Monthly Archive: January, 2020

ဝူဟန်ကကျောင်းသားတွေကို ၁၄ရက်ကြာစောင့်ကြည့်မယ့် အစီအစဉ်ကိုကြားသိပြီး မန္တလေးမြို့ရဲ့ မိသားစုစိတ်ဓာတ်ကို ထင်ဟပ်လိုက်တဲ့ အလှူများ

စောင့်ကြည့်ကာလအတွင်း ကျောင်းသားတွေအဆင်ပြေစွာနေထိုင်နိုင်ဖို့ အစစ အရာရာထောင့်စေ့အောင် စီစဉ်ထားပေမယ့် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ကမ်းလှမ်းလာသူတွေကို မြို့တော်ကိုယ်စားကျေးဇူးအထူးတင်ပါတယ်။ Myanmar Net က 50MB free wifi,MPT က ငွေဖြည့်ထားတဲ့ SIM card များ,Alpine သောက်ရေသန့်က လိုအပ်သမျှသောက်ရေသန့်များ,SP Bakery က မုန့် ၄မျိုးပါ အထုတ်ကြီး ၇၀ လိုအပ်ရင် ထပ်မံလှူဒါန်းမှာပါ,မြို့တော်ဘီစကစ်က အထုတ်၆၀ပါ ၁၇ဖာ လိုအပ်ရင်ထပ်မံ လှူဒါန်းမှာပါ,Premier Coffeemix က အထုတ် ၁၄၀၀ ထုတ် လိုအပ်ရင် ထပ်လှူမှာပါ,Pocari Sweat က အားဖြည့်အချိုရည် ၄၀၈ ပုလင်း,ဦးကာက ဒေါ်စိန် လက်ဖက်က လက်ဖက်သုပ်နဲ့ လက်ဖက်ခြောက်ဘူးများ လိုအပ်ရင် ထပ်လှူမှာပါ မြန်မာ တရုတ်ချစ်ကြည်ရေးအသင်းက စောင် ၆၅ထည် ရေနွေးဓာတ်ဘူး တစ်ခန်းတစ်လုံး ၄၀ လုံး...

တရုတ်နံပါတ်ပြားတပ် မော်တော်ယာဉ်များကိစ္စနှင့် ပတ်သက်ပြီး မသိရှိသေးဘဲ စုံစမ်းခိုင်းထားကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြော

လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့ နေသည့် တရုတ်နံပါတ်ပြားတပ်မော်တော် ယာဉ်များကိစ္စနှင့် ပတ်သက်ပြီး မသိရှိသေးဘဲ စုံစမ်းခိုင်းထားကြောင်း  နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား သည်။ “ ဓာတ်​ပုံ​တွေ​တွေ့တယ်​။မေးထားတယ်​ ဘယ်​က​နေပြီး​တော့ ဝင်​လာလဲဆိုတာ။အဖြေ မရ​သေးဘူး။ စုံစမ်းတုန်းပဲရှိ​သေးတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။အဆိုပါ တရုတ်နံပါတ်ပြားတပ်ဆင်ထား သည့် မော်တော်ယာဉ်များမှာ ဇန်နဝါရီ ၃၀ ရက်တွင် ရန်ကုန်မြို့၌ လည်းကောင်း၊ ဇန်နဝါ ရီ ၃၁ ရက်တွင် မန္တလေးမြို့၌ လည်းကောင်း ဒေသခံများက တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယင်းသို့ တွေ့ရှိမှုအား လူမှုကွန်ရက်စာ မျက်နှာများပေါ်သို့ တင်ခဲ့ပြီး မည်သူများ ဖြစ် သည်ကို မေးခွန်းထုတ်ခဲ့ကြခြင်းဖြစ်သည်။ဇန်နဝါရီ ၃၀ ရက်တွင် ရန်ကုန်မြို့၌ တွေ့ရှိခဲ့သည့် အဆိုပါ မော်တော်ယာဉ်များ နှင့် ပတ်သက်ပြီး Aung Phone Oo အကောင့် ပိုင်ရှင်က ‘တရုတ်ကားနံပါတ်တပ်ကားတစ်စီး...

