Monthly Archive: September, 2020

ထပ်ဆင့်အကယ်ဒမီမို့မို့မြင့်အောင်၏မိခင်ကွယ်လွန်

ရုပ်ရှင်မင်းသားကြီး အကယ်ဒမီ ဦးမြင့်အောင်၏ဇနီး၊ ထပ်ဆင့်အကယ် ဒမီ မင်းသမီး မို့မို့မြင့်အောင်၏မိခင်ကြီး အသက် ၉၉ နှစ်အရွယ် ဒေါ်သန်းရင် သည် ယနေ့ မွန်းလွဲပိုင်းက လူကြီးရောဂါဖြင့်ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။ ထပ်ဆင့်အကယ်ဒမီ မို့မို့မြင့်အောင်က လုပ်ဖော်ကိုင်ဖက်အနုပညာရှင်များနှင့် ပရိသတ်များအား သူ့မိခင်ကွယ်လွန်သွားသည့်အကြောင်းကို လူမှုကွန်ရက်က အသိပေးထားခြင်း ဖြစ်သည်။ ” မို့ ကြေကွဲစွာခံစားနေရပါတယ်။ မို့ မိခင်ကြီး အသက်(၉၉)နှစ် ၃၀-၉-၂၀၂၀ နေ့လယ် ၁ နာရီ ၅မိနစ်မှာ လူကြီးရောဂါဖြင့် ကွယ်လွန် သွားပါပြီ။ မို့ ခံစားနေရသလို သဲသဲတုန်လေးတွေလည်း ခံစားနေရမယ်ဆိုတာ ယုံကြည်ပါတယ်။ ဒါပေမဲ့ မနက်ဖြန် ဖွားမာမီရဲ့ နောက်ဆုံးခရီးကို လိုက်မပို့ကြပါနဲ့ မို့ အများကြီးနားလည်မှုရှိပါတယ်။ Covid နဲ့ Lockdown ကြောင့်မို့ပါ။ မို့ စာအများကြီးမရေး နိုင်တာ ခွင့်လွှတ်ပါ ” ဟုယင်းကရေးသားထားသည်။

ပိုးရှိ၊မရှိ အမြန်စစ်နိုင်သော Test Kit များဖြင့် စစစ်မည်ဖြစ်၍ ပိုးတွေ့သူ ပိုများလာနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်အသိပေး

မြို့နယ်နှင့် ခရိုင်ဆေးရုံများတွင် ရောဂါအမြန်စစ်ဆေးနိုင်သော Test Kit များကို ယနေ့ စတင် အသုံးပြုမည်ဖြစ်ပြီး မြန်မြန်စစ်ဆေးနိုင်သည့်အတွက် ပိုးရှိသူ ပိုမိုများပြားစွာတွေ့လာမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူသို့ အသိပေးသည်။ COVID-19 ရောဂါဖြစ်ပွား မှု နောက်ဆုံးအခြေအနေကို နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူသို့ စက်တင်ဘာ ၂၈ ရက်တွင် တင်ပြခဲ့ရာ ထိုသို့ ပြောကြားခြင်းဖြစ်ပြီး ပိုးရှိသူများပြားလာ သည့် အပေါ် ပြည်သူများအနေဖြင့် စိတ်ဓာတ်မကျရန် အားပေးစကားဆက်ပြောသည်။‘‘ဒီလိုမြန်မြန် သိရတဲ့အခါ ကျတော့ စောစောစီးစီး ကုသမှု ပေးနိုင်တယ်။ ပျောက်နှုန်းက ပိုပြီးတော့ ကောင်းလာမယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ဆို သည်။ COVID-19 ပိုးရှိ၊ မရှိ မြန် မြန်ဆန်ဆန်နှင့် မှန်မှန်ကန်ကန် စစ်ဆေးနိုင်သည့် Test kit များ ကို တောင်ကိုရီးယားနိုင်ငံမှ...

