Monthly Archive: August, 2020

မိုးရွာထဲမှာ ပင်ပန်းနေတဲ့ ဈေးသည်အဘကို မုန့်လေးတွေအားပေးပြီး ကုသိုလ်ယူခဲ့တဲ့ ဘေဘီမောင်

ချောမောတဲ့ ရုပ်ရည်နဲ့ လုံးကြီးပေါက်လှခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ ဘေဘီမောင်ကတော့ အမျိုးသားပရိသတ်တွေကြားမှာ ရေပန်းစားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဘေဘီမောင်က လူလေးလှသလို စိတ်ထားကောင်းပြီး စကားပြောပွင့်လင်းသူမို့ ပရိသတ်တွေက အချစ်ပိုနေရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဘေဘီမောင်က သူမလမ်းသွားရင်း ကြုံဆုံခဲ့ရတဲ့ ဈေးသည်အဘအကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။ “မိုးတွေရွာလို့ သရက်သီးတုတ်ထိုးလေး အရောင်းပါးတဲ့အဘ👴🏼 ပင်လုံလမ်းcity martရှေ့မှာအမြဲရောင်းပါတယ်ရှင့်။ အားပေးကူညီခြင်းဖြင့် ကုသိုလ်ယူပေးပါဦး☺️ ဘဘ လည်းရောင်းကောင်းပါစေ🙏🏻ဘေဘီလည်း၁သောင်းဖိုးအားပေးခဲ့ပါတယ်☺️ ၅ချောင်းပဲယူလာတယ် စားကြည့်တာမချဉ်ဘူးကောင်းလိုက်တာ☺️” ဆိုပြီး သူမရဲ့ တစ်နေ့တာ ကုသိုလ်လေးကို ပရိသတ်တွေဆီ မျှဝေထားပါတယ်။ ဘေဘီမောင်ကတော့ အလှူအတန်းနဲ့ ပက်သတ်လာရင် နည်းများမဆို ကုသိုလ်ယူလှူဒါန်းနေတာ ပရိသတ်ကြီး မျက်မြင်ပါပဲနော်။ ပရိသတ်ကြီးလည်း လမ်းကြုံခဲ့ရင် အဘဆီကို အားပေးကူညီပြီး လှူဒါန်းပေးခဲ့ကြဖို့ မမေ့ပါနဲ့နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ Source: Baby Maung’s...

ပရိသတ်ကိုစိတ်ပူတာကြောင့် Mask တပ်ကြဖို့သတိပေးလိုက်တဲ့ ဝတ်မှုန်ရွှေရည်

မင်းသမီးချောလေးဝတ်မှုန်ရွှေရည်ကတော့ အနုပညာသက်တမ်း(၁၀)နှစ်ကျော်ရှိပြီဖြစ်သလို အကယ်ဒမီ(၂)ဆုရရှိထားတဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေသလို Brand တော်တော်များများနဲ့ လက်တွဲလုပ်ကိုင်နေတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ အသက်နဲ့မလိုက်အောင်နုပျိုတဲ့မော်ဒယ်လ်၊မင်းသမီးချောလေးကတော့ ပရိသတ်တွေကို ကျန်းမာရေးနဲ့ပတ်သက်ပြီး ဂရုစိုက်ဖို့သတိပေးလိုက်တာပါ။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ဘယ်သွားသွား အထူးဂရုစိုက်ပီး Mask တပ်ကြနော် .. အားလုံးကို စိတ်ပူတယ်..”ဆိုပြီးတော့ရေးသားထားပြီး ကိုယ်တိုင်ကလည်း Mask တပ်ထားသလို လက်ဆေးရည်ပုလင်းလေးကိုဆောင်ထားတာလည်း တွေ့ရပါတယ်။ လက်ရှိအချိန်ကတော့ ကပ်ရောဂါဆိုးကြီးပြန်လည်ပျံ့နှံ့ကူးစက်လာမယ့်အခြေအနေကို စိုးရိမ်နေရတာပါ။ ဝတ်မှုန်ရွှေရည်ကတော့ ကိုဗစ်မဖြစ်ခင်အချိန်နဲ့ဖြစ်ပွားနေစဉ်အချိန်မှာ လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းခဲ့သူတစ်ယောက်ပါ။ မကြာသေးခင်ကလည်း ပင်ပင်ပန်းပန်းနဲ့ Delivery ပိုတဲ့သူတွေကို လက်ဆောင်တွေပေးခဲ့ပါသေးတယ်။ စိတ်ထားကောင်းတဲ့မင်းသမီးချောလေးကတော့အခုလည်း Mask တပ်ကြဖို့ သတိပေးလိုက်ပြန်ပါပြီနော်… Source : WuttHmoneShweYi

