Category: သတင်း

ဓားဖြင့်ထောက်၍ လက်နောက်ပြန်ကြိုးတုပ်၊ မျက်လုံးနှင့်ပါးစပ်အား အဝတ်စဖြင့်ပိတ်ဆို့ပြီး သားမယားအဖြစ် ပြုကျင့်ကာ လုယက်မှုကျူးလွန်သူအား ဖမ်းဆီး

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့ ၀၃၀၅ အချိန် ပုဗ္ဗသီရိမြို့နယ်၊ ပတ္တာနယ်မြေရဲစခန်းသို့ မ××××(၂၅) နှစ်က လာရောက်တိုင်တန်း၍ ၎င်းအား သားမယားအဖြစ်ကျူးလွန်သူ(စိစစ်ဆဲ)အား ပတ္တာနယ်မြေရဲစခန်း (ပ)၁၀၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၅၅/၃၄၂/၃၇၆/၃၉၄ (နာကျင်စေရန်ပြင် ဆင်၍ ပုန်းလျိုးအိမ်ကျော်နင်းမှု၊ မတရားချုပ်နှောင်မှု၊ မုဒိမ်းမှု၊ လုယက်မှုကျူးလွန်ရာတွင် မိမိအလို အလျောက် နာကျင်စေမှု)ဖြင့် အမှုဖွင့်စုံစမ်းခဲ့ပါသည်။ ဖြစ်စဉ်မှာ အောက်တိုဘာလ ၂ ရက်နေ့ ၁၈၀၀ အချိန် ၎င်းသည် အတူနေ သူငယ်ချင်း ဖြစ်သူနှင့်အတူ ကုမ္ပဏီမှနေအိမ်သို့ ပြန်လာခဲ့ကြောင်း၊ နေအိမ်ရှေ့အရောက်၌ သူငယ်ချင်းဖြစ်သူမှာ ကျူရှင်သင်ရန် ထွက်သွားသဖြင့် နေအိမ်တံခါးသော့ဖွင့်၍ အိမ်အတွင်း ဝင်ရောက်စဉ် အသင့်ရောက်ရှိ နေသည့် မျက်နှာအား ပုဆိုးခြုံထားသော အမျိုးသား ၁ ဦး (စိစစ်ဆဲ)က ၎င်း၏လည်ပင်းအား နောက်မှ သိုင်းဖက်ကာ ဓားဖြင့်ထောက်၍ လက်နောက်ပြန်ကြိုးတုပ်ခဲ့ကြောင်း၊...

သီတင်းကျွတ်ရုံးပိတ်ရက်အတွင်း နေပြည်တော်-ရန်ကုန် အထူးရထားတွဲဆိုင်းများ ပြေးဆွဲမည်

၂၀၁၉ ခုနှစ် သီတင်းကျွတ် ရုံးပိတ်ရက်ကာလအတွင်း နေရပ်ဒေသအသီးသီးသို့ ပြန်ကြမည့် ဝန်ထမ်းများ သွားလာမှုအဆင်ပြေစေရန် နေပြည်တော်-ရန်ကုန်နှင့် ရန်ကုန်-နေပြည်တော်ခရီးစဉ် အထူးရထားတွဲဆိုင်းများ ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။ နေပြည်တော်-ရန်ကုန် အစုန်အထူးရထားခရီးစဉ်အဖြစ် အောက်တိုဘာ ၁၀ ရက်တွင် နေပြည်တော်ဘူတာမှ ည ၇ နာရီခွဲ စတင်ထွက်ခွာမည်ဖြစ်ပြီး လမ်းပိုင်းခရီးစဉ်တစ်လျှောက် ကြားဘူတာများဖြစ်သော ပျဉ်းမနား၊ တောင်ငူ၊ ပဲခူး၊ တိုးကြောင်ကလေးဘူတာတို့တွင် ရပ်တန့်ပေးမည်ဖြစ်ကာ ရန်ကုန်ဘူတာကြီးသို့ နံနက် ရနာရီ ဆိုက်ရောက် မည်ဖြစ်သည်။ ရန်ကုန်-နေပြည်တော် အဆန်အထူး ရထားခရီးစဉ်အဖြစ် အောက်တိုဘာ ၁၅ ရက် တွင် ရန်ကုန်ဘူတာကြီးမှ ည ၈နာရီ စတင်ထွက်ခွာမည်ဖြစ်ပြီး လမ်းပိုင်းခရီးစဉ် တစ်လျှောက် ကြားဘူတာများဖြစ်သော တိုးကြောင်ကလေး၊ ပဲခူး၊ တောင်ငူဘူတာတို့၌ ရပ်တန့်ပေးမည်ဖြစ်ကာ နေပြည်တော်ဘူတာသို့ နံနက် ၇ နာရီ ၃၅ မိနစ်တွင်...

