Category: ဗဟုသုတ

နေ့စဉ်ဘုရားရှိခိုး၊ တရားထိုင်တာကို ပုံမှန်လုပ်ပေးခြင်းဖြင့် ရလာမယ့် အကျိုးကျေးဇူးများ

လူတချို့က ဘုရားရှိခိုးတာ၊ တရားထိုင် တာတွေဟာ ဆုတောင်းချင်လို့၊ ကိုယ်လိုချင်တာတစ်ခုခုအတွက် ဘုရားကိုအသုံးချဖို့ ကြိုးစားနေတာ မျိုးလို့ ထင်နေတတ် ကြပါ တယ်။ တကယ်တော့ ဘုရားရှိခိုးတာ၊ တရားထိုင်တာဟာ လောကုတ္တရာ အကျိုးတင်မကဘဲ လောကီဆိုင်ရာ အကျိုးတွေလည်း ရစေတဲ့ ကောင်းမွန်တဲ့ အမူအကျင့် တစ်ခုဖြစ် ပါတယ်။ နေ့စဉ်ဘုရားရှိခိုးခြင်းက ဒီလိုအကျိုးကျေးဇူးတွေကို ရစေပါတယ်။ စိတ်ကြည်လင်စေတယ် နေ့တိုင်းဘုရားရှိခိုး၊ မိနစ်အနည်းငယ်လောက် တရားထိုင်တာကို ပုံမှန်လေး လုပ်ပေးနိုင်ရင် နေ့စဉ်စိတ်ကြည်လင်မှုကိုဖြစ်စေပြီး ရက်တွေကြာလာတဲ့ အခါမှာလည်း စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု အပိုင်းမှာ အံ့သြစရာကောင်းလောက်အောင် တိုးတက်လာတာ ကိုတွေ့ရ ပါလိမ့်မယ်။ ကောင်းတဲ့စိတ်ကိုဖြစ်စေတယ် ပတ်ဝန်းကျင်နဲ့ လူတွေအပေါ် အဆိုးမြင်စိတ်ကို လျော့နည်းစေတယ်။ ကောင်းမွန်တဲ့ စိတ်ကိုဖြစ်ပေါ်စေပြီး မျက်နှာကြည်လင် စေတယ်။ စိတ်ပျံ့လွင့်မှုတွေ နည်းလာအောင် ကိုယ့်ကိုယ်ကို ထိန်းချုပ် လာနိုင်ပြီး ကောင်းမွန်တဲ့ အတွေးတွေ ပေါက်ဖွားလာစေ ပါလိမ့်...

နှစ်ပေါင်း ၂ထောင်ကျော် သက်တမ်းရှိ ကာလေ ဗုဒ္ဓလိုဏ်ဂူများ

ကာလေလိုဏ်ဂူများ(Karla Caves)မှာ အိန္ဒိယနိုင်ငံ အနောက်ပိုင်း Maharashtra ပြည်နယ် လောနဝလမြို့ (LONAVALA)၊ အရှေ့မြောက်အရပ် ၁၂-ကီလိုမီတာအကွာ၊ မွမ်ဘိုင်း-ပုနေး အဝေးပြေးလမ်းမကြီး တည်ရှိသော ဝိဟာဂွန်(VIHIRGAON)ရွာအနီးတွင် တည်ရှိပါသည်။ အနီးဆုံးဘူတာရုံမှာ တူးဖော် တွေ့ရှိထားသောထိုနေရာများ၏တောင်ဖက် ၅-ကီလိုမီတာအကွာ၊ မာလာဝလိ (MALAVALI) ဘူတာရုံ ဖြစ်သည်။ လိုဏ်ဂူ များတည်ရှိရာညီညာပြန့်ပြူးသောမြေသို့ရောက်ရှိရန် ဝိဟာဂွန်ရွာမှ ကျောက်လှေကားထစ်ပေါင်း ၈၀၀-ခန့် တက်ရမည် ဖြစ်ပါသည်။ စေတီတည်ထားရာဂူ၏အပြင်ဘက်တွင် အိကဝိရ(EKVIRA)အမည်ရှိ ဟိန္ဒူနတ်သမီးရုပ်ထားရှိသည့် ကျောင်းဆောင်တစ်ခု ရှိပါသည်။ ကာလေလိုဏ်ဂူများကို ဘီစီ ၂ရာစုမှ စတင်တည်ဆောက်ခဲ့ကြပြီး အေဒီ ၅ရာစု တိုင်အောင် နှစ်ပေါင်း ၇၀၀ နီးပါး အသုံးပြုခဲ့သည် ဟု သိရသည်။ အစောဆုံးလိုဏ်ဂူမှာ ဘီစီ ၁၆၀ ကာလကတည်းက ရှိနေပြီးဖြစ်တယ်လို့ ပညာရှင်များက တွက်ချက်ခန့်မှန်းထားကြသည်။ လိုဏ်ဂူတည်ရှိရာနေရာမှာ အာရေဗျပင်လယ်မှ Deccan ဒေသသို့ ကုန်သွယ်ရာ...

