Category: သတင်း

YPS ကတ်စနစ်တွင် ယာဉ်စီးခအားလုံး တန်းတူသတ်မှတ်ပေးသွားမည်

YPS ကတ်စနစ်တွင် ယာဉ်စီးခအားလုံးကိုတန်းတူသတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။ ရန်ကုန်မြို့၊ ကျိုက္ကဆံလမ်းပေါ်ရှိ YRTA ရုံးချုပ်တွင် အောက်တိုဘာလ ၂ ရက်က ကျင်းပသည့် အပတ်စဉ်သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။“ယာဉ်စီးခပိုထည့်ရတဲ့ယာဉ်လိုင်းတွေရှိတယ်ဆိုပြီး တိုင်ကြားလာတာတွေရှိတယ်။ အထူးသဖြင့် ၃၇ ယာဉ်လိုင်းက ၁၀၀၀ အထိပေးရတယ်ဆိုပြီး တိုင်ကြားတာတွေရှိတယ်။ ဒါပေမဲ့ ၃၇ ယာဉ်လိုင်းသည် ထောက်ကြန့်ကနေထွက်တဲ့ကားရှိသလို ဥက္ကံကနေထွက်တဲ့ကားတွေရှိပါတယ်။ ဒါကြောင့်အစ/အဆုံးကို ၃၀၀ ထည့်ရတယ်။ တချို့ခရီးသည်တွေက ပတ်စီးကြတယ်။ ပတ်စီးကြတော့ ဟိုကဂိတ်စကနေထွက်တဲ့ ယာဉ်စီးခကို ထည့်ခိုင်းတယ်။ မပေးချင်ရင်မြို့တွင်းပတ်တဲ့ကားတွေရှိတယ်။ အဲဒီကားတွေစီးလို့ရပါတယ်။ အဲဒါမှမဟုတ်ဘဲ ပိုတောင်းရင်တော့ နံပါတ်နဲ့တကွ တိုင်ကြားလို့ရပါတယ်။ ဒီလိုကိစ္စတွေမဖြစ်အောင် YPS ကတ်စနစ်မှာ ယာဉ်စီးခ အားလုံးတန်းတူသတ်မှတ်ပေးသွားမှာဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။ အဆိုပါ YPS ကတ်စနစ်ကို ပထမအဆင့်အနေဖြင့် မြို့တွင်းယာဉ်လိုင်းများဖြစ်သည့်...

ကိုယ်ပိုင်အိမ်ကို ၂၅ နှစ် အရစ်ကျစနစ်ဖြင့် ဆောက်လုပ်ပေးမည်

ကိုယ်ပိုင်ဂရန်မြေ အမည်ပေါက်မြေပေါ်တွင် ကနဦးပေးသွင်းငွေ ၃၀ ရာခိုင်နှုန်းဖြင့် မိမိကြိုက်နှစ်သက်သည့်ဒီဇိုင်းများကို Myanmar Art Construction & Development က ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။ အဆိုပါကိုယ်ပိုင်အိမ်များကို အနိမ့်ဆုံးတစ်လလျှင် ကျပ်တစ်သိန်းခွဲ ပေးသွင်းရုံဖြင့် တည်ဆောက်နိုင်သည့်အိမ်များအပြင် ဘဏ်နှင့် တည်ဆောက်သူ၏ ဝင်ငွေခွင့်ပြုချက်အရ တန်ဖိုးမြင့်အိမ်များကိုလည်း ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။ “မြန်မာပြည်မှာ အခြေခံလူတန်းစား တတ်နိုင်အောင် လုပ်ပေးမှာဖြစ်ပါတယ်။ တစ်လကို တစ်သိန်းခွဲလောက်သွင်းပြီး အိမ်ဆောက်လို့ရအောင် လုပ်ပေးမှာဖြစ်ပါတယ်။ မြေပိုင်ရှိတယ်၊ အဆောက်အအုံ ဆောက်ချင်တယ်ဆို ကုန်ကျစရိတ်ရဲ့ ၃၀ ရာခိုင်နှုန်းကို ပေးသွင်းရမှာဖြစ်ပါတယ်”ဟု Myanmar Art Construction & Development ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးကျော်စွာဟိန်းက ပြောဆိုသည်။ ကိုယ်ပိုင်မြေပေါ်တွင် ပိုင်ဆိုင်မှု အခိုင်အမာရှိသူများအနေနှင့် အိမ်ရာဆောက်လုပ်ခွင့်ချေးငွေကို KBZ ဘဏ်တွင် လျှောက်ထားနိုင်ပြီး Myanmar...

