Monthly Archive: October, 2019

ပေါက်ခေါင်းမြို့က အ.ထ.က ကျောင်းကို စက်ဘီအစီး ၅၀၀ လှူမယ်လို့ဆိုကာ ဒုမြို့နယ်ပညာရေးမှူးနှင့်ကျောင်းအုပ်ကြီးဆီမှ ငွေလိမ်လည်မှုဖြစ်ပွား

အောက်တိုဘာလ ၈ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ အ.ထ.က ကျောင်းရှိ ကျောင်းသား၊ကျောင်းသူတွေကို အဖွဲ့အစည်းတစ်ခုမှ စက်ဘီးအစီး ၅၀၀ လှူဒါန်းမယ်ဟုဆိုကာဒုတိယမြို့နယ် ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီးတို့ဆီမှ ငွေလိမ်လည်မှု ဖြစ်ပွားခဲ့ကြောင်း ပြည်ခရိုင် ပညာရေးမှူးရုံးမှ သိရသည်။ ဖြစ်စဉ်တွင် လိမ်လည်သူများမှ စက်ဘီးများတင်ဆောင်လာသည့်ကားမှာ လမ်းတွင်ယာဉ်တိုက်မှုဖြစ်ပွားနေ၍ လျှော်ကြေးပေးရန် လက်တလောငွေလိုသဖြင့် ငွေလွှဲပေးရန် ပြောဆိုလာသောကြောင့် Wave Money ဖြင့် ငွေ ၁၇၀၀၀၀ ကျပ်ကို လွှဲပေးခဲ့ပြီး၊ ဒုတိယအကြိမ် ၂ သိန်းထပ်မံလွှဲပေးရန်ပြောဆိုရာမှ သံသရဖြစ်လာပြီး ငွေလွှဲမပေးနိုင်တော့ကြောင်း ပြောဆိုပြီးနောက်၊ လိမ်လည်သွားသူများကို ဖုန်းဆက်သွယ်ရန်ကြိုးစားရာ ဖုန်းဆက်သွယ်မှုမရရှိတော့ခြင်းဖြစ်ကြောင်း ပြည်ခရိုင်ပညာရေးမှူးရုံး လက်ထောက်ညွန်ကြားရေးမှူး၏ပြောကြားချက်အရ သိရသည်။ “ မနက် ၇ နာရီလောက်က အဖွဲ့အစည်းတခုက ခွင့်ပြုချက်မရှိပဲ ပေါက်ခေါင်းအထက ကို စက်ဘီအစီးငါးရာလှူမယ်ပြောဆိုပြီး ငွေလိမ်တောင်းသွားတာပါ။ စက်ဘီးသယ်လာတဲ့ကားက လမ်းမှာ...

နေပြည်တော်မှာ သိန်း ၆၀၀၀ ကျော်တန် Gym ခန်းမ ဆောက်လုပ်၊ ဝန်ထမ်းတွေ အခမဲ့ကစားနိုင်

အဆိုပါ Gym Fitness Center မှာ ကျပ်သိန်း (၁၇၅၇) တန်ဖိုးရှိတဲ့ စက်ကိရိယာပစ္စည်း (၂၆) မျိုး ထားရှိပြီး နေပြည်တော်က ဝန်ထမ်းတွေ အခမဲ့လာရောက် ဆော့ကစားနိုင်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သိရပါတယ်။ Gym Fitness Center ဟာ အနံပေ (၆၀)၊ အလျားပေ (၁၂၀) ကျယ်ဝန်းပြီး ကျပ် (၆၂၄၅) သိန်းခန့် အကုန်အကျခံတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ခန်းမအတွင်း နှလုံးလည်ပတ်မှု အားကောင်းစေတဲ့ စက်ကိရိယာတွေ၊ ကြွက်သားများ ကြံ့ခိုင်သန်စွမ်းမှုရှိစေတဲ့ စက်ကိရိယာတွေနဲ့ စွယ်စုံ အသုံးပြုနိုင်တဲ့ စက်ကိရိယာတွေဆိုပြီး ခွဲခြားထားပါတယ်။ဝန်ထမ်းတွေအနေနဲ့ အောက်တိုဘာ ၁၆ ရက်က စတင်ကာ မှတ်ပုံတင်ဝင်ခွင့်ကဒ်ပြုလုပ်ပြီး လာရောက်ကစားနိုင်တယ်လို့လည်းသိရပါတယ်။လေ့ကျင့်ချိန်ကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ်လုပ်ပေးထားပြီး လိုအပ်ပါက အချိန်တိုးပေးမှာဖြစ်သလို၊ စက်ကိရိယာတွေကိုလည်း တပ်ဆင်တိုးချဲ့ဆောင်ရွက်ပေးမယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက မှာကြားခဲ့ပါတယ်။ နေပြည်တောင်ပြည်ထောင်စုနယ်မြေအတွင်းက ဝန်ထမ်းတွေ...

