Monthly Archive: June, 2020

ပိုက် ဆံ ငါးသောင်းကို မမက်ပါဘူး ရင်နာလို့ ရေးတာပါ ဆိုတဲ့ ဆရာဝန်တစ်ဦးရဲ့ ရင်ဖွင့်စာ

ကိုဗစ်ကုသပေး တဲ့ ဆရာဝန်တွေအတွက် အတိုင်ပင်ခံ ဂုဏ်ပြုတဲ့ချီးမြှင့်ငွေနဲ့ အလွန်ကို အံ့သြစရာကောင်းပီး ရွံရှာစရာဖြစ်ရပ်ထိုက်သော သူတို့ရကြပါစေ။  နိုင်ငံတော် အတိုင်ပင်ခံ ကနေပီး COVID-19 ရောဂါကို ပြုစုကုသပေးနေတဲ့ ဆရာဝန်တွေကို ကျေးဇူးတင်ရှိပီး ဂုဏ်ပြုလိုသောကြောင့် Special Allowance အဖြစ် ကျပ်ငွေ ၅၀၀၀၀ ကို ချီးမြှင့်ဖို့ စီစဉ်ပေးခဲ့ ပါတယ်။ နိုင်ငံတော်အနေ နဲ့ တတ်နိုင်သလောက် ဂုဏ်ပြုတဲ့ သဘောပါ ။အဲဒီနောက်တော့ ထုံးစံအတိုင်း သတင်းစုံကြား ရတော့တာပါပဲ။ အဆိုးရွားဆုံးက တကယ်ပြုစုကုသနေရတဲ့ ဆရာဝန်တွေ ပိုက်ဆံ မရတာပါ။ကျနော်နဲ့တော့ တိုက်ရိုက်မဆိုင်ပေမယ့် မိတ်ဆွေ သူငယ်ချင်းတွေအတွက်၊မတရားတာဆို ကြည့်မနေတတ်တဲ့အတွက်ဒီစာကိုရေးပါတယ်။ တချို့နယ် ဆေးရုံလေးတွေမှာပါ အကုန်နီးပါးရကြပေမယ့် တကယ့်ရှေ့တန်းက ကုနေရတဲ့ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ရှေ့တန်းကတချို့ဆရာဝန်တွေ၊ မြောက်ဥက္ကလာဆေးရုံအပါအဝင် ဆေး ၂ ဘက်က တချို့ဆရာဝန်တွေ၊ မန္တလေးဆေးရုံကြီး ကတချို့ဆရာဝန်တွေ ပိုက်ဆံမရဘူးဆိုပီး ပြောကြတာတွေ ကြားနေရပါတယ်။ ဒါဟာ ပိုက်ဆံ...

မေမေမကြိုက် တဲ့ သူနဲ့ (၃)နှစ်ေ လာက်​ချစ်ကြိုက်ပြီး အချိန်ဖြုန်းရှုပ် ခဲ့မိ တဲ့ အတွက် နောင် တရကြောင်း ရင်ဖွင့်လိုက်တဲ့ နေဒွေး