မြန်မာနိုင်ငံမှာနိုဗယ်ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအနည်းဆုံး၃ ဦး ရှိကြောင်း သမ္မတရုံးအတည်ပြု

မြန်မာနိုင်ငံမှာ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအဖြစ် အနည်းဆုံး ၃ ဦးကို တွေ့ရှိထားကြောင်း သမ္မတရုံးတာဝန်ရှိသူက သတင်းထုတ်ပြန်ပါတယ်။ ဒီမနက်ပိုင်းက China Southern လေကြောင်းလိုင်းနဲ့ ကွမ်ကျိုးကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်လာတဲ့ ခရီးသည် ၇၉ဦးထဲမှာ အသက် ၆၀ ဝန်းကျင်ရှိတဲ့ အမျိုးသားတဦးကို ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအဖြစ်နဲ့ ဝေဘာဂီဆေးရုံမှာ သီးခြားထားပြီး ကုသပေးနေတယ်လို့ ကျန်းမာရေးဌာနတာဝန်ရှိသူက ပြောပါတယ်။ မန္တလေးနဲ့ မိတ္ထီလာမှာလည်း ဒီရောဂါပိုး အကူးစက်ခံရသူ သံသယလူနာ ၂ ဦးရှိနေတယ်လို့ သမ္မတရုံးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒါပေမယ့် ဒီသံသယ လူနာတွေ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရတာ ဟုတ် မဟုတ်ဆိုတဲ့ အတည်ပြုချက် ရယူရအုံးမှာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြသွားမှာပါ။ တရုတ်နိုင်ငံ၊ ကွမ်ကျိုးလေဆိပ်ကနေ ထွက်လာတဲ့ China Southern...

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) ကွမ်ကျိုးခရီးများကို ယာယီရပ်ဆိုင်း

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) ၏ ကွမ်ကျိုးခရီးများကို ဖေဖေါ်ဝါရီလ ၁ရက်က စတင်ပြီး ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၃၁ရက် ကကြေညာခဲ့သည်။တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားသည့် ကိုရိုနာဗိုင်းရပ် အဆုပ်ရောင်ရောဂါပိုးကြောင့် လက်ရှိဖြစ်ပွားနေ သောအခြေအနေကို ထိန်းချုပ်ရာတွင် အထောက်အကူပြုရန်နှင့် အာဏာပိုင်များ၏ လိုအပ်ချက်များကို လိုက်နာ ဆောင်ရွက်နိုင်ရန် ဖေဖေါ်ဝါရီလ ၁ရက်မှ ၂၉ ရက်အထိ ယာယီရပ်ဆိုင်းသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန် ထားသည်။ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI)အနေဖြင့် ကြိုတင်လက်မှတ်ကိုင်ဆောင်ထားသူများကို လေယာဉ်ထိုင်ခုံရရှိမှုအပေါ်မူတည်ပြီး ခရီးစဉ်ပြောင်းရွေ့ခြင်းနှင့် ငွေပြန်အမ်းခြင်းများကို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။ခရီးစဉ်ပြောင်းရွေ့ခြင်းနှင့် ငွေပြန်အမ်းခြင်းများကို ကွမ်ကျိုးမြို့သို့ ဖေဖေါ်ဝါရီလ ၂၉ရက်မတိုင်မီ အသွားအပြန် သွားရောက်ရန်အတွက် ဇန်နဝါရီလ ၃၁ရက်မတိုင်မီက လေယာဉ်လက်မှတ်ထုတ်ယူပြီး ကိုင်ဆောင်သူများ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။ ပြန်အမ်းငွေများကို ခရီးသွားကုမ္ပဏီများ၊ အရောင်းကိုယ်စားလှယ်များမှတဆင့် လျှောက်ထားနိုင်ကြောင်း သိရသည်။ မဇ္ဇျိမ

ရန်ကုန်၊ မန္တလေး၊ မိတ္တီလာနှင့် မူဆယ်မြို့များတွင် ၀ူဟန်ဗိုင်းရပ်စ် သံသယ လူနာများ တွေ့ရှိထား

