Monthly Archive: December, 2019

71 နှစ်အရွယ်ဇနီးကို သူများလုသွားမှာစိုးလို့ အိမ်တွင်းပုန်းခိုင်းတဲ့ 16 နှစ်အရွယ်ခင်ပွန်း

အင်ဒိုနီးရှားနိုင်ငံ၊ တောင်ဆူမားတြားပြည်နယ်မှာ၊ ဖြစ်ပေါ်ခဲ့တဲ့ အသက်16 နှစ်အရွယ် သတို့သားနဲ့ 71 နှစ်အရွယ် သတို့သမီးတို့ရဲ့ မင်္ဂလာပွဲဟာ လူမှုကွန်ယက်မှာ ပလူပျံခဲ့ပါတယ်။ အသက် 16 နှစ်အရွယ် Selamat Riayadi နဲ့ သူရဲ့ ဇနီး Rohaya တို့ဟာ အချင်းချင်း ချစ်ကျွမ်းဝင်ပြီးနောက် ဆွေမျိုးသားချင်းတွေက သဘောမတူကြပါဘူး။ အဓိကကတော့ Selamat နဲ့ Rohaya တို့ ရဲ့ အသက်ကွာခြားမှုကြောင့် ဆွေမျိုးတွေက သဘောမကျ ကြတာပါ။ါးပေမယ့် နှစ်ဦးစလုံးက သူတို့ချစ်ခြင်းကို အရှင်အတိုင်းတော့ ခွဲလို့မရဘူး၊ အသေအတိုင်းသာ ခွဲလို့ရမယ်လို့ ခြိမ်းခြောက်ခဲ့ကြလို့ နောက်ဆုံး ဆွေမျိုးတွေက မင်္ဂလာပွဲ စီစဉ်ပေးခဲ့ပါတယ်။ဒီမှာတင် သူတို့သတင်းက လူစိတ်ဝင်စားမှု ရပ်တန့်သွားတယ်လို့ ထင်စရာ ရှိပါတယ်။ ဒါပေမယ့် ဇာတ်လမ်းက မပြီးသေးပါဘူး။ အကြင်လင်မယားနှစ်ယောက်ဟာ ညားပြီးကတည်းက အိမ်ထဲက...