မေမေမကြိုက် တဲ့ သူနဲ့ (၃)နှစ်ေ လာက်​ချစ်ကြိုက်ပြီး အချိန်ဖြုန်းရှုပ် ခဲ့မိ တဲ့ အတွက် နောင် တရကြောင်း ရင်ဖွင့်လိုက်တဲ့ နေဒွေး ပရိ သတ်ကြီးရေ မိန်းကလေးပရိသတ်တွေရဲ့အသည်းကျော် နေဒွေးကေ တာ့ အမြဲ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေ နဲ့ ပရိသတ်တွေရဲ့အသည်းကို သိမ်းပိုက်ထားနိုင်သူပါ။ ဒါ့အပြင်ယောကျာ်းပီးသတဲ့​ဘော်ဒီဘော်ဒီကိုပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပါ။ ဂျစ်တူးလို့လည်း သူ့ရဲ့အိမ်ခေါ်နာမည်လေးက်ာ ပရိသတ်တွေကလည်း ချစ်စနိုးနဲ့ခေါ်လေ့ရှိ​ပါ တယ်နော်။ လက်ရှိ မှာတော့”၃နှစ်လောက် အချိန်ဖြုန်းမေ့မေ့စကားနားမထောင်ေ မမေမကြိုက် တဲ့သူနဲ့ ရှုပ်ခဲ့တဲ့အမှားတွေ ခုတော့ ၂၀၁၄ ခုနှစ်လောက်က အလုပ်ကိုအရမ်းကြိုးစားတဲ့မေမေနဲ့ မန်နေဂျာ စကားအရမ်းနားထောင်တဲ့ jittoo လေးပြန်လာပြီ “ဆိုတဲ့စာလေး နဲ့ လိမ်လိမ်မာမာ နဲ့ အနုပညာအလုပ်တွေပြန်လုပ်တော့မယ် ဆိုတဲ့အကြောင်း ရင်ဖွင့်ခဲ့တာပါ။ အားပေးနေတဲ့ပရိသတ်တွေကလည်း နေဒွေး တစ်ယောက်အရင်ကထက်အနုပညာအလုပ်ေ တွ ပိုကြိုးစားတော့မှာမို့ ပိုအားပေးဝန်းရံဖို့ လိုလာပါပြီနော်။ ပရိသတ်ကြီး ထဲ...

မသင်္ကာစရာကောင်းလောက်အောင် မိန်းကလေးသုံးဦး ပျောက်ဆုံးမှု

ကရင်ပြည်နယ် ထုံးအိုင်မြို့နေ လူငယ် မိန်းခလေး သုံးယောက်သည် 28. 6. 2020 မနက် 6:00 နာရီတွင် ပျောက်ဆုံးနေပါသည်…. ထိုခလေး များ၏ မိဘများ အလွန်ပူပင်သောက ရောက်နေပါသည်…… တွေ့ရှိသော မိဘပြည်သူများ အနေဖြင့် ကျွန်ုပ်၏ ဖုန်းသို့ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်…… ဆက်သွယ်ရန် ဖုန်းနံပါတ်မှာ 09763267769 သို့ဆက်သွယ်အကြောင်းကြားနိုင်ပါသည်….. မှတ်ချက်။ ။ ထိုခလေးများကို တွေ့သည့် မြို့နယ် သက်ဆိုင်ရာ ဌာန အသီးသီး ကိုလည်း……. အကြောင်းကြားထိန်းသိမ်း ပေးပါရန် ခလေးများရဲ့မိဘ ကိုယ်စား မေတ္တာရပ်ခံအပ်ပါသည်…. Credit  

ဆရာဒေးဗစ်လား နှင့် ဦးဝေထွန်းတို့အား ထီးများဖြင့်ကာရံပြီးရုံးထုတ်

လူစုလူဝေးမလုပ်ရသောကာလ‌တွင်လူစု‌လူဝေးမပြုလုပ်ရဟူသောညွှန်ကြားချက်ကိုလိုက်နာခြင်းမရှိဘဲ ဘာသာရေးပွဲပြုလုပ်ခဲ့သောကြောင့် သ‌ဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥ‌ပေဒပုဒ်မ၂၅နှင့်တရားစွဲဆိုထားသည့်ခရစ်ယာန်တရားဟောဆရာဦးစောဒေးဗစ်လားနှင့်ဦး‌ဝေထွန်း(နဝရတ်တေးသံသွင်း)တို့ကို ဇွန်လ၃၀ရက်နေ့တွင် မရမ်းကုန်းမြို့နယ်တရားရုံးတွင် ၈ကြိမ်‌မြောက်ရုံးထုတ်စစ်ဆေးခဲ့သည်။ စောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့ကို ၎င်းတို့ကို ခေါ်ဆောင်လာသည့်ကားကို တရားရုံးဝင်းအတွင်းအထိ မောင်းနှင်ကာ ထီးများဖြင့် ကာရံ၍ရုံးထုတ်ခဲ့သည်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ သည် မည်သူမဆို ဆန်းစစ်ချက်မပြုလုပ်ဘဲ ပေါ့ဆစွာ ဆောင် ရွက်မှု တစ်ခုခုကြောင့်ဖြစ်စေ၊ သဘာဝဘေး အန္တရာယ်ဖြစ်ပေါ်လျှင် သို့မဟုတ်ဖြစ်ပေါ် စေရန် အကြောင်းရှိလျှင် ထိုသူကို သုံးနှစ် ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အ ပြင် ငွေဒဏ်ကိုလည်း ချမှတ်နိုင်သည်ဟု ဥပဒေတွင် ဖော်ပြထားသည်။ #wemedia

