Monthly Archive: December, 2019

ခရီးသွားတိုင်း ကားမူးတတ်သူတွေအတွက် အဖိုးတန် နည်းလမ်းလေးတွေ

ကားမူးတာက အတော်ကို ခံရခက်တဲ့ ဝေဒနာပါ။ ဘယ်သွားသွား လိုရာခရီး မရောက်မချင်း လှိမ့်နေအောင် ခံနေရတာလည်း အတော်ဆိုးပါတယ်။ တစ်ချို့ဆို ခရီးထွက်ဖို့တောင် ရှောင်လေ့ရှိပါတယ်။ ခရီးကလည်း ထွက်ရင် ကားကလည်း မမူးချင်ဘူးဆိုရင်တော့ လမ်းခရီးမှာ အဆင်ပြေနေစေဖို့ ဒီနည်းလမ်းတွေကို လုပ်လို့ ရပါတယ်။ (၁)ဂျင်း ချင်းက ကားမူးတဲ့ဝေဒနာအတွက်တော့ နည်းမျိုးစုံနဲ့ နာမည်ကြီးပါတယ်။ ချင်းက ကားမူးတဲ့ ဝေဒနာမျိုးကို သက်သာစေတဲ့အတွက် ချင်းကို သေးသေးလေးတွေ စားပေးတာလည်း လုပ်လို့ ရသလို ချင်းလက်ဖက်ရည်အဖြစ် ဘူးလေးထဲ ထည့်ပြီး သောက်လို့လည်း ရပါတယ်။ ဒါ့အပြင် ချင်းကို ပါးပါးလေးလှီးပြီး လက်ကောက်ဝတ်မှာ ကပ်ထားပေးမယ်ဆိုရင် ကားမမူးစေဘူးလို့ပဲ ပြောဆိုကြပါတယ်။ (၂) ဂတ်စ်ပါတဲ့ အချိုရည် ကားမူးတဲ့ အခါ အစာအိမ်လေပွတာကို ဖြစ်စေတာကြောင့် အန်တာတွေ ဖြစ်တာပါ။ ဒါကြောင့် ကားမူးတယ်ဆိုရင် ဂတ်စ်ပါတဲ့...

မိခင်ဖြစ်သူကို ရိုက်နှက်နှိပ်စက်နေသော ပထွေးကို ၁၅ နှစ်အရွယ်သမီးက ဓားဖြင့် ခုတ်သတ်

ရန်ကုန်၊ ဒီဇင်ဘာ ၃၀။              ။ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၊ မြောင်းတကာကျေးရွာတွင် မိခင်ဖြစ်သူအပေါ် ရိုက်နှက်နှိပ်စက်နေသည့် ပထွေးဖြစ်သူကို ၁၅ နှစ်အရွယ် မိန်းကလေးက ဓားဖြင့်ခုတ်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ လူသတ်မှုကျူးလွန်ခဲ့သည့် မိန်းကလေးမှာ ဒီဇင်ဘာ ၂၈ ရက် ညနေပိုင်းက ၎င်း၏ နေအိမ်တွင် ရှိနေချိန် ပထွေးဖြစ်သူ ဖိုးထွေး(ခ)သက်ဆွေနှင့် ၎င်း၏ မိခင်ဖြစ်သူတို့မှာ နေအိမ်ဘေးတွင် လုံးထွေးသတ်ပုတ်နေသောကြောင့် ၎င်းက ဖိုးထွေး(ခ) သက်ဆွေ၏ လည်ပင်းနှင့် ဘယ်လက်တို့အား ထင်းခုတ်ဓားမဖြင့် ခုတ်ခဲ့သည်။ ဓားဖြင့်ခုတ်ခံရသူ ဖိုးထွေး(ခ) သက်ဆွေ (၄၂)နှစ်မှာ ပြတ်ရှဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သောကြောင့် လူသတ်မှုကျူးလွန်ခဲ့သည့် ၁၅ နှစ်အရွယ် မိန်းကလေးကို မှော်ဘီမြို့မ ရဲစခန်းမှ (ပ)၃၁၁၅/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂(လူသတ်မှု)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း...