မော်ဒယ်သရုပ်ဆောင် ညိမ်းသော် တာဝန်မယူဘဲ တိုက်ပြေးလုပ်ခဲ့လို့ ရဲစခန်းရောက်သွား

မော်ဒယ်၊ သရုပ်ဆောင် မင်းသားချော ညိမ်းသော်ကတော့ ဆယ်ကျော်သက်အရွယ် ပျိုပျိုမေလေးတွေကြားမှာ သည်းသည်းလှုပ် ရေပန်းစားအောင်မြင်နေတဲ့ အနုပညာရှင် တစ်ဦး ဖြစ်ပါတယ်။ လူသိများအောင်မြင်လာတဲ့ ညိမ်းသော်ဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ သီချင်းဗီဒီယိုတွေ ဆက်တိုက် ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ တစ်ချက်ပြုံးလို က်တိုင်း ပျိုပျိုမေလေးေ တွရဲ့ ရင်ခုန်သံတွေကို မြန်ဆန်စေနိုင်ခဲ့သူလေးလည်းဖြစ်ပါတယ်။ ငြိမ်းသော် တစ်ယောက် မနေ့ညက ကားနဲ့လူ တစ်ယောက်ကို တိုက်ပြေးခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေါ် လာတာပါ။ ညိမ်းသောရဲ့ ကားတိုက်ခြင်းကို ကြုံတွေ့ခဲ့ရတဲ့ Thu Set Chyu Eime အကောင့် ပိုင်ရှင်က သူ့အကောင့်ကနေ အခုလိုပြောဆိုထားတာပါ ။ ကာယကံရှင် မိန်းကလေးကလည်း ငြိမ်းသော် ကားနံပါတ်နဲ့ တကွတင်ထားတာဖြစ်ပါတယ်။ ငြိမ်းသော် တစ်ယောက် ရဲစခန်းမသွားချင်ဘဲ အခင်းဖြစ်ရာတံတားအောက်မှာတင် အခုအဖြစ်အပျက်ကို ရှင်းဖို့ ညှိခဲ့တယ်လို့ ဆိုပါတယ်။ အခုအဖြစ်အ ပျက်လေးအတွက် မှတ်ချက်ကနေတစ်ခုခုပြောပြပေးခဲ့ပါဦးနော်...

ဆေးရုံတက်နေရတဲ့ သားကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေတဲ့ ခင်ဇာခြည်ကျော်

ခင်ဇာခြည်ကျော်ရဲ့ တစ်ဦးတည်းသော သား ဘုန်းမင်းနေလကတော့ အူအတက်ပေါက်လို့ အရေးပေါ် ဆေးရုံတက်ခဲ့ရတာပါ။ ခွဲစိတ်မှု အောင်မြင်ပေမယ့် လည်း လက်ရှိမှာ အဖျားမကျလို့ ဆေးရုံပေါ်က မဆင်းရသေးလို့ သိရပါတယ်။ ခင်ဇာခြည်ဇော်ကတော့ ဆေးကုသမှု ခံယူနေရတဲ့ သားကို ကြည့်ပြီး စိတ်မကောင်း ဖြစ်လို့နေပါတယ်။ အူအတက်ပေါက်တာကြောင့် အရေးပေါ်ဆေးကုသမှု ခံယူခဲ့ရပြီး အူအတက်ဖြတ်ပြီးပေမယ့် အဖျားက တက်လိုက်ကျလိုက်ဖြစ်နေတာကြောင့် ဆေးရုံက မဆင်းရသေးဘူးလို့ ခင်ဇာခြည်ဇော်က ပြောပါတယ်။“သားသား ဘုန်းမင်း ဆေး ရုံ တက် အူ အတက် ဖြတ်ပြီး ပေမယ့် ဖျား က တက် လိုက် ကျ လိုက် အဖျား တက် ရင် ၁၀၄ အထိ တက် တယ်။သားသား ကို ကြည့် ပြီး သနား မိတယ်။ကိုယ် ပဲ ဖြစ်...