ခိုင်နှင်းဝေရဲ့သမီးအသစ်လေးအတွက် အလှူငွေသုံးသိန်းလှူဒါန်းပေးခဲ့တဲ့ အောင်သူနဲ့ ပိုးအိအိခန့်

ခိုင်နှင်းဝေရင်သွေးလေးများဂေဟာဖွင့်ကာ မိဘမဲ့ကလေးငယ်တွေကို ရင်အုပ်မကွာစောင့်ရှောက်ပေးနေတဲ့ ခိုင်နှင်းဝေကတော့ မနေ့က သမီးလေးတစ်ယောက်ထပ်မံရရှိခဲ့ပါတယ်။ နေရာအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကြောင့် ကလေးငယ်(၃၄)ယောက် မှာပဲ ရပ်ထားပြီး ထပ်ပြီးလက်မခံဖို့ ဆုံးဖြတ်ထားတဲ့မေမေခိုင်နှင်းဝေကတော့ ကိုယ်တိုင်လာပေးတဲ့ မိခင်တစ်ယောက်ကြောင့် မလွှဲသာမရှောင်သာ သမီးလေးတစ်ယောက် ထပ်မံမွေးစားခဲ့ရတယ်လို့ ဆိုရမှာပါ။ ဒီနေ့မှာတော့ ဒီသမီးအသစ်လေးအတွက် နိုင်ငံကျော်ဘောလုံးသမားအောင်သူနဲ့ သရုပ်ဆောင်ပိုးအိအိခန့်တို့ မိသားစုလေးက သုံးသိန်းလာရောက်လှူဒါန်းပေးခဲ့ကြောင်းကို မျှဝေခဲ့ပါတယ်။ အောင်သူနဲ့ ပိုးအိအိခန့်တို့ကတော့ ကိုယ်တိုင်လည်း ရင်သွေးလေးတစ်ယောက်ပိုင်ဆိုင်နေပြီဖြစ်သလို ခိုင်နှင်းဝေဂေဟာက ကလေးတွေအတွက်လည်း စာနာစိတ်နဲ့ မကြာခဏဆိုသလို လှူဒါန်းပေးလေ့ရှိသူတွေပါ ပရိသတ်ကြီးရေ… စိတ်ထားပြည့်ဝပြီး ချစ်ဖို့ကောင်းတဲ့အောင်သူတို့ဇနီးမောင်နှံရဲ့ အလှူလေးကိုတော့ ခိုင်နှင်းဝေက ” သမီးအသစ်ကလေး အတွက် သားသမီးချင်းကိုယ်ချင်းစာနာပြီး မိခင်စိတ်အပြည့်နဲ့ ကျွန်မ ပရဟိတမှာရော ကလေးတွေအတွက် အမြဲလှူပေးတဲ့အတွက် သာဓုခေါ်ပါတယ်” ဆိုပြီး အလှူလေးကို သာဓုခေါ်ဆိုကာ မျှဝေပေးခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ။။ Source – Khine Hnin Wai

စစ်တွေမြို့အတွက် အရေးတကြီးလိုအပ်နေတဲ့ ပိုးသတ်ဆေးဖြန်းစက်တစ်လုံးလှူဒါန်းပေးခဲ့တဲ့ ခန့်စည်သူ