ပြင်ဦးလွင်မှာ သာသာယာယာ အနားယူနေကြတဲ့ အောင်သူနဲ့ ပိုးအိအိခန့်တို့ မိသားစုလေး

မန်မာ့နိုင်ငံဂုဏ်ဆောင် အားကစားသမားတစ်ဦးဖြစ်တဲ့ ဘောလုံးသမား အောင်သူကတော့ အဆိုတော် မင်းသမီးချောလေး ပိုးအိအိခန့်နဲ့ တစ်ဦးကိုတစ်ဦး ချစ်မိသွားကြတာမို့ သာယာပျော်ရွှင်တဲ့ မိသားစုတစ်ခုကို နားလည်မှုအပြည့်နဲ့ တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ အခုဆိုရင် သားလေးတစ်ဦးကိုပါ ပိုင်ဆိုင်ထားပြီဖြစ်တဲ့ အောင်သူနဲ့ ပိုးအိအိခန့်တို့ ဇနီးမောင်နှံကတော့ အိမ်ရဲ့ဆည်းလည်းလေးကြောင့် အရင်ကထက်ပိုပြီး ပျော်ရွှင်စရာကောင်းနေတာပါ။ လတ်တလောမှာတော့ ပိုးအိအိခန့်က ပြင်ဦးလွင်သို့ ခရီးထွက်နေကြတဲ့ သူမတို့ မိသားစုလေးရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ချစ်ပရိသတ်တွေအတွက် မြင်ရသူတွေကိုပါ အေးချမ်းမှုတွေ ကူးစက်သွားစေနိုင်တဲ့ အောင်သူတို့ မိသားစုလေးရဲ့ခရီးသွားပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ပိုးအိအိခန့်ကတော့ “ပြင်ဦးလွင် အမှတ်တရ 😍😍😍” ဆိုပြီး သူမတို့ မိသားစုလေးရဲ့ကြည်နူးစရာ ခရီးသွားပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ ရိုးသားကြိုးစားပြီး သူမအပေါ် တန်ဖိုးထားတဲ့ ခင်ပွန်းကို ပိုင်ဆိုင်ထားတဲ့ ပိုးအိအိခန့်ကတော့ အမြဲစိတ်အေးချမ်းနေရတာဖြစ်ပြီး၊ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာပါနော်။ မေမေနဲ့...

မိတ်ဆွေဟာ လူမှုဖူလုံရေးကဒ်ရှိလျှင် ၊ ဖူလုံရေးကြေးသွင်းနေရလျှင် အခုစာကိုဖတ်ဖြစ်အောင်ဖတ်ပြီး အခွင့်အရေးကို အပြည့်အဝရယူနိုင်သူတစ်ယောက် ဖြစ်လာစေပါမယ်

မင်္ဂလာပါ စာဖတ်သူတို့ရေ အခုပြောပြချင်တာကတော့ မိတ်ဆွေဟာ အလုပ်သမားဖူလုံရေးကြေးသွင်းနေရသူ အလုပ်သမားကဒ် ကောင်ဆောင်နေသူဆိုရင် စာကို အဆုံးထိ သေခြာလေး ဂရုစိုက်ဖတ်ပေးပါ … အချိန်ပေးဖတ်ရကျိုးနပ်စေမှာ … လူမှုဖူလုံရေးကဒ်ရှိလျှင် ၊ ဖူလုံရေးကြေးသွင်းနေရလျှင် ဒါတွေသိထားပါ မအ ပါနဲ့…လူမှုဖူလုံရေးအာမခံ ဥပဒေကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၁ ရက် နေ့မှာ ပြဌါန်း ခဲ့ပါတယ်…၎င်း ဥပဒေ ဟာ နိုင်ငံတော်သမ္မတမှ အမိန့်ကြေညာစာအမှတ်ဖြင့် လက်မှတ်ရေးထိုး ထုတ်ပြန်သည့်နေ့မှ စ၍ အကျိုးသက်ရောက်ပါတယ် ။ လူမှုဖုလုံရေးရန်ပုံငွေ အတွက် အလုပ်သမားများနှင့် အလုပ်ရှင်က လစာဝင်ငွေအပေါ်မှာ အချိုးကျ တွက်ချက်ထားသည့် ငွေပမာဏ ကို လစဉ် မဖြစ်မနေ ထည့်ဝင်ပေးရပါတယ် ။ အစိုးရအနေဖြင့် လူမှုဖူလုံရေးအာမခံ မထားမနေရ လုပ်ငန်းဌာနများကို သတ်မှတ်အကြောင်းကြားထားပီး အာမခံမထားမနေရ အလုပ်သမားတိုင်းသည် မိမိတို့ ဝင်ငွေမှ...

