Category: ကြားသိရသမျှ

လူသန်းပေါင်းများစွာရဲ့ အသက်တွေကို ကယ်တင်နိုင်ခဲ့ကြတဲ့ မင်းစွန်းလက်သန်းလေးများရဲ့ ရာဇဝင်

အခုဆို မြန်မာနိုင်ငံမှာ COVID နမူနာ စစ်ဆေးမှုပေါင်း ၁ သိန်းကျော်သွားပါပီ။ အကုန်လုံးက နိုင်ငံတော်က ငွေကြေးကျခံခဲ့ပါတယ်။ ဒီအချိန်မှာ အမှတ်တရ ဒီစာကိုရေးပါတယ်။ မြန်မာ့သမိုင်းမှာ ပြည်သူတွေ အထူးညီညွှတ်ခဲ့ကြတဲ့အချိန်က ၃ ခု ရှိပါတယ်။ အဲဒီအချိန်အားလုံးဟာ ခေါင်းဆောင်ကောင်းရှိတဲ့အချိန်တွေမှာပါ။ ပထမတခုက ဖက်ဆစ်ဂျပန်ကို တော်လှန်တဲ့အချိန်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခေါင်းဆောင်မှုအောက်မှာ ပြည်သူတွေဟာ လှည်းနေလှေအောင်း မြင်းစောင်းမကျန် တညီတညွတ်ထဲ တော်လှန်ခဲ့ကြပါတယ်။ ဒုတိယတခုက ၂၀၁၅ မှာပါ။ ကမ္ဘာကတောင် ပင်လယ်နီ (Red Sea) လို့ တင်စားရလောက်အောင် အနီရောင်ရဲရဲတောက် ဝတ်ဆင်ပီး ကိုယ်လိုချင်တဲ့ ခေါင်းဆောင်ကို မဲပေးခဲ့ကြပါတယ်။ နောက်ဆုံးတခုကတော့ ၂၀၂၀ မှာ COVID ရောဂါကြီးပါပဲ။ ဒီတခုကတော့ အရင်အရာတွေနဲ့ မတူပဲ တကမ္ဘာလုံးက နိုင်ငံအားလုံးကို ရိုက်ခတ်တာပါ။ ကျနော်တို့ တိုင်းပြည်ထက် များစွာ လူ့အရင်းအမြစ်၊...

ကိုဗစ်ကြောင့် ကျောင်းသင်ခန်းစာများ ကို လျှော့ချ၊ကျူရှင်များ လုံးဝဖွင့်ခွင့်မပြုသေး

ကို ဗစ်ကြောင့် စာသင်ချိန်နောက်ကျနေတဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေအဆင်ပြေအောင် အခြေခံပညာ အတန်းအားလုံးရဲ့ သင်ခန်းစာတွေကို လျှော့ချလိုက်တယ်လို့ အမျိုးသားလွှတ်တော်ပညာရေး မြှင့်တင်မှုကော်မတီက သိရပါတယ်။ လက်ရှိအချိန်တွင် ကျောင်းသုံးစာအုပ်တွေ ထုတ်ဝေပြီးစီးသွားပြီဖြစ်ပြီး ကျောင်းတွေကို ဖြန့်ဝေပေးနေပြီလို့ သိရပါတယ်။ “သင် ခန်းစာတွေတော့ လျှော့လိုက်တယ်။ ဘယ်နှစ်ခန်းလျှော့တယ်ဆိုတာတော့ ပြီးခဲ့တဲ့နှစ်ကစာအုပ်နဲ့ တိုက်ကြည့်ရဦးမယ်။ အင်္ဂလိပ်စာကတော့ လုံးဝပြောင်းသွားတယ်။”လို့ အလယ်တန်းပြ ဆရာမတစ်ယောက်က ပြောပါတယ်။ အထက်တန်းနဲ့ ဘုန်းတော်ကြီးသင်ပညာရေး (ဘက) ကျောင်းတွေကို ဇူလိုင်လ(၂၁)ရက်ကစပြီး ပြန်ဖွင့်တော့မှာဖြစ်သလို နောက်တစ်ပတ်အကြာမှာတော့ အလယ်တန်းတွေဖွင်သွားမှာဖြစ်ပြီး မူလတန်းတွေကို အဲဒီနောက်ပိုင်းမှာ ဆက်လက်ဖွင့်သွားမှာ ဖြစ်ပါတယ်။ ကျူရှင်တွေကိုတော့ ကိုဗစ်ကာလမှာနေထိုင်ရမယ့် အကွာအဝေးသတ်မှတ်ချက်ရှိနေတာကြောင့် ပြန်ဖွင့်ခွင့်ပြုဦးမှာမဟုတ်ဘူးလို့လည်း သိရပါတယ်