တစ်ကမ္ဘာလုံး စီးပွားရေးကျပ်တည်းနေတဲ့ အခုလိုကာလကြီးမှာ ရှိတဲ့သူတွေက မရှိတဲ့သူတွေကို ပြန်လည်ထောက်ပံ့ကူညီရင်း ဒီကာလဆိုးကြီးကို ဖြတ်သန်းနေကြတာကတော့ တကယ်ကို ကောင်းမွန်တဲ့အရာလေးပါပဲနော်။ ကိုဗစ်ကာလကို အလှူတွေဆက်တိုက်လုပ်ရင်းဖြတ်သန်းနေသူ ရုပ်ရှင်သရုပ်ဆောင်ခန့်စည်သူကတော့ ဒီတစ်ခေါက်မှာလည်း ကာလဒါနအလှူလေးတစ်ခုလုပ်ခဲ့ပါတယ်။ တစ်ပတ်အတွင်း ရောဂါပိုးတွေ့ရှိမှုများပြားလာတဲ့ ရခိုင်ပြည်နယ်အတွက် လူအား၊ငွေအား ထောက်ပံ့ကူညီမှုတွေများစွာလိုအပ်လျက်ရှိပြီး ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့အတွက် ခန့်စည်သူကတော့ ရခိုင်တိုင်းရင်းသားလူမှုကယ်ဆယ်ရေးအဖွဲ့ကနေတဆင့် ပိုးသတ်ဆေးဖြန်းစက်တစ်လုံး တန်ဖိုးငွေ သုံးသိန်းငါးသောင်းကျပ်တိတိကို လှူဒါန်းပေးခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။. ကိုဗစ်ကာလစတင်ကတည်းက ခက်ခဲနေတဲ့အိမ်ထောင်စုတွေ၊ မပြေလည်တဲ့ ဘဝသမားတွေကို ဆက်တိုက်ကူညီခဲ့သလို ဒီတစ်ခေါက်မှာလည်း အကူအညီလိုအပ်နေတဲ့ ရခိုင်ပြည်နယ်၊စစ်တွေမြို့အတွက် အကျိုးများတဲ့အလှူလေးတစ်ခုကို ပြုလုပ်ပေးခဲ့တာပါ။ တကယ်လိုအပ်နေတဲ့နေရာကို ရွေးချယ်လှူဒါန်းပေးတတ်တဲ့ ကိုခန့်ရဲ့အလှူလေးအတွက် သာဓုခေါ်ပေးခဲ့ပါဦးနော်။ Source – Kyaw Soe Win  

ရခိုင်ပြည်နယ်အတွက် ပိုးသတ်ဆေးဖြန်းစက် လှူဒါန်းခဲ့တဲ့ နေတိုး

နေတိုးကတော့ ရခိုင်ပြည်နယ် အတွင်းက ပိုးသတ်ဆေးဖြန်းဖို့ အရေးတကြီးလိုအပ်နေတဲ့ ဒေသတွေ အတွက် ပိုးသတ်ဆေးဖြန်းစက် တစ်လုံး လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ ရခိုင်လူမျိုးတစ်ဦးလည်းဖြစ်၊ မြန်မာနိုင်ငံရဲ့ ထိပ်တန်း သရုပ်ဆောင် တစ်ဦးလည်းဖြစ်တဲ့ အကယ်ဒမီနေတိုး ကတော့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေအတွက် ပိုးသတ်ဆေးဖြန်းစက် တစ်လုံး လှူဒါန်းခဲ့တယ်လို့ အလိုတော်ပြည့်ကျောင်းတိုက် ဆရာတော် အသျှင်ကုမာရက ပြောပြလာပါတယ်။ ” ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ နေတိုး မိသားစုတို့က ရခိုင်ပြည်နယ် စစ်တွေမြို့၊ မြောက်ဦးမြို့၊ မင်းပြားမြို့များတွင် အရေးတကြီးလိုအပ်နေတဲ့ ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ပိုးသတ်ဆေးဖြန်းတဲ့ စက်တစ်လုံးကို ဒီကနေ့ ရန်ကုန်မြို့ တာမွေမြို့နယ် အလိုတော်ပြည့်ကျောင်းတိုက် အသျှင်ကုမာရ ထံသို့ ပေးအပ်လှူဒါန်းခဲ့ပါတယ်။ အလိုတော်ပြည့်ပါစေ” ဆိုပြီးတော့ အလိုတော်ပြည့် ဆရာတော် အသျှင်ကုမာရ ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ သြဂုတ်လ ၂၄ ရက်နေ့ နေ့လယ် (၁၁) နာရီကျော်က...