ဝေဖန်နေကြတဲ့ အဖြစ်အပျက်အပေါ် ရင်ဖွင့်လာတဲ့ အက်စတာ

အက်စတာ ကတော့ သူမကို ဝေဖန်တိုက်ခိုက်လာတဲ့ ပရိသတ်တွေသိအောင် အမှန်တရားတွေကို ထုတ်ဖော်ပြောပြလာပါတယ်။ သူမဟာ ဆင်းရဲတဲ့မိသားစုဝင်တစ်ဦးဖြစ်ပေမယ့် ဝါသနာပါတဲ့ ဂီတအလုပ်ကို အခက်အခဲတွေကြားက ကြိုးစားခဲ့ရတယ်လို့ဆိုပါတယ်။ Myanmar idol(Season-4) Winner ဆုရှင် အက်စတာဒေါ့သ်ချင်းဆုန် ကတော့ သူမနဲ့ ပတ်သက်တဲ့ ကောလာဟလ သတင်းတွေအပေါ် ပြန်လည်ဖြေရှင်း ချက် ထုတ်လာပါတယ်။ သူမဟာ Myanmar idol ပြိုင်ပွဲဝင်တစ်ယောက်မဖြစ်ခင်က Chin Idol ဆိုတဲ့ သီချင်းဆိုပြိုင်ပွဲမှာ winner ဆုရရှိခဲ့တာကြောင့် ပြည်ပမှာနေထိုင်တဲ့ ချင်းလူမျိုးတွေရဲ့အကူအညီကြောင့် နိုင်ငံခြားခရီးကို သွားခဲ့ရတာလို့ ဆိုပါတယ်။ “သမီးက 2017 မှာ Chin Idol မှာ winner ဆုရခဲ့တယ် အဲကနေတစ်ဆင့် winner ရတဲ့သူကို နိုင်ငံခြားမှာနေတဲ့ချင်းအဖွဲ့အစည်းကနေပြီးတော့ တဆင့် Gospel concert လုပ်ဖို့ခေါ်တယ်( သမီးတို့ချင်းလူမျိုးကဆင်းရဲတယ် ရှင့်။ သီချင်းဆိုပြီးတော့...

ဗစ်တိုးရီယားအမည်ထုတ်ဖော်သည့်ရဲအရာရှိများကိုတရားစွဲမှု ဇန်န၀ါရီလ ၂ ရက်၌ လုပ်ငန်းစတင်မည်ဟု ဆို

