Category: သတင်း

အောင်ကြီး၏ရှေ့နေဒေါ်စုဒါလီအောင်ကျပ်သိန်း၁၀၀ဖြင့်အာမခံရ

တရားစွဲဆိုခံထားရသည့်ဗစ်တိုးရီးယားအမှုမှသံသယတရားခံအောင်ကြီး၏ရှေ့နေဒေါ်စုဒါလီအောင်အနေဖြင့်ကျပ်သိန်း၁၀၀ဖြင့်အာမခံရခဲ့ကြောင်းသိရသည်။ ဒေါ်စုဒါလီအောင်အားWisdom Hillကျောင်းကြီးကြပ်ရေးမှူးဒေါ်ဥမ္မာလှိုင်ကပုဗ္ဗသီရိမြို့နယ်တရားရုံးတွင်ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေပုဒ်မ၁၀၁(က)(၂)ဖြင့်ယနေ့တရားစွဲတင်ခဲ့ခြင်းဖြစ်သည်။ “အာမခံကကျပ်သိန်း၁၀၀တန်လူနှစ်ဦးသတ်မှတ်ပြီးတော့ခံဝန်နှစ်ဦးနဲ့ပေးရတယ်”ဟုဒေါ်စုဒါလီအောင်ကပြောသည်။ အဆိုပါပုဒ်မ၁၀၁မှာပြစ်မှုထင်ရှားပါကအများဆုံးထောင်ဒဏ်၎လမှ၁နှစ်အထိ၊ငွေဒဏ်၎သိန်းမှ၈သိန်းအထိသတ်မှတ်ထားကြောင်းသိရသည်။အမှုကိုအောက်တိုဘာလ၇ရက်နေ့သို့ချိန်းဆိုထားပြီးထိုနေ့တွင်မှုခင်းစီမံခန့်ခွဲမှုကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ Credit-News Watch

Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က သံသယတရားခံ အောင်ကြီးရဲ့ ရှေ့နေကို ပုဒ်မနှစ်ခုနဲ့ အမှုဖွင့်

စက်တင်ဘာ ၂၄ ရက် ရုံးချိန်းတွင် စွပ်စွဲခံထားရသူ အောင်ကြီးကို အာမခံလျှောက်ထားရန် စီစဉ်နေသည်။ကျူးလွန်သူ တရားခံအစစ် နှင့် အောင်ကြီးကို တရားခံအဖြစ် တွန်းပို့သည့် အင်အားစုများကို ဖော်ထုတ်ရန် နည်းလမ်းများရှိ ကြောင်း ပြောကြားသော်လည်း အသေးစိတ်ကို ထုတ်ဖော်ပြော ကြားခြင်းမရှိပေ။ ‘‘အခုချိန်ထိ ဒီအမှုမှာ ပါဝင် ပတ်သက်တဲ့ အင်အားစုတွေ အ ကုန်လုံး အစိုးရရှေ့နေ၊ မိသားစုက ငှားတဲ့ရှေ့နေ သူတို့နှစ် ယောက်က သဘောထားကွဲလွဲမှု ရှိကောင်းရှိနိုင်ပေမယ့် တစ်လိုင်း တည်းဖြစ်ပြီး အတူတူလုပ်ကြမယ် ဆိုရင်၊ တရားရုံးကလည်း ဥပဒေ နဲ့အညီ ဆောင်ရွက်မယ်ဆိုရင် ဒီ အမှုက တရားဖြောင့်မတ်မှုကို မရောက်စရာ မရှိပါဘူးဗျ’’ ဟု ဦးခင်မောင်ဇော်ကပြောသည်။တရားခံရှေ့နေများတွင် ဖိ အားနှင့် အကျပ်ကိုင်မှု အချို့ရှိ သည်ဟု ထုတ်ဖော်ပြောဆိုထား ပြီး ၎င်းတို့လုပ်ဆောင်မှု၌ အကန့်သတ်ရှိကြောင်း ဦးခင်မောင်ဇော်...

