အင်ဒိုနီးရှားမှာ ဝက်အကောင်ပေါင်း ၈၈၀ ကျော်သေ၊ ဝက်အပြင်းဖျားရောဂါကြောင့် ဟုတ် မဟုတ်စစ်ဆေးနေ

အင်ဒိုနီးရှားအာဏာပိုင်တွေ ဟာ ဘာလီကျွန်းမှာ ဝက်အကောင်ရေ ၈၈၀ ကျော်သေဆုံးမှုနဲ့ပတ်သက်လို့ စုံစမ်း စစ်ဆေးနေကြောင်း၊ အဲဒီ ဝက်တွေ သေဆုံးမှု ဟာ အာဖရိကဝက်အပြင်းဖျားရောဂါ (ASF). ရောဂါကြောင့်သေဆုံးတာ ဟုတ် မဟုတ် စုံစမ်းစစ်ဆေးသွားမှာဖြစ်ကြောင်း၊ ရိုက်တာသတင်းက ဖော်ပြထားပါတယ်။ ဘာလီကျွန်းရှိ ဝက်အကောင် ပေါင်း ၈၈၀ ကျော် ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလနဲ့ ဇန်နဝါရီလအတွင်း သေဆုံးသွားခဲ့တာဖြစ်ကြောင်း၊ အင်ဒိုနီးရှား ကျန်းမာရေး ညွန်ကြားမှူဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ဝက်အပြင်းဖျားရောဂါကြောင့် ဆူမတ်တြားကျွန်း မြောက်ပိုင်းမှာ ဝက်အကောင်ပေါင်း ၄၃၀၀၀ သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ ဘာလီကျွန်းမှာဖြစ်ပွားတဲ့ ဝက်များ သေဆုံးမှုက ဝက်အပြင်းဖျားရောဂါကြောင့် ဟုတ် မဟုတ်ဆိုတာ အင်ဒိုနီးရှား အစိုးရတာဝန်ရှိသူတွေက အတည်ပြု ပြောဆိုတာမျိုး မရှိသေးကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်ကလည်း တရုတ်နိုင်ငံမှာ အာဖရိကဝက်အပြင်းဖျား ရောဂါ စတင်ဖြစ်ပွားခဲ့ရာ ကမ္ဘာတဝန်းရှိ ဝက်အကောင်ပေါင်း၄၀...

ကျောင်းသားများ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်ပေးခဲ့သည့် မြန်မာသံရုံး ဒုတိယအတွင်းဝန် ဝူဟန်မြို့မှ ပြန်လည်ထွက်ခွာခွင့် မရသေး

မြန်မာကျောင်းသား ၅၉ ဦးကို ဝူဟန်မြို့မှ အထူးလေယာဉ်ဖြင့် မြန်မာနိုင်ငံပြန်ပို့နိုင်ရေး ဘေကျင်းမြို့မှ ဝူဟန်မြို့သို့ သွားရောက်စီစဉ်ပေးမှုများ ပြုလုပ်ခဲ့သော ဘေကျင်းအခြေစိုက်မြန်မာသံရုံးမှ ဒုတိယအတွင်းဝန် ဦးစိုးပြည့်ဝင်းသည် ဝူဟန်မြို့တွင် ခန့်မှန်းခြေ ၁၄ ရက်နေရဦးမည်ဖြစ်ပြီး ဘေကျင်းသို့ ပြန်မရောက်နိုင်သေးကြောင်း သိရသည်။ ဦးစိုးပြည့်ဝင်းက “လောလောဆယ်တော့ သူတို့သတ်မှတ်တဲ့ ရက်ကလေးတွေ ရှိတယ်ဗျ။ ကျန်းမာရေးကြောင့် မဟုတ်ဘဲ၊ ဒီကပြန်ထွက်ဖို့ဆို ညွှန်ကြားချက်တွေ စောင့်နေတုန်းပါ။ ခန့်မှန်းခြေအားဖြင့်တော့ ၁၄ ရက်လောက် နေရမယ့် ပုံစံမျိုးရှိတယ်။ တစ်ခြားညွှန်ကြားချက်တို့ ထပ်ထွက်လာမလားတော့ ညှိနေရတုန်းပေါ့။ လက်ရှိကတော့ ဒီမှာ နေနေရဦးမယ်။ ဘယ်တော့ထွက်လို့ ရမလဲမသိသေးဘူး။ ကျန်းမာရေးနဲ့ တစ်ခြားထူးခြားချက် ရှိလာ မလား စောင့်ကြည့်တဲ့ သဘောမျိုး ဖြစ်ပါတယ်” ဟု ပြောသည်။ လက်ရှိ ဝူဟန်မြို့တွင် အစားအသောက် အခက်အခဲမရှိဘဲ အဆင်ပြေကြောင်းလည်း ဦးစိုးပြည့်ဝင်းက ပြောသည်။“အခက်အခဲကတော့ မရှိပါဘူး။...

