Monthly Archive: October, 2019

တိုယိုတာက သီလဝါအထူးစီးပွားရေးဇုန် B ၌ စက်ရုံတည်ဆောက်ပြီး ၂၀၂၁ ခုနှစ်မှစ၍ မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်ရန် မြေ ၂၁ ဟက်တာ ရယူထား

သီလဝါအထူးစီးပွားရေးဇုန် B ၌ တိုယိုတာကစက်ရုံတည်ဆောက်ပြီး ၂၀၂၁ မှစတင်ကာ မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်ရန်မြေ ၂၁ ဟက်တာအား ရယူထားကြောင်း Myanmar- Japan Thilawa Development ကုမ္ပဏီလီမိတက်မှ သတင်းရရှိသည်။ “Myanmar – Japan Thilawa Development ကုမ္ပဏီအနေနဲ့ သီလဝါအထူးစီးပွားရေးဇုန်မှာ Development အနေနဲ့သာမဟုတ်ဘဲ SEZ တစ်ခုလုံးကို အော်ပရေးရှင်းလုပ်ကိုင်ပေးတဲ့ လုပ်ငန်းစဉ်ကိုလည်း လုပ်ကိုင်နေပါတယ်။ MJTD အနေနဲ့ သီလဝါ SEZ မှာ အကောင်အထည်ဖော်သွားမယ့် မြေဧက ၂၄၀၀ ဟက်တာရှိပါတယ်။ ဇုန် A မှာ ၄၀၅ ဟက်တာရှိပြီး ပထမဆုံး အကောင်အထည်ဖော်ခဲ့တဲ့ ဧရိယာဖြစ်ပါတယ်။ အခုဆိုရင် ဇုန် A ပြီး သွားတော့ ဇုန် B ကိုလည်း ဆက်လက်အကောင်အထည်ဖော်နေပါတယ်။ ဇုန် B ကို...

အူမကြီးကင်ဆာ ဖြစ်နေတဲ့ အစ်ကိုကို့ သေချာပြုစုစောင့်ရှောက်ပေးနေတဲ့ လင်းဇာနည်ဇော်

လင်းဇာနည်ဇော်ရဲ့ အစ်ကိုဖြစ်သူ ဒါရိုက်တာ မိုက်တီးက လက်ရှိမှာ ကင်ဆာဆိုတဲ့ ရောဂါဝေဒနာကို ခံစားနေရတာ ဖြစ်ပါတယ်။ အမှုရင်ဆိုင်နေရတဲ့ မိုက်တီးရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီးတော့လည်း လင်းဇာနည်ဇော်က ပြောပြခဲ့ပါတယ်။ ဒါရိုက်တာ မိုက်တီးဟာ အူမကြီး ကင်ဆာဆိုတဲ့ ရောဂါဆိုးကို ခံစားနေရတာကြောင့် ညီမဖြစ်သူ လင်းဇာနည်ဇော်က သေချာ ပြုစုစောင့်ရှောက်ပေးနေရတယ်လို့ ဆိုပါတယ်။ ခွဲစိတ်မှု နှစ်ကြိမ်ပြုလုပ်ပြီး လက်ရှိအချိန် ဆေးသွင်းနေရတာ (၇)ကြိမ် ရှိပြီလို့ သရုပ်ဆောင် လင်းဇာနည်ဇော်က ဆိုပါတယ်။“အကိုက အခုဆေးသွင်းနေတာ (၇)ကြိမ် ရှိပါပြီ။စောင့်ကြည့်နေရတာပေါ့။ ကင်ဆာဆိုတာက ရောဂါဆိုး လို့လည်း ပြောလို့ရတယ်။ ကုသိုလ်ကံပေါ်မှာ မူတည်တယ်။အနေအထိုင် အစားအသောက်ပေါ်မှာ မူတည်တယ်။ စိတ်ဓာတ်ခွန်အားပေါ်မှာ မူတည်တယ်။အစ်ကိုဆိုတော့လည်းအစ်ကိုမို့လို့ သွေးက စကားပြောတာပေါ့နော်။ ဝိတ်မကျအောင် စိတ်ဓာတ်ပျော်ရွှင်အောင်၊ ကလေးတစ်ယောက်လို ပြုစုနေရတာပေါ့” လို့ သူမက ပြောပါတယ်။ ဒါရိုက်တာ မိုက်တီးဟာ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော...