နိုင်ငံသားမှတ်ပုံတင် နံပါတ်တူများရှိနေကြောင်း လဝက ဝန်ကြီး ဝန်ခံ

နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်)များတွင် နံပါတ်တူ၊ နာမည်တူများ ထပ်နေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယနေ့ ပြည်သူ့လွှတ်တော်တွင် ဝန်ခံပြောကြားလိုက်သည်။လက်ရေးဖြင့် စာရင်းရေးသွင်းခြင်း၊ ပြန်လည်စိစစ်မှု အားနည်းခဲ့ခြင်းတို့ကြောင့် ထိုသို့ဖြစ်ပေါ်နေခြင်းဖြစ်ပြီး မသမာမှုများကြောင့်ဟု စိစစ်တွေ့ရှိပါကလည်း အရေးယူနေပါကြောင်း ၄င်းကဆိုသည်။ သို့သော် အရေးယူထားသည့် အရေအတွက် အတိအကျကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။မှတ်ပုံတင်နံပါတ်များ ထပ်နေခြင်းကြောင့် ပြည်သူအချို့ မှာ ဘဏ်စာရင်းဖွင့်ခြင်း၊ ငွေပေးငွေယူပြုလုပ်ခြင်း၊ နိုင်ငံကူးလက်မှတ်ပြုလုပ်ခြင်း၊ ပိုင်ဆိုင်မှုအတွက် စာချုပ်စာတမ်း ချုပ်ဆိုခြင်း၊ သားသမီးများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ခြင်းတို့တွင် ခက်ခဲမှုများရှိကြောင်း၊ မည်သို့ဖြေရှင်းပေးမည်ကို သိလိုကြောင်း မိုးကုတ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်နိုင်(ခ) ဦးနိုင်ငံကျော်က လွှတ်တော်တွင် မေးမြန်းခဲ့သည်။ယင်းသို့မေးမြန်းမှုကို ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။ ထိုသို့ နံပါတ်ထပ်နေသူများ၊ အမည်ထပ်နေသူများကို ဝန်ကြီးဌာနဘက်က စိစစ်၍ အများသိစေရန်...

ဒီကနေ့ Victoria လေးက ကိုကိုအငယ် နဲ့ ကိုကိုအကြီးလုပ်တာလို့ တရားရုံးမှာထွက်ဆိုလိုက်ပါပြီ

ဒီနေ့ စက်တင်ဘာ ၁၁ ရက်နေ့ဟာဆိုရင် ဗစ်တိုးရီးယား အမှုအတွက် အဖြေထွက်တဲ့နေ့လို့ပဲ ဆိုရတော့မယ်ထင်ပါတယ်..။ယနေ့မှာ ၆ ကြိမ်မြောက် ရုံးချိန်းကို ကြားနာခဲ့ပြီး တရားခွင်မှာ ဗစ်တိုးရီးယားလေးကို မေးမြန်ရတဲ့ နေ့ဖြစ်ပါတယ်။ ဒီလို မေးမြန်တဲ့အခါမှာ ဗွီဒီယိုကွန်ဖရင့်စင်း နည်းပညာကို အသုံးပြုထားပြီး စစ်ဆေးမေးမြန်းမှုတွေ လုပ်ခဲ့တယ်လို့သိရပါတယ်။ ဒီလို စစ်ဆေးမေးမြန်းမှုတွေ လုပ်တဲ့အခါမှာတော့ ဗစ်တိုးရီးယားလေးဟာ သူမကို ကိုကိုအငယ်နဲ့ ကိုကိုအကြီး လုပ်တယ်လို့ပဲ တသမတ်တည်း ထွက်ဆိုနေပါတယ်။ ဒီထွက်ဆိုမှုဟာ အခုမှ မဟုတ်ပဲ အမှုစတင်ဖြစ်ပွားကတည်းက ဗစ်တိုးရီးယားလေးက ထွက်ဆိုနေခဲ့ပေမယ့် ဒီအပေါ်မှာတော့ တာဝန်ရှိသူတွေ အဆင့်ဆင့်ဟာ တိတိပပ အရေးယူမှု စစ်ဆေးမှုတွေ မပြုလုပ်ခဲ့ဘူးလို့ သိရပါတယ်။ အဲ့ဒီအစား ယာဉ်မောင်းအောင်ကြီးကိုပဲ တရားခံဖြစ်တယ်လို့ စီအိုင်ဒီက ရဲချုပ်ကိုယ်တိုင် သတင်းစာရှင်းလင်းပွဲလုပ်ပြီး ကြေငြာခဲ့ပါသေးတယ်။ အခုတော့ ဗစ်တိုးရီးယားလေးကိုယ်တိုင် တရားရုံးမှာ ကိုကိုအငယ်နဲ့ ကိုကိုအကြီး လုပ်တာပါလို့...

