Category: သတင်း

မှတ်ပုံတင်အတုဖြင့် ကျောက်မျက်ပြပွဲဝင်သည့် တရုတ်နိုင်ငံသား ၃ ဦးကို တရားစွဲ

မှတ်ပုံတင်အတုနဲ့ ကျောက်မျက်ပြပွဲဝင်ဖို့ ကြိုးစားတဲ့ တရုတ်နိုင်ငံသား ၃ ဦးကို နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိ မြို့နယ်တရားရုံးမှာ ဇမ္ဗူသီရိမြို့နယ်လဝက ဦးစီးမှူးက ဒီနေ့ တရားစွဲဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်ကနေ ၂၅ ရက်ထိ နေပြည်တော်မှာ နှစ်လည် ကျောက်မျက်ရတနာပြပွဲ ပြုလုပ်ခဲ့တာဖြစ်ပြီး စက်တင်ဘာ ၁၈ ရက်က မှတ်ပုံတင်အတုနဲ့ ဝင်ရောက်ဖို့ ကြိုးစားစဉ် စစ်ဆေးတွေ့ရှိ ဖမ်းဆီးခဲ့ပြီးနောက် အခုလို တရားစွဲလိုက်တာပါ။ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၂၀/၄၆၈၊ ၁၉၄၇ ခုနှစ် လတ်တလောပြဋ္ဌာန်းချက်များ အက်ဥပဒေပုဒ်မ ၁၃(၁) တို့နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး ဒီပုဒ်မတွေဟာ အာမခံပေးခွင့် မရှိတဲ့အတွက် ၂၁ ရက်နေ့ထိ ချုပ်မိန့်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျောက်မျက်ပြပွဲကို အခုလို မှတ်ပုံတင်အတုနဲ့ဝင်ရောက်ဖို့ ကြိုးစားတဲ့ တရုတ်နိုင်ငံသား ၃ ဦးကို စိစစ်ပြီး ဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ အလုပ်သမား၊...

ရန်ကုန်တိုင်း အစိုးရ မြေကွက်လျှောက်လွှာတွေ အောက်တိုဘာ ၁၆ ရက်မှ ပြန်ရောင်းမယ်

ရန်ကုန်တိုင်းအစိုးရက လူတစ်ဦးကို တစ်စောင်နှုန်းနဲ့ ရောင်းချပေးနေတဲ့ မြေကွက် ဝယ်ယူခွင့် လျှောက်လွှာ ရောင်းတာကို သီတင်းကျွတ် ရုံးပိတ်ရက်ကာလမှာရပ်ထားမှာ ဖြစ်ပြီးတော့ အောက်တိုဘာ လ ၁၆ ရက်နေ့ မှ ပြန်လည်ရောင်းချဖို့ရှိတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်က ဘီဘီစီကို ပြောပါတယ်။အောက်တိုဘာလ ၁၀ ရက် မနက်ပိုင်းက လူအုပ်က အတင်းတိုးတာကြောင့် လျှောက်လွှာရောင်းနေတဲ့ ရန်ကုန် အရှေ့ပိုင်းခရိုင်ရုံး မှာ လုံခြုံရေး မထိန်းနိုင် ဖြစ်ပြီး တန်းပျက်သွားလို့ လျှောက်လွှာ အရောင်း ရပ်သွားခဲ့ပြီးညနေပိုင်းမှာတော့ ပြန်ရောင်းခဲ့ပါတယ်။လူတချို့ဟာ တစ်ညလုံး တန်းစီပြီးစောင့်နေကြတာ ဖြစ်ပြီးတော့ လျှောက်လွှာအရောင်းရပ် သွားတာရယ်၊ အတင်းတိုးတဲ့သူတွေက ရှေ့ရောက်သွားတာရယ်ကြောင့် အစိုးရ ရဲ့အစီအမံကို ဒေါသတကြီးနဲ့ အော်ဟစ် ဝေဖန် ခဲ့ကြပါတယ်။ တောင်ဥက္ကလာပ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစောနိုင်ကတော့ အခုလို မျိုး တစ်နေရာထဲ ရောင်းနေမယ့်အစား...