ကိုယ်ပိုင်အလုပ် လုပ်ချင်လို့ ဖက်ရှင်လောကကနေ ထွက်ပြီး၊ ဘဝစွန့်စားခန်း ဖွင့်ခဲ့တဲ့အမျိုးသမီး

ဖက်ရှင်လောကမှာ ကျင်လည်ခဲ့တဲ့ အမျိုးသမီးငယ်တစ်ယောက်ဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေ လုပ်ဖို့အတွက် ဖက်ရှင်လောကကို ကျောခိုင်းလိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ နိမ့်ရာကနေ မြင့်ရာကိုရောက်သွားစေနိုင်သလို၊ မြင့်ရာကနေ နိမ့်သွားဖို့လမ်းစလည်း ဖြစ်သွားနိုင်ပါတယ်။ ဘယ်ုလိုပဲဖြစ်ဖြစ် ယုံကြည်ချက် ခိုင်မာဖို့က ပဓာနပါ။ အမျိုးသမီးရဲ့အမည်ကတော့ Charlotte Valentine ဖြစ်ပါတယ်။ Charlotte ဟာ ဖက်ရှင်လောကမှာ ခိုင်မာတဲ့ Role တစ်ခုကို ရခဲ့ပါတယ်။ သူမဟာ ဗြိတိန်ရဲ့နာမည်ကျော် Burberry ဖက်ရှင်ကုမ္ပဏီမှာ တာဝန်ထမ်းဆောင်ခဲ့သူပါ။ ဒါပေမယ့် Comfort Zone အတွင်းမှာ မကျင်လည်ချင်တဲ့ Charlotte ဟာ ကိုယ်ပိုင်လမ်းတစ်ခု လျှောက်ဖို့ စဉ်းစားခဲ့ပါတယ်။ သူမဟာ Merchandise Planner အဖြစ် အလုပ်,လုပ်ကိုင်ခဲ့ဖူးပါတယ်။ အလုပ်ကနေ ထွက်ပြီးနောက် ဖိအားတွေ ဝင်ရောက်စေခဲ့တာက ဘာလုပ်လို့ လုပ်ရမလဲဆိုတာ ရေရေရာရာ မသိခဲ့တာပါ။ ဒီလိုနဲ့ အချိန်ကြာမြင့်စွာ စဉ်းစားရခက်နေခဲ့ပါတယ်။ နောက်တော့...