TNLA က လွှတ်ပေးလိုက်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စစ်ဆေး

ကွတ်ခိုင်မြို့နယ် မန်ဆာရွာနဲ့ မုံးဟွမ်းလမ်းမှာ TNLA တအာင်းတပ်ရဲ့ ဖမ်းဆီးခံခဲ့ရတဲ့ မုံးစီးရဲစခန်းက စခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် လေးယောက် ပြန်လွတ်လာခဲ့ပြီးနောက် သူတို့တွေကို ရဲတပ်ဖွဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း စစ်ဆေးနေတယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။ သူတို့လေးယောက်ဟာ စက်တင်ဘာ ၂၉ ရက်က ဖမ်းဆီးခံရပြီး အောက်တိုဘာလ ၂ ရက်မှာ ပြန်လွတ်လာတာ ဖြစ်ပါတယ်။ပြန်လွတ်လာသူတွေဟာ ရဲအုပ်၊ ဒုရဲအုပ်၊ တပ်ကြပ်ကြီးနဲ့ ဒုတပ်ကြပ်တစ်ယောက်တို့ ဖြစ်ပါတယ်။ဖမ်းဆီးခံရတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပဏာမ စစ်ဆေးချက်အရ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ တရားခံပြေးကို သွားရောက် စုံစမ်းတာဖြစ်တယ်လို့ သိထားရကြောင်း ပြည်နယ် ရဲမှူးချုပ်ဇော်ခင်အောင်က ဆိုပါတယ်။”သူတို့ ဘာကြောင့် ဘာအကြောင်းအရာနဲ့ သွားလဲ။ ဒါဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှု လုပ်ရပါတယ်။ သူတို့ တရားဝင်သွားတာလား။ တရားမဝင်သွားတာလား။ ဘာသွားလုပ်တာလဲ။ ဘာဖြစ်လို့ စနစ်တကျ မသွားတာလဲ။ တကယ်လို့...

သိန်း(၁၀၀၀) ထီပေါက်မဲအရှုပ်တော်ပုံ ယခုလ(၈)ကြိမ်မြောက်အောင်ဘာလေထီဆုမဲသိန်း(၁၀၀၀)ဆုမဲ ကခ – ၁၂၃၅၉၃ ကို ကျွန်မတို့ပေါက်ခဲ့ပါသည်