လက်သည်းခြေသည်းတွေကပြောတဲ့ သင့်ကျန်းမာရေး

လက်သည်းခြေသည်းတွေဟာ ကျွန်တော်တို့ရဲ့လက်ထိပ်ခြေထိပ်လေးတွေကို ထိခိုက်ဒဏ်ရာမရအောင်ကာကွယ်ပေးရုံသာမက ခန္ဓာကိုယ်တွင်းမှာဘာတွေဖြစ်နေလဲဆိုတာကိုလည်း သူတို့ရဲ့အရောင်၊ ပုံသဏ္ဍာန်၊အနေအထားစတဲ့အချက်တွေကိုကြည့်ခြင်းဖြင့် တစိတ်တပိုင်းသိနိုင်တယ်လို့ သုတေသနပညာရှင်များက ပြောထားပါတယ်။ လက်သည်းခြေသည်းတွေရဲ့ပုံမှန်အရောင်ကတော့ နီမြန်းတဲ့အရောင်ဖြစ်ပါတယ်။ လက်သည်းခြေသည်းတွေရဲ့အရောင်၊ပုံသဏ္ဍာန်၊အနေအထားတွေကိုကြည့်ပြီး ခန္ဓာကိုယ်တိုင်းမှာဖြစ်နေနိုင်တဲ့အခြေအနေတွေကို သုတေသနပညာရှင်များက အောက်ပါအတိုင်းပြောထားပါတယ်။ လက်သည်းခြေသည်းအရောင်က ဖျော့နေတယ်ဆိုရင် သွေးအားနည်းနေတာ၊ အာဟာရဓါတ်မပြည့်ဝတာ၊ အသည်းမှာရောဂါရှိနေတာ၊ နှလုံးကောင်းကောင်းအလုပ်မလုပ်နိုင်တာစသဖြင့် ဖြစ်နေနိုင်ပါတယ်။ လက်သည်းခြေသည်းအရောင်က ဖြူနေတယ်ဆိုရင် အသည်းရောင်နေတာ၊ခန္ဓာကိုယ်ထဲမှာအဆိပ်အတောက်ဓါတ်တွေများနေတာ တွေဖြစ်နေနိုင်ပါတယ်။ လက်သည်းခြေသည်းအရောင်က ပြာနေတယ်ဆိုရင် ကိုယ်ခန္ဓာမှာအောက်စီဂျင်နည်းနေတာဖြစ်နိုင်ပြီး နှလုံးရောဂါ၊နမိုးနီးယား (အဆုတ်ရောင်) ရောဂါတွေနဲ့လည်းဆက်စပ်မှုရှိနေနိုင်ပါတယ်။ လက်သည်းခြေသည်းအရောင်က ဝါနေတယ်ဆိုရင် လက်သည်းခြေသည်းမှိုစွဲတာ၊ သိုင်းရွက်ဟော်မုန်းရောဂါရှိတာ၊ အဆုတ်ရောဂါရှိတာ၊ ဆီးချိုရောဂါ၊ ဆိုရီရေးစစ်အရေပြားရောဂါရှိတာတွေဖြစ်နေနိုင်ပါတယ်။ လက်သည်းဝါတာအပြင် လက်သည်းခြေသည်းတွေကွဲအက်နေတာ၊ ကျိုးပဲ့လွယ်တာတွေရှိနေတယ်ဆိုရင် မှိုပိုးစွဲတာ၊ သိုင်းရွက်ဟော်မုန်းရောဂါရှိတာတွေဖြစ်နိုင်ဖို့ပိုများပါတယ်။ လက်သည်းခြေသည်းတွေရဲ့မျက်နှာပြင်ပေါ်မှာချိုင့်ခွက်လေးတွေအပေါက်လေးတွေဖြစ်တာ သို့မဟုတ် လှိုင်းထနေတာဆိုရင် အဆစ်ရောင်ရောဂါရှိတာ၊ ဆိုရီးရေးဆစ်အရေပြားရောဂါရှိတာတွေဖြစ်နိုင်ပါတယ်။ လက်သည်းခြေသည်းဘေးနားတဝိုက်က အရေပြားနေရာတွေဖောင်းကားရောင်ရမ်းနေတယ်ဆိုရင် တွယ်ဆက်တစ်သျှူးရောဂါ (Connective tissue disorder)၊ အရေပြားလေးဖက်နာဖြစ်တာ(SLE) တွေဖြစ်နေနိုင်ပါတယ်။ လက်သည်းခြေသည်းအောက်မှာ အနက်စင်းလေးတွေပေါ်လာတယ်ဆိုရင် လက်သည်းခြေသည်း...

