ဆေးရုံကဆင်းပြီးပြန်လာသူ အမျိုးသမီးကို ရွာထဲဝင်ခွင့်မပြုသဖြင့် လပွတ္တာဆေးရုံ၌ ခေါ်ယူစောင့်ကြည့်

ကချင်ပြည်နယ်၊ လွယ်ဂျယ်ဆေးရုံမှာ ဆေးကုသမှုခံယူပြီး ဇာတိကျေးရွာကို ပြန်လာတဲ့ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးတဦးကို တာဝန်ရှိသူတွေက လပွတ္တာမြို့နယ်ဆေးရုံကြီး ကိုခေါ်ယူကာ စောင့်ကြည့်နေပါတယ်။ဆေးရုံကိုခေါ်ယူစောင့်နေတဲ့ အမျိုးသမီးဟာ ကချင်ပြည်နယ်၊ မိုးမောက်မြို့ကို အလုပ်သွားရောက် လုပ်ကိုင်စဉ် အခြားရောဂါတခုကြောင့် ဖျားနာချောင်းဆိုပြီး ဇန်နဝါရီ ၂၁ ရက်နေ့က လွယ်ဂျယ် ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်မှာ ဆေးရုံက သူ့ရဲ့ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်တွေရယူကာ ဆင်းခွင့်ပြုလိုက်လို့ ဇာတိကိုပြန်လာခဲ့တာပါ။ ဒါပေမယ့်ရွာသူရွာသားတွေက ရွာထဲအဝင်မခံတာကြောင့် ဆေးရုံကြီးမှာ ခေါ်ယူစောင့်ကြည့် ထားရတယ်လို့ လပွတ္တာ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ နှစ်ဆန်းဦးက ဒီဗွီဘီကိုပြောပါတယ်။“အဲဒီအမျိုးသမီးက တခြားရောဂါနဲ့ ဆေးရုံတက်ရတာ၊ သူဖြစ်တဲ့ပုံစံက ကိုရိုနာဗိုင်းရပ်စ်ပုံစံဖြစ်နေတော့ သံသယစာရင်းထဲကိုအထည့်ခံရပြီး စစ်ဆေးခံရတာ၊ ခုဆို ၁၄ ရက်လည်း ကျော်နေပါပြီ၊ ရွာက အဝင်မခံလို့ ဆေးရုံကြီးမှာခေါ်ပြီးစောင့်ကြည့်ပေးထားတာပါ။ အဲ့အမျိုးသမီးက ခုခံအားနည်းနေတာလည်းပါတာပေါ့၊...

