Category: သတင်း

ဖိအားပေး ခြိမ်းခြောက် နောက်ယောင်ခံ လိုက်မှုတွေ ကြုံတွေ့နေရတယ်လို့ ကိုအောင်ကြီးရှေ့နေ ဒေါ်စုဒါလီအောင် ထုတ်ပြော ??

ဗစ်တိုးရီးယားအမှုမှာ သံသယ တရားခံအဖြစ် ရုံးတင်စစ်ဆေးခံနေရတဲ့ ကိုအောင်ကြီး ရှေ့နေ ဒေါ်စုဒါလီအောင် ကို နေပြည်တော် Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က တရားစွဲဆို ထားပြီး အမှုအတွက် ဒီနေ့ စက်တင်ဘာလ ၂၅ ရက်နေ့ မှာ ပုဗ္ဗသီရိမြို့နယ် တရားရုံးက လက်ခံစစ်ဆေးခဲ့ပါတယ်။ ဗစ်တိုးရီးယားအမှု ရုံးချိန်း တစ်ခု မှာ ဒေါ်စုဒါလီအောင်ရဲ့ မီဒီယာကို ပြောဆိုချက် တချို့က မိသားစုဂုဏ်သိက္ခာ ညှိုးနွမ်းစေပြီး ကလေးသူငယ် အပေါ် ထိခိုက် နစ်နာစေတဲ့ အတွက် သြဂုတ်လ ၃၁ ရက်နေ့ကတည်းက ဒေါ်ဥမ္မာလှိုင်ဘက်က အမှုဖွင့်ထားတာ ဖြစ်ပါတယ်။ နေပြည်တော် Wisdom Hill ပုဂ္ဂလိက ကျောင်းက အသက် ၃ နှစ် အရွယ် မူကြိုကျောင်းသူ လိင် အဓမ္မပြုကျင့်ခံရတဲ့ ဗစ်တိုးရီးယားအမှုမှာ သံသယ...

ဘိုကလေးတွင် ဖခင်ဖြစ်သူက သမီးရင်းကို အကြိမ်ကြိမ် အဓမ္မပြုကျင့်မှု ဖြစ်ပွား

ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကြီးကျေးရွာအုပ်စု၊ ရွှေထူးကျေးရွာမှာ ဖခင်အရင်းက အသက် ၁၅ နှစ်အရွယ် သမီးအရင်းကို အလိုမတူဘဲ အကြိမ်ကြိမ် အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလာ ၂၃ ရက်နေ့မှာ သမီးဖြစ်သူ ဗိုက်အောင့်လို့ ကြိမ်ချောင်းကြီးကျေးရွာ ကျေးလက်ကျန်းမာရေးဦးစီးဌာနကို သွားရောက်ပြသရာမှ ကိုယ်ဝန်ရှိကြောင်း သိရတာပါ။သမီးဖြစ်သူမှာ ကိုယ်ဝန်ရှိနေကြောင်းသိရတဲ့အတွက် မိခင်ဖြစ်သူက ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေရှေ့ မေးမြန်းရာမှာ ဖခင်ဖြစ်သူ ကျူးလွန်ကြောင်း သိရတာပါ။ ၂၀၁၉ ခုနှစ် မတ်လအတွင်း ဖခင်ဖြစ်သူအလုပ်လုပ်နေတဲ့ လယ်ထဲ လိုက်သွားရာမှ ၂ ကြိမ်နဲ့ နေအိမ်အိပ်ခန်းအတွင်းမှာ ၂ ကြိမ် ဖခင်ဖြစ်သူက အဓမ္မပြုကျင့်ခဲ့ကြောင်း သမီးဖြစ်သူက ပြောကြားခဲ့တယ်လို့ မိခင်ဖြစ်သူက ဆိုပါတယ်။ မိခင်ဖြစ်သူက ခင်ပွန်း အောင်သန်း (ခ) အညာသားကို ဥပဒေအရ အရေးယူပေးဖို့ စက်တင်ဘာလ ၂၄ ရက်နေ့က ကြိမ်ချောင်းကြီးနယ်မြေရဲစခန်းကို...

ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့ကြီးများတွင် လုံခြုံရေးသတိရှိရန် အမေရိကန်သံရုံးထုတ်ပြန်

မြန်မာနိုင်ငံ မြို့ကြီးသုံးမြို့ဖြစ်တဲ့ ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးမြို့တွေမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်ချေရှိတဲ့အတွက် နိုင်ငံသားတွေအနေနဲ့ လုံခြုံရေးသတိရှိကြဖို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်ထားပါတယ်။ အမေရိကန်သံရုံးရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်စာမျက်နှာပေါ်မှာတော့ မြန်မာနိုင်ငံလုံခြုံရေးတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ ဒီကနေ့ စက်တင်ဘာလ ၂၆ ရက်၊ အောက်တိုဘာလ ၁၆ ရက်နဲ့ ၂၆ ရက်တွေမှာ ဆက်တိုက် တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ဖော်ပြထားတာပါ။ ဒါကြောင့်မို့ ကိုယ့်ရဲ့လုံခြုံမှုအတွက် ပြင်ဆင်ထားကြဖို့၊ အထူးသဖြင့် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ဆက်သွယ်ဆောင်ရွက်ရာမှာနဲ့ အစိုးရရုံးတွေမှာ လုံခြုံရေးသတိရှိဖို့၊ ဒေသတွင်းသတင်းမီဒီယာတွေပေါ် နောက်ဆုံးရသတင်းအချက် အလက်တွေကို နားစွင့်ဖို့၊ မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေကို သတိပေးထားဖို့စတဲ့ အချက်အလက်တွေကို အလေးထား လုပ်ဆောင်ဖို့ နှိုးဆော်ထားပါတယ်။ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးမြို့တွေရဲ့လုံခြုံရေးအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရနဲ့ ရဲတပ်ဖွဲ့ကတော့ သီးခြားသတိပေးချက် ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ Credit-ဒီဗွီဘီ

FDA မှ စားသုံးရန်မသင့်ကြောင်း ထုတ်ပြန်သည့် ကုန်ပစ္စည်း ၂၃ မျိုးထဲတွင် နာမည်ကြီးအမှတ်တံဆိပ်တချို့ ပါဝင်နေ

၂၀၁၉ ခုနှစ် ဧပြီလ မှ ဇွန်လ အထိ စားသုံးရန် မသင်ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စစ်ဆေးတွေရှိခဲ့တဲ့ အစားအသောက် အမှတ်တံဆိပ်များကို ထုတ်ပြန်လိုက်ပါတယ်။ထုတ်ပြန်ချက်မှာတော့ ဆိုးဆေးများ သုံးစွဲထားခြင်း၊ တာရှည်ခံဆေးများ သုံးစွဲထားခြင်း၊ ခွင့်ပြုထားသည့် သတ်မှတ်ပမာဏထက် ကျော်လွန်သုံးစွဲထားခြင်းများကို စစ်ဆေးတွေ့ရှိရပြီး၊ အချိန်ကာလ ကြာရှည်စွာ စားသုံးမိပါက ကိုယ်တွင်း ကလီဆာများ ပျက်စီးပြီး၊ ကင်ဆာရောဂါ ဖြစ်ပွားနိုင်ကြောင်း ပါဝင်ပါတယ်။ ဈေးကွက်မှ ရောင်းချလျက်ရှိတဲ့ အစားအသောက်များကို FDA မှ စစ်ဆေးရာတွင် စားသုံးသူများအား စားသုံးရန်မသင့်ကြောင်း ထုတ်ပြန်ခဲ့သည့် ကုန်ပစ္စည်း ၂၃ မျိုးရှိပါတယ်အဆိုပါ ၂၃ မျိုးမှာ အချိုရည် ( ၉ ) မျိုး ၁။ Queen အမှတ်တံဆိပ်ပါ စတော်ဘယ်ရီအချိုရည် 750ml ပုလင်း၊ ၂။ Aung အမှတ်တံဆိပ်ပါ Juice...