ယခုလ(၈)ကြိမ်မြောက်အောင်ဘာလေထီဆုမဲသိန်း(၁၀၀၀)ဆုမဲ ❗️ကခ – ၁၂၃၅၉၃ ❗️ကိုကျွန်မတို့ပေါက်ခဲ့ပါသည်။ကျွန်မတို့သည် ယခုနံပါတ်ကို (၂၉.၉.၂၀၁၉)သူငယ်ချင်းဖြစ်သူ၏ကိုယ်စားလှယ် အမထံမှဝယ်ယူအားပေးခဲ့ပါသည်။ online မှတဆင့်ဝယ်ယူအားပေးသည့်အတွက် ထီလက်မှတ်မှာ ကျွန်မတို့၏လက်ထဲတွင်မရောက်လာသေးသော်လည်း ငွေကိုသူငယ်ချင်းထံသို့ပေးချေပြီးဖြစ်ပါသည်။ (၃၀.၉.၂၀၁၉) ရက်နေ့တွင် သူငယ်ချင်းဖြစ်သူမန္တလေးလာလျှင် ယူလာခဲ့ပါရန်မှာကြားထားသောကြောင့် သူငယ်ချင်းဖြစ်သူသည် သူ၏ကိုယ်စားလှယ်အမထံသို့ ထီလက်မှတ်သွားရောက်တောင်းယူချိန်တွင် အလုပ်ကိစ္စများအကြောင်းပြပြီး မပေးခဲ့ပါ။(၁.၁၀.၂၀၁၉) ရက်နေ့တွင်ထီ ပေါက်စဉ်တိုက်ချိန်တွင်ကျွန်မတို့၏ ထီလက်မှတ်မှာ❗️သိန်း(၁၀၀၀)❗️ပေါက်မဲနံပါတ်ဖြစ်နေသောကြောင့် ဝမ်းသာအားရဖြင့်ဆက်သွယ်ရာတွင် ကိုယ်စားလှယ်အမသည် ကျွန်မတို့၏ပေါက်မဲလက်မှတ်ကိုထုတ်မပေးတော့ပဲ သူအပိုင်လုပ်ယူလိုက်ပါသည်။ ကျွန်မတို့တွေ ကိုယ်စားလှယ်အမရှိရာအရပ်သို့ သွားရောက်ညှိနှိုင်းချိန်တွင် အမျိုးမျိုးသောအကြောင်းပြချက်များနှင့် အဆင်မပြေခဲ့ပါ။ ကျွန်မတို့ထံတွင် သက်သေအထောက်ထားအစုံအလင်ရှိပါလျှက်နှင့် ဘာကြောင့်များ မတရားသဖြင့်ခံခဲ့ရပါသလဲ?(ယခုအဖြစ်ပျက်များသည် အမှန်တကယ်လက်ရှိဖြစ်ပေါ်နေသောအကြောင်းအရာများဖြစ်ပါသည်)ကျွန်မတို့ရဲ့ ကံကကောင်းတာလား?ကံကဆိုးတာလား??သူများရဲ့ကံတရားနဲ့ပေါက်ခဲ့တဲ့ငွေကြေးများစွာနှင့် ယခု မိသားစုပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်ရှင်?? ကျေးဇူးပြု၍ ဒီ video file လေးကိုနားထောင်ကြည့်ပေးကြပါရှင်..?? Credit-Zin Zin

နေ့တိုင်းထမင်းစားဆင်းချိန်မှာ ကိုယ့်အတန်းရှေ့သစ်ပင်ရိပ်အောက်မှာထမင်းလာစားတတ်တဲ့ ? Kg သာားးလေး

အခြားသောမိဘတွေ သူတို့ကလေးကိုလာကျွေး ကြတာ တွေ့ပေမယ့် သူကတော့ကိုယ့်အား ကိုယ်ကိုးနေတတ်ပြီသားဘယ်အတန်းကလဲမေးတော့ Kg ပါတဲ့ ဘာဟင်းလဲသားသားဆိုတော့ကြက်ဥကြော်ပါ တဲ့ချိုင့်လေးချပြီး မုန့်တွေထိုင်စားနေလို့သားသားရေထမင်းအရင်စားရတယ်ပြီးမှမုန့်စားနော် ဆိုတော့ ဟုတ်ကဲ့တဲ့ကျမအလွန်သဘောကျ မိတယ် ဒါမှကလေးဟာကိုယ့်အားကိုယ်ကိုးတဲ့စိတ်ဓါတ်ထက်မြက်ရဲရင့်တဲ့စိတ်ဓါတ်တွေရင့်သန်လာမှာပါ သိပ်ချစ်စရာကောင်းတဲ့ သားသားလေး Credit: Daw Thin Thin Lai

မနေ့နေ့လယ်၁နာရီခွဲလောက်က အိမ်မှာဘယ်သူမှမရှိတုန်းအိမ်ထဲခိုးဝင်တယ် သူ ph ခေါ်တာကိုမကိုင်လို့ဆိုပီး ဆွဲလှဲပီးပါးရိုက်တော့ ကိုယ်ကပြန်ပြောတယ်

