Category: သတင်း

၈ တန်းကျောင်းသူကို ကားတင်ခိုးပြေးသည့် ကျောင်းထိုင်ဆရာတော်ကို ဖမ်းမိ

အသက်မပြည့်သေးတဲ့ ၈ တန်းကျောင်းသူကို ကားတင်ပြေးခဲ့တဲ့ ကျောင်းထိုင်ဆရာတော်ကို ပဲခူးတိုင်းဒေသကြီး ဥသျှစ်ပင်မြို့နယ်ထဲ ကနေ ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းမိခဲ့ပါတယ်။ စက်တင်ဘာ ၃၀ ရက်က ပြည်မြို့နယ်ထဲကကျေးရွာတရွာက အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တယောက်ကို ရွာကျောင်းကကျောင်းထိုင်ဆရာတော် ဦးအဂ္ဂဓမ္မက ကားတင်ခိုး ယူသွားခဲ့တာပါ။ ကလေးမလေး ကျောင်းသွားစဉ်မှာ ဆရာတော်က သူ့ရဲ့ Honda Fit ကားနဲ့ ပြည်မြို့ ဘက်ကို ခိုးယူသွားဖြစ်ပြီး အောက်တိုဘာလ ၂ ရက်နေ့ ည ၉ နာရီလောက်မှာ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်နယ်မြေ၊ ကျောက်ဖူးအုပ်စု၊ ဆင်လူးကျေးရွာမှာ ဖမ်းမိခဲ့တယ်လို့ ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်ဝင်းက ပြောပါတယ်။ “သူသွားတဲ့လမ်းကြောင်းအတိုင်း တပ်ဖွဲ့ဝင်တွေ ခွဲပြီး ဖြန့်ကျက်ပြီးလိုက်ကြတာ ပြည်ခရိုင်ရဲ တပ်ဖွဲ့မှူးကိုယ်တိုင် ဦးဆောင်ပြီးလုပ်တာ။ ဒီအမှုကိုအမြန်ပေါ်စေချင်တာ ကလေးမလေးက အသက်မပြည့်သေးတော့ တော်တော်လေး စိုးရိမ်တာ။ ဒါကြောင့် အားထည့်ပြီး...

တိုယိုတာက သီလဝါအထူးစီးပွားရေးဇုန် B ၌ စက်ရုံတည်ဆောက်ပြီး ၂၀၂၁ ခုနှစ်မှစ၍ မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်ရန် မြေ ၂၁ ဟက်တာ ရယူထား

သီလဝါအထူးစီးပွားရေးဇုန် B ၌ တိုယိုတာကစက်ရုံတည်ဆောက်ပြီး ၂၀၂၁ မှစတင်ကာ မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်ရန်မြေ ၂၁ ဟက်တာအား ရယူထားကြောင်း Myanmar- Japan Thilawa Development ကုမ္ပဏီလီမိတက်မှ သတင်းရရှိသည်။ “Myanmar – Japan Thilawa Development ကုမ္ပဏီအနေနဲ့ သီလဝါအထူးစီးပွားရေးဇုန်မှာ Development အနေနဲ့သာမဟုတ်ဘဲ SEZ တစ်ခုလုံးကို အော်ပရေးရှင်းလုပ်ကိုင်ပေးတဲ့ လုပ်ငန်းစဉ်ကိုလည်း လုပ်ကိုင်နေပါတယ်။ MJTD အနေနဲ့ သီလဝါ SEZ မှာ အကောင်အထည်ဖော်သွားမယ့် မြေဧက ၂၄၀၀ ဟက်တာရှိပါတယ်။ ဇုန် A မှာ ၄၀၅ ဟက်တာရှိပြီး ပထမဆုံး အကောင်အထည်ဖော်ခဲ့တဲ့ ဧရိယာဖြစ်ပါတယ်။ အခုဆိုရင် ဇုန် A ပြီး သွားတော့ ဇုန် B ကိုလည်း ဆက်လက်အကောင်အထည်ဖော်နေပါတယ်။ ဇုန် B ကို...