ဝူဟန်ပြန်ကျောင်းသားတစ်ဦးရဲ့ ရင်ထဲကစာနဲ့ ပြည့်သူ့အစိုးရရဲ့ ပြည်သူပေါ်ထားတဲ့ စေတနာ

“Wuhan Virus 🦠 သို့ 2019-nCoV ဖြစ်ပွါးနေသော မြို့မှလွှတ်မြောက်လာသောကျွန်တော့်ဘဝအတွေ့အကြုံ နှင့် ကျေးဇူးတင်ထိုက်သူများ” ကျွန်တော်ရဲ့ဒုတိယhometownလို့တောင်ပြောလို့ရနေတဲ့ Wuhan တရုတ်ပြည်သူ့သမ္မတနိုင်ငံ အလယ်ပိုင်း ဟူးပေပြည်နယ်မြိုတော်တစ်ခု လူဦးရေ၁၁သန်းနီးပါးရှိတဲ့ ကုန်းတွင်းပိတ်မြို့တစ်မြို့ တရုတ်ပြည်မှာမိုးရာသီမရှိပေမယ့်ဝူဟန်ကတော့ အမြဲလိုလို မိုးရွာလေ့ရှိတယ်။တရုတ်ပြည်ရဲ့အဓိကမြစ်ယန်ဇီမြစ်ကြီးစီးဆင်းလျက်ရှိပြီး ပြည်တွင်းပြည်ပ ကုန်ကြောင်း ရေကြောင်း ကုန်စီးဆင်းမှုရှိပြီး စီးပွါးရေးဖွံဖြိုးတိုးတက်တဲ့မြို့တစ်မြို့ သူရဲကောင်းမလေးမူလန်ရဲ့ဇာတိမြေအတွေးအမြင်ဗဟုသုတတွေများစွာရခဲ့တဲ့ကျွန်တော်ချစ်ရတဲ့တက္ကသိုလ်များစွာထဲကတစ်ခုဖြစ်တဲ့CCNUရှိတဲ့Wuhan ၂၀၁၉ ရဲ့ ဒီဇင်ဘာနောက်ဆုံးအပတ် အဲ့လိုသမိုင်းတွင်လှတဲ့Wuhanမြို့ကို ကံကြမ္မာဆိုးကျရောက်လာပါတယ်။ ဒီကြမ္မာဆိုးဟာ ခုဆိုWuhanနှင့်တရုတ်ပြည်တွင်သာမက တစ်ကမ္ဘာလုံးကိုခြိမ်းခြောက်လျက်ရှိပါတယ် အားလုံးသိတဲ့ Wuhan Virus သို့ 2019-nCovပါ Coronavirus ရဲ့ဗဟိုချက်မှာ Wuhanမြို့မှာရှိတဲ့ Hunanပင်လယ်စာ ဈေးမှာရောင်းသော လင်းနို့စွပ်ပြုတ်မှစခဲ့တယ်လို့သိရပါတယ်။နဂိုကတည်းကအစားအသောက်အလွန်ကြီးတဲ့တရုတ်တွေ ခုလင်းနို့စွပ်ပြုတ်ကိုသောက်တယ်ဆိုတာအံ့ဩစရာ​တော့မရှိဘူးပေါ့။ဘယ်လိုမှမထင်မှတ်ထားတဲ့၂၀၂၀ပြည့်ဇနိနဝါရီလ၂၃ရကနံနက်၁၀နာရီ ထိုရောဂါကြောင့် Wuhanမြို့ကိုlockdownချတဲ့နေ့ပါ။Wuhanရောက်မြန်မာပညာတော်သင်ကျောင်းသားသူတွေစိတ်အတော်ကလေးဂယက်ထမိခဲ့တယ်ဖြစ်ဖြစ်ချင်းဘာလုပ်လို့ဘာကိုင်ရမှန်းမသိခဲ့ဘူး။ ယခင်နေ့တွေကတောင် သွားလာလှုပ်ရှားနေကြတုန်းလှပပြီး လမ်းတွေပေါ်မှာလူတွေစည်းကားနေကြတုန်း ရုတ်တရက်ခြောက်ကပ်တိတ်ဆိတ်သွားတာပါ။ဒါနဲ့ကျွန်တော်တို့မြန်မာကျောင်းသားအဖွဲ့တွေချက်ချင်းWeChat groupမှာတိုင်ပင်ကြပြီး ကျောင်းသားခေါင်းဆောင်တွေကဘယ်လိုလုပ်ကြမလဲပြောပါတယ်။ တစ်ယောက်နဲ့တစ်ယောကါတိုင်ပင်ကြပီး ပေကျင်းရှိမြန်မာသံရုံးကိုစာတင်ဖို့လုပ်ကြပါတယ်။ဒါနဲ့ ကျောင်းသားတစ်ဦးစီကတစ်ကျောင်းချင်းစီရှိ ကျောင်းသားအရေအတွက်နဲ့ ကိုယ်ရေးအချက်အလက်တွေစုပြီး ကျောင်းသားခေါင်းဆောင်ထံပို့ကြပါတယ်။၂၀၂၀ပြည့်နေ့ဇန်နဝါရီလ ၂၅ရက်နေ့မှာ ပေကျင်းရှိ မြန်မာသံရုံးကို...