သားအိမ်ကင်ဆာကို ကုသပေးနိုင်တဲ့ သဘာဝနတ်ဆေး ( သို့မဟုတ် ) ရှားစောင်းလက်ပက်

အမျိုးသမီးတွေအတွက် ဒါဟာ သတင်းကောင်းပါပဲနော်။ အထူးသဖြင့် အမျိုးသမီးတွေဟာ အသက် ၅ဝ ကျော်လာရင် သားအိမ်ကင်ဆာဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ သားအိမ်ကင်ဆာကို ကုသနိုင်တဲ့ သဘာဝဆေးနည်းလေးကို အခုလိုပဲ မျှဝေပေးလိုက်ပါတယ်။ ဒါဟာ တကယ့်ကို ပြုလုပ်ရတာကလည်း တကယ်ကိုရိုးရှင်းပြီးတော့ ပါဝင်ပစ္စည်းတွေကလည်း ရှာရတာလွယ်တာမို့ ဒီနည်းလမ်းလေးက စာဖတ်သူတွေနဲ့ ကောင်းကောင်း အဆင်ပြေစေမှာပါ။ အစားအသောက်ကိုလည်း အထူးဂရုစိုက်ဖို့လိုပြီး ဗီတာမင်ဓါတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို စားသုံးပေးသင့်ပါတယ်။ ပါဝင်ပစ္စည်း ————- သစ်ကြားသီးမှုန့် ၅ဝဝဂရမ် ပျားရည် ၃ဝဝ ဂရမ် ရှားစောင်းလက်ပက်အနှစ် ၁ဝဝ ဂရမ် ပါဝင်ပစ္စည်းအားလုံးကို သေချာ ရောလိုက်ပြီးတော့ မနက်စာစားပြီး မိနစ် ၃၀ လောက်မှာ လက်ဖက်ရည်ဇွန်း ၁ ဇွန်းလောက် စားပေးပါ။ ရှားစောင်းလက်ပက်ကို အစာအိမ်နာတာ ၊ အမျိုးသမီး မျိုးပွားအင်္ဂါဆိုင်ရာ ရောဂါတွေနဲ့ ကင်ဆာရောဂါတွေအပါအဝင်...

သနပ်ခါးကို မြန်မာနိုင်ငံ၏ ပထမဆုံး ကမ္ဘာဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရန် မတ်လအတွင်း ယူနက်စကိုသို့ အမည်စာရင်းတင်သွင်းမည်

မြန်မာလူမျိုးတို့၏ ရိုးရာဓလေ့အဖြစ် နှစ်သက်စွာ လိမ်းခြယ်ခဲ့ကြသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် သနပ်ခါးကို မြန်မာနိုင်ငံ၏ ပထမဆုံးကမ္ဘာဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရန် မတ်လအတွင်း၌ ကမ္ဘာ့ကုလသမဂ္ဂ ပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (ယူနက်စကို) သို့ အမည်စာရင်း တင်သွင်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင် ဦးရဲမြတ်အောင် က ပြောကြားသည်။ မြန်မာနိုင်ငံတွင် ထိတွေ့ကိုင်တွယ်၍မရသည့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များစွာရှိသော်လည်း ကမ္ဘာဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံထားရခြင်း မရှိသေးသည့်အတွက် လွန်ခဲ့သည့် နှစ်တစ်ထောင် ကျော်ကာလကတည်းက ရိုးရာ ယဉ်ကျေးမှုဓလေ့အဖြစ် လိမ်းခြယ်ခဲ့ကြပြီး ယနေ့တိုင် ဆက်လက်ရှင်သန်နေသည့်အပြင် တစ်မျိုးသားလုံး၏ ယဉ်ကျေးမှုလက္ခဏာအဖြစ် ကိုယ်စားပြုကာ တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည့် မြန်မာ့သနပ်ခါးကို UNESCO မှ ကမ္ဘာဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခဲ့သည့် စံနှုန်းငါးချက်နှင့်လည်း ကိုက်ညီမှုရှိနေသဖြင့် ကမ္ဘာဒြပ်မဲ့ယဉ်ကျေးမှု...