ကိုယ်ပိုင်အလုပ် လုပ်ချင်လို့ ဖက်ရှင်လောကကနေ ထွက်ပြီး၊ ဘဝစွန့်စားခန်း ဖွင့်ခဲ့တဲ့အမျိုးသမီး

ဖက်ရှင်လောကမှာ ကျင်လည်ခဲ့တဲ့ အမျိုးသမီးငယ်တစ်ယောက်ဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေ လုပ်ဖို့အတွက် ဖက်ရှင်လောကကို ကျောခိုင်းလိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ နိမ့်ရာကနေ မြင့်ရာကိုရောက်သွားစေနိုင်သလို၊ မြင့်ရာကနေ နိမ့်သွားဖို့လမ်းစလည်း ဖြစ်သွားနိုင်ပါတယ်။ ဘယ်ုလိုပဲဖြစ်ဖြစ် ယုံကြည်ချက် ခိုင်မာဖို့က ပဓာနပါ။ အမျိုးသမီးရဲ့အမည်ကတော့ Charlotte Valentine ဖြစ်ပါတယ်။ Charlotte ဟာ ဖက်ရှင်လောကမှာ ခိုင်မာတဲ့ Role တစ်ခုကို ရခဲ့ပါတယ်။ သူမဟာ ဗြိတိန်ရဲ့နာမည်ကျော် Burberry ဖက်ရှင်ကုမ္ပဏီမှာ တာဝန်ထမ်းဆောင်ခဲ့သူပါ။ ဒါပေမယ့် Comfort Zone အတွင်းမှာ မကျင်လည်ချင်တဲ့ Charlotte ဟာ ကိုယ်ပိုင်လမ်းတစ်ခု လျှောက်ဖို့ စဉ်းစားခဲ့ပါတယ်။ သူမဟာ Merchandise Planner အဖြစ် အလုပ်,လုပ်ကိုင်ခဲ့ဖူးပါတယ်။ အလုပ်ကနေ ထွက်ပြီးနောက် ဖိအားတွေ ဝင်ရောက်စေခဲ့တာက ဘာလုပ်လို့ လုပ်ရမလဲဆိုတာ ရေရေရာရာ မသိခဲ့တာပါ။ ဒီလိုနဲ့ အချိန်ကြာမြင့်စွာ စဉ်းစားရခက်နေခဲ့ပါတယ်။ နောက်တော့...

ရုပ်ရှင်ဇာတ်လမ်းတွေထက် ဝမ်းနည်းစရာကောင်းတဲ့ မြေးအဖိုး နှစ်ယောက်ကို ဆက်သွယ် လှူဒါန်းနိုင်ပြီ