ကျိုက်ထီးရိုးစေတီတောင်ပေါ် ဘုန်းကြီးကျောင်းက ဆေးခြောက်များဖမ်းမိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တော်အနီးရှိ ဘုန်းကြီးကျောင်းတကျောင်းမှာ သီတင်းသုံးနေထိုင်တဲ့ ဘုန်းကြီးတပါးထံကနေ ဆေးခြောက် ၄၀ ကျပ်သားလောက် ဖမ်းဆီးရမိခဲ့​တယ်လို့ ရင်ပြင်တော်အုပ်ချုပ်ရေးအဖွဲ့ရုံးက သိရပါတယ်။ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်ရင်ပြင်တာဝန်ရှိသူတွေက အောက်တိုဘာ ၁ရက်မနက် ၁၁ နာရီခွဲက မူးယစ်ဆေးဝါးသတင်းအရ ရှာဖွေခွင့်ဝရမ်းနဲ့ စေတီတော်ရင်ပြင်တော်အနီးရှိ ကိုးနဝင်းဘုန်းတော်ကြီးကျောင်း သီးသန့်ဆောင်မှာ သီတင်းသုံးနေထိုင်တဲ့ ဦးပညာဝံသရဲ့ အခန်းကို ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ကျိုက်ထီးရိုးရင်ပြင်တော် အုပ်ချုပ်ရေးရုံးအဖွဲ့ဝင် ရာအိမ်မှူး ဦးကျော်မင်းဦးက “ကျနော်တို့ အဖွဲ့စုံ ဘုန်းကြီးကျောင်းရောက်တဲ့အချိန်မှာ အဲ့ဒီဘုန်းကြီးက အခန်းအပြင်ဘက်မှာ လျှပ်စစ်မီး ပြင်နေတယ်။ အခန်းထဲမှာက အမျိုးသမီးတစ်ဦးရှိနေပါတယ်။ အဲ့ဒီအမျိုးသမီးကိုမေးနေတုန်း ဘုန်းကြီးကရှောင်ပြေးသွားတာပါ”လို့ ဒီဗွီဘီကိုပြောပါတယ်။ တာဝန်ရှိသူတွေက ဆက်လက်ရှာဖွေရာ အခန်းတွင်း ကွက်ပျစ်အောက်က အာလူးကြော် ဗူးအတွင်း ဆေးခြောက်လို့ယူဆရတဲ့ အရိုး/အရွက်အခြောက်ရောရာ ၈၁.၆၅ ဂရမ်၊ ၅ ကျပ်သားခန့်၊ တန်ဖိုးငွေကျပ် ၄၀၈၂၅ ကျပ်ခန့်အား တွေ့ရှိခဲ့ရပြီး...

မြန်မာတစ်နိုင်ငံလုံးတွင် အသက်အကြီးဆုံး အဘိုးအဖြစ် အသက် (၁၂၅) နှစ်ရှိ အဘိုးဦးကိုကိုကြီးအား အထူးဂုဏ်ပြုချီးမြှင့်ငွေ ကျပ် ၁၀ သိန်း ဂုဏ်ပြုချီးမြှင့်ခဲ့

မြန်မာတစ်နိုင်ငံလုံးတွင် အသက်အကြီးဆုံး အဘိုးအဖြစ် အသက် ၁၂၅ နှစ်ရှိ အဘိုးဦးကိုကိုကြီးအား အထူးဂုဏ်ပြုချီးမြှင့် ငွေကျပ် ၁၀ သိန်း ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။မြန်မာနိုင်ငံတွင် အသက်ကြီးဆုံးအဖြစ် သတ်မှတ်ခြင်းခံရထားသော အသက် ၁၂၅ နှစ်အရွယ်ရှိ အဘိုးဦးကိုကိုကြီးသည် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ဖရဲငွေတောင်လမ်းတွင် စောင့်ရှောက်ထားသော တူမမိသားစုဖြင့် ကျန်းမာပျော်ရွှင်စွာဖြင့် နေထိုင်လျက်ရှိပြီး အဘိုးဦးကိုကိုကြီးကို အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ကျင်းပရေးကော်မတီက မြန်မာတစ်နိုင်ငံလုံးရှိ အသက်အကြီးဆုံး အဘိုးအဖြစ် အထူးဂုဏ်ပြု ချီးမြှင့်ငွေကျပ် ၁၀ သိန်းကို ဂုဏ်ပြုချီးမြှင့်ခဲ့ကာ ပူဇော်ကန်တော့ ခဲ့ရသည့်အတွက် အထူးဂုဏ်ယူမိကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောကြားခဲ့သည်။ အဘိုးဦးကိုကိုကြီးသည် အင်္ဂလိပ်ခရစ်သက္ကရာဇ် ၁၈၉၄ ခုနှစ်တွင် စစ်ကိုင်းမြို့၌ မွေးဖွားခဲ့ခြင်းဖြစ်ပြီး၊ တောင်ကြီးမြို့ကို အစ်မဖြစ်သူ ခေါ်ဆောင်လာခြင်းကြောင့် ၁၉၇၁ ခုနှစ်တွင် စတင်ရောက်ရှိခြင်းဖြစ်ကာ တောင်ကြီးမြို့တွင် နေထိုင်လာသည်မှာ နှစ်ပေါင်း ၅၀...

