Monthly Archive: December, 2019

“ချည်” ကြည့်ပြီးမှ သက်မွန်မြင့်ကို အရင်ကထက်ပိုချစ်သွားတယ်ဆိုတဲ့ ခြူးလေး

ချစ်စရာကောင်းပြီး အမြဲတမ်းပြုံးနေတတ်တဲ့ ခြူးလေးက ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်လာတဲ့ မင်းသမီးတစ်လက်ပါ။ လူလေးလှသလို ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့ ခြူးလေးကို ပရိသတ်တွေက မချစ်ပဲနဲ့ မနေနိုင်ပါဘူး။ ခြူးလေးက လက်ရှိမှာလည်း ပရိသတ်တွေအတွက် အသစ်အသစ်သော အနုပညာတွေကို ချပြဖို့ ကြိုးစားနေသူလေး ဖြစ်ပါတယ်။ ခြူးလေးက သူမကိုယ်တိုင်လည်း အနုပညာလုပ်ငန်းတွေလုပ်ကိုင်နေသလို သူမထက် ဝါရင့်၊ သမ္ဘာရင့် စီနီယာ အနုပညာရှင်တွေကိုလည်း လေးစားသူတစ်ယောက် ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ခြူးလေးက “ချည်” ရုပ်ရှင်ဇာတ်ကားကြီးကြည့်ပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ ခံစားချက်ကို အခုလိုပဲ ပြောပြထားပါတယ်။ ““ ယုံကြည်မှု ဆိုတာ မထိုက်တန်တဲ့သူကို ပေးမိရင် ဖောက်ပြန်မှု အဖြစ်ပြောင်းလဲ သွားတယ် “ လို့ “ မူရာ” လေးက ပြောပြတယ်။ ခုထိမျက်လုံးတွေ ရောင်နေတုန်းဘဲ ….. “ ချစ်သက် “ ကို...

သီးနှံဖျက်မိုးဒဏ် ခံရမည့်ဒေသများ နှင့် သာမာန်ထက်ပိုအေးလာမည့်ဒေသများကို ဖော်ပြပေးလိုက်ပါတယ်

မင်္ဂလာပါ ခင်ဗျာ … သီးနှံဖျက်မိုးနှင့် သာမာန်ထက် ပိုအေးနိုင်သော ဒေသတို့ကို မိုးလေဝသပညာရှင် SU SU SAN သတိပေးဖော်ပြတာကို ထပ်ဆင့်မျှဝေပေးလိုက်ပါတယ်နော် သာမာန်ထက်ပိုအေးလာမည့်မြို့များ – မနက်ဖြန် ၃၀ရက်နေ့နံနက် ကလေး ခန်းပတ် တမူး ဖောင်းပြင် မင်းကင်း အအေးအနည်းငယ် ပိုလာမယ်နော်… (တင်ခဲ့သည့်အချိန် – 29/12/2019 at 11:42pm (MMT) SU SU SAN)… ကချင်ပြည်နယ်မြောက်ပိုင်းတွင် ၂၀၂၀ ဇန်နဝါရီလ ၄ရက်နေ့အထိ အအေးပိုနေမည်ဖြစ်ပြီး နောင်မွန်းမြို့သည် အနုတ် -10°C အထိ အေးစေနိုင်ပါတယ်…( တင်ခဲ့သည့်အချိန် – 30/12/2019 at 12:40am (MMT) SU SU SAN )… ရေတွေခဲမယ် – ပန်ဝါ ခေါင်လန်ဖူး ပန်နန်းဒင်ဒေသများ ဆီးနှင်းများသိပ်သည်းစွာကျရောက်ပြီး သုံည...