၉လအရွယ် မိဘမရှိတော့တဲ့ မြေးလေးကို အဖိုးဖြစ်သူက ပိုက်ဆံမတက်နိုင်လို့ pep နို့မှုန့် ၁၀၀တန်တွေဖျော်တိုက် နေရတယ်တဲ့.. အမျိုးသားက သူငယ်ချင်းတယောက် တင်ထားတာတွေ့လို့တဲ့ သမီးလေးအတွက် ကုသိုလ်ရအောင် သမီးရဲ့ လက်ဆောင်ရထားတဲ့ ပစ္စည်းတွေ နို့မူန့်ဘူးတွေ သွားလှူကြရအောင်တဲ့လေ… မြေးအဖိုး နှစ်ဦးကို သွားတွေ့တော့ ခလေးလေးကို မြင်မြင်ချင်း စိတ်ထဲမကောင်းလိုက်တာ ဘောင်းဘီသေးစိုထားလို့ ဒီတိုင်းလေးနဲ့ရယ်.. အဘက အစကဓမ္မာရုံမှာနေတယ်တဲ့ ခုနေ့ပဲ ဗဟန်းကခေမာရုံဘုန်းကြီးကျောင်းမှာ နေနေရတယ်တဲ့ ခလေးမိဘအကြောင်းတွေပြောပြရင်း သနားစရာခလေး လေးအတွက် အလှူရှင်များများ ကြားသိနိုင်ပီး တက်နိုင်သလောက်လှူဒါန်းနိုင်ကြပါစေလို့ အဘနာမည်က ဦးမောင်မောင်ဝင်းပါ.. ဖုန်းနံပါတ် 09674478024 ဖြင့် ဆက်သွယ်လှူဒါန်းနိုင်ပါတယ်… (Saung) “မူလက အလှူရှင်တစ်ဦးတင်ထားသော ပို့စ်” သြော် လူ့တချို့ ဘဝတွေကလဲ ခါးလိုက်တာနော်.. လူ့လောကကို မရောက်လာခင်က အမေဗိုက်ထဲ နေခဲ့ရပေမဲ့ တကယ်တမ်း လူ့လောကကို ရောက်လာတော့ အမေနို့တောင်မစို့ရဘူး...

” ကျေးဇူးရှိတယ်၊ ကျေးဇူးရှိတယ်” ဆိုပြီး… ကျေးဇူးတရားနဲ့ …တဖက်သားကို …အနိုင်မကျင့်လိုက်ပါနဲ့

” ကျေးဇူးရှိတယ်၊ ကျေးဇူးရှိတယ်” ဆိုပြီး ကျေးဇူးတရားနဲ့ တဖက်သားကို အနိုင်မကျင့်လိုက်ပါနဲ့။ ကျေးဇူးတရား ဆိုတာ အနိုင်ကျင့်ဖို့ မဟုတ်ပါဘူး။ အနိုင်ကျင့် မိခဲ့ရင် ” ကျေးဇူး” မဟုတ်ဘဲ ” ကျေးရူး” ဖြစ်သွားပါလိမ့်မယ်။ “ကျေဇူး မသိတတ်ဘူး၊ ကျေးဇူး မသိတတ်ဘူး” ဆိုပြီး မကျေမနပ် မဖြစ်လိုက်ပါနဲ့။ မသိတတ်သူ၊ မသိချင်ယောင်ဆောင်သူက ဘယ်တော့မှ သိတတ်လာမှာ မဟုတ်ပါဘူး။  မကျေမနပ်ဖြစ်နေရင် ” ကျေးဇူး” မဟုတ်ဘဲ ” ကျေးဆူး” ဖြစ်သွားပါလိမ့်မယ်။ ” ကျေးဇူး မဆပ်ဘူး၊ ကျေးဇူး မဆပ်ဘူး” ဆိုပြီး ကဲ့ရဲ့ပြစ်တင် အပြစ် မမြင်လိုက်ပါနဲ့။ ကျေးဇူး ဆပ်လိုသူက ဘယ်နည်းနဲ့ဖြစ်ဖြစ် ဆပ်နိုင်အောင် ကြိုးစားနေပေမယ့် ပြန်မဆပ်လိုသူက ဘယ်တော့မှ ပြန်ဆပ်မှာ မဟုတ်ပါဘူး။ ကဲ့ရဲ့ပြစ်တင် အပြစ်မြင် နေမယ်ဆိုရင် ”...