ဗစ်တိုရီးယားအမည်ကိုထုတ်ဖော်ပြောကြားသည့်ရဲအရာရှိများနှင့် ရဲဇာနည် Page ကိုတရားစွဲရန် ဇန်န၀ါရီလ ၂ ရက်တွင်လုပ်ငန်းစတင်မည်ဖြစ်ကြောင်း စာရေးဆရာထင်လင်းဦးက ပြောသည်။ဒီဇင်ဘာလ ၃၀ ရက်၌ အကုန်သိသတင်းဌာနမှဆက်သွယ်မေးမြန်းရာတွင် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ “ ကိုယ်စားလှယ်လွှဲစာကို ကလေးအဖေကပေးပြီး ဒီဇင်ဘာ ၂၇ ရက်မှာ စာရွက်စာတမ်းနဲ့မှတ်ပုံတင်တယ်။ အဲဒါပြန်ချမှာ ဒီနေ့ပေါ့။ အဲဒီတော့ ဇန်န၀ါရီ ၂ ရက်မှာတရားစွဲဆိုတဲ့လုပ်ငန်းစတင်မယ်။ ကျွန်တော်က ဒီတရားစွဲတဲ့လုပ်ငန်းမှာဥပဒေအကြံပေးကို ကျွန်တော်တစ်ယောက်ထဲသွားတာမဟုတ်ဘူး။ မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေအဖွဲ့ဆိုတာသူတို့ကကူညီမယ်။ အဲဒီအဖွဲ့နဲ့ကျွန်တော်ကတိုင်ပင်မယ်။ အခုက သမီးလေးအဖေကအကူအညီတောင်းတာမဟုတ်ဘူး။အဓိပ္ပါယ်လွဲမယ်။ သမီးလေးဗစ်တိုးရီးယားအမှုမှန် ပေါ်ပေါက်ရေးကော်မတီဆိုတာရှိတယ်။ အဲဒီကော်မတီကနေဆုံးဖြတ်ပြီး ကျွန်တော်တို့က ဘာလုပ်ပေးရမလဲဆိုတာနဲ့ သွားတာဖြစ်တယ်။စွဲရင်ဆက်သွယ်ရေးဥပဒေနဲ့လည်းစွဲမယ်။ ကလေးသူငယ်ဥပဒေနဲ့လည်းစွဲမယ်’’ဟု စာရေးဆရာထင်လင်းဦးက ပြောသည်။ နေပြည်တော်ရှိ wisdom hill ပုဂ္ဂလိကမူကြိုကျောင်းတွင် ၃ နှစ်အရွယ်မိန်းကလေး လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုနှင့်ပတ်သက်ပြီး ကျောင်းမှဒရိုင်ဘာအောင်ကြီးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပုဒ်မ- ၃၇၆ ဖြင့် နေပြည်တော်ရှိဒက္ခိဏခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့သည်။ထို့နောက် တရားရုံးမှ တရားလိုပြသက်သေ ၁၉...

နှစ်သစ်ကိုဖြတ်ကျော်ဖို့ မိမိကိုယ်မိမိ ဘယ်လိုအားဖြည့်ကြမလဲ

နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလဟာ အ နောက်နိုင်ငံတွေမှာဆို ပွဲတော်ရက်တွေများတဲ့ အချိန်ကာလတစ်ခုဖြစ်ပါတယ်။ အခုဆိုရင် ဒီဇင်ဘာရဲ့ နောက်ဆုံးနေ့ရက် လေးတွေကို ရောက်လာပြီဖြစ်သလို လူတွေဟာလည်း ရက်သတ္တပတ်လုံး ခရစ်စမတ်ပွဲတော်ဆင်နွှဲရတာနဲ့၊ ပါတီပွဲဆင်နွှဲရတာနဲ့၊ အားလပ်ရက်တွေအတွက်ပြင်ဆင်ရတာနဲ့ တော်တော်ပန်းနေကြပြီဖြစ်ပါတယ်။ ပွဲတော်ရက်ကာလလည်းပြီးသွားရော လူတွေမှာ ခြေပန်းလက်ပန်းကျကုန်ပြီဖြစ်ရာ နှစ်သစ်လေးကို အင်အားအပြည့်ဖြတ်သန်းနိုင်ဖို့ မိမိကိုယ်မိမိ ပြန်လည်အားဖြည့်တင်းဖို့လိုပါတယ်။ ဒီအတွက် နှစ်သစ်ကို အားသစ်အင်သစ်နဲ့ဆီးကြိုဖြတ်သန်းဖို့ မိမိကိုယ်မိမိဘယ်လိုအားဖြည့်ကြမလဲ။ ၁။ အိပ်ရေး ဝ ဝ အိပ်ပြီး အနားကောင်းကောင်းယူပါ။ တကယ်လို့ သင်ဟာ အိပ်ရေးတွေ ပျက်ခဲ့တဲ့ ညတွေ များနေပြီဆိုရင် ပြန်လည်ဖြည့်တင်းဖို့ အိပ်ရေး ဝ အောင်အိပ်ပြီး အနားကောင်းကောင်းယူဖို့ အချိန်ပေးသင့်ပါတယ်။ ၂။ တစ်ယောက်တည်း  အေးအေးလူလူအပန်းဖြေပါ။ တစ်ယောက်တည်း အေးအေးလူလူနေပြီး အပန်းဖြေမှုကလည်း လူကိုအပန်းပြေ စေနိုင်ပါတယ်။ ဒါဟာ လူတစ်ယောက်အတွက် အေးဆေးတည်ငြိမ်စေပြီး အားအင်ပြည့်စေတဲ့နည်းလမ်းတစ်ရပ်ဖြစ်ပါတယ်။ ၃။ သင့်ကိုယ်သင် အပြင်ထွက်ပြီး အပန်းဖြေဖို့ အချိန်ပေးပါ။ အိမ်အပြင်ထွက်ပြီး ရုပ်ရှင်ကြည့်မလား၊ ကော်ဖီသောက်မလား၊ အကြိုက်ဆုံးစားသောက်ဆိုင် တစ်ခုခု မှာ သွားရောက်စားသောက်မလား၊  ရှိုးပွဲတစ်ခုခုကို သွားရောက်ကြည့်ရှုမလားအစရှိတဲ့ကိုယ်ကြိုက်နှစ်သက်ရာတစ်ခုခုကို ပြုလုပ်ပြီး သင့်ကိုယ်သင် အချိန်ပေးပြီး အနားယူသင့်ပါတယ်။...