စွမ်းသဘင် ဘာကြောင့် ဖျက်သိမ်းရတယ်ဆိုတာကို ပြောပြလာတဲ့ လူရွှင်တော် ကောင်းကျော်

ပရိသတ်ကြီးရေ ဇာတ်မင်းသာတွေထဲက ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်တဲ့ စွမ်းဇာနည်ကတော့ စွမ်းဇာတ်သဘင်ကို ဖျက်သိမ်းလိုက်ပြီလို့သိရပါတယ်နော်။ ဇာတ်သဘင်ပျက်ခဲ့ရတဲ့အပေါ် လူရွှင်တော်ကောင်းကျော်ကလည်း သူ့ရဲ့အမြင်ထင်မြင်ချက်တွေကို မီဒီယာကတစ်ဆင့်ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။ လူရွှင်တော် ကောင်းကျော်ကတော့ စွမ်းတစ်ယောက် အခုလိုတွေဖြစ်နေတာ သွေးရိုးသားရိုးမဟုတ်ဘဲ မမြင်အပ်တဲ့ အနှောင့်အယှက် ပယောဂတွေ ကြောင့် ဖြစ်မယ်လို့ ပြောပြခဲ့ပါတယ်။ စွမ်းဟာ လက်ရှိဇာတ်သဘင်မင်းသားတွေထဲမှာ ရုပ်ရည်အသံ ပါရမီတွေအနေနဲ့ ရှားမှရှား မင်းသားတစ်ယောက်ဖြစ်တာကြောင့် ဇာတ်သဘင်ပျက်သွားတဲ့ အပေါ် သဘင်အဖွဲ့ကိုရော လူကိုရော နှမျှောမိတယ်လို့ ဖြေကြားခဲ့ပါတယ်။ ဒီနေရာအခြေအနေရောက်တဲ့ထိ ကြိုးစားလာရတဲ့စွမ်းအနေနဲ့ မှီခိုနေရတဲ့ ဇာတ်သဘင်တစ်ခုလုံး ဒုက္ခရောက်တဲ့အပေါ် စိတ်မကောင်းဖြစ်မိတဲ့အပြင် တွေ့တဲ့အခါတိုင်းလည်း ဆုံးမဖြစ်တယ်လို့သိရပါတယ်။ ဆုံးရှုံးမှုအများဆုံးကတော့ စွမ်းဖြစ်ပြီး မကြာခင်မှာ စွမ်းတစ်ယောက် ပြန်လည်နိုးထလာမယ်လို့ သုံးသပ်မိလာတာကြောင့် စွမ်းတစ်ယောက် အမြန်ဆုံး ကျန်းမာရေး ကောင်းလာပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။ ပရိသတ်ကြီးလည်း စွမ်းကျန်းမာရေးအတွက် ဆုတောင်းပေးခဲ့ကြပါဦးနော်။ Source-San Kyi Par

နို့ဆီနဲ့သကြားခိုးစားတယ်ဆိုပြီး (၄) နှစ်ကျော်ကလေးငယ်ကို ဖခင်နဲ့မိထွေးက ညှင်းပန်းနှိပ်စက်

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၈ ရက်နေ့က အသက် (၄) နှစ်ကျော်အရွယ်ကလေးငယ်ကို တစ်ဦးတည်း အိမ်မှာထားခဲ့ပြီးဖခင်အရင်းနဲ့ မိထွေးဖြစ်သူက ကော့်စေ့သွားခြစ်ပြီးပြန်လာရာမှာ ကလေးက နို့ဆီနဲ့သကြားကို ခိုးစားခဲ့တာကို တွေ့ရတာကြောင့် ကလေးကို ရိုက်နှက်ခဲ့တာဖြစ်ပါတယ်။ ဖခင်နဲ့ မိထွေးဖြစ်သူမှာ ကလေးငယ်ကို လက်နှစ်လုံးခန့်ရှိတဲ့ သစ်သားနဲ့ ခန္ဓာကိုယ်အနှံရိုက်ပြီး လက်သီးနဲ့ ပါးကိုထိုးကာ ၁၀ ပေ အမြင့်ကနေ ရေထဲကို ပစ်ချတာတွေ ပြုလုပ်ခဲ့တယ်လို့ ရွှေကျင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းက Duwun ကိုပြောပါတယ်။ “ကလေးလေးကို အမျိုးမျိုးနှိပ်စက်တာ၊ နံရုံးတွေ၊ ကျောကုန်းတွေ၊ မျက်နှာတွေ ဖူးရောင်ဖောင်းနေတာပဲ။ သူတို့နှိပ်စက်တာကို ဘေးပတ်ဝန်းကျင်က အဘိုးတစ်ယောက် တွေ့ပြီး ကလေးလေးကို ခေါ်သွားတော့မှသက်သာသွားတာ။ “ လို့ ဒေါ်လှလှဝင်းက Duwun ကိုပြောပါတယ်။ကလေးကို နှိပ်စက်တဲ့ ဖခင်အရင်းနဲ့ မိခင်ဖြစ်သူမှာ အသက် (၂၅) နှစ်အရွယ်ခန့်ရှိပြီး သူတို့နှစ်ဦးကို...