ဒေါက်တာမြဝတ်ရည် ဝက်အူလှည့်ဖြင့် အထိုးခံရ

ည ၁၀နာရီကျော်က မိတိဆွေတစ်ယောက် မုန့်ဟင်းခါး လာစားလ်ု့ ဖုန်းဆက်တော့ အလုပ်ကိစ္စ ပြောဖို့လည်း ရှိတော့ အာရောဂျံ မဂ္ဂဇင်းစာအုပ်ပေးဖို့ အောက်ဆင်းလာတော့ ကားလမ်းကူးဖို့ လုပ်နေတုန်း ကားတစ်စီးလာလို့ လမ်းဘေး ပြန်ရှောင်ပေးတာကို မှန်တွေ အကုန် ချထားတဲ့ ကားနောက်ခန်းကနေ တစ်ယောက်က ချွတ်ချွတ်ဆိုပြီး နှုတ်ခမ်း ဆူပြတယ် ကားကို တမင် ရပ်ပြီး ဘယ်သွားမလဲ ဘာလုပ်မှာလဲ ကားပေါ်တက်ဆိုပြီး ပြောတော့ Taxi ထင်ပြီး မိတ်ဆွေကားကို လက်ညိုးထိုးပြပြီး စကားနည်း ရန်စဲ ကားကို ပတ်ပြီး ဟိုဘက်ကားဆီ သွားပါမှ အိမ်စီးကား ဖြစ်ပြီး ကားပေါ်ပါ ၄ယောက်လုံး မူးနေတာ ကားပေါ်ကနေ ထပ်ပြောနေလို့ အရက်မူးနေရင်လည်း အေးဆေးနေပါ မကောင်းတဲ့ မိန်းမ မဟုတ်ဘူး အဲ့လို မပြောပါနဲ့ ပြောတာကို နောက်က ကောင်က စောက်ရူးမ...

ဒေါက်တာမြဝတ်ရည် ဝက်အူလှည့်ဖြင့် အထိုးခံရ

ည ၁၀နာရီကျော်က မိတိဆွေတစ်ယောက် မုန့်ဟင်းခါး လာစားလ်ု့ ဖုန်းဆက်တော့ အလုပ်ကိစ္စ ပြောဖို့လည်း ရှိတော့ အာရောဂျံ မဂ္ဂဇင်းစာအုပ်ပေးဖို့ အောက်ဆင်းလာတော့ ကားလမ်းကူးဖို့ လုပ်နေတုန်း ကားတစ်စီးလာလို့ လမ်းဘေး ပြန်ရှောင်ပေးတာကို မှန်တွေ အကုန် ချထားတဲ့ ကားနောက်ခန်းကနေ တစ်ယောက်က ချွတ်ချွတ်ဆိုပြီး နှုတ်ခမ်း ဆူပြတယ် ကားကို တမင် ရပ်ပြီး ဘယ်သွားမလဲ ဘာလုပ်မှာလဲ ကားပေါ်တက်ဆိုပြီး ပြောတော့ Taxi ထင်ပြီး မိတ်ဆွေကားကို လက်ညိုးထိုးပြပြီး စကားနည်း ရန်စဲ ကားကို ပတ်ပြီး ဟိုဘက်ကားဆီ သွားပါမှ အိမ်စီးကား ဖြစ်ပြီး ကားပေါ်ပါ ၄ယောက်လုံး မူးနေတာ ကားပေါ်ကနေ ထပ်ပြောနေလို့ အရက်မူးနေရင်လည်း အေးဆေးနေပါ မကောင်းတဲ့ မိန်းမ မဟုတ်ဘူး အဲ့လို မပြောပါနဲ့ ပြောတာကို နောက်က ကောင်က စောက်ရူးမ...