Pandemic ဖြစ်နိုင်ခြေရှိနေတဲ့ ဗိုင်းရပ်စ်အသစ် တရုတ်မှာတွေ့

တစ်ကမ္ဘာလုံးမှာ COVID-19 ရောဂါပိုးကြောင့် ကပ်ဘေးသင့်နေချိန်မှာ တရုတ်နိုင်ငံမှာ ကပ်ဘေးအဆင့်ဖြစ်လာနိုင်ချေရှိတဲ့ ဝက်တုပ်ကွေးရောဂါပိုးကို သုတေသနပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ G4 လို့ အမည်ပေးထားတဲ့ ဒီရောဂါရဲ့မျိုးဗီဇဟာ တရုတ်က မွေးမြူရေးလုပ်သား ၁၀% မှာ ကပ်ငြိနေပြီး လူအချင်းချင်း ကူးစက်နိုင်ခြေရှိမရှိ တိတိကျကျ သိရှိရခြင်း မရှိသေးပါဘူး။ G4 ဟာ ၂၀၀၉ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ H1N1 နဲ့ ဆက်နွယ်မှုရှိတယ်လို့လည်း သုတေသနပညာရှင်တွေက ဆိုကြပါတယ်။ ဗိုင်းရပ်စ်ရဲ့ အမည်အပြည့်အစုံကတော့ G4 EA H1N1 ပါ။ ဝက်သားထုတ်လုပ်ငန်းတွေက ဝန်ထမ်း ၃၀၀၀၀ လောက်ရဲ့ Swab နမူနာတွေကို ရယူဆန်းစစ်ကြည့်ရာကနေ ခုလို ပိုးကူးစက်ခံထားရတာကို သိရှိလာရတာဖြစ်ပါတယ်။ H1N1 genes ဟာ လူလူချင်းကူးစက်နိုင်ပေမယ့် လက်ရှိပိုးသစ်ဟာ human to human ကူးစက်နိုင်တဲ့ သက်သေအထောက်အထားမတွေ့ရှိရသေးဘူးလို့ National Academy...