နေတိုးနဲ့ ကုတင်ပေါ်ကအခန်းတွေ ရိုက်ခဲ့ရတဲ့ သူ့ရဲ့ခံစားချက်တွေပြောလာတဲ့ မြတ်ကေသီအောင်

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မြတ်ကေသီအောင် ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ ဝါရင့်သရုပ်ဆောင် တစ်ဦးပါ။ သူမ သရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားများစွာ ရှိပြီး ခုအချိန်ထိ ငယ်ရွယ်နုပျို နေတဲ့ သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရှိနေတာပဲ ဖြစ်ပါတယ်။ တစ်ခါမှာတော့ ပရိသတ်တွေအတွက် မြတ်ကေသီအောင် က စပွန်ဆာ ရုပ်ရှင်ဇာတ်ကားမှာ နတိုးနဲ့ ကုတင်ပေါ်ကအခန်းတွေ ရိုက်ခဲ့ရတဲ့ သူ့ရဲ့ခံစားချက်တွေပြောလာတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ မြတ်ကေသီအောင် က စပွန်ဆာ ရုပ်ရှင်ဇာတ်ကားကြီးကို သရုပ်ဆောင် နေတိုး၊ ရဲလေး၊ပိုင်ဖြိုးသု၊ ကျော်ကျော် ၊ တစ်ခြား အနုပညာရှင်များစွာနဲ့အတူ သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ မြတ်ကေသီအောင် က စပွန်ဆာ ရုပ်ရှင်ဇာတ်ကားမှာ နေတိုးကို စပွန်ဆာပေးတဲ့ သူအဖြစ်သရုပ်ဆောင်ထားတာဖြစ်ပြီး နေတိုးနဲ့ ကုတင်ပေါ်က အခန်းတွေရိုက်ဖြစ်တဲ့ သူ့ရဲ့ ခံစားချက်ကို ခုလိုပြောပြထားပါတယ်။ မြတ်ကေသီအောင်...

မင်းသွေးကွယ်လွန်ခြင်း (၁) နှစ်ပြည့်အဖြစ် ဘုန်ကြီးဆွမ်းကပ် တရားနာခဲ့တဲ့ နေတိုးတို့ မိသားစု

ပရိသတ်တွေ ချစ်ကြတဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ မင်းသွေးက ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ် အောက်တိုဘာလ (၃)ရက်နေ့က ဘဝတစ်ပါးကို ရုတ်တရက် ကူးပြောင်းသွားတာ ဖြစ်ပါတယ်။ မင်းသွေး ကွယ်လွန်သွားတာ တစ်နှစ်ပြည့်ပြီဆိုပေမယ့် ကျန်ရစ်ခဲ့တဲ့ မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေကတော့ ဒီနေ့ဒီအချိန်ထိ သတိရအောက်မေ့နေဆဲ ဖြစ်ပါတယ်။ မင်းသွေးရဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေကလည်း မင်းသွေးအတွက် ရည်စူးပြီး အလှူအတန်းတွေ လစဉ်လတိုင်း ပြုလုပ်ပေးနေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ နေတိုးတို့ မိသားစုကတော့ မင်းသွေးကွယ်လွန်ခြင်း တစ်နှစ်ပြည့်အဖြစ် နေအိမ်မှာ ဘုန်းကြီးဆွမ်းကပ် တရားနာခဲ့ကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် နေတိုးတို့ နေအိမ်က ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။ ကွယ်လွန်သွားပြီဖြစ်တဲ့ ညီလေးငယ် မင်းသွေးအတွက်ရည်စူးပြီး တရားနာနေတဲ့ နေတိုးတို့မိသားစု ဘုန်းကြီးဆွမ်းကပ်ဖို့ ပြင်ဆင်နေကြတဲ့ မြင်ကွင်းလေး နေတိုးကတော့ အစ်ကိုကြီးပီပီ ညီလေးငယ် မင်းသွေးအတွက် သေသေချာချာ ကောင်းမှူကုသိုလ်တွေ ပြုလုပ်ပေးနေတာပဲ...