အတင်ဆွဲခေါ်ပီး မနက်ကph silentလုပ်ထားတုန်းသူphခေါ်တာကိုမကိုင်လို့ဆိုပီး ဆွဲလှဲပီးပါးရိုက်တော့ ကိုယ်ကပြန်ပြောတယ်(နင်ငါ့ကိုအသားနာအောင်လုပ်တာများနေပီ အဲ့တော့ငါနင်နဲ့ဆက်မတွဲနိုင်တော့ဘူး ငါခွင့်မလွှတ်နိုင်တော့ဘူး နင့်မိဘ‌တွေလဲ နင့်ကြောင့်စိတ်ဆင်းရဲရလိမ့်မယ်) လို့ပြောတော့။ (နင့်စောက်ပေါက်ပိတ်ထား) လို့အော်ပီးပါးတေချည်းလိမ့်ပိတ်ရိုက် လက်သီးတေနဲ့ထိုး ပတ်ဝန်းကျင်ကြားအောင် အော်မယ်လုပ်တော့ ဆံပင်ကနေဆွဲပီး အိမ်နောက်ထိ ဒရော့တိုက်တွဲသွားပီး လည်ပင်းကနေတက်ခွတယ် နောက်ပီး ပါးစပ်ထဲကို ပုံမှာပြထားတဲ့ပုဆိုးနဲ့ဆို့ပီး နှာခေါင်းရော ပါးစပ်ပါပိတ်ထားတဲ့အပြင် လည်ပင်းပါအသေညစ်ထားတာ အသက်ကမရှုနိုင်တော့ဘူး အလူးအလဲဖြစ်နေပီ သူလွှတ်များလွှတ်လိုက်မလားဆိုပီး နီးစပ်ရာဖြစ်တဲ့သူ့လက်‌ချောင်းကိုဖမ်းကိုက်လိုက်တယ် ဘေးအိမ်ကဦလေးကြီးက မနေနိုင်တော့လို့ အပေါက်သေးသေးလေးက လှမ်းချောင်းတဲ့အချိန်ကျမှ တစိမ်းလူမှန်းသိလို့ လမ်းထဲကလူတေစုပီးအတင်းသောင်းကျန်းပီး တံခါးအတင်းဖွင့်ခိုင်းမှ ပြေးမလွှတ်တော့မှန်းသိလို့ ငိုယိုပီး (သဲလေးရယ်ကယ်ပါအုံး ကိုကိုမလုပ်ပါဘူးလို့ပြောပေးပါ)ဆိုပီးကူပြောခိုင်းတာအာ့နဲ့ ရပ်ကွက်ဘူကြီးတေရောက်လာတော့ သူ့ကိုဝိုင်းရိုက်မယ်လုပ်တာ ကိုယ်ထိုင်နေတဲ့ဆီကိုပြေးလာပီး(သဲလေးရေ ကယ်ပါအုံး မရိုက်ကြပါနဲ့လို့ ကူပြော‌ပေးပါအုံး)ဆိုပီးထပ်ပြောခိုင်းတာ လူတေဝိုင်းရိုက်ခါနီးကျမှ ‌ခြေသလုံးဖက်ပီးခေါင်းကို ကိုယ့်ဆီအပ်ထားတာ ကိုယ်ကပဲ သနားပီး (မရိုက်ကြပါနဲ့ဦးလေးတို့ရယ် ဒီအတိုင်းပဲ ဖမ်းခေါ်သွားကြပါ)လို့ပြောမှ အေးအေးဆေးဆေး ခေါ်သွားပေးတာ အဲ့ဒါရုံးရောက်တော့လဲ ကိုယ်ကစပီးကိုက်လို့ သူကရိုက်ပါတယ်ဆိုပီး ကလိမ်ကျတယ်...

စက်သုံးဆီဈေး တစ်ပတ်အတွင်း တစ်လီတာလျှင် ကျပ် ၃၀ ခန့် ဈေးကျ

ကမ္ဘာ့ရေနံဈေးကျဆင်းမှုကြောင့် သီတင်းတစ်ပတ်အတွင်း စက်သုံးဆီဈေး တစ်လီတာလျှင် ကျပ် ၃၀ ခန့် ကျဆင်းကြောင်း စက်သုံးဆီဆိုင်များထံမှ သိရသည်။ကမ္ဘာ့ရေနံဈေးသည် စက်တင်ဘာ ၃ ရက်မှ တစ်လအတွင်း အနိမ့်ဆုံး ရေနံတစ်စည်လျှင် ၅၂ ဒေါ်လာအထိ ကျဆင်းခဲ့ပြီး ရာခိုင်နှုန်းအနေနှင့် ၁၄ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း ကမ္ဘာ့ရေနံဈေးနှုန်းများအရ သိရသည်။ ပြည်တွင်းစက်သုံးဆီဈေးသည် စက်တင်ဘာလ ၂၆ ရက်နေ့မှစတင် ငြိမ်သက်ခဲ့ပြီး အောက်တိုဘာ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ တစ်လီတာလျှင် ကျပ် ၃၀ ဝန်းကျင်အထိ ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း စက်သုံးဆီဈေးနှုန်းများအရ သိရသည်။ စက်သုံးဆီဈေးသည် လက်ရှိတွင် ဓာတ်ဆီဈေးမှာ ၉၂ တစ်လီတာလျှင် ၈၂၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ၉၁၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၉၂၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် တစ်လီတာလျှင် ၉၃၀...