လူနာအား အိပ်ခ်ျအိုင်ဗွီပိုးရှိကြောင်း မှားယွင်းဖော်ပြခဲ့သည့် မြို့တော်ဆေးရုံ၏ အယူခံကို မူလအမိန့်အတိုင်း ကျပ်သိန်း ၃၀၀ ပေးစေရန်သာ ပြန်လည်ချမှတ်

လူနာအား အိပ်ခ်ျအိုင်ဗွီပိုးရှိကြောင်း မှားယွင်းဖော်ပြခဲ့သည့် မြို့တော်ဆေးရုံကို ကျပ်သိန်း ၃၀၀ ပေးစေရန် ချမှတ်ခဲ့သည့် ခရိုင်တရားရုံး အမိန့်ကို ဆေးရုံဘက်က တိုင်းတရားလွှတ်တော်သို့ အယူခံတက်ခဲ့ရာ မူလတရားရုံး အမိန့်ကိုသာ အတည်ပြုကြောင်း မန္တလေးတိုင်းတရားလွှတ်တော် တရားသူကြီး ဒေါ်လှလှရီက ချမှတ်ခဲ့သည်ဟု မန္တလေး တိုင်းတရားလွှတ်တော်မှ သတင်းရရှိသည်။ အိပ်ခ်ျအိုင်ဗွီပိုးရှိကြောင်း မှားယွင်းဖော် ပြခဲ့သဖြင့် လူနာရှင်အား တရားရုံးကုန်ကျစရိတ်နှင့် နစ်နာကြေး ကျပ်သိန်း ၃၀၀ ပေးဆောင်စေရန် မန္တလေးခရိုင်တရားရုံးက ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။“မြို့တော်ဆေးရုံရဲ့ အယူခံတက်လာတဲ့ အမှုမှာဆိုရင် မူလရုံးရဲ့အမိန့်ကိုသာ အတည်ပြုခဲ့ပါတယ်။ သူတို့တက်လာတဲ့ အယူခံကို ပလပ်လိုက်တဲ့ သဘောပေါ့” ဟု မန္တလေးတိုင်း တရားလွှတ်တော် တရားရေး ဦးစီးမှူး ဒေါ်ခင်ခင်ချိုက ဖြေကြားခဲ့သည်။မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဘုရားလှကျေးရွာမှ ဦးဝင်းတင် (၆၆...

ဆင်မင်းဈေးသစ်မှ အစိုးရ၀င်ငွေ တစ်လကျပ် ၁၉ သိန်းသာ ရရှိသဖြင့် မြို့ တော်ဝန် အစီအစဉ်သစ်ဆွဲနေ

အလုံမြို့နယ်ရှိ ဆင်မင်းဈေးသစ်၏ တစ်လဝင်ငွေမှာ ကျပ် ၁၉ သိန်းသာရရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။ အောက်တိုဘာလ ၉ ရက်က ကျင်းပခဲ့သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် အလုံမြို့နယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်း၏ အလုံမြို့နယ် ဆင်မင်းရပ်ကွက်ရှိ သိပ္ပံဈေး(သို့) ဆင်မင်းဈေးကိစ္စ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဈေးများဌာနထံ မေးမြန်းချက်တွင် မြို့တော်ဝန်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ “ အဲဒီဈေးက ဈေးကြီးဖြစ်ပါတယ်။ တကယ့်ကို စည်ကားတဲ့ဈေးကြီးဖြစ်ပါတယ်။ သို့သော်လည်း အစိုးရရဲ့ဝင်ငွေ ပြန်ကြည့်ရင် ဒီဈေးကြီးက တစ်လကို ၁၉ သိန်းပဲ ရတဲ့ဈေးဖြစ်ပါတယ်။ တော်တော်ကို နည်းပါတယ်။ မြေပိုင်ဆိုင်မှုနဲ့ တွက်ရင်ပေါ့။ တစ်နှစ်ကို ဈေးရဲ့ဝင်ငွေက ၂၂၈ သိန်းဖြစ်တဲ့အတွက်ကြောင့် တကယ်တမ်းကျတော့ နေကမ္ဘာမြန်မာနဲ့ PPP အကျိုးတူပူးပေါင်းဆောင်ရွက်ထားတဲ့ဈေးဖြစ်တဲ့အတွက်ကြောင့် အဲဒီဈေးကို ပြန်ပြီးတော့ ရှင်သန်အောင် ရသင့်ရထိုက်တဲ့ ဝင်ငွေရဖို့အတွက်လည်း Market Operation...