ကျိုက်ထီးရိုးစေတီတောင်ပေါ် ဘုန်းကြီးကျောင်းက ဆေးခြောက်များဖမ်းမိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တော်အနီးရှိ ဘုန်းကြီးကျောင်းတကျောင်းမှာ သီတင်းသုံးနေထိုင်တဲ့ ဘုန်းကြီးတပါးထံကနေ ဆေးခြောက် ၄၀ ကျပ်သားလောက် ဖမ်းဆီးရမိခဲ့​တယ်လို့ ရင်ပြင်တော်အုပ်ချုပ်ရေးအဖွဲ့ရုံးက သိရပါတယ်။ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်ရင်ပြင်တာဝန်ရှိသူတွေက အောက်တိုဘာ ၁ရက်မနက် ၁၁ နာရီခွဲက မူးယစ်ဆေးဝါးသတင်းအရ ရှာဖွေခွင့်ဝရမ်းနဲ့ စေတီတော်ရင်ပြင်တော်အနီးရှိ ကိုးနဝင်းဘုန်းတော်ကြီးကျောင်း သီးသန့်ဆောင်မှာ သီတင်းသုံးနေထိုင်တဲ့ ဦးပညာဝံသရဲ့ အခန်းကို ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ကျိုက်ထီးရိုးရင်ပြင်တော် အုပ်ချုပ်ရေးရုံးအဖွဲ့ဝင် ရာအိမ်မှူး ဦးကျော်မင်းဦးက “ကျနော်တို့ အဖွဲ့စုံ ဘုန်းကြီးကျောင်းရောက်တဲ့အချိန်မှာ အဲ့ဒီဘုန်းကြီးက အခန်းအပြင်ဘက်မှာ လျှပ်စစ်မီး ပြင်နေတယ်။ အခန်းထဲမှာက အမျိုးသမီးတစ်ဦးရှိနေပါတယ်။ အဲ့ဒီအမျိုးသမီးကိုမေးနေတုန်း ဘုန်းကြီးကရှောင်ပြေးသွားတာပါ”လို့ ဒီဗွီဘီကိုပြောပါတယ်။ တာဝန်ရှိသူတွေက ဆက်လက်ရှာဖွေရာ အခန်းတွင်း ကွက်ပျစ်အောက်က အာလူးကြော် ဗူးအတွင်း ဆေးခြောက်လို့ယူဆရတဲ့ အရိုး/အရွက်အခြောက်ရောရာ ၈၁.၆၅ ဂရမ်၊ ၅ ကျပ်သားခန့်၊ တန်ဖိုးငွေကျပ် ၄၀၈၂၅ ကျပ်ခန့်အား တွေ့ရှိခဲ့ရပြီး...

