Category: သတင်း

ဆရာကြီး ဦးထွန်းလွင် ရှိနေစဉ်အခါက နှစ်သစ်ကူးနေ့ကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့တဲ့ ဆရာကြီးရဲ့ပုံရိပ်များ

ဆရာကြီး ဦးထွန်းလွင်ဟာမြန်မာနိုင်ငံရဲ့ မိုးလေဝသပညာရှင်တစ်ဦးဖြစ်ပြီး ဘာသာရပ်တစ်ခုကို သမားရိုးကျ လုပ်ကိုင်ပြီးအသက်မွေးဝမ်းကြောင်း လုပ်ကိုင်ပြီးအသက်ရှင်နေထိုင်သွားသူတစ်ယောက်မဟုတ်ပဲ သူရဲ့ပညာရပ်အပေါ်ကို တန်ဖိုးထားအမြဲစူစမ်းလေ့လာပြီး တွေ့ရှိချက်တွေကို လူသားတွေရဲ့ အကျိုးတွေအတွက်ပြန်လည်မျှဝေပေးတဲ့ မြန်မာနိုင်ငံရဲ့ အဖိုးတန်ပညာရှင်ကြီးတစ်ယောက်လည်းဖြစ်ပါတယ်။ ဆရာကြီး ဦးထွန်းလွင်ဟာ နိုဝင်ဘာလ (၄) ရက်နေ့ တနင်္လာနေ့ ညနေ ၇ နာရီခန့်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး မြန်မာပြည်သူလူထုကို မျက်ရည်မိုးရွာစေခဲ့တာလည်းဖြစ်ပါတယ်။ ဆရာကြီး ဦးထွန်းလွင် ကွယ်လွန်ခဲ့မှုနဲ့ပါတ်သတ်လို့ အနုပညာရှင်များ၊ အတတ်ပညာရှင်များနဲ့ ပြည်သူတွေက ဝမ်းနည်းကြေကွဲကြောင်းလူမှုကွန်ယက်စာမျက်နှာတွေကနေမျှဝေခဲ့ကြပြီး သတင်းစာခေါင်စီးပိုင်းတွေမှာလည်း အကျယ်တဝံ့ဖော်ပြထားပါတယ်။ ကာတွန်းဆရာဝင်းအောင်ကလည်း ဆရာကြီး ရှိစဉ်အခါက ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ပုံတွေကိုမျှဝေခဲ့တာလည်းဖြစ်ပါတယ်။ ဆရာကြီး ဦးထွန်းလွင်ဟာ ဝေါဟာရနိုင်နင်းကြွယ်ဝသူ၊ အသိပညာဗဟုသုတကြွယ်ဝသူ ဖြစ်ပြီး ဓာတ်ပုံတွေထဲမှာ ဆရာကြီးရဲ့ ပျော်ပျော်နေတတ်မှု၊ ဟာသဉာဏ်ကောင်းမှု၊ မာန်မာန မရှိမှုတွေကို တွေ့မြင်ရပါတယ်။ ပရိသတ်တွေရော ဆရာကြီးအတွက် ကောင်းရာမွန်ရာဘဝရောက်အောင်ဆုတောင်းပေးလိုက်ကြပါအုံးနော်။ အဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။ Credit-မိုမိုလေး

ဒေါ်စုဒါလီအောင်အားတရားစွဲဆိုထားသည့် အမှု BBC သတင်းထောက်နှင့် လိုပြ သက်သေ ၂ ဦး စစ်ဆေး

ဗစ်တိုးရီးယားလေး၏ ဒုတိယအကြိမ်မြောက်ရုံးချိန်းအပြီးတွင် ဒေါ်စုဒါလီအောင်မှ BBC သတင်းဌာနအား အင်တာဗျူးဖြေဆိုရာတွင် ကိုကိုညီညီ ဟု သုံးနှုန်းခဲ့ခြင်းကြောင့် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်ကို Wisdom Hill ကျောင်းမှ ကျောင်းကြီးကြပ်ရေးမှူးဖြစ်သူ ဒေါ်ဥမ္မာလှိုင်မှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပုဒ်မ ၁၀၁ ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး အဆိုပါ အမှု မှ ယနေ့ တွင် နေပြည်တော် အခြေစိုက် BBC သတင်းထောက်ဖြစ်သူ ကိုအောင်သူရနှင့် လိုပြ သက်သေ ၂ ဦးဖြစ်သည့် ကျေးရွာမှ ရာအိမ်မှူး ၂ ဦးတို့ ကို နှစ်ဖက်ရှေ့နေများမှ ပြန်အလှန်စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ “သတင်းထောက်ကလည်း သူ့လုပ်ဆောင်ချက်ပဲ သူထွက်ဆိုထားတာပေါ့။ BBC သတင်းဌာန က ထုတ်လွင့်တာက သူတို့ ဌာန အကြီးအကဲတွေကို ဌာနရဲ့ အရင်းအမြစ်တွေကို တင်ပြတဲ့ အခါမှာ သူတို့ဌာန ကနေပြီးတော့ မီဒီယာကျင့်ဝတ် သတ်မှတ်ထားတဲ့...

