Category: သတင်း

ဗစ်တိုးရီးယားအမှုတွင် ရှေ့နေများ အမှုဖွင့်ခံရခြင်းမှာ မြန်မာနိုင်ငံ ရှေ့နေထု တစ်ရပ်လုံးကို ထိခိုက်နစ်နာစေကြောင်း ထုတ်ပြန်

လူအများစိတ်ဝင်စားနေသည့် ဗစ်တိုးရီးယားအမှုတွင် နှစ်ဖက်ရှေ့နေများကို Wisdom Hill မူကြိုကျောင်းမှ ကျောင်းကြီးကြပ်ရေး ဒေါ်ဥမ္မာလှိုင်က တရားလိုပြု အမှုဖွင့်တိုင်ကြားနေခြင်းမှာ မြန်မာနိုင်ငံ၏ ရှေ့နေထု တစ်ရပ်လုံးကိုပါ ထိခိုက်နစ်နာစေကြောင်း မြန်မာနိုင်ငံရှေ့နေအသင်းများ၏ အဖွဲ့ချုပ်က ထုတ်ပြန်ကြေညာလိုက်သည်။ နေပြည်တော် ဒက္ခိဏခရိုင်တရားရုံး၌ ကြားနာစစ်ဆေးလျက်ရှိသော ဗစ်တိုးရီးယားအမှုမှ တရားလို၏ ရှေ့နေ ဒေါ်ရွက်နုအောင်နှင့် တရားစွဲဆိုခံရသူဘက်မှ ရှေ့နေ ဦးခင်မောင်ဇော်၊ ဒေါ်စုဒါလီအောင်တို့ကို Wisdom Hill မူကြိုကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေဖြင့် တရားစွဲဆိုတိုင်တန်းထားသည်။ ဗစ်တိုးရီးယားအမှုဖြစ်စဉ်တွင် အမှုသည်၏ တာဝန်ပေးချက်အရ ဥပဒေဘောင်အတွင်းမှ ကိုယ်စားဆောင်ရွက်ရသည့် ရှေ့နေများကို ထည့်သွင်း တရားစွဲဆိုပါက အမှုတိုင်း၌ ရှေ့နေများ တရားစွဲဆို ခံရတော့မည်ဖြစ်ပြီး ယင်းအမှုရှေ့နေများမှာ အမှန်တရား ပေါ်ပေါက်ရေးအတွက် တရားခွင်တွင် ကြိုးပမ်းသကဲ့သို့ အများပြည်သူအဖြစ်မှန် သိရှိစေရန်အတွက် ပြန်ကြားခြင်းသာဖြစ်သည်ဟု မြန်မာနိုင်ငံရှေ့နေအသင်းများ၏ အဖွဲ့ချုပ်မှ သဘောထားထုတ်ပြန်ကြေညာခဲ့သည်။ နှစ်ဖက်ရှေ့နေများကို...