ရန်ကုန်မြို့အတွင်း စည်းကမ်းမဲ့ကြော်ငြာများလျော့နည်းသွားဟု မြို့တော်ဝန်ဆို

ရန်ကုန်မြို့အတွင်းရှိ စည်းကမ်းမဲ့ကြော်ငြာများ လျော့နည်းသွားကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကပြောသည်။အောက်တိုဘာလ ၃ ရက်က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် ပြောကြားလိုက်ခြင်းဖြစ်သည်။ “ YCDCအနေနဲ့ စည်းကမ်းမဲ့ ကြော်ငြာတွေကိုမရှင်းလင်းခင်မှာမှတ်တမ်းမှတ်ရာရယူပါတယ်။ မှတ်တမ်းမှတ်ရာ မှတ်ပြီးတော့ အဲဒီလိပ်စာနဲ့ တယ်လီဖုန်းနံပါတ်တွေ ဆက်သွယ်ခေါ်ယူပြီးတော့ တည်ဆဲဥပဒေနဲ့အညီ လုပ်ငန်းလိုင်စင်မဆောင်လို့ရှိရင်လည်းဆောင်ခိုင်းပါတယ်။ အခွန်တွေဆောင်ခိုင်းတယ်။ အဲဒါကျတော့ အတော်ကိုနည်းသွားပါတယ်” ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကပြောသည်။ ရန်ကုန်မြို့အတွင်း၌ လက်ကမ်းကြော်ငြာများဝေငှခြင်း၊ ဓာတ်တိုင်များတွင် ကြော်ငြာစာရွက်များကပ်ခြင်းများနှင့် ပတ်သက်ပြီး ယခုကဲ့သို့ပြောခြင်းဖြစ်သည်။“ ရန်ကုန်တိုင်းဒေသကြီးရဲ့ အချက်အခြာကျသောနေရာများ၊ မြို့နယ်များရဲ့ လူစည်ကားရာနေရာများမှာ မိမိတို့ရဲ့ကိုယ်ကျိုးစီးပွားအတွက် အများပြည်သူပိုင်ဘတ်စ်ကားဂိတ်၊ ဂုံးကျော်တံတားအောက်ခြေများ၊ ဓာတ်တိုင်များနဲ့ဆက်သွယ်ရေးတိုင်များမှာစည်းကမ်းမဲ့စွာကြော်ငြာစတေကာများကပ်ထားခြင်းများကို တွေ့ရှိနေပြီး အများစုမှာလမ်းမများပေါ်တွင် ပြန်လည်ပစ်ချနေကြတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းက ပြောသည်။ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၈ ရက်တွင် အတည်ပြုပြဋ္ဌာန်းထားသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၃၂၃ ပုဒ်မခွဲ(ည)တွင်...