ချီလီနိုင်ငံ၌ ကိုဗစ်-၁၉ ကြောင့် တရက်အတွင်း ၆၆ ဦး သေဆုံး၊ ၄၀၀၀ ကျော် ကူးစက်ခံရ

ချီလီနိုင်ငံမှာ ဇွန် ၂၉ ရက်နေ့ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၀၁၇ ဦးနဲ့ သေဆုံးသူ ၆၆ ဦးရှိခဲ့တယ်လို့ သိရပါတယ်။ ချီလီနိုင်ငံမှာ ကိုဗစ်-၁၉ ဖြစ်ပွားမှုနှုန်းဟာ ပြီးခဲ့တဲ့ အပတ်က ၁၉ ရာခိုင်နှုန်း လျော့ကျလာခဲ့တယ်လို့ ချီလီကျန်းမာရေးဝန်ကြီးဌာနက ဇွန် ၂၈ ရက်မှာ ပြောပါတယ်။ ချီလီမှာ အသွားအလာ ကန့်သတ်ချက် လော့ဒေါင်းကို တစိတ်တပိုင်း ပြန်ဖွင့်ခဲ့တာကြောင့် ကူးစက်နှုန်းတွေ ပြန်မြင့်တက်လာလို့ လော့ဒေါင်းစည်းမျဉ်းတွေကို တကျော့ပြန် ပိုတင်းကျပ်ထားနေရတာပါ။ ဇွန်လ ၃၀ ရက်နေ့အထိ အတည်ပြုလူနာဦးရေ ၂၇၅,၉၉၉ ဦး ရှိလာပြီး၊ သေဆုံးသူကလည်း ၅၅၇၅ ဦး ရှိလာပါတယ်။ မြို့တော် ဆန်တီယာဂိုမှာလည်း ဒေသခံတွေဟာ အပြင်ထွက် သွားလာလှုပ်ရှားမှုအတွက် အထေက်အထား စာရွက်စာတမ်းတွေပါမှ သွားလာနိုင်ပါတယ်။ လက်တင်အမေရိကတိုက်ဟာ ကိုဗစ်-၁၉ ကပ်ဘေးဗဟိုချက် အသစ်...

စစ်ကိုင်းတံတားဟောင်းမှာ တက္ကသိုလ်ကျောင်းသားတစ်ဦး သေကြောင်းကြံစည်မှု ဖြစ်ပွား

ယမန်နေ့ညက စစ်ကိုင်းတံတားဟောင်းပေါ်မှာ တက္ကသိုလ်ကျောင်းသားတစ်ဦး တံတားပေါ်ကနေခုန်ချသတ်သေဖို့ကြံစည်ခဲ့တာကို စစ်ကိုင်းမြို့မရဲစခန်းလှည့်ကင်းရဲတပ်ဖွဲ့ကတွေ့လို့ အချိန်မီကယ်တင်နိုင်ခဲ့တယ်လို့ လှည့်ကင်းအဖွဲ့ခေါင်းဆောင်ဒု-ရဲအုပ်အေးသက်မောင်က Duwun ကိုပြောပါတယ်။ “ကျွန်တော်တို့က ည ၇ နာရီကနေ ၁၀ နာရီ တံတားပေါ်ပိတ်ဆို့လုပ်တယ်ပေါ့ဗျာ၊ ည ၁၀ နာရီ ၁၀ မိနစ်လောက်မှာ လှည့်ကင်းပြန် ထွက်တော့ တံတားအရှေ့ဖက်ခြမ်းမှာ အဝေးကနေလှမ်းကြည့်တော့ လူတစ်ယောက်က တံတားပေါ်ဖြတ်ရင်းမီးပိတ်လိုက်တာကို တွေ့ရတယ်၊ ဒီမှာတင်ပဲ ကျွန်တော်တို့အဖွဲ့ကလည်း ဆိုင်ကယ်မီးတွေပိတ်ပြီးအနားကပ်သွားတာပေါ့၊ ကျွန်တော်တို့မီးဖွင့်သွားရင် သူက ခုန်ချသွားမှာစိုးလို့ မီးပိတ်ပြီးတော့ သူ့အနားရောက်အောင်သွားတယ်၊ အနားရောက်တော့ သူက သူ့သူငယ်ချင်းကို နှုတ်ဆက် နေတာပေါ့ဗျာ၊ ငါတော့သွားတော့မယ်ဘာညာပေါ့၊ အဲဒီမှာတင် ကျွန်တော်တို့က သူ့ကိုမေးမြန်းပြီး အတင်းဝိုင်းဆွဲပြီး ဆိုင်ကယ်ကြား ကနေညှပ်ခေါ်လာပြီး ရုံးရောက်လို့စစ်ဆေးကြည့်တော့ မန္တလေးမှာနေတယ်ဆိုတာသိရလို့ သူ့မိဘတွေနဲ့ချိတ်ဆက်ပြီးပြန်အပ်လိုက်တာပါ” လို့ ၎င်းကပြောပါတယ်။ ယမန်နေ့ည ၁၀ နာရီကျော်အချိန်ခန့်ကဖြစ်ပွားခဲ့တာဖြစ်ပြီး တံတားပေါ်ကနေခုန်ချသတ်သေဖို့ကြံစည်ခဲ့တဲ့ အဲဒီကျောင်းသားက အသက် ၂၁...