သိန်းတစ်ထောင်ထီပေါက်သည်ဆိုကာ သိန်း ၅၀ ကျော် လိမ်သွားသူများကို အမှုဖွင့်

တောင်ငူ၊ နိုဝင်ဘာ ၄။ ။ကျောက်ကြီးမြို့နယ်၊ ကျွန်းကုန်းရွာနေသူ ကရင်တိုင်းရင်းသားတစ်ဦးကို သိန်းတစ်ထောင်ထီပေါက်သည်ဆိုကာ ကျပ်သိန်း ၅၀ ကျော်လိမ်သွားသူ ထီရောင်းသူသုံးဦးကို အမှုဖွင့်ထားကြောင်း ကျောက်ကြီးမြို့မရဲစခန်းထံမှ သိရသည်။ထီလာရောင်းစဉ်ကလည်း အဆိုပါသုံးဦးက ဆယ်စောင်တွဲထီလက်မှတ်နှစ်အုပ်ကို ကျပ်ငါးသိန်းခွဲဖြင့် ရောင်းချသွားသည့်အပြင် ယင်းသို့ ကျပ်သိန်း ၅၀ ကျော် ထပ်လိမ်သွားခြင်းဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။ အဆိုပါရွာနေ စောမူးသာ (၃၀နှစ်) ကို ကြည်ထွန်း (၃၅နှစ်) နှင့် အောင်ဝင်းမြင့် (၂၇နှစ်) တို့က အောက်တိုဘာ ၂၅ ရက်၊ ညနေပိုင်းတွင် ဆယ်စောင်တွဲထီလက်မှတ်ကို ကျပ်နှစ်သောင်းခွဲဖြင့် ရောင်းချခဲ့သည်။ထို့နောက် အောက်တိုဘာ ၂၇ ရက်တွင် ၎င်းတို့နှစ်ဦးထပ်ရောက်လာပြီး သိန်းတစ်ထောင်ပေါက်ရန်သေချာသည့် ဆယ်စောင်တွဲ ထီနှစ်အုပ်ကိုဝယ်ယူရန်ပြောဆိုပြီး ကျပ်ငါးသိန်းဖြင့် ထပ်မံရောင်းချခဲ့သည်။ ထို့နောက် အောက်တိုဘာ ၂၉ ရက်တွင် သိန်းတစ်ထောင်ထီပေါက်ကြောင်းအသိပေးပြီး ကျပ် ၄၅ သိန်းကျော်ကို ရယူသွားခဲ့ပြီး...

ဆေးရုံမှာ နောက်ဆုံးအချိန်အထိ မိုးလေဝသ သတင်းတွေ ယောင်ပြီး ပြောဆိုနေတဲ့ ဦးထွန်းလွင်ရဲ့ ရင်နင့်စရာ ဗီဒီယိုဖိုင်?

ဒီနေ့ နိုဝင်ဘာ ၄ ရက်နေ့ ၆ နာရီ ၅၇ မိနစ်အချိန်မှာပဲ မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်တစ်ယောက် ကွယ်လွန်သွားခဲ့ပြီပဲဖြစ်ပါတယ်။ ဆရာကြီးဟာ မိုးလေဝသနယ်ပယ်မှာကျွမ်းကျင်လှသူလည်းဖြစ်သလို ကျွန်တော်တို့အတွက် ဘေးကင်းစေမယ့် မိုးလေဝသ ခန့်မှန်းသတင်းတွေကိုလည်း နှစ်ပေါင်းများစွာ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်တင်ဆက်ပေးခဲ့သူပါ။ အနားယူပြီးချိန်မှာတောင် ကိုယ်ပိုင်လူမှုကွန်ယက်စာမျက်နှာကတဆင့် မိုးလေဝသထူးခြားသတင်းတွေကို စဉ်ဆက်မပြတ်တင်ဆက်ပေးနေခဲ့သည်အထိ ပြည်သူတွေကို တာဝန်မပျက်ကွက်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ အခုတင်ဆက်ပေးလိုက်တဲ့ Video ဖိုင်လေးမှာတော့ ဆရာကြီးဟာ ရောဂါဝေဒနာခံစားနေရချိန်မှာတောင် မိုးလေဝသတင်းတွေကို ယောင်ယမ်းပြောဆိုနေတာကို ကြေကွဲဖွယ် တွေ့မြင်ရမှာပါ။ ဆရာကြီးကောင်းရာသုဂတိရောက်ပါစေလို့ ဝမ်းနည်းစွာနဲ့ ဆုတောင်းလိုက်ပါတယ်နော်……။ Video Source – Aung Thit Lwin