အိုင်ဒေါဆုပိုင်ဆိုင်နိုင်ဖို့ နောက်ကြောင်းအမှန်ကို ပိပိရိရိ ဖုံးဖိခဲ့တယ်ဆိုတဲ့ အက်စတာ

ပရိသတ်ကြီးရေ၊ မြန်မာအိုင်ဒေါ ပြိုင်ပွဲကြီးကတော့ ပြီးသွားခဲ့ပေမယ့် မပြီးဆုံးသေးတဲ့ ပြဿနာတွေဆေက်လက်ထွက်ပေါ်နေပါတယ်။ အခုတစ်ခေါက်လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်လာခဲ့တဲ့ အကြောင်းအရာတစ်ခုကတော့ အက်စတာနဲ့ ပတ်သက်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ အခုတစ်ခေါက်မှာ အက်စတာ့ရဲ့ နောက်ကြောင်းတွေကိုဖွင့်ချနေတာပါ ။ အိုင်ဒေါ ကို ငွေလေးတစ်သောင်းတည်းနဲ့ လာပြီးပြိုင်ခဲ့တယ်ဆိုတဲ့ အင်တာဗျူးဖြေဆိုပြီးနောက်ပိုင်းမှာ အက်စတာရဲ့ နောက်ကြောင်းတွေကို SS တွေနဲ့ ဖွင့်ချခဲ့တာပါ ။ အက်စတာဟာ အိမ်ထောင်သည် တစ်ယောက်ဖြစ်တယ်၊ နိုင်ငံတကာ ကို လှည့်ပတ်သွားလာနေပြီး ဈေးကြီးတဲ့ အသုံးအဆောင်တွေကို သုံးစွဲနိုင်သူတစ်ယောက်ဖြစ်တယ် ဆိုတာ ကို SS တွေက သက်သေပြခဲ့တာပါ။ဒါ့ကြောင့် အက်စတာဟာ နောက်ကြောင်းအမှန်ကို ဖုံးကွယ်ပြီး ပရိသတ်မေတ္တာကို လိမ်ယူခဲ့တယ်လို့ ပရိသတ်တွေက သုံးသပ်နေကြတာပါ ။ အခုလို ထွက်ပေါ်လာတဲ့ SS တွေကို အက်စတာ့ ဘက်ကနေ ပြန်လည်ဖြေရှင်းထားခြင်းမရှိပါဘူး ။ ပရိသတ်ကြီးရေ ၊ ပရိသတ်မေတ္တာကို...

လက်ရှိတွင် ယာဉ်အမည်ပေါက်ပြောင်းလဲလျှင် အခွန်သုံးရာခိုင်နှုန်းသာ ပေးရမည်ဖြစ်သော်လည်း ၂၀၂၀ စက်တင်ဘာနောက်ပိုင်း ၁၅ ရာခိုင်နှုန်း အခွန်ပေးဆောင်ရနိုင်ဟုဆို

