယ် လို့ သိခဲ့ရပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားရဲ့ အံတော် ရှေးဟောင်းသမိုင်းအစဉ် အလား အရ ရှေးကျတဲ့ မြို့တွေက အမည်နှစ်လုံးတည်း နဲ့ အမည်ပေးခဲ့တဲ့ တချိန်ကမွန်ဒေသတွေပေါ့။ပုဂံ၊ရန်ကုန်၊တွံတေး၊ဒလ၊သထုံ၊ဖျာပုံ၊ပုသိမ်၊စတဲ့ ရှေးကျတဲ့ မြို့တွေ အများကြီးပေါ့။အဲအထဲမှာ မွန်ဘုရင်များ အဆက်ဆက် အုပ်စိုးခဲ့တဲ့ ဖျာ ပုင်း ဆိုတဲ့ ထမင်းဈေးမြို့ကလေး တစ်ခုလည်း ပါဝင်ခဲ့တာပေါ့။ကျိုက်ပတိုင်း စေတီတော်မြတ်ကြီးကို မြန်မာ သက္ကရာဇ်(၆၀၀)ခုနှစ်မှာ တည်ထားကိုး ကွယ်ခဲ့တယ်။ လုပ်ဥကုန်ကျိုက်ခမွမ် စေတီတော်ကို မြန်မာ သက္ကရာဇ် ၉၀၀)ခုနှစ်...

ဒုတိယ ပါမောက္ခချုပ်ရာထူး ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒကို ခန့်အပ်ဖို့ စီစဉ်

ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ သာသနာပြု တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်အဖြစ် ခန့်အပ်ဖို့ နိုင်ငံတော် သံဃမဟာနာယကက သဘောတူထားပြီး ရာထူးတရားဝင် အတည်ပြုဖို့ ပြည်တောင်စု အစိုးရကို စာပို့ထားတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ အမြဲတန်းအတွင်းဝန် ဦးဇာနည်ဝင်းက ဘီဘီစီကို ပြောပါတယ်။ အခုလို ဆရာတော်ကို ဒုတိယပါမောက္ခချုပ်အဖြစ် ခန့်အပ်ဖို့ စီစဉ်ရတာဟာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ သာသနာပြု တက္ကသိုလ်မှာ ပါမောက္ခချုပ် ဆရာတော်ရာထူးကို ဆက်လက်ခန့်ထားဖို့အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေအတိုင်း ဒုတိယပါမောက္ခချုပ်အဖြစ် အစမ်းတစ်နှစ်ခန့်ထားတာဖြစ်တယ်လို့လည်း သူက ရှင်းပြပါတယ်။ ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာပြု တက္ကသိုလ် ဥပဒေ အရ တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ခန့်အပ်ဖို့ ကျောင်းကောင်စီက အဆိုပြုရပြီး သြဝါဒစရိယဖြစ်တဲ့ နိုင်ငံတော် သံဃမဟာနယက...

“ ကျောက်ပန်းတောင်း မှ သုတ ဗုဒ္ဓတစ်ဆူပေါ်ထွန်းခြင်း ” သာဓုခေါ်ဆို၍ မျှဝေပေးကြပါ

“ ကျောက်ပန်းတောင်း မှ သုတ ဗုဒ္ဓတစ်ဆူပေါ်ထွန်းခြင်း ” သာဓုခေါ်ဆို၍ မျှဝေပေးကြပါ ၁၃၈၁-ခုနှစ် (၇၂)ကြိမ်မြောက်တွင်ပိဋကသုံးပုံ အာဂုံရော ရေးဖြေပါအကုန်အပြီးအစီးအောင်မြင်တော်မူ၍တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့တံဆိပ်တော်ရတော်မူသောဆရာတော်တစ်ပါးပေါ်ထွက်လာပါသည်။ တိပိဋကဓရ တိပိဋကကောဝိဒဆရာတော် ဘဒ္ဒန္တပညာဝံသာဘိဝံသ(ကျောက်ပန်းတောင်း)ဆရာတော်သည်အသက်(၄၅)နှစ် သိက္ခာ (၂၄)ဝါတွင်(၁၅)ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ရသောအရှင်သူမြတ်အဖြစ်ပေါ်ထွန်းလာပါသည်။   ဝမ်းမြောက်ဝမ်းသာစွာဖြင့် ဂုဏ်ယူဦးခိုက်ပါသည်ဘုရား။ ဓမ္မရံသီအရှင်ကဝိန္ဒ 29-1-2020