ပရိသတ်အယောက်(၅၀၀) စာအတွက် ထီလက်မှတ်နဲ့ ဆန်တွေလှူသွားမယ့် ယုန်လေး

အဆိုတော် ယုန်လေးကတော့ လူရွှင်တော် ဧရာနဲ့ ဇာတ်ပို့သရုပ်ဆောင် ကျော်ထူးတို့ဆီက ဆန်နဲ့ ထီလက်မှတ်တွေ ဝယ်ထားတာလို့ သိရပါတယ်။ အဆိုတော် ယုန်လေးကတော့ လူရွှင်တော် ဧရာဆီက ထီလက်မှတ်တွေ၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ထူးဆီက ဆန်တွေ ဝယ်ပြီး ပရိသတ်အယောက်(၅၀၀) ကို လှူဒါန်းသွားမယ့်အကြောင်း ပြောပြလာပါတယ်။” 28 ၊ 29 ရက်နေ့ အလှူ အတွက် ကိုဧရာ ဆီက လူအယောက် (၅၀၀)စာ တစ်ယောက် (၃ စောင်) နှုန်းနဲ့ ထီလက်မှတ် အစောင်ရေ (၁၅၀၀) ၊ ကိုကျော်ထူး ဆီက ဆန် (၃ပြည်)အိတ်၊ လူအယောက် (၅၀၀ )စာ အိတ် (၅၀၀) အားပေးခဲ့ပါပြီ။ ကျန်တာတွေ ထပ်စီစဉ်နေပါသေးတယ်။ အလှူရှင် ထပ်တိုးရင် အရေတွက် ထပ်တိုးပါမယ်။ ထီတွေပေါက်ရင်တော့ အရမ်းပျော်ဖို့ကောင်းသွားပြီ။ ထီတွေ...

အသက်(၃) နှစ်ပြည့်ပြီဖြစ်တဲ့ အေသင်ချိုဆွေသမီးလေး Ivy

အေသင်ချိုဆွေကတော့ ဒီနေ့ ( သြဂုတ်လ ၂၅ ရက်)မှာ ကျရောက်တဲ့ သမီးလေးIvyရဲ့ အသက်(၃) နှစ်ပြည့် မွေးနေ့မှာ သူ့ရင်ထဲက လာတဲ့စကားလေးတွေနဲ့ မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။ အေသင်ချိုဆွေကတော့ လွန်ခဲ့တဲ့ (၃) နှစ်က Ivy လေးကို မွေးဖွားခဲ့တဲ့ အမှတ်တရလေးတွေ ပြန်ပြောလာခဲ့ပါတယ်။ ရင်သွေးလေးကို တွေ့ခွင့်ရတော့မယ့် မိခင်တစ်ယောက်ရဲ့ ရင်ထဲမှာ အရမ်းကို ပျော်နေခဲ့တာလို့ သူက ဆိုပါတယ်။ ” Happy Birthday mommy’s ivy lay။ မြန်မာလိုဆို မေမေ့ နွယ်ပင်လေးပေါ့။ လွန်ခဲ့တဲ့ (၃) နှစ်က ဒီလို နေ့မျိုး ဒီအချိန်လောက်ဆို မေမေ ခွဲခန်းထဲဝင်ဖို့ ready ဖြစ်နေပြီ။ မေမေ့ဘေးနားမှာ ဘွားဘွားရယ်၊ ခွားခွာရယ်၊ မေမေမသိတဲ့ Nurse တွေရယ် ပဲရှိပေမယ့် မေမေ တစက်လေးမှ မကြောက်မိပါဘူးကွယ်။မေမေ့...