ကလေးမြို့ ရာဇဂြိုဟ်ကျေးရွာ ဘောလုံးကွင်းအတွင်း သွေးပူလေ့ကျင့်ခန်း လုပ်နေစဉ် မိုးကြိုးပစ်၍ ဘောလုံးသမားတစ်ဦး သေဆုံး

ကလေးမြို့နယ် ရာဇဂြိုဟ်ကျေးရွာတွင် ဖိတ်ခေါ်ဖလား ဘောလုံးပွဲ ကျင်းပနေစဉ် အောက်တိုဘာ ၇ ရက် ညနေ ၄ နာရီခန့်တွင် ဘောလုံးယှဉ်ပြိုင်ရန်အတွက် ဘောလုံးကွင်းအတွင်း သွေးပူလေ့ကျင့်ခန်း ပြုလုပ်နေသော ဘောလုံးသမားများအား မိုးကြိုးပစ်ခဲ့၍ ဘောလုံးသမားတစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။ “ညနေက ဘောလုံးကွင်းထဲမှာ မိုးကြိုးပစ်တာ။ ဘောလုံးကန်မလို့ ဘောလုံးမကန်ခင် သွေးပူလေ့ကျင့်ခန်း လုပ်နေတုန်းမှာ နှစ်သင်းစလုံး။ မိုးကြိုးက စက်ဝိုင်းအလယ်ကောင်ကို ဆော်ထည့်တာ၊ ငါးယောက်လဲသွားတယ် ပြောတာပဲ။ လေးယောက်က ပြန်ထနိုင်ပြီး တစ်ယောက်က ပြန်မထနိုင်တော့တာ။ အသက်ကတော့ ဆေးရုံအထိ ပါသွားတယ်။ တိုက်နယ်ဆေးရုံနဲ့ ဘောလုံးကွင်းနဲ့က နီးတယ်။ ဆေးရုံအထိတော့ နှလုံးခုန်နေတုန်း နောက်ပိုင်း ဆရာဝန် ရောက်လာတော့ မရတော့ဘူးလို့ ပြောတယ်။ ဦးခေါင်းထဲက နပ်ဗ်ကြောတွေ အလုပ်မလုပ်တော့ဘူးလို့ ပြောတယ်။ ညနေ ၆ နာရီလောက် ကျဆုံးသွားတယ်။ ဘောလုံးအသင်းက မြစိမ်းနဲ့စော်ဘွား(ခ)...

ရန်ကုန်တိုင်းအစိုးရ ရောင်းချသည့် မြေကွက် ဘယ်လို ဝယ်မလဲ

စီးပွားရေး၊ စက်မှုလုပ်ငန်းများ လုပ်ကိုင်ရန်နှင့် လူနေထိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရောင်းချသည့် မြေကွက်များကို ဝယ်ယူရန် ယနေ့ (အောက်တိုဘာ ၇) လူ သုံးထောင်နီးပါး လာရောက်လျှောက် ထားကြသည်။ မြေဝယ်ရန် မိုးမလင်းခင်ကပင် လာရောက်စောင့်ဆိုင်းကာ လျှောက်လွှာဝယ်ယူကြခြင်း ဖြစ်ပြီး ဝယ်ယူလိုသူ အလွန်များသောကြောင့် လျှောက်လွှာ နောက်ဆုံးရောင်းချသည့် မွန်းလွဲ ၃နာရီအထိ လျှောက်လွှာဝယ်ခွင့်မပြုဘဲ လှည့်ပြန်သွားရသူ များစွာရှိခဲ့သည်။ ယင်းမြေကွက်များကို မည်ကဲ့သို့ ဝယ်ရမည်၊ မည်သည့်အချက်များကို သတိပြုရမည်ဆိုသည်ကို The Voice Journal ပရိသတ်များ သိရှိနိုင်အောင် ဖော်ပြအပ်ပါသည်။ ဘယ်လို ဝယ်မလဲ ၁။ တောင်ဥက္ကလာပမြို့နယ် (၄/၆) ရပ်ကွက်၊ ဗြဟ္မာစိုလမ်းနှင့် သီလလမ်းထောင့် အရှေ့ပိုင်းခရိုင် စုပေါင်းရုံးတွင် လျှောက်လွှာဝယ်ယူရမည်။ ၂။ လျှောက်လွှာဝယ်ယူရန် မှတ်ပုံတင်မူရင်း၊ မိတ္တူတစ်စောင် ယူဆောင်သွားရန် (အသက် ၁၈နှစ်ပြည့် လဲပြီး မှတ်ပုံတင်ဖြစ်ရန်လိုသည်။)...