ဘီလျံနာဘဏ်သူဋ္ဌေးမဘဝမှ ဗုဒ္ဓဘာသာသီလရှင်တစ်ပါးဖြစ်လာသူ အကြောင်း(ဖြစ်ရပ်မှန်)

အယ်မာစလိတ်(Emma Slade) ဆိုတဲ့ ဗြိတိန်သူ ဟာ တစ်ခါတုန်းက အလွန်ချမ်းသာတဲ့ ဘဏ်သူဌေးမတစ် ယောက်ပါ။ ဘယ်လောက်ချမ်းသာသလဲဆိုရင် အမေရိကန် ဒေါ်လာ တစ်ဘီလျံအထက် ချမ်းသာတာပါ။ ဒါပေမယ့် သူဘဝဟာ ရုတ်တရက်ပြောင်းလဲသွားခဲ့ရပါတယ်။ ၁၉၉၇ခုနှစ် တုန်းက သူဟာ အင်ဒိုနီးရှားနိုင်ငံ၊ဂျာကာတာမြို့တော်က သူတည်းတဲ့ ဟိုတယ်ခန်းထဲမှာ ဓါးပြတိုက်ခံရတာကစတာပါ။ အဲဒီသကောင့်သားက သူ့ဝမ်းဗိုက်ကိုသေနတ်ပြောင်းဝနဲ့ တေ့ထားတယ်။ အခြားလက်တစ်ဖက်က သူ့ပါးစပ်ပေါ်မှာ။ ပြီးတော့ သူ့ကို ကော်ဇော ပေါ် တွန်းချတယ်။ “ ဆရာလေးအနေနဲ့ တကယ့်ကို မသေချင်ဘူးဆိုတာ ကိုယ့်ကိုကိုယ်သိလိုက်တယ်။ ချက်ခြင်းဆိုသလိုပဲ မကြာမီဆုံးရှုံးတော့မယ့် ဘဝနဲ့ပတ်သက်ပြီး အတွေးကြီးကြီး တစ်ခုဝင်လာတယ်” လို့ သူကပြောပါတယ်။ ဆလိတ်ဟာကံကောင်းထောက်မစွာနဲ့ သေဘေးက လက်မတင်ကလေး လွတ်ခဲ့ရပါတယ်။ အဲဒီနောက်မှာ သူဟာ ဘဝနဲ့ပတ်သက်လို့ပိုပြီးကြီးမားနက်ရှိုင်းတဲ့ အဓိပ္ပါယ်နဲ့ ရည်ရွယ်ချက် တွေကို အငမ်းမရရှာခဲ့တယ်။ ဓားပြတွေလက်က အသက်မသေပဲ လွတ်မြောက်ခဲ့တဲ့သူမရဲ့...

လက်လုပ်လက်စားသမားလေးကို ကားပြပွဲကနေ မောင်းထုတ်ခဲ့တဲ့ မန်နေဂျာကိုပြန်ပြီးလက်စားချေလိုက်ပုံက

မင်္ဂလာနံနက်ခင်းပါ စာဖတ်သူတို့ရေ … အခုပြောပြချင်တာကတော့ မဝယ်နိုင်ဘဲ ကားပြခန်းကိုသွားမိလို့ မောင်းထုတ်ခံခဲ့ရသူရဲ့ လှပလွန်းတဲ့ ကလဲ့စားချေးလိုက်ပုံ အကြောင်းလေး ပြောပြချင်ပါတယ် သူကတော့ အမေရိကန် ကယ်လီဖိုးနီးယားမှာနေထိုင်တဲ့ အသက်(၂၁)နှစ်အရွယ် George အမည်ရ အမျိုးသား တစ်ယောက်ဟာ သာမန် လက်လုပ်လက်စား ဝန်ထမ်းလေး တစ်ယောက် ဖြစ်ပါတယ်။ သူ့မှာ သာမန် အလုပ်အကိုင် ကိုသာ ပိုင်ဆိုင်ထားပြီး၊ သူ့စာရိတ်သူစား၊ သူ့ရဲ့အပါးတော်မြဲ ခွေးလေးနဲ့ ဘဝကို ရသလိုနေထိုင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ် George ဟာ သာမာန်လက်လုပ်လက်စား ဆိုပေမယ့် ကားတွေကို အလွန်သဘောကျနှစ်ခြိုက်သူဖြစ်ပြီး ကား အရောင်းပြပွဲတိုင်းကို ကိုယ်တိုင်မဝယ်နိုင်ပေမယ့် လေ့လာတဲ့သဘောနဲ့ သွားရောက်ကြည့်ရှု့လေ့ရှိသူပါ။ ဒါကြောင့် သူနေထိုင်ရာနဲ့ အနီးအနားမှာရှိတဲ့ ကားအရောင်းပြပွဲတစ်ခုကို သွားရောက်ခဲ့ပါတယ်။ ဒါပေမယ့် ဝန်ထမ်းတွေက George ကို ငွေမတက်နိုင်ဘူးဆိုတာ သိပြီး မောင်းထုတ်ခံခဲ့ရပါတော့သည်။ ဖြစ်စဉ်ကတော့ George...

