စင်ကာပူမှာ ဗိုင်းရပ်စ်တိုက်ဖျက်ရေး ဝန်ထမ်းတွေကို ဘောနပ်စ်ပေးပြီး နိုင်ငံရေးခေါင်းဆောင်များ လစာလျှော့ယူမည်
လခတစ်လစာ ပမာဏရှိ အထူးဘောနပ်စ် ပေးအပ်ချီးမြှင့်သွားမှာပါ။စင်ကာပူမှာ ဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်တိုက်ဖျက်ရေး အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေကြတဲ့ ပြည်သူ့ဝန်ထမ်းတွေကို အစိုးရက လခတစ်လစာ ပမာဏရှိ အထူးဘောနပ်စ် ပေးအပ်ချီးမြှင့်သွားမယ်လို့ သိရပါတယ်။ စင်ကာပူ ဒုတိယဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီး Heng Swee Keat က အဆိုပါ ပြည်သူ့ဝန်ထမ်းတွေကို အထူးဘောနပ်စ် ချီးမြှင့်မယ့်အစီအစဉ်အား ဖေဖေါ်ဝါရီ ၂၈ ရက်နေ့က လွှတ်တော်မှာ ကြေညာခဲ့တာဖြစ်ပါတယ်။”ဘောနပ်စ်ပေးမယ့် အစီအစဉ်မှာ ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းအများအပြား ပါဝင်မှာပါ၊ ဒါ့အပြင် ဗိုင်းရပ်စ်တိုက်ဖျက်ရေးမှာ တိုက်ရိုက်ပါဝင်နေကြတဲ့ အခြား အရေးပါတဲ့ ဌာနတွေမှ ဝန်ထမ်းတွေကိုလည်း ဘောနပ်စ်ပေးသွားမှာ ဖြစ်ပါတယ်” လို့ ၎င်းကပြောကြောင်း CNA သတင်းမှာ ဖော်ပြပါတယ်။ ထို့အတူ ဗိုင်းရပ်စ်ကိစ္စမှာ ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ အခြား ပြည်သူ့ဝန်ထမ်းတွေကိုလည်း သင်တော်တဲ့နည်းလမ်းဖြင့် အသိအမှတ်ပြုသွားမယ်လို့ Heng Swee...