သွက်လွန်းလို့ မေမေခိုင်နှင်းဝေတောင် ထိန်းရခက်နေပြီဖြစ်တဲ့ သမီးလေး ရွှန်းရတီခိုင်

ပရဟိတမင်းသမီးတစ်ဦးအဖြစ် ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှု များစွာကိုရရှိပိုင်ဆိုင်ထားတဲ့ ခိုင်နှင်းဝေက ရုပ်ရှင်လောကမှာလည်း အောင်မြင်ကျော်ကြားတဲ့ ဝါရင့်သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်ပါတယ်။ ချို့တဲ့သူ လိုအပ်နေသူတွေကို မေတ္တာ စေတနာ အပြည့်နဲ့ ကူညီစောင့်ရှောက်မှုတွေပေးနေတဲ့ ခိုင်နှင်းဝေရဲ့ စိတ်ဓာတ်လေးကတော့ ပရိသတ်တွေ လေးစားအားကျရလောက်တဲ့ မြန်မာ အမျိုးသမီးတစ်ဦးအဖြစ်စံထားရလောက်အောင်ပါပဲ။ ပရိသတ်တွေကြားမှာ သာမက အနုပညာရှင်တွေကြားမှာပါ နာမည်ကြီးနေတဲ့ ရင်ခွင်မဲ့ သားသားမီးမီးလေးတွေအတွက် မခိုင်နှင်းဝေဖွင့်ထားတဲ့ ဂေဟာလေးကလည်း နွေးထွေးမှုတွေအပြည့်နဲ့ ယခုဆိုရင် ချစ်စရာကောင်းတဲ့ ဂေဟာလေးတစ်ခုအဖြစ် နာမည်ကြီးနေတဲ့ နေရာလေးတစ်ခုပါ။ မိဘမေတ္တာကို ငတ်မွတ်နေကြတဲ့ သားသားမီးမီးလေးတွေထဲကမှ မခိုင်နှင်းဝေ မွေးစားခဲ့တဲ့ သူမနဲ့ အရမ်းကို တူတဲ့ သမီးလေး ရွှန်းရတီခိုင်လေးက ခုဆိုရင် မခိုင်နှင်းဝေရဲ့ လက်ပေါ်မှာတင် တဖြည်းဖြည်း အရွယ်ရောက်လာပြီဖြစ်ပါတယ်။ သွေးသားမတော်စပ်ပေမယ့် ပြုံးလိုက်ရင် ပါးချိုင့်လေးနဲ့မို့ ပရိသတ်တော်တော်များများက မခိုင်နှင်းဝေနဲ့ တူပြီး ချစ်ဖို့ကောင်းတဲ့ သမီးလေးအဖြစ် အချစ်တွေအများကြီးကို ပိုင်ဆိုင်ထားသူလေးဖြစ်ပါတယ်။ ချစ်ဖို့ကောင်းတဲ့...

မြန်မာတစ်နိုင်ငံလုံးတွင် အသက်အကြီးဆုံး အဘိုးအဖြစ် အသက် (၁၂၅) နှစ်ရှိ အဘိုးဦးကိုကိုကြီးအား အထူးဂုဏ်ပြုချီးမြှင့်ငွေ ကျပ် ၁၀ သိန်း ဂုဏ်ပြုချီးမြှင့်ခဲ့

မြန်မာတစ်နိုင်ငံလုံးတွင် အသက်အကြီးဆုံး အဘိုးအဖြစ် အသက် ၁၂၅ နှစ်ရှိ အဘိုးဦးကိုကိုကြီးအား အထူးဂုဏ်ပြုချီးမြှင့် ငွေကျပ် ၁၀ သိန်း ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။မြန်မာနိုင်ငံတွင် အသက်ကြီးဆုံးအဖြစ် သတ်မှတ်ခြင်းခံရထားသော အသက် ၁၂၅ နှစ်အရွယ်ရှိ အဘိုးဦးကိုကိုကြီးသည် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ဖရဲငွေတောင်လမ်းတွင် စောင့်ရှောက်ထားသော တူမမိသားစုဖြင့် ကျန်းမာပျော်ရွှင်စွာဖြင့် နေထိုင်လျက်ရှိပြီး အဘိုးဦးကိုကိုကြီးကို အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ကျင်းပရေးကော်မတီက မြန်မာတစ်နိုင်ငံလုံးရှိ အသက်အကြီးဆုံး အဘိုးအဖြစ် အထူးဂုဏ်ပြု ချီးမြှင့်ငွေကျပ် ၁၀ သိန်းကို ဂုဏ်ပြုချီးမြှင့်ခဲ့ကာ ပူဇော်ကန်တော့ ခဲ့ရသည့်အတွက် အထူးဂုဏ်ယူမိကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောကြားခဲ့သည်။ အဘိုးဦးကိုကိုကြီးသည် အင်္ဂလိပ်ခရစ်သက္ကရာဇ် ၁၈၉၄ ခုနှစ်တွင် စစ်ကိုင်းမြို့၌ မွေးဖွားခဲ့ခြင်းဖြစ်ပြီး၊ တောင်ကြီးမြို့ကို အစ်မဖြစ်သူ ခေါ်ဆောင်လာခြင်းကြောင့် ၁၉၇၁ ခုနှစ်တွင် စတင်ရောက်ရှိခြင်းဖြစ်ကာ တောင်ကြီးမြို့တွင် နေထိုင်လာသည်မှာ နှစ်ပေါင်း ၅၀...