ဝူဟန်ဗိုင်းရပ်စ်ကြောင့် တရုတ်တွင် တစ်နေ့တည်းနှင့် ၇၀ ဦးသေဆုံးပြီး သေဆုံးသူ ၅၆၅ ဦးရှိလာခဲ့

တရုတ်နိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ၅၆၅ ဦးသေဆုံးပြီး လူပေါင်း ၂၈၂၆၂ ဦး ကူးစက်ခံထားရကြောင်း တရုတ်အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ ယမန်နေ့ တစ်နေ့တည်းတွင်ပင် ဝူဟန်ဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံတွင် ၇၀ ဦးသေဆုံးခဲ့ပြီး ကူးစက်ခံရသူ လူနာ ၃၆၉၄ ဦး တိုးလာခြင်းဖြစ်ကြောင်း၊ လူ ၉၁၁ ဦးမှာ ရောဂါမှ သက်သာပျောက်ကင်းသွားကြောင်း တရုတ်အာဏာပိုငများက ထုတ်ပြန်ပြောဆိုသည်။ မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၅ ရက်နေ့အထိ သံသယလူနာ ၂ ဦးအပါအဝင် လူနာ ၁၀ ဦး တို့ကို သက်ဆိုင်ရာဆေးရုံများတွင် ဆက်လက်၍ စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပြီး လူနာ ၄ ဦး၏ ဓာတ်ခွဲခန်း အဖြေများ ရရှိထားကြောင်း၊ ၄ ဦးစလုံးတွင် ၀ူဟန်ဗိုင်းရပ်စ်ပိုး မတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ကျိုင်းတုံပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ကြည့်ရှုကုသမှုခံယူလျက်ရှိသော အသက် (၁) နှစ်၊...

အသစ်ဆောက်လုပ်ပြီးစီးတဲ့ ၀ူဟန်မြို့က Huoshenshan ဆေးရုံမှာ ဆေးကုသမှုတွေ စတင်ပြီ

ဝူဟန်မြို့ရဲ့ ဆေးရုံသစ် Huoshenshan မှာ အင်္ဂါနေ့မနက်က စတင်ပြီး လူနာတွေကို ဆေးကုသမှု ပြုလုပ်ပေးနေပြီ ဖြစ်ကြောင်း သိရပါတယ်။ ယင်းဆေးရုံသစ်သို့ Wuchang ဆေးရုံနဲ့ Hankou ဆေးရုံအပါအ၀င် ဆေးရုံ ၃ ခုမှ လူနာ ၅၀ ကို ဆေးကုသမှုပြုလုပ်ဖို့ ပြောင်းရွှေ့ခဲ့ပါတယ်။ ဆေးရုံသစ်ဟာ ၃၄၀၀၀ စကွဲယားမီတာ ကျယ်ဝန်းပြီး အခြားဆေးရုံတွေမှ ရွှေ့ပြောင်းပေးတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို ကုသဖို့ ကုတင် ၁၀၀၀ ထား ရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ အဆုတ်ရောင် ဝေဒနာသည်တွေကို ဆေးကုသမှု ပြုလုပ်ဖို့အတွက် ၀ူဟန်မြို့မှာ Leishenshan နဲ့ Huoshenshan အမည်ရှိ ယာယီဆေးရုံ ၂ ခု အမြန်နှုန်းနဲ့ ဆောက်လုပ်ခဲ့ပါတယ်။ ကုတင် ၁၅၀၀ ဆန့် Leishenshan ဆေးရုံကတော့ ဆောက်လုပ်နေဆဲဖြစ်ပြီး လာမယ့်...

ဒုတိယ ပါမောက္ခချုပ်ရာထူး ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒကို ခန့်အပ်ဖို့ စီစဉ်

ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ သာသနာပြု တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်အဖြစ် ခန့်အပ်ဖို့ နိုင်ငံတော် သံဃမဟာနာယကက သဘောတူထားပြီး ရာထူးတရားဝင် အတည်ပြုဖို့ ပြည်တောင်စု အစိုးရကို စာပို့ထားတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ အမြဲတန်းအတွင်းဝန် ဦးဇာနည်ဝင်းက ဘီဘီစီကို ပြောပါတယ်။ အခုလို ဆရာတော်ကို ဒုတိယပါမောက္ခချုပ်အဖြစ် ခန့်အပ်ဖို့ စီစဉ်ရတာဟာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ သာသနာပြု တက္ကသိုလ်မှာ ပါမောက္ခချုပ် ဆရာတော်ရာထူးကို ဆက်လက်ခန့်ထားဖို့အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေအတိုင်း ဒုတိယပါမောက္ခချုပ်အဖြစ် အစမ်းတစ်နှစ်ခန့်ထားတာဖြစ်တယ်လို့လည်း သူက ရှင်းပြပါတယ်။ ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာပြု တက္ကသိုလ် ဥပဒေ အရ တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ခန့်အပ်ဖို့ ကျောင်းကောင်စီက အဆိုပြုရပြီး သြဝါဒစရိယဖြစ်တဲ့ နိုင်ငံတော် သံဃမဟာနယက...

အခွန်​လာ​ဆောင်​တဲ့သူကို ချဉ်​သွား​အောင်​ လုပ်​နိုင်​တဲ့ မြန်​မာပြည်က​ အခွန်​စနစ်

အခွန်​လာ​ဆောင်​တဲ့သူကို ချဉ်​သွား​အောင်​ လုပ်​နိုင်​တဲ့ မြန်​မာပြည်က​ အခွန်​စနစ်​… မြန်မာပြည်မှာကတော့ ဖြစ်နိုင်ရင် အခွန်မဆောင်တာ အကောင်းဆုံးဘဲ။ ၂၀၁၇ တုန်းက အိမ်ဌားခ တနှစ်စာ သိန်း ၉၆၀ ရတဲ့အပေါ် သက်သာခွင့် သိန်း ၁၀၀ နှုတ်အပြီး ဝင်ငွေခွန် (10%) သိန်း ၈၀ ကျော် (နိုင်ငံ့သားကောင်းပီသစွာ အခွန်ကို မှန်မှန်ကန်ကန် ဆောင်ခဲ့တယ် (ငွေဖြူ သိန်း ၈၆၀ ရမယ်ထင်ခဲ့တယ်) အခု ၂၀၂၀ မှာ ကားတွေနာမည်ပေါက်ပြောင်းရမယ်ဆိုတော့ အိမ်ကကား ၂ စီးစာအတွက် ဒီနေ့ အခွန်ရုံးမှာ claim လုပ်ဖို့သွားတယ်။ ၂၀၁၇ တုန်းကဆောင်ထားတဲ့အခွန် သိန်း ၈၀ ကျော်က ဝင်ငွေခွန် (10%) ဘဲဆောင်ထားတယ်။ အိမ်ဌားတွေဘက်က ကုန်သွယ်ခွန် commercial tax (5%) မဆောင်ထားလို့ သိန်း ၈၆၀...

လာဘ်စားတုန်းက မရှက်ပဲ ရုံးထုတ်မှ ရှက်နေတဲ့ မြန်မာသံအရာရှိ

လာဘ်စားတုန်းက မရှက်ပဲ ရုံးထုတ်မှ ရှက်နေတဲ့ မြန်မာသံအရာရှိ… လင်မယားနှစ်ယောက် ဘဏ်အကောင့် ၅၀ ကျော် ပိုင်ဆိုင်တဲ့ ထိုင်းနိုင်ငံ မြန်မာသံရုံး အရာရှိရုံးထုတ်လာတာ အဂတိအမှု့နဲ့တရားခံက မီးနေသည်၊ နေပူထဲ ထွက်တဲ့ဟန် နဲ့ သူ့ကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားတွေ အလိမ်ခံရ တချို့ စီးပွါးပျက် တချို့က ဘဝပျက် မြို့သစ် နယ်ဘက်က ကိုယ့်ရွာမှာ အေဂျင်စီ ကလိမ် လို့ MOU ထိုးပြီးသားတွေ တရားဝင်သွားသူတွေ အလိမ်ခံရပြီး ရွာပြန်လာရ တာတွေ ရှိတယ်။ သံရုံး ဆိုတာ သက်ဆိုင်ရာနိုင်ငံရောက်ကိုယ့်မြန်မာတွေ ကို ကူညီပေးဖို့ ခန့်ထားတာ မြန်မာပြည်အကျိုး ဆောင်ရွက်ဖို့ လစာပေး ထားတာ ကိုယ့်လူမျိုး ကိုယ် ပြန်ဒုက္ခပေးဖို့များ လစာပေး ခန့်ထားတယ်ထင်နေကြတာလား။ အခုမှ ရှက်နေတာ များ အံဩပါ့… “သံအရာရှိ တရားစွဲခံရတဲ့ အကြောင်းအရင်း”...