မြောင်းမြမြို့နယ်တွင် အသက် ၁၄ နှစ်အရွယ် ခယ်မ(၆)တန်းကျောင်းသူလေးအား ခဲအိုလုပ်သူက သားမယားပြုကျင့်

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်၊ဂတ်စုကျေးရွာတွင် အောက်တိုဘာ ၉ ရက်က မိဘများမှ ၎င်းတို့မရှိခိုက် ၆ တန်းကျောင်းသူ အသက် ၁၄ အရွယ်ရှိ မိန်းကလေးငယ်ကို ကျောင်းတက်ဖို့ အတွက်အစ်မဖြစ်သူ မမာမာလွင် အိမ်ကိုပို့ထားစဉ် မမာမာ လွင်မရှိခိုက် ပြန်ပြောရင် သတ်ပစ်မည် ဟုဆိုကာ ခြိမ်းခြောက်၍ ၁၅ ကြိမ်ခန့် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း မိဘများကို ပြောပြခြင်းဖြစ်ကြောင်း သိရှိရသည်။ အဓမ္မပြုကျင့်သူ အမျိုးသားမှာ အဓမ္မပြုကျင့်ခံရသူ၏အစ်မ မမာမာလွင်၏အမျိုးသား ဖိုးသား(ခ)မင်းဦး(၃၆)နှစ်ဖြစ်ပြီး အဓမ္မပြုကျင့်ခံရသူမှာ အဆိပ်သောက်မည်ဟုဆိုကာ ကြံရွယ်စဉ် မိဘများမှမေးမြန်သဖြင့် ခယ်အိုဖြစ်သူမှ အစ်မမရှိချိန် အဓမ္မပြုကျင့်တာဖြစ်သည်ဟု ပြောပြခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မိန်းကလေးငယ်၏ မိဘများမှ တိုင်ကြားချက်အရ မြောင်းမြမြို့မရဲစခန်းတွင် ဖိုးသား(ခ)မင်းဦး(၃၆)နှစ်အား ၉.၁၀.၂၀၁၉ရက်နေ့တွင် (ပ)၇၈၁/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် ဖမ်းဆီးအမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။ Credit-MON

ဗစ်တိုးရီးယားအမှု – အောင်ကြီးရဲ့ အာမခံကို ပလပ်ပေးဖို့ ဥပဒေအရာရှိ လျှောက်လဲ

နေပြည်တော် Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းက အသက် ၃ နှစ် အရွယ် ကလေးတစ်ဦး လိင်အဓမ္မပြုကျင့်ခံခဲ့ရတယ် ဆိုတဲ့ ဗစ်တိုးရီးယားအမှုရဲ့ ၈ ကြိမ်မြောက် ရုံးချိန်းကို အောက်တိုဘာ လ ၉ ရက်နေ့ ဒီနေ့ မနက်ပိုင်းမှာ နေပြည်တော် ဒက္ခိဏ ခရိုင်တရားရုံးမှာ ဆက်လက် စစ်ဆေးရာမှာ သံသယ တရားခံ အဖြစ် ရုံးတင် စစ်ဆေးခံနေရတဲ့ ကိုအောင်ကြီးကို အာမခံပေးဖို့ ပြီးခဲ့တဲ့ ရုံးချိန်းက သူ့ရဲ့ ရှေ့နေဘက်က တင်ပြထားတာကို ပလပ်ပေးဖို့ ဒီနေ့ တရားခွင်မှာ ဥပဒေအရာရှိက လျှောက်လဲခဲ့ပါတယ်။ အမှုကို စစ်ဆေးနေတာ မပြီးတဲ့ အချိန် သံသယ တရားခံကို အာမခံပေးဖို့ စောနေသေးတယ်လို့ ဥပဒေ အရာရှိက မှတ်ချက်ပြုပြီး တရားခံ တင်တဲ့ အာမခံကို ပလပ်ဖို့ တင်ပြခဲ့တာလို့...