ရခိုင် -မြောက်ဦးကိုယူနက်စကိုအသိအမှတ်ပြုဖို့ အဆိုပြုလွှာ တင်

ရခိုင်ပြည်နယ်က ရှေးဟောင်းသမိုင်းဝင် အဆောက်အုံတွေ အများအပြားရှိနေတဲ့ မြောက်ဦးမြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်လာဖို့ ယူနက်စ်ကိုအသိအမှတ်ပြုရေး အဆိုပြုလွှာမူကြမ်းကို စက်တင်ဘာလ ၂၄ ရက်နေ့က တင်သွင်းလိုက်ပြီလို့ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းကပြောပါတယ်။ အဲ့ဒီအဆိုပြုလွှာမူကြမ်းမှာ သမိုင်းဝင်ရှေးဟောင်းအမွေအနှစ် အမျိုးအစားပေါင်း ၂၇ မျိုးကိုထည့်သွင်းရေးဆွဲထားတာဖြစ်ပြီး နန်းတော်ကုန်း၊ တံတိုင်း၊ ကျုံး၊ ပိဋကတ်တိုက်၊ စဥ့်ထည်၊ စဥ့်ဖို၊ ညီလာခံသဘင်ကျင်းပခဲ့တဲ့နေရာတွေနဲ့ စပါးကျီတွေ စတဲ့အမွေအနှစ်တွေပါဝင်တယ်လို့ သူကပြောပါတယ်။ဒီအဆိုပြုလွှာကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကနေ စတင်ပြုစုခဲ့တာဖြစ်ပြီး နှစ်နှစ်တာကာလအတွင်းပြုစုခဲ့ရတဲ့အချိန်မှာ ဒေသမတည်ငြိမ်မှုတွေကြောင့် အခက်အခဲတွေလည်းရှိခဲ့တယ်လို့ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်ခင်သန်းကပြောပါတယ်။” ယူနက်စကိုက လည်းဇန်နဝါရီလောက် နောက်ဆုံးထားပြီး မေးမှာတွေရှိတယ် သူတို့လိုအပ်တာတွေကိုအချိန်နဲတပြေးညီ ပြန်ဖြေရမှာပါ”လို့ ဒေါ်ခင်သန်းကပြောပါတယ်။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ဟာ ရှေးဟောင်းမြို့တစ်မြို့ဖြစ်ပြီး သမိုင်းဝင်အမွေအနှစ်တွေ အများပြားစုစည်းတည်ရှိနေတဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။ လက်ရှိမှာ အဲ့ဒီသမိုင်းဝင်အမွေအနှစ်တွေဟာ ထိန်းသိမ်းမှုအားနည်းပြီး၊ သဘာဝဘေး ဒဏ်တွေကြောင့်...

စားဝတ်နေရေးအတွက် ကျောက်ဆည်ကနေ မန္တလေးထိတတ်ပြီး ထီလာရောင်းတဲ့ အဖိုးအို

ဒီအဘကိုတွေ့ရင် ထီဝါသနာပါပါမပါပါ အားပေးကြပါ အသက်က ၈၅နှစ် ထီဖွင့်ဖို့ ၁၀ရက်အလိုကြမှ ကျောက်ဆည်ကနေ မန်းလေးထိ ထီလာရောင်းတာပါ လမ်း၈၀အနီးတဝိုက်မာပဲ များသောအားဖြင့်ရောင်းတာပါတဲ့။ ခုလည်း လမ်းမာမောမောနဲ့ရေသောက်နေတာနဲ့ သနားလို့ဝင်ပေးခဲ့တယ် မနေ့ညကလည်းအိမ်နားမာ တွေ့လို့ထီအားဆပးခဲ့ပါသေးတယ် တွေ့ရင် ကျော်မသွားပါနဲ့ လမ်းဘေးမာထီထိုးရတာကိုမရှက်ကြပါနဲ့ Credit-စွယ်စုံ

ထီပေါက်ရင်ကျောင်းတက်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့အသက်ရှင်နေရှာတဲ့ထီသည်လေး