တူရကီမှာ ရေခဲတောင်ပြိုကျ ၈ ဦး သေဆုံးကာ ဆီနှင်းထုအောက် ပျောက်ဆုံးနေသူ များစွာရှိ

တူရကီနိုင်ငံ အရှေ့ပိုင်းမှာ ဗုဒ္ဓဟူးနေ့(ဖေဖော်ဝါရီ ၅) က ရေခဲတောင်ပြိုကျမှု ဖြစ်ပွားခဲ့တာကြောင့် လူ ၈ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ ဆေးရုံက ပြောဆိုခဲ့ပြီး ပြိုကျခဲ့တဲ့ ဆီးနှင်းထုတွေအောက် ပျောက်ဆုံး နေသူ ၁၀ ဦးကနေ ၁၅ ဦးလောက်ထိ ရှိနေသေးတယ်လို့  တူရကီ ပြည်ထဲရေးဝန်ကြီးက ပြောဆိုပါတယ်။ အင်္ဂါနေ့ မှာ စဖြစ်ခဲ့တဲ့ ရေခဲတောင်ပြိုမှုတစ်ခုကြောင့် ဆီးနှင်းခဲတွေအောက် ပိတ်မိသွားသူတွေကို လူဦးရေ ၃၀၀ ပါ အဖွဲ့တစ်ခုက ကယ်ဆယ်မှုတွေလုပ်ဆောင်နေကြစဉ် ဒုတိယအကြိမ် ရေခဲတောင်ပြိုကျမှု ထပ်ဖြစ်ခဲ့တာဖြစ်တယ်လို့  ဗန်ပြည်နယ် အရှေ့ပိုင်း ခရိုင်ဝန်ဖြစ်သူ မာကီ အာဗတ်စ်က ပြောဆိုကြောင်း NTV ရုပ်သံသတင်းက ဖော်ပြပါတယ်။ သေဆုံးခဲ့သူတွေဟာ ကယ်ဆယ်ရေးလုပ်သားတွေဖြစ်တယ်လို့  တာဝန်ရှိသူ တွေက ပြောပါတယ်။ တူရကီပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ရာမှာတော့ ယင်းဖြစ်စဉ်အတွင်း...

တရုတ်မှာ ကျန်းမာရေးကြောင့်ရွာထဲပေးဝင်မခံတော့လို့ လမ်းဘေးခြုံနားမှာနေနေရတဲ့ မြန်မာလုပ်သား ဆယ်ဦး