သိန်း(၁၅၀၀၀) ထီဆုကြီးကို မိတ္ထီလာမြို့မှ ကံထူး

အောက်တိုဘာလ ၁ ရက်နေ့တွင်စတင်ဖွင့်လှစ်လိုက်တဲ့ ၈ ကြိမ်မြောက် သိန်းတစ်သောင်းခွဲဆုကြီးကို မိတ္တီလာမြို့မှကံထူးသွားခဲ့ပါတယ် မိတ္ထီလာမြို့ ကညနရုံးဟောင်းအနီးက ဒီလသိန်း(၁၅၀၀၀) ဆွတ်ခူးသွားကြောင်း သတင်းရရှိ မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက်နေ ဝပ်ရှော့ဆရာ ကိုစိုးနိုင် မှ ဆွတ်ခူးသွားကြောင်း သတင်းရရှိပါသည်။ Credit-Zin Moe

ကမ္ဘာ့ဘဏ် ညွှန်းကိန်းတွင် စီးပွားရေးလုပ်ရန် တိုးတက်မှု အရှိဆုံး နိုင်ငံ ၂၀ ၌ မြန်မာပါဝင်

ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ကိုင်ရန် လွယ်ကူမှုညွှန်းကိန်း (Ease of Doing Business) တွင် လာမည့် ၂၀၂၀ ခုနှစ်အ တွက် တိုးတက်မှုအရှိဆုံး နိုင်ငံ ၂၀ စာရင်း တွင် မြန်မာနိုင်ငံပါဝင်ကြောင်း ကမ္ဘာ့ဘဏ်က စက်တင်ဘာ ၂၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ ကမ္ဘာ့ဘဏ်အနေဖြင့် အဆိုပါနိုင်ငံများ၏ ပြုပြင်ပြောင်းလဲရေးများနှင့် စီးပွားရေးလုပ်ကိုင်ရန်လွယ်ကူသည့် အမှတ်တိုး တက်မှုများကို အခြေခံကာ အဆိုပါနိုင်ငံများကို ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အညွှန်းကိန်းတွင် အမှတ်ပေးသည့် ကဏ္ဍ ၁၀ ခုတွင် သုံးခုနှင့် အထက်တွင် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ခဲ့ခြင်းကြောင့် အခြားနိုင်ငံများ နှင့် အတူ မြန်မာနိုင်ငံ ကိုလည်း ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။စီးပွားရေးလုပ်ကိုင်ရန် လွယ်ကူမှု အကဲဖြတ်ခြင်းကို နိုင်ငံများ၏ ယခင်နှစ်က ပြုလုပ်သည့် ပြုပြင်ပြောင်းလဲရေးကြောင့် စီးပွားရေး လုပ်ရန် လွယ်ကူမှု တိုးတက်ခြင်းအပေါ်တွင်သာ ရွေးချယ်ပြီး...

(၈)ကြိမ်မြောက်အောင်ဘာလေ ထီပေါက်စဉ်

(၈)ကြိမ်မြောက် ထီပေါက်စဉ် (စ/ဆုံး) သိန်း ၁၅၀၀၀ ဆု ဓ ၃၄၁၆၁၁၊ သိန်း(10000)ဆု ဎ ၁၁၁၄၁၈၊ သိန်း ၅၀၀၀ ဆု ထ ၂၆၄၃၄၃ ဖ ၂၈၈၇၅၀ သိန်း ၂၀၀၀ ဆု လ ၉၁၄၀၂၇၊ ထ ၄၂၉၂၆၆၊ ဓ ၉၅၁၆၇၈၊ ကဂ ၁၉၄၈၉၃၊ ကဂ ၈၁၆၂၆၇၊ သိန်း ၁၀၀၀ ဠ ၉၇၄၅၈၈၊ ဃ ၆၈၀၁၂၃၊ ရ ၂၂၆၇၅၅၊ ည ၂၆၃၅၇၃၊ ကခ ၁၂၃၅၉၃၊ သ ၆၄၅၁၆၄၊ န ၈၁၆၇၇၉ Credit-MON

ဦးနေဝင်းသာ အာဏာမသိမ်းခဲ့ရင် မြန်မာနိုင်ငံရဲ့ စတုတ္တမြောက် သမ္မတ ဖြစ်လာမဲ့သူက ကချင်ခေါင်း ဆောင် ဆမား ဒူးဝါဆင်ဝါး နောင်