စားစရာမရှိလို့အမှိုက်ပုံးထဲက စွန့်ပစ်အကြွင်းအကျန်တွေကို စားနေတဲ့အဖိုးရဲ့အဖြစ်

မင်္ဂလာပါခင်ဗျာ…တောင်းစားရမှာရှက်လို့ အမှိုက်ပုံကစားကြွင်းစားကျန်တွေ တိတ်တိတ်လေး စားနေသော အဖိုးတစ်ယောက်အကြောင်း ပြောပြချင်ပါတယ် အဖိုးဟာ အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့ဂျာဗားစီရင်စု၊ Pasar Besar မှဖြစ်ပါတယ် ။ အဖိုးဟာ သူများတွေဆီကနေ တောင်းစားရမှာ ရှက်လို့ထင်ပါရဲ့၊ လူသူကင်းတဲ့ အမှိုက်ပုံးရှိရာကို တိတ်တိတ်ကလေးသွားပြီး၊ ရသမျှလေးတွေ ခြစ်ခြုပ်စားသောက်နေရှာပါတယ်။ဒီအဖြစ်ကို လမ်းသွားလမ်းလာတစ်ဦးက မှတ်တမ်းတင်နိုင်ခဲ့ပြီး၊ Ipoh 怡保 အမည်ရ Facebook Page ဆီကို ပေးပို့ခဲ့ပါတယ်။ ၎င်း တင်လိုက်ချင်းမှာပင် ပြန်လည်မျှဝေသူ ပြန်လည်မျှဝေသူ (၁၁၀၀)အထိ ရှိခဲ့ပြီး၊ မှတ်ချက်ရေးသူကတော့ (၄၂၁)ယောက် ရှိခဲ့ပါတယ်…Ipoh 怡保 Page မှာ ဒီအကြောင်းနဲ့ပတ်သက်ပြီး ” ဒီအဖိုးရဲ့အခြေအနေက တကယ့်ကို ရင်နာဖို့ ကောင်းပါတယ် … ကျေးဇူးပြုပြီးတော့ သူ့ကို ကူညီပေးကြပါ … သူဟာ Ipoh UTC အနီးမှာ ရှိပါတယ် … သူဟာ...

ကမ္ဘာ့အတော်ဆုံး သိပ္ပံပညာရှင် ၁၀၀ ထဲပါတဲ့ မြန်မာလူမျိုး နာနိုသိပ္ဖံပညာရှင် ပရော်ဖက်ဆာ ဒေါက်တာစောဝေလှ အကြောင်း တစေ့တစောင်း

တစ်နေ့နေ့ တစ်ချိန်ချိန်ကျ ဘ၀မှာ နိုင်ငံတကာက သိတဲ့ ဂစ်တာသမားတစ်ယောက် ဖြစ်ရမယ်”၁၉၈၂ ခုနှစ် စိန်သြဂတ်စတင်းကျောင်းသား၊ လီယိုဟေမာန် တီးဝိုင်းရဲ့ (၁၆)နှစ်သား ဘေ့စ်ဂစ်တာသမားလေး စောဝေလှ ရဲ့ တစ်ချိန်က ရည်မှန်းချက်။ စောဝေလှ အဖေက မဆလအစိုးရလက်ထက် စက်မှု(၂) ၀န်ကြီးဌာနမှာ ဒုဝန်ကြီးတာဝန်ယူခဲ့ဖူးသည်။ မိခင်ဖြစ်သူ ကျောင်းဆရာမ ။ စစ်တွေဇာတိ မိဘနှစ်ပါးကနေ မွေးလာတဲ့ ရန်ကုန်သား ရခိုင်လူမျိုးလေး စောဝေလှ ရဲ့ ဂစ်တာသမားဘ၀က အောင်မြင်ခဲ့သည်။ အချိန်တိုအတွင်း မာလာဆောင်ရှေ့အုတ်ခုံမှသည် မြန်မာ့အသံတွင် သီချင်းသုံးပုဒ် လွှင့်ခွင့်ရခဲ့သည်။ သင်္ကြန်စင်မြင့်များ ထက်တွင် လီယို နှင့်အတူ ဘေ့စ်သမားဘ၀ကို အောင်မြင်စွာ ကျော်ဖြတ်နေခဲ့ပြီ။ ဂစ်တာသည်သာ ဘ၀၊ ဂစ်တာသည် သာ ရည်မှန်းချက်။ စာသင်နှစ်များမှာလည်း အတန်းမှန်မှန်မတက်၊ ဂစ်တာကို စာအုပ်တွေထက် ပိုဖက်တွယ်မိခဲ့သည့် စောဝေလှ။ သို့သော်လည်း ဘုရားပေးသည့်...