၇ ကြိမ်မြောက် ထီဖွင့်ပွဲ သိန်း ၁၀၀၀ ဆုကို ပြင်ဦးလွင်မှ ကလေးငယ်လေး ကံထူး

လှံထမ်းလာတာကို မြင်ရတယ် ၊ ကံထမ်းလာတာကို မမြင်ရဘူးဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ အခုအချိန်အထိ မိဘတွေက ပြောတတ်ကြတဲ့ စကားရှိပါတယ်။ကလေးဆိုတာ သူ့ဇာတာနဲ့သူလာတာတဲ့လေ။ အခု (၇) ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲမှာ သူဌေးလောင်းတွေ အသီးသီးပေါ်ပေါက်ခဲ့သလို ပြင်ဦးလွင်က သိန်း ၁၀၀၀ ကံထူးရှင်လေးတစ်ဦးလည်း ထွက်ပေါ်လာပါတယ်။ ဒီကလေးရဲ့ နာမည်က မောင်ကောင်းခန့်ဝင်းဖြစ်ပြီးတော့ (၇) ကြိမ်မြောက်အောင်ဘာလေထီဖွင့်ပွဲမှာ သိန်း ၁၀၀၀ ဆုကို ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ ဒီ ထီလက်မှတ်ကိုတော့ပြင်ဦးလွင် မြန်မာ့မီးရထား( ပြင်ဦးလွင်) MICတိုက်တန်း ဒေါ်သန်းသန်းဝင်း ထီဆိုင်ကနေ ကံထူးခဲ့တာဖြစ်ပါတယ်။ Writer- SMT(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)  

မြန်မာဆန်ဆန်လေးတွေဝတ်ပြီး ရွှေတီဂုံဘုရားဖူးနေတဲ့ ပိုင်တံခွန်နဲ့ ဖွေးဖွေးတို့ရဲ့ ဗီဒီယို

နိုင်ငံကျော် အနုပညာရှင် နှစ်ယောက်ဖြစ်တဲ့ ပိုင်တံခွန်နဲ့ ဖွေးဖွေးတို့က အနုပညာလောကမှာ အားပေးသူ ပရိသတ် အခိုင်အမာ ရရှိထားသူတွေ ဖြစ်ပါတယ်။ ပရိသတ်တွေက ပိုင်တံခွန်နဲ့ ဖွေးဖွေးရဲ့ အနုပညာလုပ်ငန်းတွေကို တစ်ယောက်ချင်းစီဖြစ်စေ နှစ်ယောက်တွဲပြီးဖြစ်စေ အားပေးကြပါတယ်။ လက်ရှိမှာလည်း ပိုင်တံခွန်နဲ့ ဖွေးဖွေးက အနုပညာလုပ်ငန်းတွေကို အတူတူ တွဲဖက်လုပ်ကိုင်လာတာကို တွေ့ရပါတယ်။ လက်ရှိမှာလည်း ဖွေးဖွေးနဲ့ ပိုင်တံခွန်က Bella Cosmetic အတွက် ကြော်ငြာတွေကို နေ့ရောညပါ ရိုက်ကူးပေးနေတာ ဖြစ်ပါတယ်။ ပိုင်တံခွန်နဲ့ ဖွေးဖွေးက မြန်မာဆန်ဆန်လေးတွေ ဝတ်ပြီး ကြော်ငြာိုက်ကးပေးနေတာကို တွေ့ရပါတယ်။ ဒီနေ့မှာတော့ ပိုင်တံခွန်နဲ့ ဖွေးဖွေးတို့က ရန်ကုန်မြို့ ရွှေတိဂုံစေတီမှာ ကြော်ငြာဆက်လက် ရိုက်ကူးပေးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပိုင်တံခွန်နဲ့ ဖွေးဖွေးတို့ရဲ့ ရိုက်ကွင်းပေါ်မှ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။ ပိုင်တံခွန်နဲ့ ဖွေးဖွေးတို့ကတော့ မြန်မာဆန်ဆန်လေးနဲ့ အရမ်းကို ကျက်သရေရှိနေတာပဲနော်။...