ရန်ကုန်၊ မန္တလေး၊ မိတ္တီလာနှင့် မူဆယ်မြို့များတွင် ၀ူဟန်ဗိုင်းရပ်စ် သံသယ လူနာ ၃ ဦး တွေ့ရှိထားပြီး လတ်တလော စောင့်ကြည့် ဆေးကုသမှုများ ဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ကျ အရာရှိများထံမှ စုံစမ်းမေးမြန်းချက် အရ သိရှိရသည်။ သိရှိထားသော ၀ူဟန်ဗိုင်းရပ်စ် သံသယလူနာများ၏ အခြေအနေကို ဖော်ပြလိုက်ပါသည်။ ရန်ကုန်မြို့မှ ၀ူဟန်ဗိုင်းရစ်သံသယလူနာ ========================== ရန်ကုန်မြို့တွင် ယနေ့ နံနက်ပိုင်း တရုတ်နိုင်ငံမှ ရောက်ရှိလာသည့် China Southern လေကြောင်းလိုင်းပေါ်တွင် ဖျားနာနေသည့် အသက် ၅၅ နှစ်အရွယ် တရုတ်အမျိုးသားတစ်ဦး တွေ့ရှိရ၍ ဝေဘာဂီ ဆေးရုံသို့ ပို့ဆောင်ပြီး ၀ူဟန်ဗိုင်းရပ်စ်သံသယလူနာအဖြစ် သတ်မှတ်လိုက်သည်။ ၎င်းနှင့်အတူ လိုက်ပါလာသော လေယာဉ်မှ ကျန်းမာရေး ကောင်းမွန်သည့် မြန်မာနိုင်ငံသား ၂ ဦးကိုလည်း စောင့်ကြည့်လျက်ရှိသည်။    ကျန်းမာရေးဝန်ကြီးဌာနဘက်ကလည်း အဆိုပါ တရုတ်နိုင်ငံသားကို...

ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံရသည့် ပထမလူနာကို စက်ရုပ်နှင့်ကုသနေဟု အမေရိကန် ဆို

အမေရိကန်နိုင်ငံမှာ ဝူဟန်ဗိုင်းရပ်စ် ကြောင့် ဆေးရုံတက်လိုက်ရတဲ့ ပထမဆုံး လူနာကို ဆရာဝန်တွေက စက်ရုပ်အသုံး ပြုပြီး ကုသမှုပေးနေခဲ့ပြီလို့ သိရပါတယ်။ အသက် ၃၀ ပိုင်းအရွယ် အဆိုပါအမျိုး သားလူနာက ဝါရှင်တန်ပြည်နယ်၊ အဲဗ ရက်မြို့ ဆေးရုံက ကူးစက်ရောဂါ အထူး ကုသဆောင်မှာ ကုသမှုပေးနေတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံအလယ်ပိုင်း ကို ခရီးသွားခဲ့ပြီး ပြန်လာတဲ့အမေရိကန် နိုင်ငံသားဖြစ်ပြီး ဆီယက်တဲလ်မြို့မှာ ရော ဂါပိုးကို စစ်ဆေးတွေ့ရှိခဲ့တာလို့သိရပါ တယ်။ လူနာရဲ့အခြေအနေက အထူးစိုး ရိမ်ဖွယ်ရာမရှိဘူးလို့လည်း အဲဗရက်ကျန်း မာရေးစင်တာမှ ကူးစက်ရောဂါဌာနအ ကြီးအကဲ ဒေါက်တာဂျော့ဂ်ျဒိုင်ယက်ဇ်က ဆိုပါတယ်။ ပေ ၂၀ ပတ်လည် ဆေးရုံအ ခန်းထဲမှာ လူနာနဲ့စက်ရုပ်ကိုအတူထား ရှိထားပြီး ဆရာဝန်တွေက ပြင်ပကနေ ထိန်းချုပ်ကာကုသစောင့်ရှောက်ပေးနေကြ တာလို့ ဒေါက်တာဒိုင်ယက်ဇ်က ဆိုပါ တယ်။ ကျန်းမာရေးစောင့်ရှောက်တဲ့ အ...

ထွက်ပြေးသွားသည့် ကိုရိုနာဗိုင်းရပ်စ် သံသယရှိလူနာကို ပြန်ခေါ်ယူစောင့်ကြည့်ကုသပေးနေ

မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီးသို့ရောက်လာပြီး မန္တလေးသို့ လွှဲအပ်ရန်ပြင်ဆင်နေစဉ် ထွက်ပြေးသွားခဲ့သော သံသယလူနာကို မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပြန်လည်ခေါ်ဆောင်ကာ အထူးရောဂါကုသဆောင်တွင် ထားရှိလျက် စောင့်ကြည့်လျက်ရှိကြောင်း အဆိုပါဆေးရုံမှ စုံစမ်းသိရှိရသည်။လက်ရှိအချိန်တွင် မိတ္ထီလာဆေးရုံဝန်းအတွင်း၌ သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များက ယင်းလူနာနှင့် မိသားစုကို စောင့်ကြည့်လျက်ရှိသည်။ ”လောလောဆယ်တော့ ကျွန်တော်တို့က ဒီမှာ ခဏထားပြီး စောင့်ကြည့်ဦးမှာ။ သူ့မူအတိုင်းဆို ပို့ရမှာပါ။ ဒီမှာလည်း စစ်စရာတွေ ကျန်သေးတယ်။ ဟုတ်လားမဟုတ်လားဆိုတာတော့ ကျွန်တော်တို့က မပြောနိုင်ဘူး။ မဟုတ်တာတွေက အွန်လိုင်းပေါ်မှာပြန့်နေတာ။ ကျွန်တော်တို့က ဇွတ်ကြီးမပို့တာ။ သူတို့ကို အပြင်ပေးမထွက်နဲ့ သာမန်လူတွေနဲ့ သိပ်ပြီး ပေးမတွေ့စေချင်ဘူး။ မလိုလားတဲ့ကူးစက်မှုတွေဖြစ်မှာစိုးလို့” ဟု မိတ္ထီလာ အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးညွန့်စိန်က ဇန်နဝါရီလ (၃၁) ရက်နေ့ မနက် (၁၁) နာရီ အချိန်က ပြောကြားသည်။ မိတ္ထီလာမြို့နယ် ပျဉ်သာကျေးရွာတွင် နေထိုင်သော...

ဝူဟန်မြို့က လူမရှိတဲ့လမ်းတခုပေါ်မှာ လဲကျသေဆုံးနေတဲ့ သက်ကြီးရွယ်အိုတဦး

ပလတ်စတစ်ဈေးဝယ်အိတ်လေးလက်တစ်ဖက်မှာ ကိုင်ထားပြီး နှာခေါင်းစည်းတပ်ထားတဲ့ ဆံပင်ဖြူနဲ့ အမျိုးသားကြီး တစ်ယောက် ဝူဟန်မြို့မှာ ဇန်နဝါရီ ၃၀ ရက်မှာလဲကျသေဆုံးနေတာတွေ့ပါတယ်။ ဖြတ်သွားဖြတ်လာအနည်းအကျဉ်းရှိပေမဲ့ သူတို့ကလည်း အနားမကပ်ရဲဖြစ်နေပါတယ်။ ကာကွယ်ရေးဝတ်စုံ ပြည့်ဝတ်လာတဲ့ရဲတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေပါတဲ့ အရေးပေါ်ကားတွေရောက်လာမလာခင်အထိ ကြာသပတေးနေ့ မနက်ပိုင်းမှာ AFP သတင်းစာဆရာတွေက အလောင်းကိုမြင်တွေ့ခဲ့ပါတယ်။ အသက် ၆၀ ၀န်းကျင်ရှိနေပြီလို့ထင်ရတဲ့ အဲဒီအမျိုးသား ဘယ်လိုသေဆုံးခဲ့သလဲ မရှင်းလင်းသေးသလို ဒေသ ကျန်းမာရေးအရာရှိတွေကလည်း အသေးစိတ်ထုတ်ပြောတာမျိုးမရှိသေးပါဘူး။ ဒါပေမဲ့ အကာအကွယ်ဝတ်စုံ ပြည့်ဝတ်ထားတဲ့ရဲတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကြောင့် မြို့ထဲမှာကြောက်စိတ်တွေပိုများနေပါတယ်။ ဝူဟန်ဟာ ကိုရိုနာဗိုင်းရပ်စ်သစ် 2019-nCoV စပြန့်နှံ့ခဲ့တဲ့နေရာဖြစ်ပါတယ်။ အခုလလယ်ပိုင်းလောက်ထဲက ဝူဟန်မြို့ကို ပိတ်ထားပြီး ဗိုင်းရပ်စ်ပြန့်နှံ့မှုကို တားဆီးဖို့ တရုတ်အစိုးရက ကြိုးစားခဲ့ပါတယ်။ သောကြာနေ့ မနက်ပိုင်းအထိ လူ တသောင်းကျော် ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် သေဆုံးသူ ၂၁၃ ယောက်ရှိနေပါပြီ။ Ref-PM