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေသည့် တရုတ်နိုင်ငံသို့ မြန်မာက ဆန်လှူရန် စီစဉ်နေ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်း ရာနှင့်ချီ သေးဆုံးနေသည့် တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံက စားနပ်ရိက္ခာအဖြစ် ဆန်လှူရန် စီစဉ်နေကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာ န ဒုတိယအမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်ဇံက ပြောသည်။တရုတ်နိုင်ငံသည် လက်ရှိ အချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်ခြင်း မရှိသေးဘဲ ဖေဖော်ဝါရီလ ၄ ရက် တစ်ရက် တည်းမှာပဲ တရုတ်နိုင်ငံ ပြည်မကြီး၌ လူ ၆၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်ဇံက “အကူအညီဆိုတာက စိတ်ဓာတ်ရေးရာ အရ ရော ကူညီပံ့ပိုးတာပါ။ နိုင်ငံတော် သမ္မတကြီးကလည်း စာနာ ထောက်ထားကြောင်း သဝဏ်လွှာ ပို့ထားတာရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့လည်း တတ်နိုင်တဲ့ အင်အားလေးနဲ့ ကူညီမယ့် သဘောပါ၊ စားနပ်ရိက္ခာပေါ့။ ဆန်ကိုတော့ လှူဒါန်းဖို့ ရည်ရွယ်ထားပါတယ်။ ကျွန်တော်တို့က လှူဖို့ ခွင့်ပြုချက် တင်ထားတာပေါ့၊...

ပုဂံနယ်မြေရှိ ရှေးဟောင်းကုန်းတစ်ခုပေါ်သို့ ကားဖြင့်တက်၍ အရက်သေစာသောက်စားခဲ့သည့်တရုတ်နိုင်ငံသားနှစ်ဦးကို ဒဏ်ငွေ(၃)သိန်းစီပေးဆောင်ရန် အမိန့်ချ

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အရှေ့အိုးထိန်းတောင်ကုန်းပေါ်သို့ မော်တော်ယာဉ်ဖြင့်တက်ပြီး အရက်သေစာသောက်စားမူးယစ်ခဲ့သည့် တရုတ်နိုင်ငံသားများအနက် ယာဉ်မောင်းနှစ်ဦးကို ညောင်ဦးမြို့နယ်တရားရုံးသို့ ယနေ့ ဖေဖော်ဝါရီ(၅)ရက် နေ့လည်ပိုင်းက တရားစွဲတင်ခဲ့ရာ မြို့နယ်တရားသူကြီးက တစ်ဦးလျှင်ဒဏ်ငွေ သုံးသိန်းစီပေးဆောင်ရန် အမိန့်ချခဲ့ကြောင်းသိရသည်။ အဆိုပါ တရုတ်နိုင်ငံသားMr.xing xiaojunနှင့်Mr.zhu yongqlangတို့အမှုကို ယနေ့ဖေဖော်ဝါရီ(၅)ရက် မွန်းလွဲ(၃)နာရီတွင် ညောင်ဦးမြို့နယ်တရားရုံးသို့ စွဲတင်ခဲ့ရာ တရားရုံးမှ ရာကြီးအမှတ် (၇၂/၂၀၂၀)ဖြင့် လက်ခံခဲ့ပြီး မြို့နယ်တရားသူကြီးဒေါ်သ ဉ္ဇာမြင့်က စစ်ဆေးခဲ့ရာ အမှုပေါ်ပေါက်ခဲ့သဖြင့် တရားခံတရုတ်နှစ်ဦးအား တစ်ဦးလျှင် ဒဏ်ငွေကျပ်(၃)သိန်းစီဆောင်ရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ယင်းအမှုနှင့်ပတ်သက်ပြီး ညောင်ဦးမြို့နယ်တရားရုံးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန(ပုဂံဌာနခွဲ)မှ စွဲဆိုထားသော ရှေးဟောင်းအဆောက်အအုံများကာကွယ်ထိန်းသမ်းရေးဥပဒေပုဒ်မ-၂၁ဖြစ်ပြီး ယင်းပုဒ်မအတွက် ပြစ်ဒဏ်သည် ထောင်ဒဏ်သည် ၆လမှ၁နှစ်ထိဖြစ်ပြီး ငွေဒဏ်မှာ အနည်းဆုံး ၃သိန်းမှ ၁၅သိန်းထိ သတ်မှတ်ထားသည်။ “အုတ်ကုန်းပေါ်ကိုတက်တဲ့ ကားနှစ်စီးကိုမောင်းတဲ့ တရုတ်နိုင်ငံသားနှစ်ဦးကို ပုဂံမြို့မရဲစခန်းမှာအမှုဖွင့်လှစ်ခဲ့တာပါ။ ဒါကရှေးဟောင်းကုန်းဖြစ်နေတယ်။ ကားတွေတက်လို့မရဘူးလေ။ တက်ခွင့်မရှိတဲ့နေရာကိုတက်တဲ့အတွက်...