တစ်သက်မှာတစ်ခါ ဖူးမြော်ဖို့ကို ခဲယဉ်းလှသည့် ဗုဒ္ဓမြတ်စွာဘုရားရဲ့ အံတော်

တစ်သက်မှာတစ်ခါ ဖူးမြှော်ဖို့ ခဲယဉ်းလှတဲ့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ အံတော်ကိုဖူးလိုက်ပါကံထူးလို့ဖျာပုံသူဖျာပုံသား များ နှင့် မြန်မာ တစ်ပြည်လုံးမှာရှိတဲ့ ဖူးချိန်တန် ဖူးထိုက်လို့.ဖူးမျှော်ခွင့်ရလို့ ထင်ပါပြီ။ ကျွန်တော်ကလေးဘဝတည်း က ဘိုးဘိုး ၊ဘွားဘွား၊ဘိုဘေး အစဉ်အဆက်ကတည်း က ဖျာပုံမှာ ဗုဒ္ဓမြတ်စွာဘုရား အံ့တော် နှင့် ဆံတော်တစ် ဆူ ကိမ်းဝပ်နေတယ် လို့ သိခဲ့ရပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားရဲ့ အံတော် ရှေးဟောင်းသမိုင်းအစဉ် အလား အရ ရှေးကျတဲ့ မြို့တွေက အမည်နှစ်လုံးတည်း နဲ့ အမည်ပေးခဲ့တဲ့ တချိန်ကမွန်ဒေသတွေပေါ့။ပုဂံ၊ရန်ကုန်၊တွံတေး၊ဒလ၊သထုံ၊ဖျာပုံ၊ပုသိမ်၊စတဲ့ ရှေးကျတဲ့ မြို့တွေ အများကြီးပေါ့။အဲအထဲမှာ မွန်ဘုရင်များ အဆက်ဆက် အုပ်စိုးခဲ့တဲ့ ဖျာ ပုင်း ဆိုတဲ့ ထမင်းဈေးမြို့ကလေး တစ်ခုလည်း ပါဝင်ခဲ့တာပေါ့။ကျိုက်ပတိုင်း စေတီတော်မြတ်ကြီးကို မြန်မာ သက္ကရာဇ်(၆၀၀)ခုနှစ်မှာ တည်ထားကိုး ကွယ်ခဲ့တယ်။ လုပ်ဥကုန်ကျိုက်ခမွမ် စေတီတော်ကို မြန်မာ သက္ကရာဇ် ၉၀၀)ခုနှစ်...

ဟိုက်ဂျက်ကားလေးဖြင့် ခရီးဝေးသွားတတ်သော မိတ်ဆွေများ သတိပြုရန်အတွက်ပါ

မြန်မာပြည်မှာ အသုံးအများဆုံးဖြစ်တဲ့ ဟိုက်ဂျက်ဟုခေါ်သော အပေါ့စား ကုန်တင်ယာဉ်ငယ် အကြောင်း သိထားသင့်သော အချက်များ လေ့လာနိုင်ရန် ဖြန့်ဝေခြင်းပါ။ အင်ဂျင်ပါဝါ ၆၆၀ စီစီ အင်ဂျင်ကိုဘေးစောင်း တည်ဆောက်ထားသောကြောင့် လည်ပတ်နှုံး အလွန်ကောင်းပါတယ်။ အပေါ့ဆွဲမှာ ဆိုင်ကယ်ကဲ့သို့ သွက်ပါတယ်။ ကုန်ပါရင် (သိုမဟုတ်) လူများရင် ထင်သလို၊ လိုသလိုနင်းတိုင်း‌ မပါတော့ပါ။  အရှိန်ယူရပါမယ် ဝိတ်ပါရင် ကားက လူးပါတယ်၊ ထိန်းရလဲ ခက်ပါတယ်၊ စတုပ်တိုးသော အင်ဂျင်များသည် ခါလီမှာသာ ပြေးတာပါ။ ဝိတ်များရင် မနိုင်လို့ နင်းရင် မတက်ဘူးခင်ဗျ ရှေ့ကားကို ကျော်ဖို့ ခက်ခဲပါတယ်။ တင်ဆောင်နိုင်သောဝန်အား ဒီကားတွေကို ၃၅၀ kg သာတင်နိုင်ရန် ထုတ်လုပ်ထားတာပါ။ ပေါင် ၇၇၀ သာတင်ခွင့်ပေးထားပါတယ် ။ ဝလျင် ၄ ဦး ပိန်လျင် ၅ ဦး၊ ဝိတ်နဲ့ ညီမျှပါတယ်။ အမိုးကိုင်း ဝိတ်...