ငွေကြေး၊လာဘ်လာဘများဝင်အောင် ဆွမ်းတော်ကပ်နည်း

လုပ်ငန်းလုပ်နေရင်း ငွေမဝင်သူများ/ဆိုင်တွင် အရောင်းပါးနေသူများ/ကြွေးများပေးရန်ရှိသူ ရရန်ရှိသူများ/အိမ်တွင် လာဘ်ပိတ်၍ ထွက်ငွေက ဝင်ငွေထက်များနေသူများ လှူဒါန်းသင့်သော ကုသိုလ်ပြုနည်း ဖြစ်ပါတယ်။ဆွမ်းတော်တင်ရာတွင် အာရုဏ်ဆွမ်းကပ်လှူသည်မှာ အကောင်းဆုံးဖြစ်ပါသည်။လအလိုက် နံနက်အာရုဏ်တက်ချိန် မတူပါ။အချို့လများတွင် နံနက် ၄နာရီတက်ပြီး အချို့လများတွင် ၅နာရီမှ အာရုဏ်တက်သည်။ထို့ကြောင့် နံနက် ၅နာရီခွဲခန့်တွင် အာရုဏ်ဆွမ်းကပ်လျင် အကောင်းဆုံးဖြစ်ပါသည်။ ဆွမ်းတော်တင်လျင် သစ်သီးများကို အလုံးလိုက် မလှူရပါ။ ခွဲစိတ်ပြီး လှူပါ။မုန့်ထုပ်များကိုဖောက်ပြီး မုန့်များကို ပန်းကန်တွင်ကျနစွာ ထည့်လှူပါ။သောက်တော်ရေများ အအေးများကို ဘူးလိုက်ပုလင်းလိုက် လှူခြင်းထက် ဖန်ခွက်ထဲတွင် သေချာစွာထည့်၍ လှူဒါန်းပေးပါ။တနင်္ဂနွေသားသမီးများ – ကိတ်မုန့် ၃ချပ်၊ လိမ္မော်ရည် တစ်ဖန်ခွက်၊ ဖယောင်းတိုင် ၅တိုင်၊ အမွှေးတိုင် ၅တိုင်။ တနင်္လင်္ာသားသမီးများ – ဆွမ်းတစ်ပန်းကန်၊ ကြက်သားဟင်းတစ်ပန်းကန်၊ လိမ္မော်ရည်တစ်ခွက်၊ ဖယောင်းတိုင် ၃တိုင်၊ အမွှေးတိုင် ၃တိုင်အင်္ဂါသားသမီးများ – ပေါင်မုန့် ၃ချပ်၊ ဖရဲသီး၅စိပ်၊...

စာမေးပွဲ နောက်ဆုံးနေ့ ပျောက်ဆုံးသွားသောကြောင့် မိဘများလိုက်ရှာနေသော ကောင်မလေး အသတ်ခံထားရ

ဖြစ်စဉ်မှာ ကလေးမြို့နယ် ကလေးတက္ကသိုလ် Botany မေဂျာဘာသာရပ်အထူးပြုယူထားသော မအေးချမ်းမွန်ဟာ စာမေးပွဲဖြေဆိုပြီး နောက်ဆုံးနေ့ညနေတွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပါသည်။ မိဘများမှ စိတ်ပူသောကြောင့် ဖေ့ဘုတ်ပေါ်တွင် လူပျောက်ကြေငြာဖြင့် ပို့စ်တင်အကူညီတောင်းခံခဲ့ကြတာဖြစ်ပါတယ်။ “ဒီသမီး‌လေး‌ပျောက်‌သွားလို့ပါ မိဘများစိတ်‌ပူ‌နေကြလို့ပါ တက္ကသိုလ်‌စာ‌မေးပွဲ‌နောက်‌ဆုံး‌နေ့ ၂၅.၉.၂၀၁၉ ဗုဒ္ဓဟူး‌နေ့ ည‌နေကစ‌ပျောက်‌သွားခဲ့တာပါ ‌တွေ့မိသူ သတင်းကြားမိသူများအ‌နေနဲ့ ဖုန်းနံပါတ်‌ ၀၉၂၅၆၂၇၀၈၈၁ နဲ့ ၀၉၂၅၉၇၉၆၂၁၀ တို့ကို ကူညီအ‌ကြောင်းကြား‌ပေးကြပါ မိဘများအရမ်းစိတ်‌ပူ‌နေကြလို့ကူညီ‌ပေးကြပါရန်‌‌မေတ္တာရပ်‌ခံအပ်‌ပါတယ်‌ နံမည်‌က ‌အေးချမ်းမွန်‌ Botany ‌မေဂျာကပါ ကဖိုးတင်‌ကိုအကူအညီ‌တောင်းခံလာလို့ပါ ကျ‌နော့ဖုန်း ၀၉၇၉၄၀၀၉၅၅၀ ကိုလည်းဆက်‌သွယ်‌နိုင်‌ပါတယ်‌‌နော် ဒီ Post ကို ကူညီပြီးလဲ ရှယ်‌‌ပေးကြပါ‌နော်” ဒီကနေ့ မနက်ပိုင်းမှာတော့ ဆိုင်ကယ်ယူပြီး လူသတ်မှုကိုကျူးလွန်ခဲ့သူက ဝန်ခံထားကြောင်း Ko Ko Zin ဖေ့ဘုတ်အကောင့်မှ တင်ပြလာတာ တွေ့ရပါတယ်။ “ငွေနဲ့ ပတ်သက်ပြီး လူတစ်ချို့ရဲ့ အသိစိတ် ကင်းမဲမူက ကြောက်စရာအရမ်းကောင်းတယ် RIP...