ယနေ့ နေ့လည်တွင် တောင်ငူမြို့ရှိ ပသိဟိုတယ် ဓားပြတိုက်ခံရ

အောက်တိုဘာလ (၃) ရက်နေ့ တွင် တောင်ငူမြို့ရှိ ပသိဟိုတယ်တွင် ဓားပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။ ပသိဟိုတယ်ရှိ မှန်များကို ရိုက်ခွဲခဲ့ရာ ပျက်ဆီးမှုအချို့ဖြစ်ပေးခဲ့ပြီး ငွေတောင်းရမ်းမှုများလည်း ရှိခဲ့သည်ဟုသိရသည်။ ပသိဟိုတယ်ရှေ့ရှိ အများအသုံးပြုရန် ထားရှိထားသော CB Bank မှ ငွေထုတ်စက်များနှင့် ဆိုင်ကယ်များကိုလည်း ရိုက်ခွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ပသိဟိုတယ်သည် တောင်ငူမြို့၊ (၂) ရပ်ကွက်၊ အနောက်ကျုံးပတ်လမ်းတွင် ရှိသော ဟိုတယ်တစ်ခုဖြစ်သည်။ Photos-Rosie Cho Too

၈ တန်းကျောင်းသူကို ကားတင်ခိုးပြေးသည့် ကျောင်းထိုင်ဆရာတော်ကို ဖမ်းမိ

အသက်မပြည့်သေးတဲ့ ၈ တန်းကျောင်းသူကို ကားတင်ပြေးခဲ့တဲ့ ကျောင်းထိုင်ဆရာတော်ကို ပဲခူးတိုင်းဒေသကြီး ဥသျှစ်ပင်မြို့နယ်ထဲ ကနေ ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းမိခဲ့ပါတယ်။ စက်တင်ဘာ ၃၀ ရက်က ပြည်မြို့နယ်ထဲကကျေးရွာတရွာက အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တယောက်ကို ရွာကျောင်းကကျောင်းထိုင်ဆရာတော် ဦးအဂ္ဂဓမ္မက ကားတင်ခိုး ယူသွားခဲ့တာပါ။ ကလေးမလေး ကျောင်းသွားစဉ်မှာ ဆရာတော်က သူ့ရဲ့ Honda Fit ကားနဲ့ ပြည်မြို့ ဘက်ကို ခိုးယူသွားဖြစ်ပြီး အောက်တိုဘာလ ၂ ရက်နေ့ ည ၉ နာရီလောက်မှာ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်နယ်မြေ၊ ကျောက်ဖူးအုပ်စု၊ ဆင်လူးကျေးရွာမှာ ဖမ်းမိခဲ့တယ်လို့ ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်ဝင်းက ပြောပါတယ်။ “သူသွားတဲ့လမ်းကြောင်းအတိုင်း တပ်ဖွဲ့ဝင်တွေ ခွဲပြီး ဖြန့်ကျက်ပြီးလိုက်ကြတာ ပြည်ခရိုင်ရဲ တပ်ဖွဲ့မှူးကိုယ်တိုင် ဦးဆောင်ပြီးလုပ်တာ။ ဒီအမှုကိုအမြန်ပေါ်စေချင်တာ ကလေးမလေးက အသက်မပြည့်သေးတော့ တော်တော်လေး စိုးရိမ်တာ။ ဒါကြောင့် အားထည့်ပြီး...