ကိုအောင်ကြီး မောင်းတဲ့Wisdom Hill မူကြိုကျောင်းကားမှာ လူစီးအဖြစ် အသုံးပြုခွင့်မရှိတဲ့ လုပ်ငန်းသုံးယာဉ် (Delivery Van)အမျိုးအစားဖြစ်နေ

Wisdom Hill ကျောင်းကြီးကြပ်ရေးမှူးဒေါ်ဥမ္မာလှိုင်ရဲ့ ခင်ပွန်းဖြစ်သူက ကိုအောင်ကြီးကို တစ်လကို လစာ တစ်သိန်းသုံးသောင်းနဲ့ Suzuki Every Weagon ယာဉ်မောင်းအဖြစ် ကျောင်းကြိုပို့ရန် ခေါ်ယူခဲ့တယ်လို့ ဒီကနေ့ (၈)ကြိမ်မြောက်ရုံးချိန်းမှာ သက်သေထွက်ဆိုခဲ့ပါတယ်။ သံသယတရားခံကိုအောင်ကြီးကို ယာဉ်မောင်းအဖြစ် မောင်းနှင်ခိုင်းခဲ့တဲ့ Suzuki Every မော်တော်ယာဉ်ဟာ လူစီးအဖြစ်အသုံးပြုခွင့်မရှိတဲ့ Delivery Van အမျိုးအစားဖြစ်နေတယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အချက်အလက်တွေအရသိရပါတယ်။ ဒေါ်ဥမ္မာလှိုင်ရဲ့ ခင်ပွန်း ဦးရန်နောင်စိုးရဲ့ထွက်ဆိုချက်အရ သူတို့ အနေနဲ့ အခုနှစ် ငါးလပိုင်းမှာ Suzuki Every Weagon ကားကိုကျောင်းကားအဖြစ်အသုံးပြုဖို့ဝယ်ယူခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။Delivery Van အမျိုးအစား မော်တော်ယာဉ်တွေအနေနဲ့ စတင်တင်သွင်းစဉ်ကထဲက လုပ်ငန်းသုံးယာဉ်Delivery Van အမျိုးအစားဖြစ်နေတာကြောင့် ယာဉ်ကို နောက်ခုံ တပ်ခွင့်မရှိသလို အနောက်ဖက်ဘေးတံခါးတွေကိုလည်း သံပြားအသေပိတ်ပြီး ကုန်ပစ္စည်းများတင်ဆောင်ရန်အတွက်သာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ လက်ရှိမှာတော့ Wisdom Hill ကျောင်းကြီးကြပ်ရေးမှူးဒေါ်ဥမ္မာလှိုင်ရဲ့ခင်ပွန်း တရားရုံးတော်မှာ ထွက်ဆိုချက်အရ...

ဝင်းနှင့်ဇော်တို့အတွက် အသနားခံစာ အောက်တိုဘာ ၂၁ ရက်နေ့ ထိုင်းဘုရင်ထံ တင်သွင်းမည်

ထိုင်းနိုင်ငံမှာ သေဒဏ်ကျနေတဲ့ မြန်မာနိုင်ငံသား အကျဉ်းသား ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့အတွက် အသနားခံစာကို အောက်တိုဘာ ၂၁ ရက်နေ့မှာ ထိုင်းဘုရင်ဆီ တင်သွင်းမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းဟာ မနေ့က ထိုင်းရှေ့နေများကောင်စီရဲ့ လုပ်ငန်းအဖွဲ့အကြီးအကဲ Mr. Nakhon Comphuchat ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ဘန်ကောက်မှာ တွေ့ဆုံခဲ့ပြီး သေဒဏ်ချခံထားရတဲ့ မြန်မာနိုင်ငံသား ဇော်လင်းနဲ့ ဝင်းဇော်ထွန်း (ခေါ်) ဝေဖြိုး တို့အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်လျှော့ပေါ့ရေးအတွက် အသနားခံစာတင်ရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ထိုင်းရှေ့နေများကောင်စီက ပြင်ဆင်ထားသည့် အသနားခံစာ(မူကြမ်း)ကို အောက်တိုဘာ ၁၀ ရက်၊ မနက်ဖြန်မှာ မြန်မာသံရုံးကို ပေးပို့တင်ပြမှာဖြစ်ပြီး အဲဒါကို မြန်မာနိုင်ငံ ဥပဒေအကြံပြုအဖွဲ့က အတည်ပြုပြီးရင် ထိုင်းဘုရင်ဆီကို အောက်တိုဘာ ၂၁ ရက်မှာ တင်သွင်းမှာ...

