နိုင်ငံ့အကျိုးအတွက်လိုအပ်ရင် ဒေသအချို့မှာအသွားအလာကန့်သတ်နိုင်ခြေရှိဟုအတိုင်ပင်ခံပြော
တစ်နိုင်ငံလုံးအကျိုးလိုအပ်ပါက အချို့နေရာတွေမှာ အသွားအလာကန့်သတ်ခြင်းအစီအစဉ် (Community Quarantine) ကဲ့သို့ ဆောင်ရွက်မှာဖြစ်ပြီး ဒီလိုလုပ်ခဲ့ရင်တော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးမပြတ်လပ်စေရေးဆောင်ရွက်မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီနေ့ မတ်လ ၃၁ ရက် ညနေ ၆ နာရီမှာ နိုင်ငံပိုင်မီဒီယာကတစ်ဆင့်ထုတ်လွှင့်ခဲ့တဲ့ COVID-19 ဖြစ်ပွားမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး ပြည်သူလူထု အစီရင်ခံတင်ပြတဲ့မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောကြားခဲ့ပါတယ်။ “ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကပ်ရောဂါကြီးဖြစ်နိုင်တယ်လို့ ကြေညာချက်အပြီးမှာ ပြည်သူများ အကြား Lock Down မလုပ်သေးဘူးလားလို့ တိုက်တွန်းနေသူတွေရှိသလို ဘယ်တော့ lock down လုပ်မလားလို့စိုးရိမ်နေတဲ့သူတွေ ရှိပါတယ်။ ဒါကြောင့် တစ်နိုင်ငံလုံးအကျိုးလိုအပ်လျှင် တစ်ချို့သော နေရာတွေမှာ အသွားအလာကန့်သတ်ခြင်းအစီအစဉ် (Community Quarantine) ကဲ့သို့ကန့်သတ်မှုများဆောင်ရွက်ကောင်းဆောင်ရွက်မယ်။ ဒီလိုဆောင်ရွက်ရန်ရှိရင်လည်း စားနပ်ရိက္ခာ၊ဆေးဝါး စတာတွေ မပြတ်လပ်စေရေး ၊ တည်ငြိမ်အေးချမ်းရေးတို့ကို စနစ်တကျဆောင်ရွက်နိုင်ဖို့ ဒုတိယသမ္မတ (၁)...