အားလုံးရင်ထဲ ထိသွားစေခဲ့တဲ့ ခရစ်စတီးနားခီရဲ့ ကျေးဇူးတင်စကား
အားလုံးရင်ထဲ ထိသွားစေခဲ့တဲ့ ခရစ်စတီးနားခီရဲ့ ကျေးဇူးတင်စကား မနေ့ကတော့ မြန်မာနိုင်ငံမှာ ပထမဆုံး ကျင်းပခဲ့ကြတဲ့ Star awards ရုပ်ရှင်ဆုပေးပွဲကြီးကတော့ ခမ်းနားစွာနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ အကယ်ဒမီအပြင် နောက်ထပ်ဆုအမျိုးအစားအနေနဲ့ သတင်းစာဆရာအသင်းက ကြီးမှူးကျင်းပတဲ့ Star Awards ဆုကို ယခုနှစ်မှာ စတင်ပြုလုပ်ခဲ့တာ ဖြစ်ပြီး ဆုတော်တော်များများလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူရရှိခဲ့မယ် ထင်ပါတယ်။ Star Awards ဆုပေးပွဲမှာတော့ အကယ်ဒမီပေးပွဲကတည်းက ပရိသတ်တွေရဲ့ အကယ်ဒမီကို ရရှိထားတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီကတော့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ခရစ္စတီးနားခီကတော့ ဒီဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်ပြီး ပရိသတ်တော်တော်များများကလည်း အားပေးခဲ့ကြပါတယ်။ ခရစ္စတီးနားခီကတော့ ဆုယူပြီး ဝမ်းသာစကားပြောကြားခဲ့ပါတယ်။ ခရစ္စတီးနားခီကတော့ “အားလုံးကို အထူးကျေးဇူးတင်ပါတယ်။ ဆုကတော့ မျှော်လင့်ထားတာ မရှိပါဘူး။ ကျမ အမြဲပြောသလိုပဲ ဘယ်လမ်းကြောင်းကို ဦးတည်ပေးမှာလဲ။...