ပြည့်ဖြိုးတေဇရဲ့ မင်္ဂလာပွဲကို အတူတူတက်ရောက်ခဲ့ကြတဲ့ Ah Boy နဲ့ မြတ်ရတနာကျော်တို့ ဇနီးမောင်နှံ

လူငယ်ကြိုက်အဆိုတော် Ah Boy က လက်ရှိမှာတော့ ဇနီးချောလေးနဲ့ ချစ်စရာကောင်းတဲ့ သမီးလေးသုံးယောက်ကို ပိုင်ဆိုင်ထားပြီး သာယာလှပတဲ့ နေ့ရက်လေးတွေကို ကုန်ဆုံးနေတာပါ။ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်ရင်း ဇနီးဖြစ်သူ မြတ်ရတနာကျော်နဲ့ အတူတူ စိတ်ဝင်စားဖွယ် ဗီဒီယို Vlog လေးတွေကို မျှဝေတတ်သူတစ်ဦးလဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး ပွင့်လင်းလွန်းတဲ့ Ah Boy တို့ ဇနီးမောင်နှံကို ပရိသတ်တွေကလည်း ချစ်ခင်အားပေးကြပါတယ်။ နေနဲ့လ၊ ရွှေနဲ့မြလို လိုက်ဖက်ညီလွန်းတဲ့ Ah Boy နဲ့ မြတ်ရတနာကျော်တို့ ဇနီးမောင်နှံက မနေ့က ဒီဇင်ဘာလ (၂၈) ရက်နေ့မှာတော့ ပြည့်ဖြိုးတေဇရဲ့ မင်္ဂလာလက်မှတ်ထိုးပွဲ အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။ Ah Boy နဲ့ မြတ်ရတနာကျော်တို့ ဇနီးမောင်နှံက မိုးပြာရောင်လေးတွေကို ဆင်တူဝတ်လာကြပြီး အရမ်းကို ကြည့်ကောင်းနေကြတာကို တွေ့ရပါတယ်။ ပရိသတ်တွေအတွက် Ah boy...

အခွန်တိမ်းရှောင်ခြင်းများကို သတင်းပေးပါက ရှောင်တခင်ဝင်ရောက် စစ်ဆေးအရေးယူမည်

အခွန်တိမ်းရှောင်ခြင်းများကို သတင်းပေးပါက ရှောင်တခင်ဝင်ရောက် စစ်ဆေးကာ အရေးယူမည်ဖြစ်ကြောင်း အခွန်ထမ်းကြီး များဆိုင်ရာ အခွန်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မင်းမင်းမှူးက ပြောသည်။ပြည်ထောင်စုစာရင်းစစ်ချုပ် သင်တန်းကျောင်းခန်းမတွင် ဒီဇင်ဘာ၂၉ ရက်က ကျင်းပသည့် “ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေ” ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်မင်းမင်းမှူးက ပြော ကြားခဲ့ခြင်းဖြစ်သည်။ “ ပြည်ပကနေ အခွန်ရှောင်တိမ်းလာတဲ့ ပစ္စည်းတွေကို ဖမ်းနေတာတော့ အကောက်ခွန်ဦးစီးဌာနကပေါ့။ အခုလောလောဆယ် တော့ အကောက်ခွန် ဦးစီးဌာနက ဖမ်းဆီးတဲ့အဖွဲ့လည်း ရှိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ပြည်တွင်းအခွန်များ ဦးစီးဌာနမှာလည်း ခုန ပြောသလို သတင်းပေးရှိလို့ရှိရင် ကျွန်မတို့ ရုံးချုပ်ကနေ အဖွဲ့ဖွဲ့ပြီးတော့ သွားရောက်စစ်ဆေးခြင်းများ လုပ်ပါတယ်။ အခုဒီနှစ် အ တွင်းမှာ တော်တော်များများ လုပ်ပါတယ်။ နောက်ပိုင်းဆိုရင်လည်း ယူနစ်တစ်ခုတည်ထောင်ပြီးတော့ကို အဲဒီလိုကိစ္စရပ်တွေ ဆောင်ရွက်ဖို့ရှိပါတယ်”ဟု ၄င်းက ပြောသည်။ ပြည်တွင်းအခွန်များ...