ဧည့်သည်ရုပ်ရှင် အမှတ်တရလက်မှတ်ထိုးပွဲအတွက် မန္တလေးရောက်နေကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီ

အနုပညာလောကမှာ ကိုယ်စီကိုယ်စီ အောင်မြင်မှုတွေ ရရှိနေတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံနှစ်ဦးကတော့ ချစ်ရတဲ့ အနုပညာအလုပ်တွေလုပ်ရင်း သာယာပျော်ရွှင်တဲ့ အိမ်ထောင်သည်ဘဝကို နှစ်ကိုယ်တူ ဖန်တီးနေကြတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ရွှေနှစ်ရွှေမောင်နှံလေးက သူတို့နှစ်ယောက် ပါဝင်သရုပ်ဆောင်ထားတဲ့ ဧည့်သည်ရုပ်ရှင်ဇာတ်ကား အမှတ်တရလက်မှတ်ထိုးပွဲအတွက် မန္တလေးမြို့သို့ ရောက်ရှိနေကြတာပါ။ တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး ပရိသတ်တွေနဲ့ တွေ့ဖို့ သွားနေကြတဲ့ ရွှေထူးနဲ့ ရွှေမှုံလေးတို့ရဲ့ပုံလေးတွေကတော့ အရမ်းကို ချစ်ဖို့ကောင်းလွန်းနေတာပါနော်။ ချစ်ပရိသတ်တွေအတွက် ဧည့်သည်ရုပ်ရှင်ဇာတ်ကား အမှတ်တရလက်မှတ်ထိုးပွဲအတွက် မန္တလေးသို့ ရောက်ရှိနေကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ရွှေထူးတို့ ချစ်တတ်လိုက်ပုံများကတော့ မိန်းမဖြစ်သူရဲ့LV အိတ်လေးကို လွယ်ပေးထားသေးတယ်နော်။ မန္တလေးမြို့ကြီးမှာ အထာကျကျဂေါ်နေတဲ့ ရွှေထူးရဲ့ပုံရိပ်ကတော့ လုံးဝအလန်းစားပဲ။ ရွှေထူး၊ ရွှေမှုံရတီနဲ့ နေခြည်ဦးတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဧည့်သည်ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဒီနေ့မှစတင်ပြီး မြန်မာတစ်နိုင်ငံလုံးတွင် ပြသနေပြီပဲ ဖြစ်ပါတယ်။ အဆိုတော်တစ်ဦးဖြစ်တဲ့ ရွှေထူးရဲ့သရုပ်ဆောင်မှုတွေကိုတော့ ရွှေမှုံလေးက...