ဟိုက်ဂျက်ကားလေးဖြင့် ခရီးဝေးသွားတတ်သော မိတ်ဆွေများ သတိပြုရန်အတွက်ပါ

မြန်မာပြည်မှာ အသုံးအများဆုံးဖြစ်တဲ့ ဟိုက်ဂျက်ဟုခေါ်သော အပေါ့စား ကုန်တင်ယာဉ်ငယ် အကြောင်း သိထားသင့်သော အချက်များ လေ့လာနိုင်ရန် ဖြန့်ဝေခြင်းပါ။ အင်ဂျင်ပါဝါ ၆၆၀ စီစီ အင်ဂျင်ကိုဘေးစောင်း တည်ဆောက်ထားသောကြောင့် လည်ပတ်နှုံး အလွန်ကောင်းပါတယ်။ အပေါ့ဆွဲမှာ ဆိုင်ကယ်ကဲ့သို့ သွက်ပါတယ်။ ကုန်ပါရင် (သိုမဟုတ်) လူများရင် ထင်သလို၊ လိုသလိုနင်းတိုင်း‌ မပါတော့ပါ။  အရှိန်ယူရပါမယ် ဝိတ်ပါရင် ကားက လူးပါတယ်၊ ထိန်းရလဲ ခက်ပါတယ်၊ စတုပ်တိုးသော အင်ဂျင်များသည် ခါလီမှာသာ ပြေးတာပါ။ ဝိတ်များရင် မနိုင်လို့ နင်းရင် မတက်ဘူးခင်ဗျ ရှေ့ကားကို ကျော်ဖို့ ခက်ခဲပါတယ်။ တင်ဆောင်နိုင်သောဝန်အား ဒီကားတွေကို ၃၅၀ kg သာတင်နိုင်ရန် ထုတ်လုပ်ထားတာပါ။ ပေါင် ၇၇၀ သာတင်ခွင့်ပေးထားပါတယ် ။ ဝလျင် ၄ ဦး ပိန်လျင် ၅ ဦး၊ ဝိတ်နဲ့ ညီမျှပါတယ်။ အမိုးကိုင်း ဝိတ်...