ပရိသတ်တွေကို နှုတ်မဆက်ပဲ ရုတ်တရက်ထွက်ခွာသွားတာ တစ်နှစ်တိတိပြည့်သွားပြီဖြစ်တဲ့ မင်းသွေး

ပရိသတ်တွေ ချစ်ကြတဲ့ သရုပ်ဆောင်၊ အဆိုတော် မင်းသွေး ကွယ်လွန်သွားတာ ဒီနေ့ဆိုရင် (၁)နှစ်တိတိ ပြည့်ပြီ ဖြစ်ပါတယ်။ မင်းသွေး ကွယ်လွန်သွားတာ တစ်နှစ်ရှိပြီဆိုပေမယ့် သူ့ကို ချစ်ကြတဲ့ မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပရိသတ်တွေကတော့ ဒီနေ့ဒီအချိန်ထိ မေ့လို့ရဦးမယ် မထင်ပါဘူး။ မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေက မင်းသွေး ကွယ်လွန်ပြီးကတည်းက လစဉ် လတိုင်း သူ့အတွက် ရည်စူးပြီး ကောင်းမှုကုသိုလ်တွေ ပြုလုပ်ပေးနေကြတာကို တွေ့ရပါတယ်။ မင်းသွေးက ပြီးခဲ့တဲ့ အောက်တိုဘာလ (၃) ရက်နေ့ညပိုင်းက သူငယ်ချင်းတွေနဲ့ ဘောလုံးကန်ပြီး ရေသောက်ရာမှ ရုတ်တရက် နှလုံးအမောဖောက်ပြီး နာရီပိုင်းအတွင်းမှာတင် ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ လူတိုင်းကို စေတနာထားပြီး စိတ်ကောင်း၊ စေတနာကောင်းရှိတဲ့ မင်းသွေး ကွယ်လွန်သွားတယ်ဆိုတဲ့ သတင်းကြားသိရချင်းမှာတော့ တစ်နိုင်ငံလုံးက ပရိသတ်တွေ တော်တော်လေး ဝမ်းနည်းပူဆွေးခဲ့ရတာပဲ ဖြစ်ပါတယ်။ မင်းသွေးက သူ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက်...

နှစ်ယောက်ကြားကို ပြဿနာတက်အောင် စနောက်ခဲ့ပေမယ့် ချစ်သူအပေါ်မှာ ယုံကြည်မှုအပြည့်ရှိကြောင်း သက်သေပြခဲ့တဲ့ ထွန်းထွန်းရဲ့ ကောင်မလေး

အဆိုတော်သရုပ်ဆောင်ထွန်းထွန်ရဲ့ သိပ်ချစ်ရတဲ့ချစ်သူလေးက လေယာဉ်မယ်လေးပါတဲ့ ပရိသတ်ကြီးရေ။ ဘာကြောင့်သိပ်ချစ် ရသလဲဆိုတဲ့အကြောင်းအရင်းလေးကတော့ ချစ်သူအပေါ်မှာ အပြည့်အဝယုံကြည်မှုရှိပြီး ကြားစကားကြောင့်နဲ့ သွေးမကွဲတတ်တဲ့ သူမရဲ့အကျင့်လေးကြောင်းထင်ပါရဲ့နော်။ ထွန်းထွန်းရဲ့ သိပ်ချစ်ရတဲ့ချစ်သူလေးက အရမ်းကို ချစ်ဖို့ကောင်းသူလေးမို့ ပရိသတ်တွေ ကလည်း ဝိုင်းချစ်နေကြပါတယ်။ နှစ်ယောက်အတူရှိနေတဲ့အချိန်မှာ Sam Dara ရဲ့ သူငယ်ချင်းဖြစ်သူ DJ Artist နဒီက ထွန်းထွန်းရဲ့ ချစ်သူပါဆိုပြီး နောက်ပြောင် ကာဖုန်းဆက်ခဲ့ပါတယ်။ ဒီလိုဆက်တဲ့အချိန်ဟာ နှစ်ယောက်အတူ ရှိနေတဲ့အချိန်ဖြစ်ပြီး ထွန်းထွန်းကိုဖုန်းပေးကာ ပြောခိုင်းခဲ့ပါ သေးတယ်။ ဒီနောက်မှာတော့ အခုလိုနောက်ပြောင်သူဟာ သူငယ်ချင်းဖြစ်နေမှန်းသိပြီး ငိုအားထက်ရယ်အားသန်ခဲ့တဲ့အကြောင်း လေးကို သူမရဲ့လူမှုကွန်ယက်မှာပြောပြထားတာပဲဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိရှိနဲ့လက်တွဲထားတဲ့ ဒီ Relationship လေးက အလွယ်တကူနဲ့ လုံးဝမပျက်ဆီးနိုင်ပါဘူး။ ” ကိုယ့်ဆီကို မသိတဲ့ဖုန်းနံပါတ် 1 call ဝင်လာတယ် ကောင်မလေးတစ်ယောက် အသံတိုးတိုးလေးနဲ့ ” Hello !...