မြန်မာနိုင်ငံမှာ မညီညွတ်ခြင်းတွေကြောင့် မျိုးဆက်သစ်ကလေးတွေဟာ ဘဝ မလှဖြစ်ကြရရှာပါတယ်။ ဆင်းရဲနွမ်းပါးမှု နဲ့ အလုပ်အကို ရှားပါးမှုတွေကြောင့်လည်း ကလေးတော်တော်များများဟာ ကျောင်းထဲမှာ ရှိရမယ့်အစား လမ်းပေါ်မှာ လ္ဘက်ရည်ဆိုင်မှာ ရရာနေရာမှာ ရသလို စီးပွားရှာနေကြရတာ အရွယ်နဲ့မမျှအောင်ပါပဲ။ ဒါကိုလည်း အားလုံးတွေ့ဖူးမြင်ဖူးကြမှာပါ။ အခုတစ်ခါ ပြောပြပေးချင်တဲ့ အကြောင်းအရာက လူမှုကွန်ရက်ပေါ်က အကြောင်းအရာလေးတစ်ခုပဲ ဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးကိုတော့့ ဂျေလှသင်ဆိုတဲ့ အကောင့်ပိုင်ရှင်က မျှဝေပေးထားတာဖြစ်ပါတယ်။ လမ်းပေါ်ကပန်းကလေး ချစ်လိုက်တာ ဓာတ်ပုံအရိုက်ခံရင်ထီထိုးမယ် ဆိုတော့ ရိုက်ပါအန်တီ ရိုက်ပါ သားဆီမှာထီထိုးပါတဲ့ သူရွေးပေးတဲ့ ၁ဝစောင်တွဲယူတော့ ဖုန်းနံပါတ်ရေးတယ် လက်ရေးက ခနော်ခနဲ့ ဘယ်နှတန်းအထိကျောင်းနေဖူးသတုံးဆိုတော့ ၅တန်းနဲ့ကျောင်းထွက်လိုက်ရတာ တဲ့ တို့တိုင်းပြည်က မဖူးခင်ကြွေရတဲ့ပန်းတွေ သူထီရောင်းနေတဲ့လမ်းက စာသင်ကျောင်းနဲ့ကပ်လျက် စာသင်ခန်းထဲက စာအံသံတွေ လမ်းမကကြားနေရတယ် ကလေးရယ် သူလည်း ကျောင်းနေချင်ရှာမှာပဲ အဲ့ဒီအရွယ်လေးတွေစာသင်ခန်းထဲမရှိပဲ လမ်းပေါ်မှာရှာဖွေစားနေရတာမြင်ရရင်လေ အလိုလိုရင်ထဲမှာမကောင်းတော့ဘူး လူတကာရဲ့အခက်အခဲ ကိုယ်တစ်ယောက်ထဲ...

ဆောက်လုပ်ရေးလုပ်ငန်းတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များကိုသာ လုပ်ကိုင်ခွင့်ပေးရန် ဇေကမ္ဘာဦးခင်ရွှေပြော

ဆောက်လုပ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပုဂ္ဂလိကလုပ်ငန်းရှင်များကိုသာ လုပ်ကိုင်ခွင့်ပေးရန် မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်း နာယက ဦးခင်ရွှေက ပြောသည်။ရန်ကုန်မြို့ ကမ္ဘာအေးစေတီတော်ဝန်းအတွင်းရှိ ဝိဇယမင်္ဂလာဓမ္မသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ဝါဆိုသင်္ကန်းကပ်လှူပွဲတွင် ၄င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ “ထိုင်းမှာဆိုရင် အစိုးရက သူရောင်းစရာရှိတဲ့ တိုက်ခန်းတွေကို ပြန်သိမ်းလိုက်တယ်။ မရောင်းတော့ဘူး။ ပုဂ္ဂလိကရောင်းလို့ရရင် ရောင်းတယ်။ မကုန်ရင် အစိုးရက ဝယ်ပစ်လိုက်တယ်။ ပုဂ္ဂလိကလုပ်ငန်းရှင်တွေလက်ထဲမှာ ပိုက်ဆံရှိမှ အလုပ်သမားတွေ အလုပ်လုပ်လို့ရမယ်။ အတိုးနှုန်းတွေ လျှော့တယ်။ အစိုးရကိုယ်တိုင် ပြည်ပထွက်ပြီးရောင်းတယ်။ ဒါပေမဲ့ ခြောက်လအတွင်း ထိုင်းက ပြေလည်သွားတယ်။ ဒါကို အတုယူသင့်တယ်။ ဒီမှာလည်း အစိုးရယူမရောင်းပါနဲ့။ အစိုးရယူရောင်းရင် ပုဂ္ဂလိကလုပ်ငန်းရှင်တွေထဲမှာ အလုပ်သမားတွေကို ထိန်းထားတာအများကြီးရှိတယ်။ ထိန်းထားတာတွေအပျက်မခံနဲ့။ မဟုတ်ရင် အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်သွားမယ်။ နိုင်ငံခြားကို နေ့တိုင်းထွက်နေကြတယ်။ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ကုန်လို့ နိုင်ငံခြားကို ထွက်ကုန်တာ”ဟု မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအသင်း နာယက ဦးခင်ရွှေက...