ဇွဲကပင်တောင်တက်ရင်း မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးသွားသဖြင့် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေ

ဘားအံမြို့က တက္ကသိုလ်ကျောင်းသူ တစ်ဦးဖြစ်တယ်လို့သိရပါတယ်။ ဘားအံမြို့ရှိ ဇွဲကတင်တောင်တက်လမ်းမှာ မိန်းကလေးငယ်တစ်ဦးပျောက်ဆုံးနေမှုကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေပါတယ်။ ပျောက်ဆုံးသွားတဲ့ မိန်းကလေးက တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်ပြီး မနေ့ကညကတည်းက သူမနေထိုင်ရာအဆောင်ကို ပြန်လည်မရောက်ရှိခဲ့ဘူးလို့သိရပါတယ်။ ပတ်ဝန်းကျင်ရဲ့ ပြောပြချက်အရ အဆိုပါမိန်းကလေးက ဇွဲကတင်တောင်ပေါ်တက်သွားပြီး လက်ရှိအချိန်အထိပြန်ဆင်းလာတာမတွေ့ရသေးတာကြောင့် တောင်တက်တောင်ဆင်းလမ်းတစ်လျှောက် ရှာဖွေရေးလုပ်ငန်းတွေဆောင်ရွက်လျှက်ရှိနေပါတယ်။ “ မိနိးကလေးက မနေ့က ဆိုင်ကယ်နဲ့ သူနေတဲ့အဆောင်ကနေ တစ်ယောက်တည်းထွက်သွားတာ။ သူ့ဆိုင်ကယ်ကို ဇွဲကပင်တောင်ခြေမှာရပ်ထားတာတွေ့တယ်။ ပြီးတော့ သူမရဲ့ ဖိနပ်ကိုလည်း ဇွဲကပင်တောင်တစ်နေရမှာတွေ့တော့ တောင်အောက်ကိုပြန်မရောက်သေးတာ သေချာတယ်။ မတော်တဆကြောင့်လား ဘာလဲဆိုတာတော့ လူမတွေ့မချင်းပြောလို့တော့မရသေးဘူး”လို့ ဘားအံခရိုင် မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဝင်းက ပြောပါတယ်။ ဒီကနေ့ မနက်ပိုင်းကစပြီး ဇွဲကပင်တောင်တက်တောင်ဆင်းလမ်းအတိုင်း မီးသတ်တပ်ဖွဲ့ဝင်များနဲ့ ရှာဖွေရေးလုပ်နေသလို တောင်ပတ်လည်ကိုလည်း Drone နဲ့ရှာဖွေတာတွေလုပ်နေတယ်လို့ ဦးသန့်ဇင်ဝင်းကပြောပါတယ်။ သူမက မနေ့က ညနေပိုင်းက တောင်ခြေမှာ ဆိုင်ကယ်ကို ရပ်ထားခဲ့ပြီး အလှူခံဌာနမှာ အလှူငွေ (၅၀၀၀)လှူဒါန်းပြီးမှ တောင်ပေါ်ကို...