မြမြသရဲဝင်ပူးတဲ့ မိန်းကလေးနေရာမှာ သရုပ်ဆောင်မယ့်အကြောင်းပြောပြလာတဲ့ ၀င်းသပြေထွန်း

ပရိသတ်တွေကြား အရမ်းကိုစိတ်ဝင်စားကြတဲ့ မြမြ သရဲကားနဲ့ ပတ်သက်ပြီး ဒါရိုက်တာညိုမင်းလွင်က မကြာခင်မှာ ရိုက်ကူးပုံဖော်တော့မှာဘဲ ဖြစ်ပါတယ်။ သူဟာ ပါဝင်တဲ့ ဇာတ်ကောင်အားလုံးကို ရွေးချယ်ပြီးသွားပြီဖြစ်ပြီးရုပ်ရှင်ကန်တော့ပွဲနဲ့ မီဒီယာမိတ်ဆက်ပွဲအခမ်းအနားကိုလဲ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါပွဲမှာ တက်ရောက်လာတဲ့ သရုပ်ဆောင် ၀င်းသပြေထွန်း က သူမသရုပ်ဆောင်ရမယ့်ဇာတ်ရုပ်နဲ့ သူမလေ့လာနေပုံတွေကို ပြောပြသွားပါတယ်။ သူပြောပြခဲ့တာကတော့ “ ကိုယ်အိုက်တင်လုပ်တဲ့အခါ မတူမှာဘဲကြောက်တာ သရဲပူးခံရတဲ့ ညီမလေးက ဖေ့စ်ဘုတ်မှာ အရမ်းဟော့ဖြစ်တာဆိုတော့လေ၊သူနဲ့ မတူမှာကိုဘဲကြောက်တာ ။ အိမ်မှာအိုက်တင်တွေလဲ လုပ်ကြည်တယ် ညီမလေးရဲ့ ဗီဒီယိုတွေလဲ ပြန်ကြည့်ဖြစ်တယ်”“အရင်တုန်းကထဲက ညီမကလိပ်ပြာလှတယ်လို့ ပြောကြတယ်။ အိမ်ကဇာတ်ထောင်တယ် အငြိမ့်တွေလဲ ကတယ်ဆိုတော့လေ လမိုင်းပွဲပေးတာတွေရှိတယ်လေအဲ့ခါကြရင် ကိုယ့်ကိုဝင်ပူးနေကြ ဒါပေမယ့်လေ ၀င်ပူးတယ်ဆိုတာကို သူများပြောတုန်းက မယုံဘူးပေါ့နော်။ စိတ်ထဲမှ သိပ်မယုံဘူး ကိုယ်ကိုယ်တိုင် တကယ်ဝင်ပူးခံရတဲ့ အခါကြမှလေ အသိစိတ်ကြီးကလေ အကုန်လုံးကြီး လွတ်ထွက်သွားတာမဟုတ်ဘူး သိလိုက်မသိလိုက်ဆိုတော့လေ အဲ့ဒါကိုညီမနည်းနည်းတော့ယုံတယ်”“သရဲဝင်ပူးတာတော့ မဟုတ်ဘူး...