“ဝူဟန်ဟီးရိုး”

“ဝူဟန်ဟီးရိုး” ရောဂါကပ်ကြီးထဲမှာ တစ်ချို့က ရှောင်ပြေးကြသလို တစ်ချို့က အသက်စွန့်ပြီး အများအကျိုးဆောင်ရွက် တဲ့သူတွေလည်း ရှိပါတယ်.. အဲဒီထဲမှာ ဟီဝေကိုတော့ ဝူဟန်မြို့က ဆရာဝန်တွေ ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး.. အသက် ၅၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟီဝေဟာ ယာဉ်မောင်းတစ်ဦးဖြစ်ပြီး ဝူဟန်မြို့ထဲကို ဆရာဝန်တွေသွားလာဖို့ စီစဉ်ပေးရသူဖြစ်ပါတယ်… သူဟာ ရောဂါသည်တွေကို အကြိမ်ပေါင်းများစွာ ဆေးရုံကို ပို့ပေးခဲ့သူ၊ ဆရာဝန်တွေကို လူနာတွေဆီပို့ပေးခဲ့သူပါ.. ခုတော့ သူလည်းရောဂါကူးပြီး ဆုံးသွားပါပြီ.. ဝူဟန်မြို့မှာ ကားဆရာဟီဝေ မရှိတော့ပေမယ့် ဝူဟန်သမိုင်းထဲမှာတော့ ရှိနေဦးမှာပါ… ဝူဟန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ယနေ့ ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းအထိ တရုတ်နိုင်ငံတွင် သေဆုံးသူ ၄၉၁ ဦးရှိပြီး ကူးစက်ခံရသူ ၂၄၃၆၃ ဦးရှိကာ သံသယစောင်ကြည့်ထားသူ ၂၃၂၆၀ ဦး ရှိကြောင်း သတင်းထုတ်ပြန်သည်။ ထို့အတူ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုမှ...

သံဖြူဇရပ်တွင် လက္ခဏာဆရာက အသက်မပြည့်သေးသည့် ကျောင်းသူ ၃ ဦးအား အဓမ္မပြုကျင့်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ရောင်းဒေါင်းကျေးရွာ အရှေ့ပိုင်းနေ လက္ခဏာဆရာ ၁ ဦးမှ အသက်မပြည့်သေးသည့် သတ္တမ တန်း ကျောင်းသူ ၃ ဦးကို တည်းခိုခန်းသို့ အလှည့်ကျ ခေါ်ကာ အဓမ္မပြုကျင့်မှု ပြုလုပ်ခဲ့ကြောင်း သံဖြူ ဇရပ်မြို့မ ရဲစခန်းမှ စုံစမ်းသိရှိရသည်။ လက္ခဏာဆရာ အဖြစ် အသက်မွေးဝမ်းကျောင်းပြုသူ အသက် ၂၈နှစ်ရှိ သီဟအောင်(ခ) သီဟဆိုသူမှာ ၃၈နှစ်ရှိ ဒေါ်အေးမြင့်ဆိုသူနှင့် ချစ်သူဖြစ်နေကြောင်း၊ ၎င်းက ဒေါ်အေးမြင့်မှာ ကံနိမ့်နေ၍ ယတြာချေရမည် ဖြစ်ကြောင်း၊ ထို့အတွက် အပတ်စဉ် စနေနေ့တိုင်း မိန်းကလေးငယ် ၁ဦးကို သူ့ထံသို့ ၇ ပတ်တိုင်တိုင် ခေါ်လာရမည်ဟု ဒေါ်အေးမြင့်အား စေခိုင်းခဲ့ပြီးနောက် ထိုမိန်းကလေးငယ်များကို အဓမ္မ ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အတွက် သီဟအောင် (ခ) သီဟနှင့် ဒေါ်အေးမြင့်တို့ကို သံဖြူဇရပ်မြို့မ ရဲစခန်းတွင် ရာဇသတ်ကြီး...

ဗိုင်းရပ်စ်ကူးစက်လူနာ တွေ့ရှိပြီးနောက် ဂျပန်ဇိမ်ခံသင်္ဘောပေါ်မှ ခရီးသည် ၃၇၀၀ ကို ပေးမဆင်းတော့