“ဒီလိုအခြေအနေမျိုးမှလွဲ၍ ပြည်သူများ ပါစပ်နှင့် နှာခေါင်းစည်း (Mask) တပ်စရာ မလိုပါဘူး”

ရေးသားသူ – သက္ကမိုးညို အကြောက်တရားဆိုတာ နှစ်ဖက်သွား ဓားလိုပါပဲ။ တဖက်မှာ ဒေါသနဲ့ ဖျက်ဆီးတဲ့ဘက်ကို ရောက်သွားနိုင်သလို တခြားတဖက်မှာလည်း စွမ်းအား အပြည့်နဲ့ မှန်ကန်တဲ့ဆီကို ရောက်ဖို့ တွန်းအားတွေ ရှိနေပါတယ်။ ၀ူဟန်ဗိုင်းရပ်စ် ကိစ္စမှာ ပြည်သူတွေ အနေနဲ့ ကြောက်ဖို့ ကောင်းတာကို သိရှိပြီးတော့ ဒီအကြောက်တရားကနေ တဆင့် အမူအကျင့်ကောင်းတွေကို လေ့ကျင့်ပေးရပါမယ်။ ဒီနေရာမှာ ဟိုလူ မလုပ်ရကောင်းလား၊ ဒီလူ မလုပ်ရကောင်းလားလို့ အပြစ်တင်နေမယ့်အစား (တချို့က ဘာလုပ်ရမှန်း မသိတာ ဖြစ်နိုင်သလို လုပ်ဖို့ သိရင်လည်း နောက်မှာ တွဲဆိုင်းထားတဲ့ အခြေအနေအရ လုပ်မရတာလည်း ရှိနိုင်ပါတယ်) ကိုယ်နိုင်သလောက်လေးကို လုပ်ဖို့ လိုပါတယ်။ ကိုယ့်ပြည်ထဲက လူတွေ အကျင့်လား မသိဘူး။ သူတပါး ဒုက္ခရောက်တာကို နင်းပြီးတော့ အကြပ်ကိုင် အမြတ်ထုတ်ချင်သူ ၀ိသမ လောဘသားတွေကလည်း တောကြောင်တွေလို...