ဘူဂေးရီယား ရှေ့ဖြစ်ဟောဆရာမကြီးရဲ့ ကမ္ဘာကြီးအတွက် (၂၀၂၀)ခုနှစ်ဟောစာတမ်း

ဘူဂေရီးယားနိုင်ငံသူ ကမ္ဘာကျော် ရှေ့ဖြစ်ဟောပညာရှင် ဘာဘာဗန်ဂါကတော့ လွန်ခဲ့တဲ့ အနှစ်(၂၀)လောက်က သူမ ကွယ်လွန်သွားခဲ့တာမှန်ပေမယ့်၊ ကမ္ဘာကြီးအတွက် မဆုံးနိုင်သော ဟောစာတမ်းတွေ ထားရစ်ခဲ့သူ ဖြစ်ပါတယ်။ သူမဟာ 9/11 တိုက်ခိုက်မှုကို (၁၂)နှစ်စောပြီး ဟောကိန်းထုတ်ခဲ့သလို၊ တစ်ခြား သွေးထွက်အောင်မှန်ကန်တဲ့ ဟောပြောမှုတွေ အများကြီးပါ။ အခု (၂၀၂၀)ခုနှစ်အတွက် ဟောစာတမ်းကတော့ ကမ္ဘာကျော်ခေါင်းဆောင်တွေဖြစ်တဲ့ အမေရိကန်သမ္မတ ထရမ့်နဲ့၊ ရုရှားသမ္မတ ပူတင်တို့အတွက်တော့ သတင်းကောင်းတွေ ဆောင်ကြဉ်းလာတာတော့ မဟုတ်ပါဘူး။ သမ္မတနှစ်ယောက်စလုံးဟာ အန္တရာယ်တွေ ကျဉ်းထဲကျပ်ထဲတွေနဲ့ ရင်ဆိုင်ရမှာပါလို့ The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။ အဖွားဗန်ဂါဟာ ရုရှားရေငုပ်သင်္ဘော Kursk နစ်မြုပ်မယ့်အကြောင်းရယ်၊ 9/11 တိုက်ခိုက်မှုဖြစ်မယ့်အကြောင်းရယ်ကို ရှေ့ဆင့်နောက်ဆင့်ဖြစ်လိမ့်မယ်လို့ ဟောပြောခဲ့ပါတယ်။ ဒီဟောပြောမှုတွေကို (၁၉၈၉)ခုနှစ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး၊ အမေရိကန်တို့ တိုက်ခိုက်ခဲ့ရမယ့်အကြောင်းကို- “ အို .. ကြောက်စရာ ထိတ်စရာပဲ …...

တောဝက်အသင်းကို ကယ်ခဲ့တဲ့ ထိုင်းရေတပ် အထူးတပ်ဖွဲ့ဝင် သွေးအဆိပ်သင့် သေဆုံး

ထိုင်းက ရေတွေ ဝင်နေတဲ့ ထမ့်လွန်ဂူထဲမှာ ပိတ်မိနေခဲ့တဲ့ တောဝက် ဘောလုံးအသင်းက ကလေး ၁၂ ယောက်နဲ့ သူတို့နည်းပြတို့ကို ကယ်ခဲ့တဲ့ အဖွဲ့မှာ ပါခဲ့သူ တစ်ဦး ကယ်ဆယ်ရေး လုပ်စဉ်က ဘက်တီးရီးယားပိုး ကူးစက်ခံခဲ့ရမှုနဲ့ သေဆုံးသွားတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ထိုင်းရေတပ် အထူးတပ်ဖွဲ့က တပ်ကြပ်ကြီး ဘေရွတ် ပတ်ဘာရာဟာ ဂူထဲမှာ ကယ်ဆယ်ရေးလုပ်ဆောင်စဉ်က ဘက်တီးရီးယားပိုး ကူးစက်ခံခဲ့ရပြီး သွေးအဆိပ်သင့်ခဲ့တာပါ။သူ့ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေပေမဲ့ အခြေအနေပိုဆိုးလာခဲ့ပြီး သောကြာနေ့က သေဆုံးသွားခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ထဲက ဆာမန် ဂူနန်လည်း ကယ်ဆယ်ရေးဆောင်ရွက်ရင်း သေဆုံးခဲ့ပါတယ်။ဆာမန်ဟာ ထိုင်းရေတပ် အထူးတပ်ဖွဲ့ဝင်ဟောင်း ဖြစ်ပါတယ်။ သူက ဂူထဲကို အောက်ဆီဂျင်အိုးတွေ သွားပို့ပြီး ဂူထဲက ပြန်အထွက်မှာ အောက်ဆီဂျင် ပြတ်တောက် မေ့မြောသွားခဲ့ရာက သေဆုံးခဲ့တာပါ။ နောက်ပိုင်းမှာ သူ့ရုပ်တုကို ဂူဝင်ဝ အနီးမှာ ထားခဲ့ပါတယ်။ဘေရွတ်ကို သောကြာနေ့က...