ဗိုင်းရပ်စ်ကူးစက်လူနာ တွေ့ရှိပြီးနောက် ဂျပန်ဇိမ်ခံသင်္ဘောပေါ်မှ ခရီးသည် ၃၇၀၀ကို ပေးမဆင်းတော့… ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့ဆီ ဦးတည်သွားနေတဲ့ ဇိမ်ခံအပျော်စီးသင်္ဘောတစီးပေါ်မှာ စီးနင်းလိုက်ပါလာတဲ့ ဟောင်ကောင်သားတယောက် ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ခံရအပြီးမှာ သင်္ဘောပေါ်ရှိလူအားလုံးကို ဆင်းခွင့်မပေးတော့ပဲ အဲဒီသင်္ဘောတစီးလုံးကို ရောဂါခြေချုပ်နဲ့ သီးသန့်ထားမယ်လို့ ဂျပန်အစိုးရက ပြောပါတယ်။ အသက် ၈၀ အရွယ် ဟောင်ကောင်သားဟာ ဂျပန်ကို ပြီးခဲ့တဲ့လက လေယာဉ်နဲ့လာပြီး Carnival Japan ကော်ပိုရေးရှင်းပိုင် Diamond Princess ဇိမ်ခံသင်္ဘောကို စီးခဲ့တယ်။ ဇန်နဝါရီ ၂၅ ရက်က သင်္ဘောပေါ်ကနေ ပြန်သွားတယ်လို့ NHK သတင်းဌာနက ပြောပါတယ်။ အဲဒီခရီးသည်ဟာ သင်္ဘောပေါ်က မဆင်းခင် ချောင်းဆိုးနေပေမယ့် ဇန်နဝါရီ ၃၀ ထိ မဖျားခဲ့ဘူးလို့လည်း NHK သတင်းမှာဖော်ပြခဲ့ပြီး ဇန်နဝါရီ ၃၁ ရက်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း အတည်ပြုခဲ့ပါတယ်။ ဖောက်သည်တွေ...

ရေခဲတောင်တွေဆီကို ဈေးပေါပေါနဲ့ စိတ်ကြိုက်လည်လို့ရတဲ့ အိမ်နီးချင်းနိုင်ငံက ဇိမ်ခံ မြို့ကလေး

ဈေးဘယ်လောက်ပေါသလဲဆို ရေခဲတောင် Cable carကို မြန်မာငွေ ၉ထောင်ကျပ် လေထီးစီးတဲ့ Paragliding ကို မြန်မာငွေ ၁သောင်းကျော် ရေခဲတောင်တွေပေါ်ကို Helicopter 🚁 ကြီး စီးလည်မှ တစ်ယောက် ၅သောင်းပဲဆိုတော့ဒီလောက် ဈေးသက်သာတာ ဘယ်မှာ ရှိအုံးမလဲ? 😱 Manali မြို့ကလေးဆိုတာ ======================= Manali မြို့လေးဟာ အိန္ဒိယနိုင်ငံ Himanchal Pradesh ပြည်နယ်ရဲ့ တောင်ပေါ် Resort မြို့ကလေးဖြစ်ပါတယ်။ သူကတော့ အိန္ဒိယ နိုင်ငံသားတွေကြားမှာ Honeymoon ထွက်ဖို့အကောင်းဆုံး နေရာအဖြစ်ကျော်ကြားတဲ့အပြင် လူငယ်တွေကြားမှာလည်း Activity မျိုးစုံ စိတ်ကြိုက် ကမြင်းလို့ရလို့ နာမည်ကြီးပြန်တယ်။Honeymoon Coupleတွေအတွက်ကျတော့လည်း အခန်းထဲမှာ ချမ်းချမ်းအေးအေး ချစ်သူနှင့်နှပ်မယ်။ ရေခဲတောင်ကြီးတွေကိုကြည့်ရင်း Coffeeအတူတူ သောက်ကြမယ်။ ရေခဲတောင်တွေ ရေတံခွန်တွေကိုသွားရင်း သဘာဝရဲ့ အလှအပတွေတွေကို အတူခံစားကြမယ်။တဖွဲဖွဲကျနေတဲ့ ဆီးနှင်းတွေကြားထဲမှာ ချစ်သူ့နဖူးလေးကို ခပ်ဖွဖွလေး နမ်းလိုက်မယ်ဆို ကဲ…ဘယ်လောက်...