ဘန်ကောက်၌ မြန်မာအပါအဝင် ယောက်ကျား ပြည့်တန်ဆာ ၃၅ ဦးအား ထိုင်းရဲများက ဧည်သည့်အသွင်ဆောင်ကာ ဖမ်းဆီး

ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ ယောက်ကျား အနှိပ်ခန်းဟာ ဘန်ကောက်မြို့လည် စွိုင်အာရီ ၄ လမ်း မှာ ဖွင့်လစ်ထားတဲ့ နာမည်ကြီး Vip ကလပ် THE PRINCE အနှိပ်ခန်းဖြစ်ပါတယ်။ရဲတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းတဲ့အချိန်မှာ အမျိုးသား တွေဟာဟာ အပေါ်ပိုင်းဗလာနဲ့ ဧည့်သည်တွေကို စောင့်နေကြတာကိုတွေ့ရပါတယ်။ ဖမ်းဆီးလိုက်တဲ့ အမျိုးသား ၃၅ ဦးမှာတရားမဝင် နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသား(၄) ဦးပါဝင်ပြီး ထိုင်း၂၄ ဦးနဲ့ လာအို အမျိုးသားတွေ ဗီယက်နမ်နိုင်ငံသား မော်ဒယ်သရုပ်ဆောင် တစ်ဦးပါ ပါဝင်နေတာတွေ့ရပါတယ်။ နိုင်ငံခြားသားအမျိုးသား ပြည့်တန်ဆာတွေဟာ တရားဝင် ဗီဇာနဲ့ လာရောက်ပြီး လာရောက်လုပ်ကိုင်နေကြတာ စစ်ဆေးတွေ့ရှိရပေမယ် ပြည်တန်ဆာ အဖြစ် လုပ်ကိုင်ဖို့ ထိုင်းနိုင်ငံ မှာတရားဝင်ခွင့်ပြုထား တာမရှိဘူးလို့ တရာဒဥပဒေကြောင်းအရ အရေးယူသွားမှာဖြစ်ကြောင်း လဝက အကြီးကဲ ဒုရဲချုပ် စွန်ဖုန်း ချင်ဒူဝမ် က သတင်းစာရှင်းပွဲမှာ...

ကျိုက်ထီးရိုးဘုရားပေါ်က ဘုရားဖူးပြည်သူများရဲ့ဒုက္ခ…အလှုငွေတွေ ဘယ်နေရာမှာသုံးနေသလဲမသိ

