ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် အနိမ့်ပိုင်းဒေသများရှိ ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးရှောင်ပြည်သူများအား ဘေးလွတ်ရာ ယာယီ ခိုလှုံရာစခန်းများသို့ ပြောင်းရွှေ့
ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် အနိမ့်ပိုင်းဒေသများရှိ ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးရှောင်ပြည်သူများအား ဘေးလွတ်ရာ ယာယီ ခိုလှုံရာစခန်းများသို့ ပြောင်းရွှေ့ မန္တလေး၊ ဇူလိုင် ၃၁ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် စစ်ကိုင်းမြို့နယ်အတွင်း အေးမြဝတီ၊ ထုံးဘို၊ သောတာပန်၊ ရွာထောင်၊ ထားဝယ်ဈေးရပ်ကွက်များနှင့် တဲကြီး ၊ ကင်း၊ မအူပင်၊ စဉ့်ကိုင်၊ ရွှေလှေ၊ ပြည်တော်သာ ကျေးရွာများမှ ရေဘေးသင့်အိမ်ထောင်စု (၁,၄၅၁) စု၊ လူဦးရေ (၆၅၁၆) ဦးတို့အား ဘေးလွတ်ရာ ယာယီ ခိုလှုံရာ စခန်းများဖြစ်သည့် စစ်ကိုင်းမြို့၊ အမှတ်(၆) အခြေခံပညာမူလ တန်းကျောင်းနှင့် ဝေဠုဝန်ငါးထပ်ကြီး မြတ်စွာဘုရားအစရှိသည့်နေရာများသို့ ပြောင်းရွှေ့ပေးခဲ့ရကြောင်းသိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ရေမြင့်တက် မှုကြောင့် ရေဘေးရှောင်ပြည်သူများအား နိုင်ငံတော်အစိုးရ၏ထောက်ပံ့မှု၊ လူမှုရေးအသင်းများ၊ ပရဟိတအသင်းများမှ ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရပြီး ဇူလိုင်လ(၃၀)ရက်နေ့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တိုင်းထွာချက်များအရ...