လက်ရှိတွင် မော်တော်ယာဉ်အမည်ပေါက် ပြောင်းလဲလျှင် ယာဉ်၏တန်ဖိုး သုံးရာခိုင်နှုန်းသာ အခွန်ပေးဆောင်ရမည်ဖြစ်သော်လည်း ၂၀၂ဝခုနှစ် စက်တင်ဘာ နောက်ပိုင်း ၁၅ ရာခိုင်နှုန်း အခွန်ပေးဆောင်ရနိုင်ကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (မြင်သာ) ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်က ဒီဇင်ဘာ၂ရရက်တွင် Daily Eleven သတင်းစာသို့ ပြောကြားသည်။ ယခင်က မော်တော်ယာဉ်ပိုင်ရှင်အမည်ပေါက် ပြောင်းလဲရာတွင် ယာဉ်တန်ဖိုး၏ ၁၅ ရာခိုင်နှုန်းအထိ အခွန်ငွေပေးခဲ့ရသည်။ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှစတင်ကာ ၂၀၂၀ ခုနှစ် စက်တင်ဘာလကုန်အထိ တစ်နှစ်အတွင်း ယာဉ်ပိုင်ရှင်အမည် ပြောင်းလဲလျှင် ယာဉ်၏ တန်ဖိုးသုံးရာခိုင်နှုန်းသာ အခွန်ဆောင်ရမည်ဟု လျော့ပေါ့ခဲ့သည်။အခွန်ငွေ သုံးရာခိုင်နှုန်း လျော့ပေါ့ပေးထားချိန်တွင် ယာဉ်အမည်ပေါက်ပြောင်းလဲကြရန်နှင့်၂၀၂၀ စက်တင်ဘာ ၃၀ ရက် နောက်ပိုင်းတွင် အခွန်သုံးရာခိုင်နှုန်းသာပေးရမည်ဟု သေချာခြင်းမရှိဘဲ ယခင်ကဲ့သို့ အခွန် ၁၅ ရာခိုင်နှုန်း ပြန်လည်ဖြစ်သွားနိုင်ကြောင်း...

ကုတင်ပေါ်ကအကြောင်းတွေပဲ ရေးသားတဲ့သူလို့ လူသိများလာခြင်းကို စိတ်မကောင်းဖြစ်နေတဲ့ လှနုထွန်း

ကုတင်ပေါ်က အကြောင်းတွေပဲ ရေးသားတဲ့သူလို့ လူသိများလာခြင်းကို အရမ်းစိတ်မကောင်း ဖြစ်နေကြောင်း လှနုထွန်းက သူမ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။ လှနုထွန်းဟာ အိမ်ထောင်ရေးနှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များကို အမျိုးသမီးများ အားလုံးသိစေရန်အတွက် ရည်ရွယ်၍ ရေးသားခြင်းဖြစ်ပြီး သူမ ယခုလိုပဲ ရေးသားဖော်ပြထားသည်။သူမ၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် အမျိုးသမီးရေးရာ၊ အိမ်ထောင်ရေးရာစာသားများ ရေးသားမှုပေါ် ဝေဖန်မှုများနှင့်ပတ်သက်ပြီး ယခုကဲ့သို့ပြောခြင်းဖြစ်သည်။ “ အိမ်ထောင်သည်တွေကြုံတွေ့နေရတဲ့အခက်အခဲတွေကိုဘယ်လိုဖြေရှင်းမလဲဆိုတာကို စဉ်းစားကြည့်တဲ့အချိန်မှာ လှနုသိလာရင်းနဲ့ ရေးမိတယ်။ ရေးလာတာကြာလှပြီပေါ့နော်။ ဒါပေမဲ့ ဧပြီလကနေစပြီးတော့မှ လှနုကိုလူအနည်းအကျဉ်းသိလာတယ်။ပြီးမှ ဟိုတလောကစင်္ကာပူက ပြန်လာပြီးတဲ့နောက်မှာတော့ လှနုကိုလူပိုသိလာတယ်။ သိတဲ့အတွက်ကြောင့် ပျော်နေလားဆိုရင် လှနုမပျော်ဘူး။ဘာလို့လဲဆိုရင် လှနုကို ကုတင်ပေါ်ကအကြောင်းတွေပဲရေးတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ လှနုကို သိကြတဲ့အချိန်မှာ စိတ်မကောင်းတော့ဖြစ်တယ်” ဟု လှနုထွန်းက ပြောသည်။Hla Nu Tun အမည်ဖြင့် Facebook Page သုံးစွဲသူ၏ရေးသားချက်များမှာဖတ်ရှုသူများအတွက် အဆိပ်အတောက်ဖြစ်စေသဖြင့်ဟုဆိုကာ Facebook...