Monthly Archive: March, 2021

မြင်းခြံမှာ နှစ်ဦးပစ်ခတ်ခံရပြီး ဒဏ်ရာရ

ဒီနေ့ မတ်လ ၁၀ ရက်နေ့ မနက်ပိုင်း မြင်းခြံမှာ စစ်အာဏာရှင်ကို ဆန္ဒပြဖို့ လူစုနေတုန်းမှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကပစ်ခတ် ဖြိုခွင်းခဲ့ပါတယ်။   လက်ရှိမှာ ရော်ဘာကျည်နဲ့ ပစ်လို့ မျက်လုံးကို ထိခိုက်သူနဲ့ ခြေထောက်ကို ထိခိုက်သူ နှစ်ဦးရှိနေတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ Photo – CJ

ဖျာပုံ သူရဲကောင်း နာရေး

မလ်လ ၈ ရက်နေ့က၊ ဖျာပုံမြို့ စစ်အဏာရှင်ဆန့်ကျင်ရေး သပိတ်မှ ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ရာမှ၊ သပိတ်စစ်ကြောင်းကို စစ်တပ်၊ ရဲတို့မှ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့ရာ၊ ဝမ်းဗိုက်ထိခိုက်ဒဏ်ရာရရှိကာ ကျဆုံးခဲ့သည့်ဖျာပုံမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ အောင်သပြေ(၄) လမ်းနေ မောင်သီဟဦး (၃၀) နှစ် ၏နာရေး (ပေးပို့သူ – CJ)        

တပ်မတော်ကွပ်ကဲမှုအောက်ဖြစ်သော်လည်း ဆန္ဒပြပြည်သူများကို အနှောင့်အယှက်ပေးမည်မဟုတ်ဟု BGF ပြော

ကရင် နယ်ခြားစောင့် တပ်ဖွဲ့ (BGF) အနေဖြင့် တပ် မတော်ကွပ်ကဲမှုအောက်၌ရှိသော လက်နက်ကိုင်အဖွဲ့အစည်းဖြစ် သော်လည်း ဆန္ဒပြပြည်သူများကို လုံးဝအနှောင့်အယှက်ပေးမည် မဟုတ်ကြောင်း BGF တပ်မှူး ဗိုလ်မှူးကြီးစောချစ်သူက ယမန် နေ့တွင် ပြောကြားသည်။Thoolei သတင်းဌာန၏ မတ်လ ၄ ရက် သတင်းဖော်ပြချက် တွင် ကော့ကရိတ်မြို့ စစ်အာဏာရှင်တိုက်ဖျက်ရေး ဆန္ဒထုတ်ဖော်သူများကို မြို့တွင်းအဝင်မခံဘဲဖြို ခွင်းရန်ပြင်ဆင်နေသည့် စုဖွဲ့မှုတွင် BGF ဘက်တံဆိပ် တပ်ဆင် သူများ ပါဝင်ကြောင်းပါရှိသည်။ ယင်းနှင့်ပတ်သက်၍ ဗိုလ်မှူးကြီးစောချစ်သူအား မေးမြန်း ရာ လုံးဝမပါဝင်ကြောင်း ဖြေကြားပြီး အဆိုပါသတင်းများ မတ်လ ၃ ရက်ကတည်းက ထွက်ပေါ်နေ၍ ဓာတ်ပုံအထောက်အထား ရှာဖွေ ရာ မတွေ့ရသေးဟု ပြောသည်။‘ကျွန်တော်တို့လူတွေအားလုံးကို ကျွန်တော်တို့ ပြောထား တယ်။ အခုအချိန်မှာ ပြည်သူနဲ့ ထိပ်တိုက် ကျွန်တော်တို့ဘယ်လိုမှ အဖြစ်မခံဘူး’’ဟု၎င်းကဆိုသည်။ဆန္ဒပြမှုများတွင် လက်နက်ကိုင်အဖွဲ့များ...

နေခြည်ဦးရဲ့ အလှူငွေလက်မခံတဲ့ Rescue Task Force အဖွဲ့

ဆန္ဒပြသည့် ပြည်သူများ ကို အကြမ်းဖက်ဖြိုခွင်းမှုများ လုပ်ဆောင်ပါက ရှေ့တန်းမှ ကာကွယ်ပေးနေသော Rescue Task Force အဖွဲ့သို့ သရုပ်ဆောင် နေခြည်ဦးက အလှူငွေလှူဒါန်းမှုကို လက်မခံဘဲ ပြန်လွှဲပေးခဲ့ ကြောင်း ယင်းအဖွဲ့၏ ဖေ့စ်ဘွတ်ခ် ၌ ကြေညာထားသည်။ လက်ရှိ အခြေအနေအရ အဖွဲ့ဝင် များပြားလာသော ကြောင့် လိုအပ်သည့် ယူနီဖောင်း နှင့် အကာအကွယ်ပစ္စည်းများ ဝယ်ယူနိုင်ရန် Rescue Task Force အဖွဲ့က အလှူရှင်များ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပြီး သရုပ်ဆောင် နေခြည်ဦးက အလှူငွေငါးသိန်း လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ လှူဒါန်းသည့် အပေါ် စစ်တပ်အသိုင်းအဝိုင်း နှင့် ဆက်စပ်နေသူတစ်ဦးဖြစ်၍ Social Punishment ပြုလုပ်သည့်အနေဖြင့် နေခြည်ဦး၏ အလှူငွေကို လက်မခံသင့်ကြောင်း ထောက်ပြဝေဖန်မှုများရှိသဖြင့် နေခြည်ဦး၏ အလှူငွေကို ပြန်လွှဲပေးခဲ့ ကြောင်း ယင်းအဖွဲ့က မှတ်ချက်များ...