ဆေးထိုးအပ်ရာတွေများစွာနဲ့ ဆေးရုံပေါ်မှာ လှဲလျောင်းနေရတဲ့ ရွှေမှုံရတီရဲ့ ကျန်းမာရေးအခြေအနေ

ထူးခြားတဲ့ အနုပညာစွမ်းရည်ကြောင့် ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်ခဲ့တဲ့ ရွှေမှုံရတီက ဗီဒီယိုဇာတ်ကားတွေမှာ အောင်မြင်မှုတွေ ရရှိခဲ့ပြီးတဲ့နောက် ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ရပ်တည်ခဲ့တာပဲ ဖြစ်ပါတယ်။ အောင်မြင်မှုတွေများစွာကို ရရှိပိုင်ဆိုင်ထားတဲ့ ရွှေမှုံရတီက အစစအရာရာ ပြည့်စုံသူတစ်ယောက်လို့ ပရိသတ်တွေထင်ကြပေမယ့် သူမရဲ့ မွေးရာပါနှလုံးရောဂါကြောင့် စိတ်သွားတိုင်း ကိုယ်မပါနိုင်ခဲ့တဲ့ အချိန်တွေလည်း ရှိခဲ့တာပဲ ဖြစ်ပါတယ်။ ရွှေမှုံရတီက အိမ်ထောင်ကျပြီးနောက်ပိုင်း စိတ်ချမ်းသာမှုအပြည့်ရရှိခဲ့တာကြောင့် အရင်ကထက် ကျန်းမာရေးအခြေအနေ ကောင်းခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မနေ့က သြဂုတ်လ (၂၄) ရက်နေ့မှာတော့ ရွှေမှုံရတီက ရုတ်တရက် ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံတက်ပြီး ဆေးကုသမှုခံယူခဲ့ရတာပဲ ဖြစ်ပါတယ်။ ရွှေမှုံရတီကတော့ ဆေးထိုးအပ်ရာတွေများစွာနဲ့ ဆေးရုံပေါ်မှာ လှဲလျောင်းနေရတဲ့ သူမရဲ့ ပုံရိပ်လေးကို ဖေ့စ်ဘုတ် My Day ကနေ မျှဝေထားပြီး ဘာရောဂါအခြေအနေကြောင့် ဆေးရုံတက်ရတယ်ဆိုတာကိုတော့ ပြောမပြထားပါဘူး။ ရွှေမှုံရတီကတော့ အိမ်ထောင်မကျခင်အချိန်တုန်းက ထိုင်းနိုင်ငံ၊...

သီချင်းအသစ်လေးကို ကြည့်ရှုအားပေးသူ တစ်သန်းပြည့်သွားတာကြောင့် ပျော်နေတဲ့ အက်စတာ

မြန်မာအိုင်ဒေါ Season-4 ပြိုင်ပွဲကြီးရဲ့ Winner ဆုရှင် အက်စတာကတော့ မကြာသေးခင်ကမှ သူ့ရဲ့ပထမဆုံးသီချင်းလေးကို ထွက်ရှိခဲ့ပါတယ်။ သေချာအချိန်ယူပြင်ဆင်ပြီးထွက်လာတဲ့ သီချင်းလေးမို့ စောင့်မျှော်နေတဲ့ ပရိသတ်တွေ မျှော်ရကျိုးနပ်စေခဲ့မှာ အမှန်ပါ။ ဒီနေ့မှာတော့ ဒီသီချင်းလေးကို ကြည့်ရှုသူ တစ်သန်းပြည့်ခဲ့ပြီဖြစ်ပြီး အက်စတာကတော့ ” ကော်ဖီပူပူလေးသောက်ရင်း Unseen သွားတဲ့တစ်ယောက်သောသူကိုစောင့်နေမိတယ်…. ဘာရယ်မဟုတ်ဘူး 1M လေးပြည့်သွားတော့ပျော်လို့ပါ…. ချစ်ပီးအားပေးကြတဲ့ White Nubes တို့နဲ့ အမျိုးတို့အားလုံးကျေးဇူးတင်ပါတယ်…. ပိုကြိုးစားပါ့မယ်ရှင့်” ဆိုပြီး ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ ဒီနေ့ခေတ်လို လူမှုကွန်ရက်ကိုပဲ အသုံးပြုပြီး အချင်းချင်းဆက်သွယ်လာကြတဲ့အချိန်မှာ ကိုယ့်ရဲ့ Message ကို ချစ်ရသူက မကြည့်တော့တဲ့အနေအထားလေးမှာ ခံစားရတဲ့ခံစားချက်တွေကို ဒီသီချင်းလေးထဲမှာ တွေ့မြင်ရမှာပါ ပရိသတ်ကြီးရေ… အက်စတာရဲ့ သီချင်းအသစ်လေးကို နားမထောင်ရသေးတဲ့ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ Source – Esther DCS