ကံဆိုးမိုးမှောင်ကျလာနိုင်သည်ဟု နိမိတ်မကောင်းကြုံတဲ့အခါ ဒီလိုလုပ်လိုက်ပါ

ကံဆိုးမိုးမှောင်ကျလာတဲ့အခါ ဘာနဲ့ကာကွယ်ရသလဲဆိုရင် ကံဆိုးမိုးမှောင်ကျလာတဲ့အခါ ဖြစ်လာမယ့်အရိပ်အရောင် ရှိပြီဆိုတဲ့ အချိန်မှာ ဘာနဲ့ကာကွယ်ရသလဲဆိုရင် ဘုရားကိုအာရုံပြုပြီး ဗုဒ္ဓါနုဿတိ ကို ပွားရမယ်။ ဘုရားရဲ့ဂုဏ်တော်တွေကို အာရုံပြု၊ ကမ္မဌာန်းထိုင်၊ ဂုဏ်တော်တွေကို နှလုံးသွင်းဆင်ခြင်ပြီး အချိန်များများ …မြတ်စွာဘုရားကိုပူဇော်ရမယ်။ လုပ်ပြီးတဲ့အခါ ကိုယ်လုပ်တဲ့ ကုသိုလ်ကောင်းမှုကို ကိုယ်မမြင်ရတဲ့ သတ္တဝါတွေ၊ ကိုယ့်အနီးအပါးမှာရှိတဲ့ အိမ်စောင့်နတ်တွေကို အမျှအတန်း ပေးဝေရမယ်။ အဲဒီ အမျှအတန်း ပေးဝေခြင်းအားဖြင့်… ကိုယ်နဲ့ သူတို့နဲ့က မိတ်ဆွေဖြစ်သွားတယ်။ ခင်မင်ရင်းနှီးမှုတွေ ရလာတယ်။ မိတ်ဆွေဖြစ်လို့ရှိရင်ကိုယ့်ကို အန္တရာယ် မရောက်အောင် သူတို့က ကြည့်ရှုပေးတယ်။ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ (Ph.D) ဟောကြား ရေးသားတော်မူသော မြတ်ဗုဒ္ဓ၏ ဂုဏ်တော်ကိုးပါး တရားတော်မှ ကူးယူပူဇော်ပါသည်။

မနာလို မုန်းတီးရန်မူနေသူများကို ရိုးရိုးမေတ္တာပို့ဖြင့် မထိရောက်လျှင် ရေဖြင့် မေတ္တာပို့နည်း

အလုပ်လဲမများ လွယ်လဲကူသော ရေမေတ္တာပို့နည်းပါကိုယ်ကတော့..ကျောက်ခဲလေးနဲ့ ပြုလုပ်ပါတယ်လုပ်ကြည့်စေချင်ပါတယ် လက်တွေ့ နည်းကောင်းတစ်ခုပေးမည်။ အကယ်၍ စိတ်အာရုံညွတ်ပြီး မေတ္တာပို့ပေးနေရုံသက်သက်ဖြင့် ထိုသူ၏ ရန်မူနေခြင်းကိစ္စ အမြန် ပြေအေးသွားမည် မထင်ရလျှင် ရေမေတ္တာပို့ယူပါ၊ နည်းမှာမိမိအလိုရှိသူကို ရည်မှတ်၍ သန့်ရှင်းသောရေဖန်ခွက်တစ်ခုတွင် ကျောက်ခဲကလေးတစ်ခုဖြစ်စေ၊ တုတ်ချောင်းကလေး တစ်ခုဖြစ်စေစိမ်ထားပါ။ သူ၏စိတ်နှလုံး ရေကဲ့သို့ အေးချမ်းသွားပါစေဟူ၍ လှိုက်လှဲစွာ မေတ္တာပို့လွှတ်နေပါ။“သူ့စိတ် ပူဆာနေခြင်း အေးချမ်းသွားဖို့ ငါရေစိမ်ထားလိုက်ပြီ” ဟူ၍ မိမိစိတ်ကိုလည်းရှင်းရှင်းထားနေပါ၊ပူပန်သောကဝင်၍ လှုပ်ရှား နေ၍ မရပါ။ သူ့ကို ငါ ဒုက္ခမရောက်စေလိုပါ၊ ငါလည်း စိတ်ချမ်းသာ၊ သူလည်း စိတ်ချမ်းသာ နေမြဲတိုင်းဖြစ်စေရန် သူ့ကို ရေခွက်ထဲ ချစိမ်ထားလိုက်ပြီ။ယုံကြည်စွာ သူ စိတ်အေးသွားပြီ၊ သူ စိတ်ကြည်လင်သွားပြီ၊သူငါ့ကိုရန်မူချင်စိတ် ပျောက်လွင့် သွားပြီ”-ဟု မိမိစိတ်က သိနေပါ။ တကယ် ချမ်းသာ စေလိုသော စိတ်ရင်း စေတနာ ထား၍ ပေးနေပါ။ထိုသူ၏...