ကိုရိုနာဗိုင်းရပ်(စ်) ကြောင့်တရုတ်ပြည်အနေနဲ့မြို့တစ်ချို့ကိုပိတ်ထားပြီး တစ်မြို့နှင့်တစ်မြို့ ဖြတ်သန်းသွားမရအောင်တားဆီးထားတာဖြစ်တဲ့အတွက် တစ်နယ်နှင့်တစ်နယ်ကူးသန်းလို့မရတဲ့အခြေနေမှာရှိနေတာဖြစ်ပါတယ်။ ယခုအခါ တရုတ်ပြည်မှာ အခန်းငှားနေကြတဲ့ မြန်မာလုပ်သားတစ်ချို့ကို ကျန်းမာရေးကြောင့်နေထိုင်ခွင့်မပြုတော့သဖြင့် မြန်မာလုပ်သားတစ်ချို့ဒုက္ခရောက်နေကြကြောင်းကို လူမှုကွန်ယက်စာမျက်နှာမှာရေးသားဖော်ပြပြီးအကူညီတောင်းခံခဲ့တာဖြစ်ပါတယ်။ အကူညီလေးတောင်းချင်ပါတယ်ဗျာ တရုတ်ပြည်မှာအခန်းငှါးနေရင်းအဲဒီရွာကလူတွေ ကျမ္မားရေးကြောင့်ဆိုပြီးအခန်းမှာနေခွင့်မပြုတော့ပါတခြားနေရာသွားတော့လဲ ရွာတိုင်းရွာတိုင်းမှာလုံခြုံရဲတွေရှိပါတယ် သူတို့ကပေးမဝင်ပါ။ မြန်မာပြည်ပြန်မယ်ဆိုတော့လဲ ကားသမားတွေမပို့ရဲကြပါရဲဆီမှာအဖမ်းခံတော့လဲ လူမရှိတဲ့နေရာတွေမှာပစ်ထားခဲ့ပါတယ်မြန်မာပြည်ကိုပြန်မပို့ပေးပါဘူးအခုကတေားထဲမှာပဲနေ နေ ရပါတယ်အကူညီပေးနိုင်ကူညီပေးကြပါဗျာလူအယောက်ဆယ်ကျော်ပါတယ်

သိန်းထောင်ကျော်နီးပါးရှိတဲ့ မာစီးဒီး ကားသစ်ကြီးတစ်စီးကို ဝယ်ယူလိုက်တဲ့ ဝိုင်းစုခိုင်သိန်း

ဝိုင်းစုခိုင်သိန်းကတော့ တန်ဖိုးမြင့် မာစီးဒီးကားသစ်တစ်စီးကို ဝယ်ယူလိုက်ပါတယ်။ သူမက မကြာသေးခင်ကမှ နွားကျောင်းသူ တစ်ကိုယ်တော် သီချင်းခွေထွက်ရှိခဲ့တာပါ။ ထိုခွေနဲ့ပဲ City FM ကပေးတဲ့ ဆုကို ရရှိခဲ့ပြန်ပါသေးတယ်။ ဝိုင်းစုခိုင်သိန်းဟာ ဂီတလောကမှာ သူမ နှစ် အတော်များများကို ပိုင်ဆိုင်ခဲ့တာ တွေ့ရမှာပါ။ ဂီတနဲ့ပတ်သက်တဲ့ ပွဲတိုင်းမှာ ပေးတဲ့ဆုအတော်များများကိုလည်း အမြဲလိုလို ရရှိခဲ့တာ လွန်ခဲ့တဲ့ နှစ်များစွာထဲကနေ ယနေ့တိုင်ပဲဖြစ်ပါတယ်။ တစ်ကိုယ်တော် ခွေထွက်ရှိလာရင်လည်း ပရိသတ်တွေ အားပေးလက်ခံပြီး ကြိုက်နှစ်သက်တဲ့ သီချင်းတွေပဲဖြစ်တာကြောင့် ဝိုင်းစုခိုင်သိန်းဆိုတဲ့ နာမည်တစ်လုံးက ဂီတလောကမှာ ရှင်သန်လျက်ရှိနေဆဲပါပဲ။ ဝိုင်းစုဟာ City FM ကပေးတဲ့ ဆုကို နွားကျောင်းသူအခွေနဲ့ ပူပူနွေးနွေးရရှိထားတဲ့ ဆုရှင်ပဲဖြစ်ပါတယ်။ သူမဆုရခဲ့တဲ့အတွက်ကြောင့် မိခင်ဖြစ်သူနဲ့ ချစ်ရသူ အောင်လတို့ကို ကျေးဇူးတင်စကားဆိုထားတာကိုလည်းတွေ့ရပါတယ်။ ဒီနေ့မှာတော့ ဝိုင်းစုခိုင်သိန်းက သူမရဲ့ New Baby အသစ်လေးကို ပိုင်ဆိုင်ရရှိသွားတာတွေ့ရပါတယ်။...