မိုးလေဝသပညာရှင်ကြီးဦးထွန်းလွင် ကွယ်လွန်ခြင်းအတွက် ပူဆွေးနေတဲ့ ဦးကျော်သူ

မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ပညာရှင်ကြီး ဦးထွန်းလွင်ကတော့ ဒီကနေ့ နိုဝင်ဘာလ (၄) ရက်နေ့ ညပိုင်း ၆ နာရီ ၅၇ မိနစ်မှာ ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးအတွက် မိုးလေဝသ သတင်းတွေကို ခန့်မှန်းသတိပေးတဲ့ ပညာရှင်ကြီးတစ်ယောက် ဆုံးရှုံးလိုက်ရတဲ့အတွက် တစ်နိုင်ငံလုံးက ပူဆွေးသောက ရောက်နေကြတာ ဖြစ်ပါတယ်။ ဦးထွန်းလွင်ရဲ့ မိသားစုနဲ့ ထပ်တူ တစ်နိုင်ငံလုံးက ပြည်သူတွေက ဝမ်းနည်းကြေကွဲနေရသလို နာရေးကူညီမှုအသင်း ဥက္ကဌဖြစ်သူ ဦးကျော်သူမှလည်း စိတ်မကောင်း ဖြစ်နေတာကို တွေ့ရပါတယ်။ ကျော်သူက မိုးလေဝသပညာရှင်ကြီး ဦးထွန်းလွင် ကွယ်လွန်ခြင်းအတွက် “ဒီညတော့ ကြေကွဲဝမ်းနည်း ရပြန်ပြီ။” ဆိုပြီး စိတ်မကောင်းကြောင်း သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။ ဦးထွန်းလွင်ရဲ့ မိသားစုမှ “Dr. ထွန်းလွင် ညနေ ၆နာရီ ၅၇မိနစ်တွင် ကွယ်လွန်အနိစ္စရောက်ပါသည်။ မိသားစုဝင်များ...

ဆီးရီးယားစစ်မြေပြင်၌ Free Burma Rangers အဖွဲ့မှ မြန်မာနိုင်ငံသားတစ်ဦး မော်တာကျည်ဆန်ထိမှန်၍ သေဆုံး

တူရကီနိုင်ငံက ကျောထောက်နောက်ခံ ပြုပေးထားသော အတိုက်အခံ တိုက်ခိုက်ရေးသမားများ၏ မော်တာကျည်ဆန် ထိမှန်မှုကြောင့် ဆီးရီးယား အရှေ့မြောက်ပိုင်းရှိ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Free Burma Rangers အဖွဲ့၌ ဓာတ်ပုံဆရာနှင့် ဆေးဘက်ဝန်ထမ်းအဖြစ် ဆောင်ရွက်နေသော မြန်မာနိုင်ငံသားတစ်ဦး သေဆုံးပြီး အီရတ်နိုင်ငံသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ယင်းနေရာ၌ ကာ့ဒ်တိုက်ခိုက်ရေး သမားများနှင့် တူရကီက ကျော်ထောက်နောက်ခံ ပြုပေးထားသော သေနတ်သမားများ တိုက်ပွဲဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း အဆိုပါ လူ့သားချင်း စာနာထောက်ထားရေး အဖွဲ့က ပြောကြားခဲ့သည်။ Free Burma Rangers အဖွဲ့ကို ထူထောင်သူနှင့် အမေရိကန် အထူးတပ်ဖွဲ့မှ အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သော ဒေးဗစ်ယူဘန့်က နိုဝင်ဘာ ၃ ရက် တိုက်ခိုက်မှုသည် ဆီးရီးယားမြောက်ပိုင်းရှိ တယ်တမာမြို့မြောက်ဘက် ၄ ကီလိုမီတာခန့်အကွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။မြန်မာနိုင်ငံသား ဇော်ဆိုင်းသည် တိုက်ပွဲကို ဗီဒီယိုရိုက်ကူးနေစဉ်...