COVID-19 ဆေးကို ယခုနှစ်ကုန်မှာ ရရှိနိုင်ကြောင်း ဩစတြေးလျ သုတေသီတွေကဆို

COVID-19 ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို သိသာစွာ တားဆီးနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ဩစတြေးလျနိုင်ငံမှ သုတေသီတွေက COVID-19 ကူးစက်ဖြစ်ပွားမှုကို တားဆီးပေးနိုင်တဲ့ ဗိုင်းရပ်စ်တိုက်ဖျက်ဆေး အသစ်တစ်မျိုးနဲ့ ပတ်သတ်ပြီး ကမ္ဘာနဲ့ချီ အောင်မြင်မှုတစ်ခု ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ Monash တက္ကသိုလ်မှ သုတေသီတွေက COVID-19 ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို သိသာစွာ တားဆီးနိုင်စွမ်းရှိတဲ့ ဆေးတစ်မျိုးကို တွေရှိခဲ့ကြကြောင်း The Australian သတင်းက ဖော်ပြပါတယ်။ အဆိုပါဆေးကို ရှူဆေးဘူးတစ်ခုဖြင့် အသုံးပြုနိုင်ရန်လည်း သုတေသီတွေက မျှော်လင့်ထားပြီး အစောဆုံးအနေနဲ့ ယခုနှစ်ကုန်မှာ ရရှိနိုင်မယ်လို့ သိရပါတယ်။ Monash တက္ကသိုလ်မှ အကြီးတန်း သုတေသီ Tom Karagiannis ရဲ့ အဆိုအရ ၎င်းနဲ့အဖွဲ့က a-ketoamide ခေါ် မော်လီကျူး (molecule) တစ်မျိုးက COVID-19 ဖြစ်စေတဲ့ ဗိုင်းရပ်စ်များ ပွားများလာစေရန် လိုအပ်တဲ့ ပရိုတိန်းတွေအနက်...

ကိုဗစ်ကြောင့် ကျောင်းသင်ခန်းစာများ ကို လျှော့ချ၊ကျူရှင်များ လုံးဝဖွင့်ခွင့်မပြုသေး

ကို ဗစ်ကြောင့် စာသင်ချိန်နောက်ကျနေတဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေအဆင်ပြေအောင် အခြေခံပညာ အတန်းအားလုံးရဲ့ သင်ခန်းစာတွေကို လျှော့ချလိုက်တယ်လို့ အမျိုးသားလွှတ်တော်ပညာရေး မြှင့်တင်မှုကော်မတီက သိရပါတယ်။ လက်ရှိအချိန်တွင် ကျောင်းသုံးစာအုပ်တွေ ထုတ်ဝေပြီးစီးသွားပြီဖြစ်ပြီး ကျောင်းတွေကို ဖြန့်ဝေပေးနေပြီလို့ သိရပါတယ်။ “သင် ခန်းစာတွေတော့ လျှော့လိုက်တယ်။ ဘယ်နှစ်ခန်းလျှော့တယ်ဆိုတာတော့ ပြီးခဲ့တဲ့နှစ်ကစာအုပ်နဲ့ တိုက်ကြည့်ရဦးမယ်။ အင်္ဂလိပ်စာကတော့ လုံးဝပြောင်းသွားတယ်။”လို့ အလယ်တန်းပြ ဆရာမတစ်ယောက်က ပြောပါတယ်။ အထက်တန်းနဲ့ ဘုန်းတော်ကြီးသင်ပညာရေး (ဘက) ကျောင်းတွေကို ဇူလိုင်လ(၂၁)ရက်ကစပြီး ပြန်ဖွင့်တော့မှာဖြစ်သလို နောက်တစ်ပတ်အကြာမှာတော့ အလယ်တန်းတွေဖွင်သွားမှာဖြစ်ပြီး မူလတန်းတွေကို အဲဒီနောက်ပိုင်းမှာ ဆက်လက်ဖွင့်သွားမှာ ဖြစ်ပါတယ်။ ကျူရှင်တွေကိုတော့ ကိုဗစ်ကာလမှာနေထိုင်ရမယ့် အကွာအဝေးသတ်မှတ်ချက်ရှိနေတာကြောင့် ပြန်ဖွင့်ခွင့်ပြုဦးမှာမဟုတ်ဘူးလို့လည်း သိရပါတယ်