စက်ဘီးနှင့်တိုက်မိသော ကြက်လေးကို ဆေးကုသဖို့ ဆေးရုံသို့ယူဆောင်လာတဲ့ ကောင်လေး နာမည်ကြီးနေ

ချင်းပြည်နယ်နှင့် နယ်စပ်ချင်းထိဆက်သည့် မိဇိုရမ်ပြည်နယ်မှာ ၆နှစ်အရွယ် ကလေးငယ်တစ်ယောက်က စက်ဘီးနှင့် ကြက်ကလေးကိုတိုက်မိပြီး ဆေးကုသပေးဖို့ အဆိုပါကြက်ကလေးကို အိန္ဒိယငွေ Rs. ၁၀ ကျပ်နဲ့ ဆေးရုံသို့သွားပြခဲ့ပါတယ်။ ဤအဖြစ်ပျက်ကို Sanga ဟုခေါ်သော ဆေးရုံသူနာပြုဝန်ထမ်းတစ်ဦးက Facebook မှာတင်တဲ့အခါမှာ ကလေးငယ်လေးရဲ့ဖြူစင်ရိုးသားလွန်းတဲ့စိတ်ဓါတ်ကို လူအများအပြားကချီးကြူးကြပြီး မီဇိုရမ်အွန်လိုင်းမှာ နာမည်ကြီးနေပါတယ်။ တိုက်မိတဲ့ကြက်ကလေးကို Rs. ၁၀ ကျပ်နဲ့ ဆေးရုံသို့သွားပြခဲ့တဲ့ ကလေးငယ်ဟာ မိဇိုရမ်ပြည်နယ်၊ ဆိုင်ရန်မြို့မှာ ရဲတာဝန်ထမ်းဆောင်နေသူ Dhiraj Chhetri ရဲ့သားငယ် Derek C. Lalchhanhima ဖြစ်ပါတယ်။ ကလေးငယ်ရဲ့ဖခင် Dhiraj Chhetri က “သူတိုက်မိတဲ့ ကြက်ကလေးကိုအိမ်ကို ယူလာပြီး ဆေးရုံသို့ပြပေးပါလို့ အဖေနဲ့အမေကို လာပြောတယ်။ ကျနော်တို့ကလည်း Rs. ၁၀ ကျပ်ပေးပြီး သူကိုယ်တိုင်သွားပြဖို့လွှတ်လိုက်တယ်။ ဆေးရုံကနေပြန်လာတဲ့အခါမှာ ကလေးကငိုနေပါတယ်။ ဓါတ်ပုံသာရိုက်ပြီး ကြက်ကလေးကို ကုမပေးဘူးလို့...

ဘဏ်များအနေဖြင့် ငွေစက္ကူအတုများကို စုတ်ဖြဲပိုင်ခွင့်မရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

ဘဏ်များအနေဖြင့် ငွေစက္ကူအတုများကို စုတ်ဖြဲပစ်ပိုင်ခွင့်မရှိသည့်အတွက် ယင်းကဲ့သို့ မလုပ်ဆောင်ရန် အစိုးရအဖွဲ့အား နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားချက် ထုတ်ခိုင်းလိုက်သည်။ဧပြီလ ၄ ရက်က ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာ လူထုတွေ့ဆုံပွဲတွင် ဒေသခံအမျိုးသမီးတစ်ဦးက ဘဏ်တွင် ပိုက်ဆံအပ် သည့်အခါ အတုဆိုပြီး စုတ်ဖြဲမှုများရှိနေကြောင်း တင်ပြရာတွင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ “ ဘဏ်ကိုပိုက်ဆံ သွားထည့်လို့ အတုဆိုပြီး သူတို့စုတ်ဖြဲပိုင်ခွင့်မရှိဘူး။ အတုဆိုရင် လက်မခံရင် လက်မခံနဲ့။ အစိုးရ အဖွဲ့အ နေနဲ့ ဒါကို ညွှန်ကြားချက်ထုတ်ပါ။ စက္ကူအတုတွေ လာပြီးတော့ သွင်းတယ်ဆိုရင် ပြည်သူက မသိလို့ပေါ့နော်။ အညာခံရလို့ လက်ထဲ ငွေစက္ကူ အတု တွေ ရှိပြီဆိုရင် ဘဏ်ကစာရင်းနဲ့ လာပေးတဲ့ သူနာမည်နဲ့ ဒီဟာကို သက်ဆိုင်ရာကို တိုင်ဖို့ပဲ။ နောက်မှ ဇစ်မြစ်ကိုရှာ ရမှာပေါ့။...