myanmar idol တွင် Voting အများဆုံးဖြင့် ထိပ်ဆုံးမှ အပြတ်အသတ်ဦးဆောင်နေသူ

myanmar idol တွင် Voting အများဆုံးဖြင့် ထိပ်ဆုံးမှ အပြတ်အသတ်ဦးဆောင်နေသူ ခုချိန်မှာဆိုရင်တော့ မြန်မာအိုင်ဒေါဟာဆိုရင် မြန်မာတစ်နိုင်ငံလုံး စိတ်ဝင်စားနေကြပီ ဖြစ်ပါတယ်။ ကိုယ်ချစ်တဲ့သူကို winer ဖြစ်စေချင်လို့ အပြိုင်အဆိုင် vote နေကြတဲ့သူများကလဲ အများအပြားရှိနေကြပါတယ် ခုချိန်မှာတော့ voting ကလဲ ပိတ်ခါနီးလာပြီဖြစ်ပါတယ်… Myanmar Idol winnerအား အွန်လိုင်းစစ်တမ်းတွင် ပြည်သူများကVotingနေကြပါသည် ထိုသုံးဦးတွင် အေးမြဖြူမှ Votingအများဆုံး ရရှိနေပါသည် သင်လည်း Votingမပေးရသေးရင် အောက်ပါလင့်ကို နှိပ်ကာ အခမဲ့ Votingပေးနိုင်ပါသည် Voting Link 👉👉 http://bit.ly/myanmaridolwinnervoting

နှစ်သစ်မှာ မိုးနဲ့စတွေတော့မယ်၂၀၂၀ ဇန်နဝါရီလ့ အတွင်း မိုးရွာမယ့်နေရာများ

၂၀၂၀ ဇန်နဝါရီလ ၃ရက်နေ့မှ ၆ရက်နေ့အတွင်း မိုးရွာမယ့်နေရာများ နှစ်သစ်မှာ မိုးနဲ့စတွေတော့မယ် အမျိုးတို့ရေ.. အရမ်းကိုမှန်ကန်တဲ့.ခန့်မှန်းချက်တွေဆိုတာ အခု လက်တွေ့မို့..သတိထားရအောင်ပါ။ မိုးမယ့် ပြည်နယ်နှင့် တိုင်းများကို ဖော်ပြထားပါတယ်… တောင်သူဦးကြီးများ အနေနဲ့ စပါးတွေက ရိတ်သိမ်းဆဲ အချိန်ဖြစ်တာကြောင့် မပျက်စီးရအောင် ကြိုတင်ပီး တတ်နိုင်သလောက် ပြင်ဆင်ထားကြပါ… ၂၀၂၀ ဇန်နဝါရီလ ၃ရက်နေ့မှ ၆ရက်နေ့အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း ချင်ပြည်နယ် စစ်ကိုင်းတိုင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာ မိုးရွာဖို့ အလားအလာ ရှိနေပြန်ပါတယ်။ သေချာတော့ မတွက်ကြည့်ရသေးပါဘူး ကြိုတင်သတိပေးထါးတာပါ သေချာတွက်ပြီး Update တင်ပေးပါမယ်နော်……..