တိုယိုတာက သီလဝါအထူးစီးပွားရေးဇုန် B ၌ စက်ရုံတည်ဆောက်ပြီး ၂၀၂၁ ခုနှစ်မှစ၍ မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်ရန် မြေ ၂၁ ဟက်တာ ရယူထား

သီလဝါအထူးစီးပွားရေးဇုန် B ၌ တိုယိုတာကစက်ရုံတည်ဆောက်ပြီး ၂၀၂၁ မှစတင်ကာ မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်ရန်မြေ ၂၁ ဟက်တာအား ရယူထားကြောင်း Myanmar- Japan Thilawa Development ကုမ္ပဏီလီမိတက်မှ သတင်းရရှိသည်။ “Myanmar – Japan Thilawa Development ကုမ္ပဏီအနေနဲ့ သီလဝါအထူးစီးပွားရေးဇုန်မှာ Development အနေနဲ့သာမဟုတ်ဘဲ SEZ တစ်ခုလုံးကို အော်ပရေးရှင်းလုပ်ကိုင်ပေးတဲ့ လုပ်ငန်းစဉ်ကိုလည်း လုပ်ကိုင်နေပါတယ်။ MJTD အနေနဲ့ သီလဝါ SEZ မှာ အကောင်အထည်ဖော်သွားမယ့် မြေဧက ၂၄၀၀ ဟက်တာရှိပါတယ်။ ဇုန် A မှာ ၄၀၅ ဟက်တာရှိပြီး ပထမဆုံး အကောင်အထည်ဖော်ခဲ့တဲ့ ဧရိယာဖြစ်ပါတယ်။ အခုဆိုရင် ဇုန် A ပြီး သွားတော့ ဇုန် B ကိုလည်း ဆက်လက်အကောင်အထည်ဖော်နေပါတယ်။ ဇုန် B ကို...

ကျိုက်ထီးရိုးစေတီတောင်ပေါ် ဘုန်းကြီးကျောင်းက ဆေးခြောက်များဖမ်းမိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တော်အနီးရှိ ဘုန်းကြီးကျောင်းတကျောင်းမှာ သီတင်းသုံးနေထိုင်တဲ့ ဘုန်းကြီးတပါးထံကနေ ဆေးခြောက် ၄၀ ကျပ်သားလောက် ဖမ်းဆီးရမိခဲ့​တယ်လို့ ရင်ပြင်တော်အုပ်ချုပ်ရေးအဖွဲ့ရုံးက သိရပါတယ်။ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်ရင်ပြင်တာဝန်ရှိသူတွေက အောက်တိုဘာ ၁ရက်မနက် ၁၁ နာရီခွဲက မူးယစ်ဆေးဝါးသတင်းအရ ရှာဖွေခွင့်ဝရမ်းနဲ့ စေတီတော်ရင်ပြင်တော်အနီးရှိ ကိုးနဝင်းဘုန်းတော်ကြီးကျောင်း သီးသန့်ဆောင်မှာ သီတင်းသုံးနေထိုင်တဲ့ ဦးပညာဝံသရဲ့ အခန်းကို ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ကျိုက်ထီးရိုးရင်ပြင်တော် အုပ်ချုပ်ရေးရုံးအဖွဲ့ဝင် ရာအိမ်မှူး ဦးကျော်မင်းဦးက “ကျနော်တို့ အဖွဲ့စုံ ဘုန်းကြီးကျောင်းရောက်တဲ့အချိန်မှာ အဲ့ဒီဘုန်းကြီးက အခန်းအပြင်ဘက်မှာ လျှပ်စစ်မီး ပြင်နေတယ်။ အခန်းထဲမှာက အမျိုးသမီးတစ်ဦးရှိနေပါတယ်။ အဲ့ဒီအမျိုးသမီးကိုမေးနေတုန်း ဘုန်းကြီးကရှောင်ပြေးသွားတာပါ”လို့ ဒီဗွီဘီကိုပြောပါတယ်။ တာဝန်ရှိသူတွေက ဆက်လက်ရှာဖွေရာ အခန်းတွင်း ကွက်ပျစ်အောက်က အာလူးကြော် ဗူးအတွင်း ဆေးခြောက်လို့ယူဆရတဲ့ အရိုး/အရွက်အခြောက်ရောရာ ၈၁.၆၅ ဂရမ်၊ ၅ ကျပ်သားခန့်၊ တန်ဖိုးငွေကျပ် ၄၀၈၂၅ ကျပ်ခန့်အား တွေ့ရှိခဲ့ရပြီး...