အလုပ်ထုတ်ခံရမည်ကို ကြောက်သဖြင့် (၄)နှစ် အရွယ်ကလေးငယ်အား လူသတ်မှုကျူး လွန်

အမှုမှာ ၂၂-၉-၂၀၁၉ ရက်နေ့ ၁၃း၃၀ အချိန် တရားလို ဒေါ်—– သည် နေအိမ်၌ မီးပူတိုက်နေစဉ် သားဖြစ်သူ အာကာကျော် သည် ၎င်း၏ဘေးတွင်ကစားနေရာမှ နေအိမ်အောက်သို့ဆင်းသွားပြီး မိနစ်(၂၀) ခန့်ကြာသည်အထိ ပြန်မလာသဖြင့် အိမ်နီးချင်းများနှင့်အတူ လိုက်လံရှာဖွေခဲ့ရာ သားဖြစ်သူမှာ ”ကောင်းမှ ကောင်း” အသားတုစက်ရုံနောက်ဘက်ရှိခြုံထဲတွင် အနီရောင်ပလပ်စတစ်ကြိုးဖြင့် လက်နောက်ပြန်တုပ်လျက် လည်ပင်း၌ အနီရောင်ပလပ်စတစ်ကြိုးဖြင့် ချည်နှောင်ထားကာ သေဆုံးနေကြောင်း တွေ့ရှိရသဖြင့် သားဖြစ်သူ အာကာကျော်အား အသက်သေဆုံးအောင်ပြုလုပ်သူအပေါ် အရေးယူပေးရန် ရွှေပေါက္ကံ နယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်တန်းမှုဖြစ်ပါသည်။ အမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်ချက်အရ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး၏အနီးကပ်ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင် များ၊ ရွှေပေါက္ကံနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များပူးပေါင်း၍ အခင်းဖြစ်ရပ်အား အသေးစိတ်စုံစမ်းစစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ နေဝင်းအောင် ဖြစ်ကြောင်းသိရှိရသဖြင့် လိုက်လံစုံစမ်းရှာဖွေဖမ်းဆီးခဲ့ရာ ၂၄-၉-၂၀၁၉ ရက်နေ့ ၀၀၄၅ အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ...

ဖုန်းလုယူထွက်ပြေးသူကိုဖမ်းရင်း အသက်ပေးခဲ့ရတဲ့ မီးရထားရဲဝန်ထမ်းအဖေအတွက်သားဖြစ်သူရဲ့ ဝမ်းနည်းဖွယ်ရာ နောက်ဆုံးစကား

လူတိုင်းသေမှာ ကြောက်ကြပါတယ် တစ်ခုတစ်ခုကြောင့်ပဲ ဖြစ်ဖြစ်ရောဂါကြောင့်ပဲ ဖြစ်ဖြစ် အိုမင်းလာလို့ သေချိန်တန်လို့ သေတာပဲ ဖြစ်ဖြစ်..တော်တော်များများကတော့ သေမှာကိုကြောက်ကြတာပါပဲသေခြင်းအမျိုးမျိုးရှိပေမဲ့ အများအတွက် အသက်ကို စွန့်သူတွေ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရင်း အသက်ပေးကြရသူတွေကတော့ သူတို့ရဲ့ သေခြင်းဟာ မွန်မြတ်သော သေခြင်းလို့ ဆိုရမှာပါ… သူတို့ရဲ့ ပေးဆပ်စွန့်လွှတ်မှုတွေကြောင့် လူသာ သေပေမဲ့ နာမည်မသေတဲ့ သူတွေ အများကြီးရှိပါတယ် အဲလိုသေသွားတဲ့ သူတွေအတွက် ကျန်ရစ်ခဲ့သူတွေဟာ ဂုဏ်ယူရသလို နှမြောတသစိတ်နဲ့လည်း ဝမ်းနည်းကြေကွဲကြရပါတယ် ဒီဖြစ်စဉ်လေးကတော့ သူများအတွက်ပေးဆပ်ပြီး တာဝန်ကို ကျေပွန်စွာထမ်းဆောင်နေစဉ်မှာ ယုတ်မာရက်စက်သူ တစ်စုကြောင့် အသက်ပေးသွားရတဲ့ မီးရထားရဲတစ်ဦးဖြစ်တဲ့ ရဲဒုတပ်ကြပ်အတွက် သားဖြစ်သူရဲ့ ဂုဏ်ယူမှုတွေနဲ့ ဝမ်းနည်းမှုတွေနဲ့ ရေးထားတဲ့ ကြေကွဲစရာစာလေးအကြောင်းပါပဲ မီးရထားရဲ တစ်ဦးဖြစ်တဲ့ ရဲဒုတပ်ကြပ် မျိုးမြင့်လွင် ဟာ ဖုန်းလုသွားတဲ့ သူတွေနောက်ကို လိုက်ဖမ်းရင်း ဓားနဲ့ ထိုးခံခဲ့ရလို့ တာဝန်ထမ်းဆောင်ရင်း...