ဖောက်စွပ်ကားများ စလစ်ထုတ်ပေးမည်ဆိုခြင်းကြောင့် စလစ်ဈေးထိုးကျ

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက သိမ်းဆည်းထားသော အစိတ်အပိုင်း မမှန်မကန် ပြောင်းလဲထားသည့် Body Coach (ဖောက်စွပ်/ ဖြတ် ဆက်) ယာဉ်များကို မှတ်ပုံတင်ဖျက်သိမ်းပြီး ယာဉ်အိုယာဉ်ဟောင်းအဖြစ် အပ်နှံခွင့်ပြုလိုက်ခြင်းကြောင့် စလစ်ဈေးနှုန်း ထိုးကျသွားကြောင်း မော်တော်ယာဉ်ဈေးကွက်အတွင်းမှ သိရသည်။ အဆိုပါယာဉ်များကို နှစ် ၂၀ စလစ်များအဖြစ် ထုတ်ပေးမည်ဖြစ်ခြင်းကြောင့် နှစ် ၂၀ စလစ်ဈေးနှုန်းများ အဓိက ကျဆင်းပြီး ယခင်ကထက် နှစ် ၂၀ စလစ်တစ်စောင်လျှင် ကျပ် ၁၀ သိန်းခန့်နှင့် နှစ် ၂၀ အပ်ကားတစ်စီးလျှင် ၈ သိန်းခန့်ကျဆင်းကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။“ဈေးက ထပ်ကျနိုင်တယ်။ ဒါပေမဲ့ (ကျပ်သိန်း)တစ်ရာအောက်တော့ မကျနိုင်ဘူး။ တစ်ရာအပေါ်မှာပဲ ရှိနေနိုင်တယ်”ဟု စလစ်ဝယ်ရောင်း ကိုမောင်မောင်ဇော်က ပြောကြားသည်။ ထို့ပြင် တိုက်ကြေစလစ်နှင့် ကားဈေးနှုန်းများသည်လည်း လိုက်ပါကျဆင်းပြီး တိုက်ကြေအမည်ပေါက်စလစ် တစ်စောင်လျှင် ယခင်ကထက် ကျပ်...

Maldives International Challenge 2019 ပြိုင်ပွဲတွင် မြန်မာ့ဂုဏ်ဆောင် ကြက်တောင်မယ် သက်ထားသူဇာ တတိယရ

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ မော်လ်ဒိုက်နိုင်ငံမှာ ကျင်းပတဲ့Maldives International Challenge 2019 ပြိုင်ပွဲမှာ ဗီယက်နမ်ကစားသမားကို ရှုံးနိမ့်ခဲ့ပြီး တတိယဆုပဲရခဲ့တယ်လို့ သိရပါတယ်။ ဖခင်ဖြစ်သူ နည်းပြဆရာဦးထွန်းထွန်းဇော်က ပြိုင်ပွဲမှာလည်း သက်ထားသူဇာဟာ သူ့ထက် ကမ္ဘာအဆင့်မြင့်မားတဲ့ ကစားသမားနှစ်ဦး နိုင်ခဲ့တယ်လို့ လည်းသိရပါတယ်။ အခုပွဲမှာ တတိယဆုပဲ ရခဲ့ပေမယ့် သမီးဖြစ်သူရဲ့ လက်ရည် တိုးတက်လာတဲ့အတွက် အားရမိတယ်လို့ပြောပါတယ်။ သက်ထားသူဇာဟာ မော်လ်ဒိုက်နိုင်ငံမှာ စက်တင်္ဘာ (၁၇) ရက်ကနေ (၂၂) ရက်နေ့အထိကျင်းပတဲ့ -Maldives International International Series 2019ပြိုင်ပွဲမှာတော့ ဖိုင်နယ်အထိ တက်နိုင်ခဲ့ပြီး ဒုတိယဆုရခဲ့ ပါတယ်။ အခုပြိုင်ပွဲနှစ်ခုအပြီး ရမှတ်တွေလည်း တက်လာတယ်လို့ ဦးထွန်းထွန်းဇော်က ပြောပါတယ်။ လက်ရို သက်ထားသူဇာရဲ့ ကမ္ဘာ့အဆင့်ဟာ (၆၈) ဖြစ်ပြီး အင်္ဂါနေ့မှာထုတ်ပြန်မယ့် အဆင့်သတ်မှတ်ချက်မှာ တော့ (၆၁)လောက်အထိ တက်လာနိုင်တယ်လို့လည်း ဦးထွန်းထွန်းဇော်က...