သာကေတမြို့နယ်ရှိ Fortune Plaza Expo ခန်းမကို COVID-19 လူနာ ၁၀၀၀ ထိကုသနိုင်မည့် ယာယီဆေးရုံ ပြုလုပ်မည်

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ Fortune Plaza Expo ခန်းမကို COVID-19 လူနာ ၁၀၀၀ ထိ ကုသနိုင်မည့် ယာယီဆေးရုံ ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောသည်။ “Forturne Plaza Expo ခန်းမ ကို ခုတင်(၁၀၀၀)ဆံ့ယာယီဆေးရုံအဖြစ် အသုံးပြုနိုင်ဖို့ Excellent Fortune Development Group ဥက္ကဌ ဦးစိုင်းမျိုးဝင်းက လှုဒါန်းတာဖြစ်ပါတယ်။ လူတွေအတွက် လိုအပ်တာတွေ သုံးစွဲဖို့လည်း ကျပ်သိန်းတစ်ထောင်ကိုလည်း မတည်လှူဒါန်းခဲ့တယ်”ဟု ယင်းကပြောသည်။ ယင်းယာယီ ဆေးရုံတွင် Volunteer အဖြစ် We Love Yangon ကဆောင်ရွက်မည် ဖြစ်ပြီး ရန်ကုန်မြို့ တော် စည်ပင်သာ ယာရေးကော်မတီအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြမည် ဖြစ်ကြောင်း၊ဆေးရုံအဖြစ် ပြင်ဆင်ချိန်ကို တစ်ပတ်ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း သိရသည်။ ယခုအခါ Forturne Plaza တွင် စည်ပင်သာယာရေးကော်မတီက ရေချိုးခန်း၊...

ဆွမ်းဦးပုညရှင်‌စေတီတွင် အန္တရာယ်ကင်း ပရိတ် ပူဇော်

စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင် စေတီတွင် စက်တင်ဘာ ၂၆ ညနေပိုင်းကစတင်၍ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ခြင်းအား စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိ သီတဂူဆရာတော်ဘုရားကြီးဦးဆောင်၍ ဆရာတော်သံဃာတော်များမှ ပရိတ်ရွတ်ဖတ်ခြင်းများပြုလုပ်ခဲ့ပြီး စက်တင်ဘာ ၂၆မှ ၂၈ ထိသုံးရက်တိုင်တိုင်ရွတ်ဖတ်သွားမည်ဖြစ်ကြောင်း သိရသည်။ ” မြန်မာနိုင်ငံတွင်မကကမ္ဘာမှာပါ ကျရောက်နေတဲ့ ကပ်ရောဂါကြီး ကင်းစင်ပပျောက်အောင် သီတဂူဆရာတော်ဘုရားကြီးအမှူးပြုပြီး ဩဝါဒဆရာတော်ရဲ့ဩဝါဒခံယူခဲ့ပြီး ဒီနေ့ ကစအန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပူဇော်‌တာ‌ဖြစ်ပါတယ်။ စနေ၊တနင်္ဂနွေ၊တနင်္လာနေ့ည‌တွေမှာ ရွတ်ဖတ်ပြီး အင်္ဂါနေ့မနက်မှာ အာရုဏ်ဆွမ်းကပ်ပြီး ပရိတ်ရေများကို စစ်ကိုင်းမြို့အတွင်း လှည့်လည်ပြီးပတ်ဖြန်းသွားမှာပါ” ဟု စစ်ကိုင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းက ပြောကြားသည်။ အဆိုပါအန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ခြင်းသည် စစ်ကိုင်းမြို့၊စစ်ကိုင်းတိုင်း‌ဒေသကြီး အတွက်ပင်မဟုတ်ဘဲ အခြားတိုင်းနှင့်ပြည်နယ်များ နှင့် တစ်ကမ္ဘာလုံး၌ ကျရောက်နေသော Covid-19ကပ်ရောဂါ ကင်းစင်ပပျောက်စေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

Covid-19 ရောဂါပိုးတွေ့ရှိခဲ့သည့် သံဃာတော်များ၊ သီလရှင်များအားလုံးနှင့် လူပုဂ္ဂိုလ်များအတွက် ဆရာ တော် အရှင်ဆေကိန္ဒ နှင့် မဇ္ဈိမဂုဏ်ရည် ဆရာတော်တို့က ကျပ်သိန်း (၁၀၀) စီ လှူဒါန်း