ကလေးတွေကို ရွှေဝတ်ပေးတဲ့ မိဘများ သင်ခန်းစာ ယူဖို့ ဒီနေ့ လှိုင်သာယာမှာ ဖြစ်သွားတဲ့ အဖြစ်အပျက်

မိဘတွေဟာ ကလေးတွေကို ချစ်ကြတာကြောင့် လှဖို့ ကြည့်ကောင်းဖို့ ရည်ရွယ်ပြီး ရွှေငွေလက်ဝတ်ရတနာတွေ ဆင်ပေးကြပါတယ်…တကယ်တော့ အသက်ငယ်သေးတဲ့ ကလေးတွေကို ခုလိုတန်ဖိုးကြီးတာတွေ ဆင်ပေးတာဟာ အန္တရာယ်များတယ်ဆိုတာ အောက်က ဖော်ပြပေးလိုက်ရတဲ့ အဖြစ်အပျက်လေးက သက်သေပါပဲ…. ဖြစ်စဉ်က(( ယနေ့ လှိုင်သာယာမြို့နယ် 20 ရပ်ကွက်အပိုင်အတွင်းလမ်းထဲသို့ ကလေး သုံးယောက် (မိန်းကလေးများသာ) ကို မိန်းမတဦးမှ အတင်းခေါ်ဆောင် နားကွင်း ချွတ်ယူမှု့ ဖြစ်ပွားခဲ့ပါတယ် နားကွင်းက အပ်ချည်နဲ့တုတ်ထားတာကို ဓါးနဲ့ ဖြုတ်ယူသွားတာပါ အတော်အတင့်ရဲလာကြပါပြီ။ ခေါ်ဆောင်ခံရသူတွေဖြစ်တဲ့ အကြီးမလေးက ကိုးနှစ်အရွယ်ဝန်းကျင်မျှသာ အလတ် နဲ့ အငယ်ဆုံးလေးမှာ အင်မတန်ငယ်သေးပါတယ် အလတ်မလေးရဲ့ နားကွင်းကို ဖြုတ်ယူခံရတာပါ ဖြစ်စဉ်က မိဘတွေ အိမ်ထဲပြန်ဝင်ချိန် အိမ်ရှေ့မှာ ဆော့နေတဲ့ ကလေး သုံးယောက်ကို မုန့်ဝယ်ကျွေးမယ် လာ ဆိုပြီး အတင်းခေါ် ဆောင် သွားတာပါ…မြင်သူတိုင်းကလည်း သူ့မိသားစုနဲ့သူ...

ဒေါ်ခင်ကြည် ကွယ်လွန်ခြင်းနှစ်(၃၀)ပြည့် ဆွမ်းကျွေးအလှူကို တက်ရောက်ခဲ့တဲ့ ဒေါင်း

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တစ်ဦးဖြစ်တဲ့ ဒေါင်းဟာ ဓာတ်ပုံတွေ ကြော်ငြာတွေ ရိုက်ကူးရင်း ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိထားသူ တစ်ဦးဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဒေါင်းက ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးခဲ့စဉ်မှာ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။ အခုနောက်ပိုင်းမှာလဲ ဒေါင်းက အားပေးသူ ပရိသတ်အခိုင်အမာနဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက် လုပ်ကိုင်နေလျက်ရှိပါတယ်။ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေသလို NLD ပါတီရဲ့ လုပ်ငန်းဆောင်တာတွေကို တက်စွမ်းသမျှ လိုက်လံကူညီဆောင်ရွက်ပေးတဲ့ဒေါင်းက မနေ့က ဒီဇင်ဘာလ (၂၇) ရက်နေ့မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို သွားရောက်ခဲ့ပါတယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ ဇနီး ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း နှစ် (၃၀) ပြည့် အမှတ်တရ ဆွမ်းကပ်လှူဒါန်းခြင်းကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒေါင်းကလည်း...