မြန်မာတစ်နိုင်ငံလုံးတွင် အသက်အကြီးဆုံး အဘိုးအဖြစ် အသက် (၁၂၅) နှစ်ရှိ အဘိုးဦးကိုကိုကြီးအား အထူးဂုဏ်ပြုချီးမြှင့်ငွေ ကျပ် ၁၀ သိန်း ဂုဏ်ပြုချီးမြှင့်ခဲ့

မြန်မာတစ်နိုင်ငံလုံးတွင် အသက်အကြီးဆုံး အဘိုးအဖြစ် အသက် ၁၂၅ နှစ်ရှိ အဘိုးဦးကိုကိုကြီးအား အထူးဂုဏ်ပြုချီးမြှင့် ငွေကျပ် ၁၀ သိန်း ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။မြန်မာနိုင်ငံတွင် အသက်ကြီးဆုံးအဖြစ် သတ်မှတ်ခြင်းခံရထားသော အသက် ၁၂၅ နှစ်အရွယ်ရှိ အဘိုးဦးကိုကိုကြီးသည် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ဖရဲငွေတောင်လမ်းတွင် စောင့်ရှောက်ထားသော တူမမိသားစုဖြင့် ကျန်းမာပျော်ရွှင်စွာဖြင့် နေထိုင်လျက်ရှိပြီး အဘိုးဦးကိုကိုကြီးကို အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ကျင်းပရေးကော်မတီက မြန်မာတစ်နိုင်ငံလုံးရှိ အသက်အကြီးဆုံး အဘိုးအဖြစ် အထူးဂုဏ်ပြု ချီးမြှင့်ငွေကျပ် ၁၀ သိန်းကို ဂုဏ်ပြုချီးမြှင့်ခဲ့ကာ ပူဇော်ကန်တော့ ခဲ့ရသည့်အတွက် အထူးဂုဏ်ယူမိကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောကြားခဲ့သည်။ အဘိုးဦးကိုကိုကြီးသည် အင်္ဂလိပ်ခရစ်သက္ကရာဇ် ၁၈၉၄ ခုနှစ်တွင် စစ်ကိုင်းမြို့၌ မွေးဖွားခဲ့ခြင်းဖြစ်ပြီး၊ တောင်ကြီးမြို့ကို အစ်မဖြစ်သူ ခေါ်ဆောင်လာခြင်းကြောင့် ၁၉၇၁ ခုနှစ်တွင် စတင်ရောက်ရှိခြင်းဖြစ်ကာ တောင်ကြီးမြို့တွင် နေထိုင်လာသည်မှာ နှစ်ပေါင်း ၅၀...

သိန်း(၁၅၀၀၀) ထီဆုကြီးကို မိတ္ထီလာမြို့မှ ကံထူး

အောက်တိုဘာလ ၁ ရက်နေ့တွင်စတင်ဖွင့်လှစ်လိုက်တဲ့ ၈ ကြိမ်မြောက် သိန်းတစ်သောင်းခွဲဆုကြီးကို မိတ္တီလာမြို့မှကံထူးသွားခဲ့ပါတယ် မိတ္ထီလာမြို့ ကညနရုံးဟောင်းအနီးက ဒီလသိန်း(၁၅၀၀၀) ဆွတ်ခူးသွားကြောင်း သတင်းရရှိ မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက်နေ ဝပ်ရှော့ဆရာ ကိုစိုးနိုင် မှ ဆွတ်ခူးသွားကြောင်း သတင်းရရှိပါသည်။ Credit-Zin Moe