ဗစ်တိုးရီးယားအမှု (၈)ကြိမ်မြောက် ရုံးချိန်းတွင် ဒေါ်ဥမ္မာလှိုင်ရဲ့ အမျိုးသားရဲအုပ်ရန်နောင်စိုးနှင့် ယာဉ်မောင်းနှစ်ဦးကိုပါ စစ်ဆေးမေးမြန်းမည်

ဗစ်တိုးရီးယားလေး၏ ၈ ကြိမ်မြောက်ရုံးချိန်းတွင် Wisdom Hill ကျောင်း၏ ကျောင်းကြီးကြပ်ရေးမှူးဖြစ်သူ ဒေါ်ဥမ္မာလှိုင် ၏ အမျိုးသားဖြစ်သူ ရဲအုပ်ရန်နောင်စိုးနှင့် ကလေးငယ်လေး၏ ကျောင်းကား မောင်းသည့် ယာဉ်မောင်းဝန်ထမ်း ၂ ဦးကို ယနေ့ တွင် နှစ်ဖက်ရှေ့နေများက အပြန်အလှန်စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကပြောသည်။ ထိုသို့ စစ်ဆေးမေးမြန်းမှာပြီးပါက အချိန်များရရှိပါကလည်း ကျောင်းမှ CCTV တာဝန်ခံကိုလည်း စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။ တရားခံဟုယူဆထားသူ ယာဉ်မောင်းအောင်ကြီးအတွက်လည်း ယနေ့ တရားခွင် စစ်ဆေးမှုအခြေအနေ စစ်ဆေးမှုပေါ်မူတည်၍ အာမခံ ရရှိနိုင်ရေးအတွက် နှုတ်ဖြင့်စာဖြင့် လျှောက်ထားမှုများ လုပ်ဆောင်ထားသွားမည် ဖြစ်ကြောင်း ဦးခင်မောင်ဇော်ကပြောသည်။ Credit-MON

စည်ပင်ဝန်ထမ်းများကို ကားပေးသည့်ကိစ္စ မုဒိတာပွားကြရန် ရန်ကုန်မြို့တော်ဝန်ပြော

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်တွေနဲ့ ဝန်ထမ်းတွေကို ကားပေးတာဟာ လုပ်ငန်းခွင်မှာ အသုံးပြုဖို့ဖြစ်ပြီး မုဒိတာပွားကြပါလို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။ ရန်ကုန်မြို့တော်စည်ပင်က ကျပ်သန်း၂၀၀၀ကျော်သုံးပြီး ရုံးသုံးယာဉ်အစီးရေ ၈၀ ဝယ်ယူမယ့်ကိစ္စနဲ့ ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ပြည်သူတွေအကြားမှာ ဝေဖန်မှုတွေ ထွက်နေခဲ့တာပါ။အခုလို ဝေဖန်မှုတွေ ထွက်ပေါ်နေတာကြောင့် ကားဝယ်မယ်ဆိုတာ ဇိမ်ခံဖို့အတွက်မဟုတ်ဘဲ ဝန်ထမ်းတွေကို လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို အပြည့်အစုံပေးရမှာဖြစ်တယ်လို့ အောက်တိုဘာ ၇ ရက်နေ့ စည်ပင်သတင်းစာရှင်းလင်းပွဲမှာ ရန်ကုန်မြို့တော်ဝန်ကပြောခဲ့တာပါ။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ ဘဏ္ဍာငွေအသုံးဆိုင်ရာ ဥပဒေအရ ရန်ကုန်မြို့တော်စည်ပင်က မော်တော်ယာဉ်မျိုးစုံ အစီးရေ ၈၀ အတွက် ငွေ ကျပ်သန်းပေါင်း၂၀၇၀ ကျော် သုံးစွဲဖို့အတွက် လွှတ်တော်က အတည်ပြုထားပါတယ်။ဒါ့အပြင် ဝန်ထမ်းတွေအတွက် ကားစီးစဉ်ပေးရတာက လုပ်ငန်းခွင် အရေးတကြီးလိုအပ်တဲ့ အချိန်မှာ သွားလာရေးအတွက် အထောက်အကူပြုအောင် လုပ်ဆောင်ပေးတာဖြစ်တယ်လို့လည်း မြို့တော်ဝန်က ဆိုပါတယ်။...

