ကိုဗစ် ၁၉ ကာလဆွမ်းအခက်အခဲဖြစ်နေတဲ့ ဘုန်းတော်ကြီးကျောင်း ၂၄ ကျောင်းကိုနေ့ဆွမ်းကပ်လှူခဲ့တဲ့ ချစ်သုဝေ
သရုပ်ဆောင်ချစ်သုဝေနဲ့ လင်းလင်းတို့ရဲ့ ခေတ်သစ်ဖောင်ဒေးရှင်းကနေ ကိုဗစ် ၁၉ ကာလ ဆွမ်းခက်ခဲနေတဲ့ ဘုန်းတော်ကြီး ကျောင်း ၂၄ ကျောင်းကို နေ့ဆွမ်းပို့ကာကပ်လှူခဲ့တယ်လို့ ချစ်သုဝေက အသိပေးထားပါတယ်။ ခေတ်သစ်ဖောင်ဒေးရှင်းကတော့ ကိုဗစ် ၁၉ စတင်ဖြစ်စဉ်ကတည်းက ကျန်းမာရေး၊ စားသောက်ရေး အခက်အခဲဖြစ်နေတဲ့ နေရာတွေကို လိုအပ်ရင် လိုအပ်သလို ကူညီပေးနေတာ အားလုံး အသိပဲဖြစ်မှာပါ။ လက်ရှိမှာတော့ ဘုန်းတော်ကြီးကျောင်း ၂၄ ကျောင်းမှာ ရှိတဲ့ သံဃာတော်အပါး၂၀၈ ပါးအတွက် နေ့ဆွမ်းတွေကို လိုက်လံ ကပ်လှူနေတဲ့ ပုံရိပ်လေးတွေကို ချစ်သုဝေ ကမျှဝေ ပေးထားတာဖြစ်ပါတယ်။ “COVID-19 ကာလမှာ ဆွမ်းလောင်းအသင်းများရပ်နားထားသလို ဆွမ်းခံထွက်ခြင်း များမပြုလုပ်ကြတဲ့ သံဃာတော်များ အတွက် ဆွမ်းအခက်အခဲဖြစ်ပေါ်နေခဲ့ပါတယ်။ ဒီအခက်အခဲအတွက် ခေတ်သစ်ဖောင်ဒေးရှင်းမှ (၇) က်သားသမီးများနှင့် စုပေါင်း၍ ဒဂုံမြို့နယ်၊ အိမ်တော်ရာတိုက်၊ ဘုန်းတော်ကြီးကျောင်း (၂၄) ကျောင်းရှိ သံဃာတော်...