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သည့် သံဃာတော်များ၊ သီလရှင်များအားလုံးနှင့် လူပုဂ္ဂိုလ်များအတွက် ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒက ကျပ်သိန်း(၁၀၀) လှူဒါန်းခဲ့ကြောင်းသိရပါတယ်။ အဆိုပါ ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့သည့် အင်းစိန်ရွာမပရိယတ္တိကျောင်းတိုက်မှ သံဃာတော်များ အပါအဝင် သီလရှင်များအားလုံးနှင့် လူပုဂ္ဂိုလ်များအတွက် ရည်ရွယ်ပြီး ဆေးဝါးများ၊ ဓာတ်စာများ၊ ကော်ဖီ၊ အအေးနှင့် သောက်ရေသန့်များ စီစဉ်လှူဒါန်းရန်အတွက် ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒက ကျပ် သိန်း (၁၀၀) လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အလားတူ မဇ္ဈိမဂုဏ်ရည် ဆရာတော် ဒေါက်တာအရှင် ကောဝိဒ က လည်း ကျပ်သိန်း ၁၀၀ လှူဒါန်းပြိး Covid-19 Postive အဖြေထွက်ခဲ့သော သံဃာတော်များ လူပုဂ္ဂိုလ်များအတွက် အထူးရည်ရွယ်ပြီး ဆေးဝါးများ သွားရောက်လှူဒါန်းသွားမည်ဖြစ်ကာ ပါရမီဖြည့်ဘက် ဒါယကာ ဒါယိကာမများ အနေနဲ့ လှူဒါန်းလိုက ပေါင်းစပ်လှူဒါန်းဖို့ အသိပေးအကြောင်းကြားအပ်ပါတယ်။ Ref : MyanmaPlatform

အန်အယ်လ်ဒီပါတီ ဝန်းရံသူ ၁၀,၀၀၀ ခန့် လွိုင်ကော်မြို့တွင်း လှည့်လည်

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ အန်အယ်လ်ဒီပါတီကို ဝန်းရံတဲ့အနေနဲ့ လူအင်အား ၁၀,၀၀၀ လောက်နဲ့ မြို့တွင်း ကားတွေ ဆိုင်ကယ်တွေနဲ့ လှည့်လည် မဲဆွယ်စည်းရုံးခဲ့ကြပါတယ်။ ဆိုင်ကယ်အစီးရေ ၅၀၀ နဲ့ ကားအစီးပေါင်း ၁၀၀ ကျော်က ပါဝင်ပြီး လူဦးရေ ၁၀,၀၀၀ နီးပါးနဲ့ လွိုင်ကော်မြို့တွင်းကို လှည့်လည်ခဲ့ကြတာပါ။ အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပါတီဝန်ရံသူတွေက ဦးဆောင်ပြီး လိုက်ပါချင်သူတွေ လှည့်လည်မဲဆွယ်ခဲ့တာလို့ ဦးဆောင်သူဖြစ်တဲ့ ကိုဇော်ထွေးက ပြောပါတယ်။ “အဓိကကတော့ ကျနော်တို့ကတော့ ၂၀၂၀ မှာ အန်အယ်လ်ဒီကို ဝန်းရံပေးတာပေါ့ဗျာ။ အမေစုအတွက်ပါ အဓိကကတော့လေ။ ကျနော်တို့အစိုးရ ဖွဲ့နိုင်ဖို့အတွက်ပေါ့ဗျာ။ ကျနော်တို့က ဒီမိုကရေစီအစစ်မရသေးဘူးဆိုတော့ ၂၅ ရာခိုင်နှုန်းက လွှတ်တော်ထဲမှာ ရှိနေသေးတယ်ဆိုတော့ ကျနော်တို့ ဒါကို တိုက်ရဦးမယ်ဆိုတော့ မဝန်းရံလို့မရဘူးဆိုတော့ ပြည်သူလူထုတွေက ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ် ဝန်းရံကြတာပေါ့ဗျာ။ အဲဒါပါပဲ။ ” လွိုင်ကော်မြို့နယ်...

လူမှုဖူလုံရေးကြေးသွင်းထားတဲ့ အလုပ်သမားတွေ လစာရဲ့ (၄၀) ရာခိုင်နှုန်း ထောက်ပံ့ကြေးရမည်