ဒီဇင်ဘာလမှ စတင်ဘာ YBS ယာဉ်လိုင်းကုမ္ပဏီ (၄)ခုမှ ယာဉ်များတွင် YPS ကတ်စနစ် စမ်းသပ်အသုံးပြုမည်

လာမည့် ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ကာ YBS ယာဉ်လိုင်းကုမ္ပဏီ (၄)ခုမှ ယာဉ်များတွင် YPS ကတ်စနစ်ကို စတင်ကာ စမ်းသပ်အသုံးပြု သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။အဆိုပါ ကတ်စနစ် တပ်ဆင်အသုံးပြုမည့် ယာဉ်လိုင်းကုမ္ပဏီလေးခုမှာ YUPT၊ YBPC ၊ ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ လီမိတက်နှင့် ရွှေတောင်ပိုင်း ကုမ္ပဏီတို့ဖြစ်ကြောင်း၊ ၄င်းယာဉ်လိုင်းများတွင် တပ်ဆင်အသုံးပြုမည့် စက်ပစ္စည်းများ ရောက်ရှိ နေပြီဖြစ်ပြီး ဆူးလေ၊ သမိုင်း၊ တာမွေနှင့် ဒဂုံတက္ကသိုလ်တို့တွင် Service Centre များ တည်ဆောက်နေပြီဖြစ်ကြောင်း သိရ သည်။ “ကတ်စနစ်ကတော့ မကြာခင် အသုံးပြုနိုင်တော့မယ်။ စက်ပစ္စည်းတွေကလည်းရောက်နေပြီ။ ဒီလထဲမှာ ပထမအသုတ် တပ် ဆင်မယ်။ ကားတစ်စီးကို စက်နှစ်လုံးတပ်ဆင်မယ်။ စက်တပ်ဆင်ရင် အချိန်က ၁၈ ရက်ကြာမယ်။ စက်ကို အတတ်/အဆင်းမှာ...

လက်ဒဏ်ရာကို အကြောင်းပြချက်ပေးပြီး ကိုယ့်ကိုယ်ကိုသက်ညှာနေမှာ မဟုတ်ဘူးဆိုတဲ့ အောင်လအန်ဆန်း

အောင်လအန်ဆန်းကတော့ မကြာသေးမီကမှ ခွဲစိတ်ကုသခဲ့ရတဲ့ လက်ဒဏ်ရာကို အကြောင်းပြပြီး ကိုယ့်ကိုယ်ကိုသက်ညှာနေမှာ မဟုတ်တဲ့အကြောင်းကို “ကျွန်တော့်အတွက်ကတော့ဒီအချိန်ကကိုယ့်ကိုယ်ကို ကျန်းမာ ကြံ့ခိုင်ပြီး ပိုသန်မာလာအောင်လေ့ကျင့်ဖို့အကောင်းဆုံးအချိန်ပါ အကြောင်းပြချက်တွေပေးပြီးကိုယ့်ကိုယ်ကိုသက်ညှာနေဖို့ အချိန်မရှိပါဘူး.” ဆိုကာ လက်ဒဏ်ရာတစ်ဖက်နဲ့ လေ့ကျင့်ခန်းတွေ လုပ်ကိုင်နေတဲ့ ဗီဒီယိုဖိုင်ကို သူရဲ့ လူမှုကွန်ရက် စာမျက်နာမှာ ဖော်ပြထားပါတယ်။ အမေရိကန်နိုင်ငံ၊ အသုံးချ ကိုယ်ခံပညာ တိုက်ခိုက်ရေးလောက ကြေးစားပွဲစဉ်များတွင် မြန်မာ့စပါးကြီးမြွေ (Burmese Python) လို့တင်စားခေါ်ဝေါ်ခြင်းခံနေရပြီး မစ်ဒယ်ဝိတ် နှင့် လိုက်ဟဲဗီးဝိတ်တန်းများတွင် အနိုင်ရရှိထားကာ နှစ်ထပ်ကွမ်းချန်ပီယံ အောင်လအန်ဆန်း ကတော့ အောက်တိုဘာလ (၁၃)ရက်နေ့တွင် စိန်ခေါ်သူ ဘရန်ဒန်ဗီရာနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့တဲ့ လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပါတ်ပြိုင်ပွဲမှာ လက်ရည်အသာနဲ့ အနိုင်ရရှိခဲ့ပါတယ်။ သူကတော့ ဒီပြိုင်ပွဲမှာ လက်မကိုထိခိုက်မိခဲ့ပြီး ရရှိခဲ့တဲ့ လက်ဒဏ်ရာကိုတော့ အမေရိကန်ပြည်ထောင်စု၊တောင်ဒါကိုတာပြည်နယ်ရှိ Sanford Health မှာသွားရောက်ခွဲစိတ်ကုသခဲ့တဲာလည်းဖြစ်ပါတယ်။ ပရိသတ်ကြီးရေ အောင်လအန်ဆန်းကတော့ လက်ကိုခွဲစိတ်ကုသမှုခံယူထားရတာတောင် နားနားနေနေ...