အောက်တိုဘာ ၁ ရက်နေ့ထီတွင် ကျပ်သန်း ၂ သောင်းဖိုးခန့် ဆုငွေများ ချီးမြှင့်မည်

လာမယ့် အောက်တိုဘာ ၁ ရက်နေ့ ဖွင့်မယ့် ကျပ် ၁၀၀၀ တန်ထီဖွင့်ပွဲမှာ ကျပ်သန်း ၂၀,၀၀၀ လောက် ဆုငွေတွေပေးမှာဖြစ်ပြီး အရင်ကထက် ကျပ်သန်း ၁၅၀၀ လောက် ပိုလာပါတယ်။ အောင်ဘာလေသိန်းဆုဌာနခွဲရဲ့ ကြေညာချက်အရ အခု ၈ ကြိမ်မြောက် ကျပ် ၁၀၀၀ တန်ထီမှာက အက္ခရာကနေ ကစ အထိ အက္ခရာ ၃၉ လုံးထုတ်ထားပြီး အားလုံး ရောင်းကုန်ခဲ့တယ်လို့ ဆိုပါတယ်။ဒါကြောင့် ထီစာအုပ်ပေါင်း ၃၁ သိန်းကျော်ရောင်းခဲ့ရပြီး ရောင်းရငွေရဲ့ ၆၀ ရာခိုင်နှုန်းဖြစ်တဲ့ ကျပ်သန်း ၁၉,၁၄၅ ကျော်ကို ဆုငွေအဖြစ်ပေးမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၆ ကြိမ်မြောက် ကျပ် ၁၀၀၀ တန်ထီဖွင့်ပွဲမှာ ကျပ်သန်း ၁၇,၆၇၂ ကျော် ဆုငွေအဖြစ်ပေးခဲ့တာကြောင့် အခုအကြိမ်မှာ ကျပ်သန်း ၁၅၀၀ လောက်ပိုလာခဲ့တာပါ။ဒီလမှာတော့...

တရားစွဲခံရလည်း နောက်မဆုတ်ဟု အောင်ကြီးရဲ့ရှေ့နေပြော

နေပြည်တော်၊ စက်တင်ဘာ ၂၅ – ဗစ်တိုး ရီးယားအမှုမှာ မီဒီယာတွေကို ပြောဆိုတဲ့အချက်တချို့နဲ့ ပတ် သက်ပြီး အမှုဖွင့် တရားစွဲခံထား ရပေမဲ့လည်း ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး နောက်ဆုတ်သွား မှာမဟုတ်ဘူးလို့ အောင်ကြီးရဲ့ရှေ့ နေ ဒေါ်စုဒါလီအောင်က ပြောပါ တယ်။ ဒေါ်စုဒါလီအောင်က “ဗစ်တိုး ရီးယားအမှုကို လိုက်ရင်းနဲ့ ကျွန်မ က ဒီပြဿနာပေါ်လာတာလေ၊ ဒါပေမဲ့ ဗစ်တိုးရီယားအမှုနဲ့ပတ် သက်ပြီး ကျွန်မနောက်ဆုတ်ဖို့ လုံးဝမရှိပါဘူး၊ ပြီးဆုံးအောင် ဆက်လုပ်မှာရှင့်၊ ကျွန်မတို့ရဲ့ရည် ရွယ်ထားတဲ့ပန်းတိုင်အတိုင်းပဲ ရောက်အောင်သွားမယ်”လို့ ပြော ပါတယ်။ဗစ်တိုးရီးယားအမှု ရုံးချိန်း တစ်ခုမှာ ဒေါ်စုဒါလီအောင်က မီဒီ ယာတွေကိုပြောဆိုချက်တချို့က မိသားစုဂုဏ်သိက္ခာညှိုးနွမ်းစေပြီး ကလေးသူငယ်အပေါ် ထိခိုက်နစ် နာစေတဲ့အတွက် Wisdom Hill ကျောင်း၊ ကျောင်းကြီးကြပ်ရေး မှူး ဒေါ်ဥမ္မာလှိုင်က ပုဗ္ဗသီရိမြို့ နယ်ရှိ ပတ္တာရဲစခန်းမှာ အမှုဖွင့်...