ရန်ကုန်တိုင်းထဲမှာရှိတဲ့ ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာတွေက လူမှုဖူလုံရေးမှတ်ပုံတင်ထားတဲ့ အလုပ်သမားတွေအတွက် တစ်နှစ်ပျမ်းမျှလုပ်ခ တစ်လစာရဲ့ (၄၀) ရာခိုင်နှုန်းကို ထောက်ပံ့သွားမယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက အမိန့်ကြော်ငြာချက် ထုတ်ပြန်လိုက်ပါတယ်။ Stay at home အစီစဉ်မှာ အကျုံးဝင်တဲ့ ပုဂ္ဂလိကပိုင် စက်ရုံအလုပ်ရုံ လုပ်ငန်းဌာနတွေမှာရှိတဲ့ အာမခံ အလုပ်သမားတွေအတွက် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပုဒ်မ ၃၁(ခ)(၂) နဲ့ နည်းဥပဒေ ၁၃၆(ခ) တို့အရ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပုဒ်မ ၃၁(ခ)(၂)အရ သဘာဝဘေးအန္တရာယ်မကြုံတွေ့ခင် ထည့်ဝင်ကြေးငွေ အနည်းဆုံး (၃၆) လပေးသွင်းပြီးတဲ့နောက် ဘေးကြုံတွေ့ရတဲ့နေ့မတိုင်ခင် တစ်နှစ်အတွင်းပျှမ်းမျှ လုပ်ခတစ်လစာရဲ့ (၄၀) ရာခိုင်နှုန်း ငွေကြေးထောက်ပံ့မှုခံစားခွင့်နဲ့ လူမှုဖူလုံရေးအဖွဲ့ကထောက်ပံ့တဲ့ ကယ်ဆယ်ရေးပစ္စည်းတွေခံစားခွင့်ရရှိမယ်လို့ ပြဌာန်းထားပါတယ်။ ဒါ့အပြင် ဥပဒေအရ ၂၀၂၀ ခုနှစ် ခြောက်လပိုင်းမတိုင်ခင်(၃၆)လစာ လူမှုဖူလုံရေးကြေးပေးသွင်းထားတာမရှိပေမဲ့ ၂၀၂၀...

ကိုဗစ် ၁၉ ကာလဆွမ်းအခက်အခဲဖြစ်နေတဲ့ ဘုန်းတော်ကြီးကျောင်း ၂၄ ကျောင်းကိုနေ့ဆွမ်းကပ်လှူခဲ့တဲ့ ချစ်သုဝေ

သရုပ်ဆောင်ချစ်သုဝေနဲ့ လင်းလင်းတို့ရဲ့ ခေတ်သစ်ဖောင်ဒေးရှင်းကနေ ကိုဗစ် ၁၉ ကာလ ဆွမ်းခက်ခဲနေတဲ့ ဘုန်းတော်ကြီး ကျောင်း ၂၄ ကျောင်းကို နေ့ဆွမ်းပို့ကာကပ်လှူခဲ့တယ်လို့ ချစ်သုဝေက အသိပေးထားပါတယ်။ ခေတ်သစ်ဖောင်ဒေးရှင်းကတော့ ကိုဗစ် ၁၉ စတင်ဖြစ်စဉ်ကတည်းက ကျန်းမာရေး၊ စားသောက်ရေး အခက်အခဲဖြစ်နေတဲ့ နေရာတွေကို လိုအပ်ရင် လိုအပ်သလို ကူညီပေးနေတာ အားလုံး အသိပဲဖြစ်မှာပါ။ လက်ရှိမှာတော့ ဘုန်းတော်ကြီးကျောင်း ၂၄ ကျောင်းမှာ ရှိတဲ့ သံဃာတော်အပါး၂၀၈ ပါးအတွက် နေ့ဆွမ်းတွေကို လိုက်လံ ကပ်လှူနေတဲ့ ပုံရိပ်လေးတွေကို ချစ်သုဝေ ကမျှဝေ ပေးထားတာဖြစ်ပါတယ်။ “COVID-19 ကာလမှာ ဆွမ်းလောင်းအသင်းများရပ်နားထားသလို ဆွမ်းခံထွက်ခြင်း များမပြုလုပ်ကြတဲ့ သံဃာတော်များ အတွက် ဆွမ်းအခက်အခဲဖြစ်ပေါ်နေခဲ့ပါတယ်။ ဒီအခက်အခဲအတွက် ခေတ်သစ်ဖောင်ဒေးရှင်းမှ (၇) က်သားသမီးများနှင့် စုပေါင်း၍ ဒဂုံမြို့နယ်၊ အိမ်တော်ရာတိုက်၊ ဘုန်းတော်ကြီးကျောင်း (၂၄) ကျောင်းရှိ သံဃာတော်...