အိမ်တွေမှာ အိမ်စောင့်နတ် တကယ် ရှိ၊ မရှိဆိုတဲ့ မေးခွန်းရဲ့ အဖြေကို ပါချုပ်ဆရာတော်ဘုရားကြီး ဖြေကြားပုံ

ဒေဝတာနံ ကိုယ်မမြင်ရပေမယ့်လို့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ အိမ်စောင့်နတ်တို့၊ တောစောင့်နတ်တို့၊ တောင်စောင့်နတ်တို့ ဆိုတာ ရှိတယ်။ စောင့်ဆိုတဲ့အဓိပ္ပါယ်က Duty ချထားလို့ စောင့်တာတော့ မဟုတ်ဘူး။ ကိုယ့်အိမ်ကို အမှီပြုပြီးဖြစ်နေတဲ့ နတ်ကို အိမ်စောင့်နတ်လို့ ခေါ်တာနော်။ အေး… အိမ်ကိုစောင့်ရမယ်လို့ တာဝန်ပေးထားတာလို့တော့ မအောက်မေ့လေနဲ့။ကိုယ်စောင့်နတ်ဆိုတာလည်း ကိုယ့်ခန္ဓာကိုယ်နဲ့ဆက်စပ်ပြီး ဖြစ်ပေါ်နေတဲ့ သတ္တဝါတစ်မျိုးပဲ။ စဉ်းစားကြည့်လေ။ ကိုယ့်မှာ အိမ်လေးဆောက်ထားပြီ ဆိုလို့ရှိရင် အိမ်မြှောင်တို့ ပိုးဟပ်တို့ အကောင်ပလောင် တွေဟာ ရောက်လာတာပဲလေ။ အဲဒီလိုပဲ ကိုယ်မမြင်ရတဲ့ နတ်တွေ ဘာတွေဆိုတာလည်း ကိုယ့်အိမ်နဲ့ဆက်စပ်ပြီး သူတို့ဘုံဗိမ္မာန်တွေ ဖြစ်နေတာ။ အဲဒါကိုပဲ အိမ်စောင့်နတ် လို့ ခေါ်တာ။ သစ်ပင်ကို အမှီုပြုပြီး ဘုံဗိမ္မာန်တွေ ဖြစ်လာတဲ့အခါရုက္ခစိုးလို့ ခေါ်တယ်။ မြေကြီးပေါ်မှာ ဘုံဗိမ္မာန်ပေါ်လာရင် ဘုမ္မစိုးလို့ ခေါ်တယ်။ အဲဒါတွေက ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတတ်တယ်။အဲဒီလိုရှိနေတာကို ” သူလည်း...

ဒါနပါရမီ ပြည့်တယ်ဆိုတာ စွန့်လွှတ်နိုင်တဲ့စွမ်းရည်တွေ ပြည့်လာတယ်ဆိုတာ……

ပါရမီပြည့်တယ်ဆိုတာ ********************* ဒါနပါရမီ ပြည့်တယ်ဆိုတာ စွန့်လွှတ်နိုင်တဲ့စွမ်းရည်တွေ ပြည့်လာတာ။ သီလပါရမီ ပြည့်တယ်ဆိုတာ ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီး အရာရာကို စွန့်လွှတ်နိုင်တဲ့ စိတ်တွေ၊ ကိုယ်ကျင့်တရားကို မြတ်နိုးတဲ့စိတ်တွေ ပြည့်လာတာကို ဆိုလိုတယ်။ စွမ်းရည်သတ္တိတွေ ပိုပိုပြီး ခိုင်မာလာတယ်။ လူတွေက ငါတို့တော့ ပါရမီ မပြည့်သေးဘူး ဆိုပြီး မကျင့်ဘဲနဲ့ ပြည့်လာအောင် စောင့်နေ လို့ကတော့ ဘယ်တော့မှ ပြည့်လာမှာ မဟုတ်ဘူး။ စွမ်းရည်သတ္တိဆိုတာ ကျင့်နေမှ တိုးလာတာ။ မိုးရွာတဲ့အချိန် အိုးကြီးတွေနဲ့ မိုးရေခံရင်တော့ ပြည့်လိမ့်မယ်။ ဒါက မျှော်လင့်လို့ရတယ်။ ပါရမီကတော့ အဲလိုမျှော်လင့်လို့ မရဘူး။ ကိုယ်ကိုယ်တိုင်က လုပ်နေခြင်းသည်ပင် ပါရမီပြည့်ဖို့အတွက် ဖြစ်တယ်။ ဒါမှ မှန်ကန်တဲ့လမ်းကြောင်းပေါ် ရောက်တယ်။ ပညာပါရမီပြည့်ချင်ရင် စာသင်ရမယ်။ စာတွေဖတ်ရမယ်။ တရားနာရမယ်။ လေ့လာရမယ်။ မသိတာတွေ မေးရမယ်။ ဒီအတိုင်းနေရင်တော့ ပါရမီက...