ဝူဟန်သံသယရှိသူကို ဝေဘာဂီဆေးရုံသို့ ပို့ဆောင်တာနဲ့ပတ်သက်ပြီး မေးခွန်းထုတ်လိုက်တဲ့ အေသင်ချိုဆွေ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)က ဝူဟန်ဗိုင်းရပ်စ်ကို နိုင်ငံတကာကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်တဲ့ ဒီနေ့မနက်မှာပဲ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဝူဟန်ဗိုင်းရပ်စ်သံသယရှိသူတစ်ယောက်ကို တွေ့ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ ထိုခရီးသည်ဟာ တရုတ်တောင်ပိုင်း လေကြောင်းလိုင်းဖြင့် ကွမ်ကျိုးမှ ရန်ကုန်သို့ ပျံသန်းလာသော လေယာဉ်ပေါ်မှာ လိုက်ပါစီးနင်းလာပြီး ဝူဟန်ဗိုင်းရပ်စ်သံသယရှိရတာမို့ ရန်ကုန် ဝေဘာဂီဆေးရုံကို ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဝူဟန်ဗိုင်းရပ်စ် မြန်မာနိုင်ငံကို ရောက်ရှိလာပြီလားဆိုတဲ့ စိတ်နဲ့ မြန်မာတစ်နိုင်ငံလုံးက စိုးရိမ်ထိတ်လန့်နေကြတာပဲ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပက်သတ်ပြီး နိုင်ငံကျော် တေးသံရှင် အေသင်ချိုဆွေက သူမရဲ့ အမြင်ကို အခုလိုပဲ ပွင့်ပွင့်လင်းလင်း ပြောထားပါတယ်။ “ဝူဟန်ရောက်နေတဲ့ ကိုယ့်မြန်မာနိုင်ငံသား ကျောင်းသားတွေကို ပြန်သွားခေါ်ဖို့ အတွက်ကျ နေ့ရွှေ့ ညရွှေ့နဲ့၊ 😩😩 ဟင် ….. 😠😡😡 ကိုယ့်မြန်မာလူမျိုးအချင်းချင်း ဖေးမမှုမရှိပဲ အတ္တကြီးစွာနဲ့ ပြန်မလာနဲ့ဘာညာနဲ့ ဆစရက ကောမန့်တွေ ကရှိသေးတယ်။ 🤬🤬” ” အခုကျတော့ China southern airline လေယာဉ်ကြီး...

မျက်ကြည်လွှာနဲ့ Dead Bodyကို လှူဒါန်းခဲ့တဲ့ ရွှေပိုးအိမ်

ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး ရွှေပိုးအိမ်ကတော့ လွန်ခဲ့တဲ့ မွေးနေ့လေးတုန်းက မွေးနေ့အလှူအနေနဲ့ “ပြည်ထောင်စု သမ္မတနိုင်ငံတော်အစိုးရ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းမြစ်ဦးစီးဌာန ဆေးတက္ကသိုလ် (၁) ရန်ကုန်”မှာ သေဆုံးပြီးနောက် ကျန်ရှိတဲ့ ခန္ဓာကိုယ်ကို ဆေးပညာအကျိုးအတွက် သင်ကြားရေးကိစ္စရပ်များတွင် အသုံးပြုရန် သွားရောက်လှူဒါန်းခဲ့ပါတယ်။   ရွှေပိုးအိမ်ကတော့ သေဆုံးပြီးနောက် ကျန်ရှိခဲ့တဲ့ ခန္ဓာကိုယ်ကို လှူဒါန်းတဲ့အလှူလေးအပြင် မျက်ကြည်လွှာကိုလည်း လှူဒါန်းခဲ့ပါတယ်။ရွှေပိုးအိမ်နဲ့အတူ သူ့ကို အားပေးပြီး ချစ်ခင်ကြတဲ့ အမာခံပရိသတ်တချို့ကလည်း မျက်ကြည်လွှာနဲ့ ခန္ဓာကိုယ်အလှူလေးကို အတူတကွ လှူဒါန်းခဲ့ကြပါသေးတယ်။ အခုလို အလှူပြုလုပ်ဖြစ်တဲ့ အကြောင်းကို ရွှေပိုးအိမ်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “လွန်ခဲ့တဲ့ မွေးနေ့က မျက်ကြည်လွှာရယ် dead body ရယ်ကို We love တွေရော ရွှေပိုးပါလှူဒါန်းခဲ့ပါတယ်” ဆိုပြီး ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေကတော့ အခုလို ရွှေပိုးတစ်ယောက်ရဲ့ တစ်ဘဝမှာတစ်ကြိမ်သာလှူခွင့်ရှိတဲ့ မွန်မြတ်လှတဲ့ အလှူအတွက်ကို...