အခြေခံလူတန်းစားတွေရဲ့စားဝတ်နေရေးအတွက် စိတ်ပူမိတယ်ဆိုတဲ့ ဂျွန်လွင်

(၂၀၁၉) ခုနှစ် ဒီဇင်ဘာလောက်ကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ်ကပ်ရောဂါကတော့ အခုဆိုရင် ဆက်တိုက်ဖြစ်ပွားလာခဲ့တာ တစ်နှစ်နီးပါးရှိနေပြီလို့ ဆိုရမှာပါ။ မြန်မာနိုင်ငံမှာတော့ အခြားနိုင်ငံတွေလောက် ရောဂါပိုးကူးစက်ပျံ့နှံမှုမများခဲ့ပေမယ့်လည်း လတ်တလောမှာတော့ ဒုတိယလှိုင်းပြန်လည်စတင်နေပြီ ဖြစ်ပါတယ်။ ရက်ပိုင်းအတွင်း ပြန်လည်မြင့်တက်လာတဲ့ ရောဂါပိုးတွေ့ရှိသူတွေ့ကြောင့် အစစအရာရာလည်ပတ်နေပြီလို့ ထင်ထားကြတဲ့ ပြည်သူတွေရဲ့စိုးရိမ်တွေလည်း ပြန်လည်စတင်လာပြီလို့ ဆိုရမှာပါ။ ပထမတစ်ခါ အလုပ်တွေအကုန်ရပ်သွားချိန်မှာတောင် စားဝတ်နေရေးထိခိုက်ကြကုန်တဲ့သူတွေ အများကြီးမို့ ဒီတစ်ခေါက်သာ ထပ်ပြီး ရပ်ခဲ့ရင် ပိုဆိုးကုန်မှာ အမှန်ပါပဲ ပရိသတ်ကြီးရေ… ပရိသတ်ရဲ့အချစ်တော်ဂျွန်လွင်တစ်ယောက်လည်း ပြန်လည်စတင်လာတဲ့ ကိုဗစ်ကပ်ရောဂါကြောင့် အိပ်မပျော်နိုင်ဖြစ်နေပြီ ဆိုတဲ့အကြောင်းကို ရင်ဖွင့်ခဲ့ပါတယ်။ ” covid19 ရယ်ထွက်သွားပါတော့…. မနက် 4.30 am ထဲက ငါပြန်အိပ်မပျော်တာ ငါအတွက်ထက် ငါဝန်ထမ်းတွေရယ်….. ငါတို့မြန်မာနိင်ငံရဲ့ အခြေခံပြည်သူတွေအတွက်စားဝတ်နေရေးစိတ်ပူလိုက်တာ” ဆိုပြီး ရေးသားမျှဝေလာပါတယ် ပရိသတ်ကြီးရေ… အခုလိုအချိန်ကတော့ အားလုံးစိတ်ပူနေရတဲ့အချိန်မို့ ရောဂါပိုးဆက်လက်မပြန့်ပွားအောင် ကိုယ့်ကိုယ့်ကိုယ်ထိန်းချုပ်ကာကွယ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။ Source...