နားထောင်သူတွေကို ကြက်သီးတဖြန်းဖြန်းထအောင်စွမ်းဆောင်နိုင်ခဲ့တဲ့ ဆားဘီးယားအမျိုးသမီးအဖွဲ့ရဲ့မြန်မာနိုင်ငံတော်သီချင်းသီဆိုမှု

နိုင်ငံတစ်နိုင်ငံ၊လူမျိုးတစ်ခုချင်းစီတိုင်းရဲ့ ပြယုဂ်တစ်ခု၊အထွဋ်အမြတ်ထားရာတစ်ခုလို့ ဆိုနိုင်တဲ့ နိုင်ငံတော်သီချင်းကိုတော့ လူတိုင်းလူတိုင်းငယ်ရွယ်စဉ်ကတည်းကလေးဘဝကတည်းက ထိတွေ့ခဲ့ဖူးကြမှာပါ။ငယ်စဉ်တောင်ကျေးကလေးဘဝမှာ အတန်းပညာစတင်လေ့လာဖို့ ကျောင်းစတက်ပြီဆိုကတည်းက မိမိရဲ့အမိမြေကိုချစ်မြတ်နိုးတတ်လာအောင် နိုင်ငံတော်သီချင်းကို ပထမဦးစွာ သင်ကြားခဲ့ရပြီး နေ့တိုင်းမပျက်မကွက်သီဆိုခဲ့ကြရမှာပါ။ အမိမြေကိုချစ်မြတ်နိုးသူတိုင်း နိုင်ငံတော်သီချင်းကိုလေးစားတန်ဖိုးထားတတ်ကြပြီး နိုင်ငံတော်သီချင်းသံကြားတဲ့ ဘယ်နေရာမှာမဆို မတ်တပ်ရပ်သတိစွဲကြတဲ့အထိ တန်ဖိုးထားတတ်ကြတာပါ။အတန်းပညာနဲ့ ကင်းလွတ်ခဲ့တဲ့အချိန်မှာတော့ နိုင်ငံတော်သီချင်းနဲ့ထိတွေ့ခွင့်ရတဲ့အချိန်ဟာဆိုရင် နိုင်ငံအဆင့်အားကစားပြိုင်ပွဲတွေမှာသာ တွေ့မြင်ရတော့မှာဖြစ်ပြီး ရုပ်ရှင်မစတင်ခင် အလေးပြုတဲ့အချိန်မျိုးလောက်မှာသာ ထိတွေ့ခွင့်ရတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်သီချင်းသီဆိုရာကို နားထောင်ခံစားရာမှာလည်း နေရာဒေသနဲ့အချိန်နေ၊အခြေအနေအချိန်အခါပေါ်မူတည်ပြီး စိတ်ခံစားချက်တွေ ကွဲပြားတတ်ပါတယ်။လူငယ်တချို့က ရုပ်ရှင်မစတင်ခင် လွှင့်ပေးတဲ့နိုင်ငံတော်သီချင်းကို သာမန်ကာလျှံကာသာ သတိစွဲအလေးပြုကြသူများပေမယ့် အားကစားပြိုင်ပွဲတစ်ခုခုမှာ အနိုင်ရရှိခဲ့တဲ့အချိန်မှာပဲဖြစ်ဖြစ်၊ သူများနိုင်ငံတွေနဲ့အပြိုင်သီဆိုခဲ့တဲ့ အချိန်မှာပဲဖြစ်ဖြစ် ဇာတိသွေး၊ဇာတိမာန် ပိုမိုတက်ကြွစွာနဲ့ လှိုက်လှိုက်လှဲလှဲခံစားပြီး သီဆိုတတ်ကြမှာပါ။ လတ်တလောလူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ဆားဘီးယားအမျိုးသမီးအဖွဲ့ရဲ့မြန်မာနိုင်ငံတော်သီချင်းသီဆိုမှုဟာဆိုရင်လည်း နားထောင်သူတွေကို ကြက်သီးတဖြန်းဖြန်းထစေတယ်လို့ နာမည်ကြီးကာ မျှဝေသူတွေများပြားနေခဲ့တာပါ။ဒီဗွီဒီယိုလေးကိုတော့ ဆားဘီးယားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ လွတ်လပ်ရေးနေ့ဧည့်ခံပွဲမှာ ဆားဘီးယားအမျိုးသမီးတွေရဲ့သီဆိုမှုကို သံရုံးမှဝန်ထမ်းတစ်ဦးက မျှဝေပေးခဲ့တာဖြစ်ပြီး မိမိနိုင်ငံရဲ့ နိုင်ငံတော်သီချင်းကို တိုင်းတစ်ပါးအမျိုးသမီးတွေက...