မင်္ဂလာဒုံဥယျာဉ်မြို့တော်သည် ၎င်း၏အုပ်ချုပ်မှုအောက်တွင်သာရှိနေကြောင်း ဇေကမ္ဘာကုမ္ပဏီဥက္ကဋ္ဌ ဦးခင်ရွှေပြော

မင်္ဂလာဒုံဥယျာဉ်မြို့တော်သည် ၄င်း၏အုပ်ချုပ်မှုအောက်တွင်သာရှိနေကြောင်း ဇေကမ္ဘာကုမ္ပဏီဥက္ကဋ္ဌ ဦးခင်ရွှေက ပြောသည်။မင်္ဂလာဒုံဥယျာဉ်မြို့တော်၊ ဇေကမ္ဘာဝန်းအတွင်းရှိ လမ်းတချို့ခေတ္တပိတ်ထားခဲ့မှုနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ဇေကမ္ဘာကုမ္ပဏီဥက္ကဋ္ဌဦးခင်ရွှေထံလာရောက်တွေ့ဆုံပြီး အဆိုပါလမ်းများပြန်လည်ဖွင့်လှစ်ပေးရေး တွေ့ဆုံညှိနှိုင်းခဲ့ခြင်းနှင့်ပတ်သက်ပြီး ယခုကဲ့သို့ပြောခြင်းဖြစ်သည်။ “အန်ကယ့်စက်မှုဇုန်မှာကတော့ အိမ်တစ်အိမ်မှာ ဥပမာ-သားအိမ်မှာ အန်ကယ်ကမြို့တော်ဝန်ဆိုပြီး သားအိမ်ကိုလာပြီး ခြယ်လှယ်လို့ရမလား။ မရနိုင်ဘူး။ ဒီမင်္ဂလာဒုံဥယျာဉ်မြို့တော်ဆိုတာ အန်ကယ်အုပ်ချုပ်မှုအောက်မှာ ဖြစ်နေတယ်။ ဘာလို့ဆိုတော့ ကောင်းမွေဆိုးမွေဆိုတာ အန်ကယ်ပေါ်မှာပဲ။ ပျက်သွားရင်လည်း အန်ကယ်ပဲ နာမည်ပျက်မယ်။ ဒါကြောင့် ဘယ်သူပါဝါရှိတယ်၊ မရှိတယ်ထက် ဘယ်သူပိုင်တယ်၊ မပိုင်ဘူးဆိုတဲ့ပေါ်မှာပဲ မူတည်တယ်။ ဘယ်သူက ပိုပိုင်သလဲ။ ဘယ်သူက လုပ်ပိုင်ခွင့်ရှိသလဲ။ အန်ကယ်ဥစ္စာက ဥယျာဉ်မြို့တော်ကြီး။ ဥယျာဉ်မြို့တော်ကြီးမှာ ဒီလိုရှိတယ်။ အဲဒီတော့ တရားတဲ့ဘက်က နိုင်တယ်။ မတရားရင် မနိုင်ဘူး” ဟု ဇေကမ္ဘာကုမ္ပဏီဥက္ကဋ္ဌ ဦးခင်ရွှေက ပြောသည်။ ဇေကမ္ဘာဝင်းအတွင်း ဖြတ်သန်းသွားလာနေသည့်ကားများကို ဖြတ်သန်းခကောက်ခံခြင်းမပြုရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ပြီးခဲ့သော ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလအတွင်း တားမြစ်လိုက်ပြီးနောက်...