မိုးရွာထဲမှာ ပင်ပန်းနေတဲ့ ဈေးသည်အဘကို မုန့်လေးတွေအားပေးပြီး ကုသိုလ်ယူခဲ့တဲ့ ဘေဘီမောင်
ချောမောတဲ့ ရုပ်ရည်နဲ့ လုံးကြီးပေါက်လှခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ ဘေဘီမောင်ကတော့ အမျိုးသားပရိသတ်တွေကြားမှာ ရေပန်းစားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဘေဘီမောင်က လူလေးလှသလို စိတ်ထားကောင်းပြီး စကားပြောပွင့်လင်းသူမို့ ပရိသတ်တွေက အချစ်ပိုနေရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဘေဘီမောင်က သူမလမ်းသွားရင်း ကြုံဆုံခဲ့ရတဲ့ ဈေးသည်အဘအကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။ “မိုးတွေရွာလို့ သရက်သီးတုတ်ထိုးလေး အရောင်းပါးတဲ့အဘ👴🏼 ပင်လုံလမ်းcity martရှေ့မှာအမြဲရောင်းပါတယ်ရှင့်။ အားပေးကူညီခြင်းဖြင့် ကုသိုလ်ယူပေးပါဦး☺️ ဘဘ လည်းရောင်းကောင်းပါစေ🙏🏻ဘေဘီလည်း၁သောင်းဖိုးအားပေးခဲ့ပါတယ်☺️ ၅ချောင်းပဲယူလာတယ် စားကြည့်တာမချဉ်ဘူးကောင်းလိုက်တာ☺️” ဆိုပြီး သူမရဲ့ တစ်နေ့တာ ကုသိုလ်လေးကို ပရိသတ်တွေဆီ မျှဝေထားပါတယ်။ ဘေဘီမောင်ကတော့ အလှူအတန်းနဲ့ ပက်သတ်လာရင် နည်းများမဆို ကုသိုလ်ယူလှူဒါန်းနေတာ ပရိသတ်ကြီး မျက်မြင်ပါပဲနော်။ ပရိသတ်ကြီးလည်း လမ်းကြုံခဲ့ရင် အဘဆီကို အားပေးကူညီပြီး လှူဒါန်းပေးခဲ့ကြဖို့ မမေ့ပါနဲ့နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ Source: Baby Maung’s...