အောင်ကြီး၏ရှေ့နေဒေါ်စုဒါလီအောင်ကျပ်သိန်း၁၀၀ဖြင့်အာမခံရ

တရားစွဲဆိုခံထားရသည့်ဗစ်တိုးရီးယားအမှုမှသံသယတရားခံအောင်ကြီး၏ရှေ့နေဒေါ်စုဒါလီအောင်အနေဖြင့်ကျပ်သိန်း၁၀၀ဖြင့်အာမခံရခဲ့ကြောင်းသိရသည်။ ဒေါ်စုဒါလီအောင်အားWisdom Hillကျောင်းကြီးကြပ်ရေးမှူးဒေါ်ဥမ္မာလှိုင်ကပုဗ္ဗသီရိမြို့နယ်တရားရုံးတွင်ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေပုဒ်မ၁၀၁(က)(၂)ဖြင့်ယနေ့တရားစွဲတင်ခဲ့ခြင်းဖြစ်သည်။ “အာမခံကကျပ်သိန်း၁၀၀တန်လူနှစ်ဦးသတ်မှတ်ပြီးတော့ခံဝန်နှစ်ဦးနဲ့ပေးရတယ်”ဟုဒေါ်စုဒါလီအောင်ကပြောသည်။ အဆိုပါပုဒ်မ၁၀၁မှာပြစ်မှုထင်ရှားပါကအများဆုံးထောင်ဒဏ်၎လမှ၁နှစ်အထိ၊ငွေဒဏ်၎သိန်းမှ၈သိန်းအထိသတ်မှတ်ထားကြောင်းသိရသည်။အမှုကိုအောက်တိုဘာလ၇ရက်နေ့သို့ချိန်းဆိုထားပြီးထိုနေ့တွင်မှုခင်းစီမံခန့်ခွဲမှုကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ Credit-News Watch

Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က သံသယတရားခံ အောင်ကြီးရဲ့ ရှေ့နေကို ပုဒ်မနှစ်ခုနဲ့ အမှုဖွင့်

စက်တင်ဘာ ၂၄ ရက် ရုံးချိန်းတွင် စွပ်စွဲခံထားရသူ အောင်ကြီးကို အာမခံလျှောက်ထားရန် စီစဉ်နေသည်။ကျူးလွန်သူ တရားခံအစစ် နှင့် အောင်ကြီးကို တရားခံအဖြစ် တွန်းပို့သည့် အင်အားစုများကို ဖော်ထုတ်ရန် နည်းလမ်းများရှိ ကြောင်း ပြောကြားသော်လည်း အသေးစိတ်ကို ထုတ်ဖော်ပြော ကြားခြင်းမရှိပေ။ ‘‘အခုချိန်ထိ ဒီအမှုမှာ ပါဝင် ပတ်သက်တဲ့ အင်အားစုတွေ အ ကုန်လုံး အစိုးရရှေ့နေ၊ မိသားစုက ငှားတဲ့ရှေ့နေ သူတို့နှစ် ယောက်က သဘောထားကွဲလွဲမှု ရှိကောင်းရှိနိုင်ပေမယ့် တစ်လိုင်း တည်းဖြစ်ပြီး အတူတူလုပ်ကြမယ် ဆိုရင်၊ တရားရုံးကလည်း ဥပဒေ နဲ့အညီ ဆောင်ရွက်မယ်ဆိုရင် ဒီ အမှုက တရားဖြောင့်မတ်မှုကို မရောက်စရာ မရှိပါဘူးဗျ’’ ဟု ဦးခင်မောင်ဇော်ကပြောသည်။တရားခံရှေ့နေများတွင် ဖိ အားနှင့် အကျပ်ကိုင်မှု အချို့ရှိ သည်ဟု ထုတ်ဖော်ပြောဆိုထား ပြီး ၎င်းတို့လုပ်ဆောင်မှု၌ အကန့်သတ်ရှိကြောင်း ဦးခင်မောင်ဇော်...