အောင်လအန်ဆန်ကို အလွယ်တကူအနိုင်ရရန် မဖြစ်နိုင်ဟု ဘရန်ဒန်ဗီရာပြော

အောင်လအန်ဆန်ကို လွယ်လွယ်ကူကူနဲ့ အနိုင်ရဖို့ မဖြစ်နိုင်ဘူးလို့ အောင်လအန်ဆန်နဲ့ စိန်ခေါ်ထိုးသတ်မယ့် ONE Championship ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန်ဗီရာက ပြောကြား လိုက်ပါတယ်။ ONE CENTURY လို့အမည်ပေးထားတဲ့ ONE Championship နိုင်ငံတကာက ကိုယ်ခံပညာသိုင်းပေါင်းစုံချန်ပီယံဆုရသူတွေ ယှဉ်ပြိုင်ထိုးသတ်ကြမယ့် အကြိမ် ၁၀၀ မြောက် ပြိုင်ပွဲအတွက် သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာ ၁၀ ရက်နေ့က ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ရှင်ဂျူခု Park Towerမှာ ပြုလုပ်ရာမှာ ပြောသွားတာပါ။ သတင်းစာရှင်းလင်းပွဲမှာ ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန်ဗီရာက “ချန်ပီယံဆု နှစ်ခုကို သိမ်းပိုက်ချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်တာဖြစ်တယ်။ တန်ဖိုးထား လေးစားရတဲ့ အောင်လအန်ဆန်ဟာ ဆရာတူပြိုင်ဘက်တွေဖြစ်လို့ လွယ်လွယ်ကူကူတော့မဖြစ်နိုင်ဘူး” လို့ပြောပါတယ်။ မြန်မာ့ဂုဏ်ဆောင် လိုက်ဟဲဗီးဝိတ်ချန်ပီယံအောင်လအန်ဆန်ကလည်း သူဟာ ငယ်ရွယ်စဉ်က ဗီရာရဲ့ပရိသတ်တယောက်ဖြစ်ပြီး အားကျခဲ့ရသူဖြစ်ကြောင်း၊ နောက်ပိုင်း အသင်း တခုထဲမှာ အတူတူ လေ့ကျင့်ကစားခဲ့ရကြောင်း၊...

ဖြိုးပြည့်စုံ လွတ်မြောက်မှုအတွက် ချီးကျူးရမယ့်သူ တဦး

ဗဟန်းရဲမှူးကလည်း မှန်ကန် ဖြောင့်မတ်တဲ့အထဲ ပါတယ်ဗျ။ မူးယစ်ဆေးဝါး မဟုတ်ဘူးလို့ သူယူဆတယ်။ ဒါပေမယ့် မူးယစ်အထူးက ဖမ်းလာတာ ဖြစ်တော့ သူ့တာဝန်က (၁) အမှုဖွင့်ပေးရမယ်။ (၂) ရမန်ယူပေးရမယ်။ (၃) မူးယစ်ဆေးဝါး ဟုတ်မဟုတ် သူ့သဘောနဲ့သူ ဆုံးဖြတ်ခွင့်မရှိဘူး ဟုတ်မဟုတ် အတည်ပြုဖို့ ဓါတုဗေဒ စစ်ဆေးချက် တောင်းရမယ်။ အထက်က အချက်တွေ သူက သေချာစွာလုပ်တယ်။ အဖြေက No. ဆို ထွက်လာတဲ့အခါ ဥပဒေအရာရှိဆီ တင်ပြီး အကြံတောင်းတယ်။ လွှတ်လိုက်တယ်။ သူ့ကိုလည်း ချီးကျူးရမယ်ဗျ။ သက်သေခံဆေးက သူ့လက်ထဲမှာ ရှိတုန်း သူက မူးယစ်ဆေးဝါး အစစ်နဲ့ လဲလိုက်လို့ ရတယ်။ အဲ့လိုသာ လဲလိုက်ရင် ဖြိုးပြည့်စုံတို့ မလွတ်တော့ဘူး။ ရဲလည်း အခုလို သိက္ခာ မကျတော့ဘူး သူက ပထမနေ့ ကတည်းက မီဒီယာကို...