ရန်ကုန် လှိုင်မြို့နယ်အတွင်းရှိ ကိုဗစ်လူနာများ ဆေးရုံလူပြည့်နေသဖြင့် ပို့ဆောင်ရန် အခက်အခဲကြုံနေ

ဆေးရုံနှင့် Q Center များတွင် လူနာများပြည့်နေသည့်အတွက် လှိုင်မြို့နယ်အတွင်းရှိ ကိုဗစ် သံသယလူနာများကို ပို့ဆောင်ရန် အခက်ခဲကြုံနေကြောင်း သိရသည်။ လှိုင်မြို့နယ်ရှိ ဖျားနာကုဆေးခန်းသို့လာပြသည့် လူနာများအနက် ကိုဗစ်-၁၉ သံသယလူနာအဖြစ် သတ်မှတ်ခံထားရသူ အယောက် ၃၀ ကျော်အား ဆေးရုံသို့မပို့နိုင်သေးကြောင်း သိရသည်။ လှိုင်မြို့နယ် ဖျားနာကုအခမဲ့ဆေးခန်းမှာ ဖွင့်ရက်တစ်ရက်ကို လူ (၄၀) ဝန်းကျင်လောက် လာပြနေကြပြီး အနံ့ပျောက်တဲ့သူ အယောက် (၂၀) ကို နှာခေါင်းတို့ပတ်စစ်ဆေးရာမှာ (၁၉) ယောက်မှာ ပိုးတွေ့ရှိတာ ဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ရှင်းပြပါတယ်။ အဲဒီလိုလူတွေကို ဆေးရုံတွေကို ပို့ပေမယ့် အခုနောက်ပိုင်း ဆေးရုံတွေမှာလည်း ကုတင်တွေပြည့်နေတာကြောင့် လက်မခံနိုင်လို့ သံသယလူနာတွေကို အိမ်ပြန်လွှတ်နေရတယ်လို့ ဦးကျော်ကျော်ထွန်းက ပြောပါတယ်။ “ရပ်ကွက်ထဲမှာ အနံ့ပျောက်တယ်။ ချောင်းဆိုး လာခေါ်ပေးပါဆိုပြီး သတင်းပို့တာက ၁၅ ယောက်လောက်ရှိတယ်။ ကျွန်တော်တို့က ဆေးရုံတွေကို လာခေါ်ပေးဖို့...

ရန်ကုန် လှိုင်မြို့နယ်အတွင်းရှိ ကိုဗစ်လူနာများ ဆေးရုံလူပြည့်နေသဖြင့် ပို့ဆောင်ရန် အခက်အခဲကြုံနေ

ဆေးရုံနှင့် Q Center များတွင် လူနာများပြည့်နေသည့်အတွက် လှိုင်မြို့နယ်အတွင်းရှိ ကိုဗစ် သံသယလူနာများကို ပို့ဆောင်ရန် အခက်ခဲကြုံနေကြောင်း သိရသည်။ လှိုင်မြို့နယ်ရှိ ဖျားနာကုဆေးခန်းသို့လာပြသည့် လူနာများအနက် ကိုဗစ်-၁၉ သံသယလူနာအဖြစ် သတ်မှတ်ခံထားရသူ အယောက် ၃၀ ကျော်အား ဆေးရုံသို့မပို့နိုင်သေးကြောင်း သိရသည်။ လှိုင်မြို့နယ် ဖျားနာကုအခမဲ့ဆေးခန်းမှာ ဖွင့်ရက်တစ်ရက်ကို လူ (၄၀) ဝန်းကျင်လောက် လာပြနေကြပြီး အနံ့ပျောက်တဲ့သူ အယောက် (၂၀) ကို နှာခေါင်းတို့ပတ်စစ်ဆေးရာမှာ (၁၉) ယောက်မှာ ပိုးတွေ့ရှိတာ ဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ရှင်းပြပါတယ်။ အဲဒီလိုလူတွေကို ဆေးရုံတွေကို ပို့ပေမယ့် အခုနောက်ပိုင်း ဆေးရုံတွေမှာလည်း ကုတင်တွေပြည့်နေတာကြောင့် လက်မခံနိုင်လို့ သံသယလူနာတွေကို အိမ်ပြန်လွှတ်နေရတယ်လို့ ဦးကျော်ကျော်ထွန်းက ပြောပါတယ်။ “ရပ်ကွက်ထဲမှာ အနံ့ပျောက်တယ်။ ချောင်းဆိုး လာခေါ်ပေးပါဆိုပြီး သတင်းပို့တာက ၁၅ ယောက်လောက်ရှိတယ်။ ကျွန်တော်တို့က ဆေးရုံတွေကို လာခေါ်ပေးဖို့...