ကျနော်တို့မြန်မာနိုင်ငံအတွင်းရှိ တန်ခိုးကြီးဘုရားများနှင့် အလှူငွေစံချိန်တင်ရရှိသည့်အထဲတွင် ဘုရားဆံတော်ကိန်းဝပ်သည့် ကျိုက်ထီးရိုးဆံတော်ရှင်လည်း အပါအဝင်ဖြစ်ပါတယ် အားလုံးသိကြတဲ့အတိုင်း ကျိုက်ထီးရိုးဆံတော်ရှင်ဘုရားအား မြန်မာပြည်အနယ်နယ်အရပ်ရပ်မှတင်မဟုတ်ပဲ ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံခြားသားဘုရားဖူးဧည့်သည်များပါ လာရောက်ဖူးမျှော်နေကြတာပါ…ဘုရားဆံတော်ကိန်းဝပ်တော်မူသော ကျိုက်ထီးရိုးစေတီသည် နှစ်စဉ်အလှူငွေစံချိန်တင်ရရှိပါသော်လည်း ဘုရားဖူးပြည်သူများ၏ ညအိပ်တည်းခိုနေထိုင်မှုအတွက် အခမဲ့တည်းခိုဆောင်များသည်အလွန်နည်းပါပြီး လုံလောက်စွာဆောက်လုပ်ပေးခြင်းမရှိပါသဖြင့် အေးစိမ့်သောဆောင်းရာသီများတွင် လေဒဏ် ၊ နှင်းဒဏ်၊ အအေးဒဏ်ခံကာ ဘုရားဖူးနိုင်ရေးအတွက် ရင်ပြင်တော်သံမံသလင်းပေါ်တွင်ဖျာ/စောင် များငှားရမ်းအိပ်စက်ဖူးမျှော်ရပါပြီး….၎င်းကဲ့သို့ အိပ်စက်အနားယူဖူးမျှော်နေရခြင်းကြောင့် ရင်ပြင်တော်ညစ်ညမ်းမှုများခြင်း၊တုံးလုံးပက်လက်အိပ်စက်အနားယူခြင်းကြောင့် နိုင်ငံခြားသားများနှင့်အများအမြင်တင့်တယ်မှုမရှိခြင်း…..ဘုရားဖူးပြည်သူများနှင့်တရားအားထုပ်သူများ စိတ်အနှောက်အရှက်ဖြစ်ခြင်းများ တွေ့နေရခြင်း၊ ငွေကြေးပြည်စုံသူများအနေဖြင့် အခန်းခလေးငါးသောင်းကျပ်ပေးငှားနေနိုင်သော်လည်း ဘုရားဖူး ၁၀၀% တွင် ၈၀% ခန့်မှာအခမဲ့တည်းခိုဆောင်နှင့်ရင်ပြင်တော်ပေါ်အိပ်စက်အနားယူနေရပါသည်။မြန်မာနိုင်ငံအတွင်းရှိ တန်ခိုးကြီးဘုရားများထဲတွင် ကျိုက်ထီးရိုးဘုရားသည် ဘုရားဖူးပြည်သူများ ငွေကြေးအကုန်အကျအများဆုံးနေရာ တစ်ခု ဖြစ်ပါတယ် …ရင်ပြင်တော်ပေါ်တွင် အပေါ့အလေး မျက်နှာသစ်ရေနှင့် အစားအသောက် လူသုံးကုန်ပစ္စည်းများသည် ယခင်တောင်တက် ကားလမ်းမပေါက်ခင်မှ ဈေးနှုန်းများနီးပါးခန့်သာ ယခုအချိန်အထိတည်ရှိနေပြီး….ဘုရားဖူးပြည်သူတို့၏ ငွေအဿပြာများကို လုပ်ငန်းရှင်များမှချုပ်ကိုင်ထားသလိုဖြစ်နေပြီး ရင်ပြင်တော်နေရာတိုင်းနှင့်အခြားနေရာများကို လုပ်ငန်းရှင်များမှကြီးစိုထားသဖြင့် အခမဲ့တည်ခိုဆောင်သည်ပျောက်ကွယ်သွားခဲလေသည်။ ငွေကြေးမပြည့်စုံသော ဘုရားဖူးပြည်သူတချို့မှာ...

ဗုဒ္ဓဘုရားရဲ့သတိပဌာန် တရားတော်ကို အင်္ဂလန်နိုင်ငံက ပညာရေးမှာ တရားဝင် ပြဌာန်းလိုက်တဲ့ သတင်း