စာဘယ်လောက် ဖတ်လဲဆိုတော့ ရန်ကုန်ဆင်းပြီး စာအုပ်သွားဝယ်တာ ကချင်ပြည်ကို ရထားဆိုက်တော့ သူဝယ်လာတဲ့ စာအုပ်တွေက လှည်းနှစ်စီး တိုက်ရတယ်ဆိုပဲ ဒါပေမယ့် အတန်းပညာ မရှိဘူး လွတ်လပ်ရေးရပြီးတော့ သူ့ကို ပြည်နယ် ဥက္ကဌရာထူးအတွက် ဖောင်ဖြည့်ခိုင်းတယ် ပညာအရည်ချင်း ဆိုတဲ့နေရာမှာ ဖြည့်လိုက်တယ်” ခေသူမဟုတ် ” တဲ့ ဟုတ်တယ်လေ သူက ဘုန်းကြီးကျောင်းထွက် ဒါပေမယ့် ခေတဲ့ သူမဟုတ်ဘူး သူကစက်မှုနိုင်ငံ အိပ်မက်ကို မက်တဲ့သူ စက်မှု နိုင်ငံ ထူထောင်နိုင်မှ မြန်မာပြည် ချမ်းသာမယ် ဒါက သူ့ခံယူချက် ဒါကြောင့် မြစ်ကြီးနားမှာ ကားတစ်စင်းကို သူဦးဆောင်ပြီး လုပ်တယ် အဲတုန်းက ကချင်ပြည်နယ် ဥက္ကဌဆိုတော့ အခုခေတ်လို ဆိုဝန်ကြီးချုပ်ပေါ့ သတင်းစာတွေမှာ ဆမားကြီးကား ဆိုပြီး ဂုဏ်ပြုရေးကြတယ် ဒါပေမယ့် လူတိုင်းက အကောင်းရေးတာ မဟုတ်ပါဘူး တစ်ချို့က ပျက်ချော်ချော်နဲ့...

ဗစ်တိုးရီးယားအမှုတွင် ရှေ့နေများ အမှုဖွင့်ခံရခြင်းမှာ မြန်မာနိုင်ငံ ရှေ့နေထု တစ်ရပ်လုံးကို ထိခိုက်နစ်နာစေကြောင်း ထုတ်ပြန်

လူအများစိတ်ဝင်စားနေသည့် ဗစ်တိုးရီးယားအမှုတွင် နှစ်ဖက်ရှေ့နေများကို Wisdom Hill မူကြိုကျောင်းမှ ကျောင်းကြီးကြပ်ရေး ဒေါ်ဥမ္မာလှိုင်က တရားလိုပြု အမှုဖွင့်တိုင်ကြားနေခြင်းမှာ မြန်မာနိုင်ငံ၏ ရှေ့နေထု တစ်ရပ်လုံးကိုပါ ထိခိုက်နစ်နာစေကြောင်း မြန်မာနိုင်ငံရှေ့နေအသင်းများ၏ အဖွဲ့ချုပ်က ထုတ်ပြန်ကြေညာလိုက်သည်။ နေပြည်တော် ဒက္ခိဏခရိုင်တရားရုံး၌ ကြားနာစစ်ဆေးလျက်ရှိသော ဗစ်တိုးရီးယားအမှုမှ တရားလို၏ ရှေ့နေ ဒေါ်ရွက်နုအောင်နှင့် တရားစွဲဆိုခံရသူဘက်မှ ရှေ့နေ ဦးခင်မောင်ဇော်၊ ဒေါ်စုဒါလီအောင်တို့ကို Wisdom Hill မူကြိုကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေဖြင့် တရားစွဲဆိုတိုင်တန်းထားသည်။ ဗစ်တိုးရီးယားအမှုဖြစ်စဉ်တွင် အမှုသည်၏ တာဝန်ပေးချက်အရ ဥပဒေဘောင်အတွင်းမှ ကိုယ်စားဆောင်ရွက်ရသည့် ရှေ့နေများကို ထည့်သွင်း တရားစွဲဆိုပါက အမှုတိုင်း၌ ရှေ့နေများ တရားစွဲဆို ခံရတော့မည်ဖြစ်ပြီး ယင်းအမှုရှေ့နေများမှာ အမှန်တရား ပေါ်ပေါက်ရေးအတွက် တရားခွင်တွင် ကြိုးပမ်းသကဲ့သို့ အများပြည်သူအဖြစ်မှန် သိရှိစေရန်အတွက် ပြန်ကြားခြင်းသာဖြစ်သည်ဟု မြန်မာနိုင်ငံရှေ့နေအသင်းများ၏ အဖွဲ့ချုပ်မှ သဘောထားထုတ်ပြန်ကြေညာခဲ့သည်။ နှစ်ဖက်ရှေ့နေများကို...