ကိုရီးယားမင်းသား Ryu Sang Wook နဲ့အတူတူ ရုပ်ရှင်ရိုက်ကူးတော့မယ့် ဝတ်မှုံရွှေရည်

နိုင်ငံကျော်မင်းသမီးလေး ဝတ်မှုံရွှေရည်ကတော့ သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်တိုင်းကို စိတ်ရောကိုယ်ပါနစ်ပြီး အကောင်းဆုံး သရုပ်ဆောင်တတ်သူလေး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ရဲ့ ပြောင်မြောက်လှတဲ့ အနုပညာအရည်အသွေးကြောင့် နိုင်ငံခြားက ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေနဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပြီး အာရှနိုင်ငံတော်တော်များများကလည်း အားပေးလက်ခံခြင်း ခံရတဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။ အခုလည်း ဝတ်မှုံရွှေရည်က ကိုရီးယားနိုင်ငံနဲ့ မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ထိုကားမှာ ဝတ်မှုံရွှေရည်က ခေါင်းဆောင်မင်းသမီးဖြစ်ပြီး ကိုရီးယားမင်းသား Ryu Sang Wook နဲ့အတူတူ တွဲဖက်ပြီး သရုပ်ဆောင်မှာပဲ ဖြစ်ပါတယ်။ ထိုရုပ်ရှင်ဇာတ်ကားကြီးကို Big 5 Production နှင့် JBJ Entertainment တို့ ပူးပေါင်းရိုက်ကူးမှာဖြစ်ပြီး ဒါရိုက်တာ ဇင်ယော်မောင်မောင်က ဦးစီးရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အမည်ကို “တိမ်တွေပေါ်ကပန်း” လို့ အမည်ပေးထားပြီး...

ဘွားဘွားမွေးနေ့အလှူပွဲလေးမှာ ဘုန်းဘုန်းတွေကို ကိုယ်တိုင်ဆွမ်းကပ်ပြီး ဝိုင်းကူပေးနေတဲ့ မိုးယုစံသားလေ

ပရိသတ်ကြီး ချစ်ရတဲ့ မင်းသမီးချောလေး မိုးယုစံကတော့ အခုဆိုရင် အိမ်ထောင်ကျပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ သားလေးတစ်ယောက်ကို မွေးဖွားထားတဲ့ မေမေမိုးယုစံကတော့ ကလေးအမေဆိုပေမယ့် အပျိုတုန်းကအတိုင်း နုနယ်ပြီး လှသွေးကြွယ်နေဆဲ ဖြစ်ပါတယ်။ အခုဆိုရင် မိုးယုက သားလေးကို ကိုယ်တိုင်ကျောင်းပို့ကျောင်းကြိုလုပ်ပေးပြီး အသေးစိတ်ကအစ သေသေချာချာ ဂရုစိုက်ပေးနေတာပဲ ဖြစ်ပါတယ်။ ကောင်းသိင်္ခမိုးသူဆိုတဲ့ မေမေမိုးယုစံရဲ့ချစ်သားလေးကတော့ အခုဆိုရင် အသက် (၁) နှစ်နဲ့ (၉) လတိတိ ရှိနေပြီ ဖြစ်ပါတယ်။ အသက်ငယ်ငယ်လေးနဲ့ အင်္ဂလိပ်စာလုံးရေ (၁၂၀) လောက်ကို ကောင်းကောင်းသိနေပြီဖြစ်တဲ့ မိုးယုသားလေးက အရမ်းကို လိမ္မာပြီး ချစ်စရာကောင်းသူလေး ဖြစ်ပါတယ်။ အခုလည်း ကောင်းသိင်္ခမိုးသူလေးက ဘွားဘွားရဲ့မွေးနေ့အလှူပွဲမှာ ဘုန်းဘုန်းတွေကို ကိုယ်တိုင်ဆွမ်းကပ်လှူဒါန်းပြီး ကုသိုလ်ယူနေတာ တွေ့ရပါတယ်။ လူစုံတက်စုံနဲ့ ကျင်းပကြတဲ့ မိုးယုစံတို့မိသားစုရဲ့ အလှူပွဲလေးမှာတော့ ကောင်းသိင်္ခမိုးသူလေးက လူကြီးလေးတစ်ယောက်လို ဝေယျာဝစ္စတွေကို...