နိုင်ငံသားမှတ်ပုံတင် နံပါတ်တူများရှိနေကြောင်း လဝက ဝန်ကြီး ဝန်ခံ

နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်)များတွင် နံပါတ်တူ၊ နာမည်တူများ ထပ်နေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယနေ့ ပြည်သူ့လွှတ်တော်တွင် ဝန်ခံပြောကြားလိုက်သည်။လက်ရေးဖြင့် စာရင်းရေးသွင်းခြင်း၊ ပြန်လည်စိစစ်မှု အားနည်းခဲ့ခြင်းတို့ကြောင့် ထိုသို့ဖြစ်ပေါ်နေခြင်းဖြစ်ပြီး မသမာမှုများကြောင့်ဟု စိစစ်တွေ့ရှိပါကလည်း အရေးယူနေပါကြောင်း ၄င်းကဆိုသည်။ သို့သော် အရေးယူထားသည့် အရေအတွက် အတိအကျကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။မှတ်ပုံတင်နံပါတ်များ ထပ်နေခြင်းကြောင့် ပြည်သူအချို့ မှာ ဘဏ်စာရင်းဖွင့်ခြင်း၊ ငွေပေးငွေယူပြုလုပ်ခြင်း၊ နိုင်ငံကူးလက်မှတ်ပြုလုပ်ခြင်း၊ ပိုင်ဆိုင်မှုအတွက် စာချုပ်စာတမ်း ချုပ်ဆိုခြင်း၊ သားသမီးများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ခြင်းတို့တွင် ခက်ခဲမှုများရှိကြောင်း၊ မည်သို့ဖြေရှင်းပေးမည်ကို သိလိုကြောင်း မိုးကုတ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်နိုင်(ခ) ဦးနိုင်ငံကျော်က လွှတ်တော်တွင် မေးမြန်းခဲ့သည်။ယင်းသို့မေးမြန်းမှုကို ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။ ထိုသို့ နံပါတ်ထပ်နေသူများ၊ အမည်ထပ်နေသူများကို ဝန်ကြီးဌာနဘက်က စိစစ်၍ အများသိစေရန်...

ဒီကနေ့ Victoria လေးက ကိုကိုအငယ် နဲ့ ကိုကိုအကြီးလုပ်တာလို့ တရားရုံးမှာထွက်ဆိုလိုက်ပါပြီ

ဒီနေ့ စက်တင်ဘာ ၁၁ ရက်နေ့ဟာဆိုရင် ဗစ်တိုးရီးယား အမှုအတွက် အဖြေထွက်တဲ့နေ့လို့ပဲ ဆိုရတော့မယ်ထင်ပါတယ်..။ယနေ့မှာ ၆ ကြိမ်မြောက် ရုံးချိန်းကို ကြားနာခဲ့ပြီး တရားခွင်မှာ ဗစ်တိုးရီးယားလေးကို မေးမြန်ရတဲ့ နေ့ဖြစ်ပါတယ်။ ဒီလို မေးမြန်တဲ့အခါမှာ ဗွီဒီယိုကွန်ဖရင့်စင်း နည်းပညာကို အသုံးပြုထားပြီး စစ်ဆေးမေးမြန်းမှုတွေ လုပ်ခဲ့တယ်လို့သိရပါတယ်။ ဒီလို စစ်ဆေးမေးမြန်းမှုတွေ လုပ်တဲ့အခါမှာတော့ ဗစ်တိုးရီးယားလေးဟာ သူမကို ကိုကိုအငယ်နဲ့ ကိုကိုအကြီး လုပ်တယ်လို့ပဲ တသမတ်တည်း ထွက်ဆိုနေပါတယ်။ ဒီထွက်ဆိုမှုဟာ အခုမှ မဟုတ်ပဲ အမှုစတင်ဖြစ်ပွားကတည်းက ဗစ်တိုးရီးယားလေးက ထွက်ဆိုနေခဲ့ပေမယ့် ဒီအပေါ်မှာတော့ တာဝန်ရှိသူတွေ အဆင့်ဆင့်ဟာ တိတိပပ အရေးယူမှု စစ်ဆေးမှုတွေ မပြုလုပ်ခဲ့ဘူးလို့ သိရပါတယ်။ အဲ့ဒီအစား ယာဉ်မောင်းအောင်ကြီးကိုပဲ တရားခံဖြစ်တယ်လို့ စီအိုင်ဒီက ရဲချုပ်ကိုယ်တိုင် သတင်းစာရှင်းလင်းပွဲလုပ်ပြီး ကြေငြာခဲ့ပါသေးတယ်။ အခုတော့ ဗစ်တိုးရီးယားလေးကိုယ်တိုင် တရားရုံးမှာ ကိုကိုအငယ်နဲ့ ကိုကိုအကြီး လုပ်တာပါလို့...