လူသားတို့ကြုံတွေ့ခဲ့ရတဲ့ အဆိုးဆုံးကပ်ရောဂါကြီး (၁၀) ခု

သိပ္ပံပညာရှင်တွေနဲ့ ဆေးဘက်ဆိုင်ရာသုသေသနပညာရှင်တွေအကြား ကမ္ဘာပေါ်မှာ ဖြစ်ပွားခဲ့တဲ့ရောဂါဆိုးကြီးတွေအပေါ်မှာ ရောဂါပြန့်ပွားတဲ့ဒေသ အပိုင်းအခြားကိုလိုက်ပြီး လူမျိုးစုတစ်စု၊အသိုင်းအဝိုင်းတစ်ခုအကြားမှာဖြစ်တဲ့ ကူးစက်ရောဂါ ကပ်ရောဂါ(Epidemic) နဲ့ နိုင်ငံနဲ့ချီပြီး ဝေးလံတဲ့ဒေသတွေအထိကူးစက်တဲ့ ကမ္ဘာနေရာအနှံ့တွင် ဖြစ်ပွားသော ရောဂါ ( Pandemic) ဆိုပြီးခွဲခြားခဲ့ကြတာဖြစ်ပါတယ်။ ကာလဝမ်းရောဂါ၊ ပလိပ်ရောဂါ၊ ရေကျောက်ရောဂါ၊ တုပ်ကွေးရောဂါဆန်းတွေဟာ ကမ္ဘာသမိုင်းမှာအဓိကလူသေဆုံးခဲ့ရတဲ့ ရောဂါတွေဖြစ်ကြပြီးနိုင်ငံနယ်နိမိတ်များစွာကို ဖြတ်ကျော်ကာ ရောဂါကူးစက်ပြန့်ပွားခဲ့ကြတာဖြစ်ပါတယ်။ ယင်းရောဂါတွေကိုတော့ pandemic လို့ ခေါင်းစဉ်တပ်ရမှာဖြစ်ပြီး အထူးသဖြင့် နှစ်ပေါင်း ၁၂၀၀၀လောက်အတွင်းမှာ ရေကျောက်ရောဂါ ကြောင့် ကမ္ဘာလူဦးရေသန်း (၃၀၀)ကနေ(၅၀၀)အကြားသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ယခုခေတ်ကာလမှာဖြစ်ပွားခဲ့တဲ့ Ebola Virus ကြောင့်လူထောင်နဲ့ချီသေဆုံးခဲ့ရသလို၊ ယနေ့တရုတ်နိုင်ငံဝူဟနှ်မြို့မှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့်လည်း ယခုချိန်ထိ လူ(၁၃၂)ဦးသေဆုံးခဲ့ရသလို ကူးစက်ခံရသူလည်း (၆၀၀၀)ခန့် ရှိနေပြီလို့သိရပါတယ်။ ယင်းရောဂါတွေကတော့ ယခုချိန်ထိတော့ (Epidemic) လို့ပဲခေါင်းစဉ် တပ်ရမှာဖြစ်ပါတယ်။ လူသားတွေဟာ သမိုင်းတလျှောက်မှာ အလွန်ကြီးမားတဲ့ ရောဂါကပ်ဆိုးကြီးတွေနဲ့ တွေ့ကြုံခဲ့ရဖူးပါတယ်။ ဒီတခါသုတဇုန်...

ဘ၀ကို ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ချမ်းသာအောင် နေချင်တယ်ဆိုရင် လိုက်နာသင့်တဲ့ အရာများ

ဘ၀ဆိုတာ ရှင်သန် ရုန်းကန်းရတာ ခက်ခဲပါတယ်။ လူတိုင်း ဘ၀အတွက် ခက်ခက်ခဲခဲ ရုန်းကန်း လှုပ်ရှားနေရတာကြီးပါပဲ။ သင့်တစ်ယောက်တည်း မဟုတ်ပါဘူး ၊ ရုန်းကန်း လှုပ်ရှားနေရင်းနဲ့ ပျော်ရွှင်အောင် နေချင်ရင် ဒီအရာတွေကို လိုက်နာပေးပါ။   (၁) သင့်ဘ၀ထဲကနေ မကောင်းတဲ့ သူတွေကို ဖယ်ထုတ်ပစ်လိုက်ပါ သင့်ဘ၀ထဲမှာ သင့်အပေါ် မကောင်းတဲ့သူတွေကို ဖယ်ထုတ်ပစ်လိုက်ရင် သင်အရမ်းကို စိတ်ချမ်းသာနေပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ နေသွားရမှာပါ။ သူတို့ သင့်အပေါ် မကောင်းရင် သူတို့နဲ့ ရှောင်လိုက်ပါ ။ သင့်ကို ချစ်တဲ့သူတွေ ရှိတဲ့အရပ်မှာပဲ နေပါ။ (၂) သင့်ကိုယ်သင် အာရုံစိုက်ပါ တခြားသူတွေရဲ့ အိပ်မက် ၊ ရည်မှန်းချက် ကို ကူညီပေးနေရင်းကနေ သင့်အိပ်မက် ၊ ရည်မှန်းချက်တွေ မပျောက်သွားပါစေနဲ့။ သူများလက်အောက် ၀န်ထမ်းလုပ်ရင်း ၊ သူများအလုပ်ကို ကူညီပေးရင်း...