ကလေးငယ်တွေဆိုတာ လူကြီးတွေရဲ့ အနာဂါတ်တွေပါပဲ။ အနာဂါတ်တွေလှပဖို့ အတွက် လူကြီးတွေက ပြင်ဆင်ပေးကြရပါတယ်။ ဒီလိုပြင်ဆင်လမ်းပြတဲ့အခါ စာသင်ကျောင်းတွေကနေ ပိုပြီး အရေးကြီးပါတယ်။ ကမ္ဘာ့ နိုင်ငံ အသီးသီးကလည်း ဒီလို ပညာရေးကို အဓိကထားပြီး လုပ်ဆောင်လာကြပါတယ်။ ပညာရေးမှာ ထိပ်တန်းဖြစ်တဲ့ အင်္ဂလန်လည်းပါဝင်ပါတယ်။ ပညာရေးမှာ ကလေးတွေကို အလေးထားပြီး စာသင်ကြားတဲ့ အင်္ဂလန်နိုင်ငံဟာ ကလေးတွေရဲ့ စိတ်နေ စိတ်ထားကို ထိန်းကျောင်းသင်ကြားနိုင်ဖို့ ဗုဒ္ဓဘုရားရဲ့သတိပဌာန် တရားတော်ကို သင်ကြားမယ်လို့ သိရပါတယ်။ ကလေးငယ်တွေရဲ့ စိတ်နေစိတ်ထားကို ထိန်းကျောင်းနိုင်ဖို့ အတွက် ဒီနည်းလမ်းကို ရှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ဒီတရားရှုမှတ်ခြင်းက ကလေးတွေရဲ့ စိတ်ကို အားကောင်းစေတာကြောင့် သင်ရိုးညွှန်းတမ်းမှာ သတိပဋ္ဌာန်ကျင့်စဉ်ကို ထည့်သွင်းခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံရဲ့ စာသင်ကျောင်း ၃၇၀ ကျော်မှာ တရားရှုမှတ်မှုကို အလယ်တန်းကျောင်းသားတွေ ပိုမိုသင်ကြားပေးမှာဖြစ်ပါတယ်။ ဒီအစီအစဉ်ကိုတော့ အင်္ဂလန်နိုင်ငံဟာ ၂၀၂၁ ခုနှစ်အထိ ပြုလုပ်မှာလို့လည်း...

သိန်း ၈၀၀ ကျော်တန်တဲ့ ရွှေတွေဝတ်ဆင်ပြီးပွဲတက်ခဲ့တဲ့ ဖြူဖြူကျော်သိန်း

မြန်မာအိုင်ဒေါလ်ဒိုင်တစ်ဦးဖြစ်တဲ့ ဖြူဖြူကျော်သိန်းတစ်ယောက်ကတော့ မနေ့က မြန်မာအိုင်ဒေါလ် Season 4 ရဲ့ Grand Final မှာ ရွှေငါးဆယ်သားကျော်ဝတ်ပြီး ပွဲတက်ခဲ့တယ်လို့ သိရပါတယ်။ ဖြူဖြူကျော်သိန်း ဝတ်ဆင်ခဲ့တဲ့ ရွှေခေါင်းဆောင်း၊ လည်ဆွဲ၊ ခါးပတ်၊ လက်ကောက်၊ နားကပ် အစရှိတဲ့ ထူးထူးခြားခြား ရွှေလက်ရာတွေကိုတော့ ဝိန့်စိန်ရွှေဆိုင်က ပံ့ပိုးပေးခဲ့တာဖြစ်ပြီး ရွှေအားလုံးရဲ့ တန်ဖိုးဟာဆိုရင်တော့ ငွေကျပ်သိန်း ၈၀၀ ကျော်တန်ဖိုးရှိခဲ့တာဖြစ်ပါတယ်။ အဆိုတော်ဖြူဖြူကျော်သိန်းဟာဆိုရင် မြန်မာအိုင်ဒေါလ်ပြိုင်ပွဲတလျှောက် ဒီဇိုင်နာတွေရဲ့ ဒီဇိုင်းမျိုးစုံကို ဝတ်ဆင်ပြသခဲ့တဲ့သူတစ်ဦးဖြစ်လို့ သူမဘာတွေဝတ်လာဦးမလဲဆိုတာ အားလုံးက စိတ်ဝင်စားခဲ့ကြတာပါ။ ဖြူဖြူကျော်သိန်းကို ချစ်တဲ့ပရိသတ်တွေက သူမကိုနာမည်ပြောင် ပေါင်းစုံပေးထားကြပြီး ဖြူဖြူကလည်း အဆိုပါ နာမည်လေးတွေကို ချစ်ခင်နှစ်သက်တတ်သူဖြစ်ပါတယ်။ အခုလည်း သူမအနေနဲ့ ရတနာတွေနဲ့ အကျိုးပေးနေလို့ ရတနာကျော်သိန်းလို့ နာမည်ပြောင်းတော့မယ်လို့ ဟာသနှောပြီးပြောထားတာ တွေ့ရပါတယ်။ Cele Star