သမီးနဲ့သား ဓာတ်ပုံရိုက်ပေးတာ ခံနေကြတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် တို့ဇနီးမောင်နှံ

အများကချစ်ခင်အားကျရတဲ့မိသားစုဘဝကို ပိုင်ဆိုင်ထားကြတဲ့ အနုပညာရှင်ဇနီးမောင်နှံတွေထဲမှာ သရုပ်ဆောင် အကယ်ဒမီ ပြေတီဦး နဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင် တို့ဇနီးမောင်နှံ ဟာဆိုရင် သရုပ်ဆောင်လောကမှာ ဇနီးမောင်နှံ နှစ်ယောက်လုံးက အောင်မြင်မှုများစွာရရှိထားတဲ့ ပရိသတ်အချစ်တော်စုံတွဲပဲ ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံ မှာဆိုရင် ချစ်စရာကောင်းတဲ့ သမီးလေးနဲ့ သားလေး ကိုပိုင်ဆိုင်ထားပြီး အနုပညာအလုပ်တွေကြိုးစားလုပ်ရင်း အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံက သမီးလေး နဲ့ သားလေးတို့ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်ကလေးတွေကို ချစ်ပရိသတ်တ်ေအတွက် ဖော်ပြပေးလေ့ရှိသလို မိသားစု ကြည်နူးစရာကောင်းတဲ့ video file လေးတွေကိုလည်း မျှဝေပေးလေ့ရှိပါတယ်။ ဒီတစ်ခါမှာတော့ အိန္ဒြာကျော်ဇင်က ” ကိုယ်တွေက ကိုယ့် personal photographer နဲ့ကိုယ်ပဲလေ…??” ဆိုပြီး သမီးနဲ့သား က သူတို့ဇနီးမောင်နှံ နှစ်ဦးကို ဓာတ်ပုံရိုက်ပေးနေတဲ့ ပုံလေးတွေကို ဖော်ပြထားပါတယ်။ ဖေဖေ နဲ့...

ဖြိုးပြည့်စုံနဲ့အတူ အဖမ်းခံရတဲ့ လေးဘာသာဂုဏ်ထူး ရှင် ညီလေး ငြိမ်းချမ်းကို ဆိုတာ

လတ်တလော လူမှုကွန်ရက်အပါအဝင် သတင်းမီဒီယာတွေမှာ ရေပန်းစားသွားတဲ့ အကြောင်းအရာတစ်ခုကတော့ အဆိုတော် ဖြိုးပြည့်စုံ နဲ့ လူငယ်လေးနှစ်ဦးကို မူးယစ်ဆေးဝါးသံသယရှိမှုနဲ့ လူမြင်ကွင်း မြန်မာပလာဇာမှာ လက်ထိပ်ခပ် ဖမ်းဆီးသွားခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မူးယစ်ဆေးပြားလို့ ယူဆရတဲ့ အပြား ၁၁ ပြားကို သိမ်းဆည်းရမိခဲ့ပြီး ဒါဟာ မူးယစ်ဆေး ဟုတ်မဟုတ်ကိုတော့ ဓာတုဗေဒဆေးစစ်ချက်တွေရမှသာ အတည်ပြုနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီအထဲမှာ သရုပ်ဆောင် ဖြိုးပြည့်စုံနဲ့ အတူ အဖမ်းခံလိုက်ရတဲ့ လူငယ်နှစ်ဦးအနက် တစ်ဦးကတော့ ကို ငြိမ်းချမ်းဖြစ်တယ်လို့ သိရပြီးတော့ ၊ သူဟာ လေးဘာသာ ဂုဏ်ထူးရှင် ဖြစ်သလို ၊ ဆေးလိပ်ပင် မသောက်တတ်သူဖြစ်တယ်လို့လည်း နီးစပ်ရာ အသိုင်းအဝိုင်းတွေက ပြောဆိုကြပါတယ်။ အထူးသဖြင့် ဖြိုးပြည့်စုံနဲ့ အတူတွဲသွားလာပြီး သီချင်းရေး ဂီတအလုပ်တွေ လုပ်နေတာကို မနာလိုသူတွေက အခုလိုပဲ တမင်အကွက်ဆင် ချောက်တွန်းခဲ့တာဖြစ်တယ်လို့ ပြောဆိုမှုတွေလည်း...