ပေါက်ခေါင်းမြို့က အ.ထ.က ကျောင်းကို စက်ဘီအစီး ၅၀၀ လှူမယ်လို့ဆိုကာ ဒုမြို့နယ်ပညာရေးမှူးနှင့်ကျောင်းအုပ်ကြီးဆီမှ ငွေလိမ်လည်မှုဖြစ်ပွား

အောက်တိုဘာလ ၈ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ အ.ထ.က ကျောင်းရှိ ကျောင်းသား၊ကျောင်းသူတွေကို အဖွဲ့အစည်းတစ်ခုမှ စက်ဘီးအစီး ၅၀၀ လှူဒါန်းမယ်ဟုဆိုကာဒုတိယမြို့နယ် ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီးတို့ဆီမှ ငွေလိမ်လည်မှု ဖြစ်ပွားခဲ့ကြောင်း ပြည်ခရိုင် ပညာရေးမှူးရုံးမှ သိရသည်။ ဖြစ်စဉ်တွင် လိမ်လည်သူများမှ စက်ဘီးများတင်ဆောင်လာသည့်ကားမှာ လမ်းတွင်ယာဉ်တိုက်မှုဖြစ်ပွားနေ၍ လျှော်ကြေးပေးရန် လက်တလောငွေလိုသဖြင့် ငွေလွှဲပေးရန် ပြောဆိုလာသောကြောင့် Wave Money ဖြင့် ငွေ ၁၇၀၀၀၀ ကျပ်ကို လွှဲပေးခဲ့ပြီး၊ ဒုတိယအကြိမ် ၂ သိန်းထပ်မံလွှဲပေးရန်ပြောဆိုရာမှ သံသရဖြစ်လာပြီး ငွေလွှဲမပေးနိုင်တော့ကြောင်း ပြောဆိုပြီးနောက်၊ လိမ်လည်သွားသူများကို ဖုန်းဆက်သွယ်ရန်ကြိုးစားရာ ဖုန်းဆက်သွယ်မှုမရရှိတော့ခြင်းဖြစ်ကြောင်း ပြည်ခရိုင်ပညာရေးမှူးရုံး လက်ထောက်ညွန်ကြားရေးမှူး၏ပြောကြားချက်အရ သိရသည်။ “ မနက် ၇ နာရီလောက်က အဖွဲ့အစည်းတခုက ခွင့်ပြုချက်မရှိပဲ ပေါက်ခေါင်းအထက ကို စက်ဘီအစီးငါးရာလှူမယ်ပြောဆိုပြီး ငွေလိမ်တောင်းသွားတာပါ။ စက်ဘီးသယ်လာတဲ့ကားက လမ်းမှာ...

နေပြည်တော်မှာ သိန်း ၆၀၀၀ ကျော်တန် Gym ခန်းမ ဆောက်လုပ်၊ ဝန်ထမ်းတွေ အခမဲ့ကစားနိုင်

အဆိုပါ Gym Fitness Center မှာ ကျပ်သိန်း (၁၇၅၇) တန်ဖိုးရှိတဲ့ စက်ကိရိယာပစ္စည်း (၂၆) မျိုး ထားရှိပြီး နေပြည်တော်က ဝန်ထမ်းတွေ အခမဲ့လာရောက် ဆော့ကစားနိုင်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သိရပါတယ်။ Gym Fitness Center ဟာ အနံပေ (၆၀)၊ အလျားပေ (၁၂၀) ကျယ်ဝန်းပြီး ကျပ် (၆၂၄၅) သိန်းခန့် အကုန်အကျခံတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ခန်းမအတွင်း နှလုံးလည်ပတ်မှု အားကောင်းစေတဲ့ စက်ကိရိယာတွေ၊ ကြွက်သားများ ကြံ့ခိုင်သန်စွမ်းမှုရှိစေတဲ့ စက်ကိရိယာတွေနဲ့ စွယ်စုံ အသုံးပြုနိုင်တဲ့ စက်ကိရိယာတွေဆိုပြီး ခွဲခြားထားပါတယ်။ဝန်ထမ်းတွေအနေနဲ့ အောက်တိုဘာ ၁၆ ရက်က စတင်ကာ မှတ်ပုံတင်ဝင်ခွင့်ကဒ်ပြုလုပ်ပြီး လာရောက်ကစားနိုင်တယ်လို့လည်းသိရပါတယ်။လေ့ကျင့်ချိန်ကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ်လုပ်ပေးထားပြီး လိုအပ်ပါက အချိန်တိုးပေးမှာဖြစ်သလို၊ စက်ကိရိယာတွေကိုလည်း တပ်ဆင်တိုးချဲ့ဆောင်ရွက်ပေးမယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက မှာကြားခဲ့ပါတယ်။ နေပြည်တောင်ပြည်ထောင်စုနယ်မြေအတွင်းက ဝန်ထမ်းတွေ...