လပြည့်နေ့လေးကို ကောင်းမှုကုသိုလ်တွေပြုလုပ်ပြီးဖြတ်သန်းနေတဲ့ ခြူးလေး

ဒီနေ့ နိုဝင်ဘာလ (၁၁)ရက်နေ့လေးကတော့ မြန်မာလူမျိုးတို့ရဲ့ နေ့ထူးနေ့မြတ်လေးဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့လေးပဲဖြစ်ပါတယ်။ ဒီနေ့လေးမှာတော့ မြန်မာလူမျိုးတို့ရဲ့ ဓလေ့ ထုံးတမ်းအရ ကောင်းမှုကုသိုလ်တွေပြုလုပ်ပြီး ဖြတ်သန်းနေကြတာဖြစ်ပါတယ်။ဒီလိုနေ့လေးမှာ ပရိသတ်တွေရဲ့အချစ်တော်တစ်ဦးဖြစ်တဲ့ မင်းသမီးချောလေး ခြူးလေးကလည်း ကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီးတစ်နေ့တာကိုဖြတ်သန်းနေတဲ့အကြောင်းကို သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာပါတယ်။ အပြုံးချိုချိုလေးတွေနဲ့ ပရိသတ်တွေအားလုံးကိုဖမ်းစားထားနိုင်သူကတော့ မင်းသမီးချောလေး ခြူးလေးပါ။ သူမဟာ MRTV-4 ရုပ်သံဇာတ်လမ်းတွဲများတွင် သရုပ်ဆောင်ရာမှတစ်ဆင့် လူသိများလာသူတစ်ယောက်ပါ။ ခြူးလေးဟာ ရုပ်ရှင်ဇာတ်ကားကြီးများတွင်ပါ ပါဝင်သရုပ်ဆောင်နေရတာပါ။ ခြူးလေးကတော့ ဒီလပြည့်နေ့လေးမှာ မြန်မာနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ နေပြည်တော်မြို့ကိုရောက်ရှိနေတာဖြစ်ပြီး နေပြည်တော်ထာဝရငြိမ်းချမ်းရေး စေတီတော်မြတ်ကြီး ထက်ဌာပနာတော်သွင်း ရွှေထီးတော်တင် နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားမှာ ကုသိုလ်ယူပါဝင်ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ဒီမဟာမင်္ဂလာ အခမ်းအနားကိုတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ခဲ့တာဖြစ်ပြီး ခြူးလေးအပြင် နေတိုး၊ထွန်းထွန်း၊မိုးယံဇွန်၊သားညီတို့နဲ့ အခြားသော အနုပညာလောကသားတွေလည်းပါဝင်ကုသိုလ်ယူခဲ့ကြပါသေးတယ်။ ခြူးလေးကို ချစ်ခင်ပြီးအားပေးတဲ့ ပရိသတ်တွေကတော့ခြူးလေးတစ်ယောက်ပြုလုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်တွေကိုကြည့်ရှု့ပီတိဖြစ်ကာ သာဓုခေါ်ဆိုနေကြတာကိုလည်းတွေ့ရပါတယ်။CeleGabar ပရိသတ်ကြီးတွေလည်း ခြူးလေးတစ်ယောက်ပြုလုပ်တဲ့ ကုသိုလ်တွေကို ထပ်တူထပ်မျှသာဓုခေါ်နိုင်အောင်မျှဝေပေးရင်...

လွှတ်တော်အမတ်ကို ဖမ်းဆီးထားခြင်းနှင့် ပတ်သက်၍ AA ရှင်းလင်းချက်ထုတ်ပြန်

ချင်းပြည်နယ် ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဖမ်းဆီးထားရခြင်း အကြောင်းအရင်းများနှင့် ပတ်သက်သည့် ရှင်းလင်းသည့် ထုတ်ပြန်ချက်တစ်စောင်ကို AA လက်နက်ကိုင်အဖွဲ့က နိုဝင်ဘာလ ၁၀ ရက်နေ့က ထုတ်ပြန်လိုက်သည်။အဆိုပါ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအပါအဝင် အခြားသူအချို့သည် AA လက်နက်ကိုင်အဖွဲ့ကို နိုင်ငံတကာတွင် ဂုဏ်သိက္ခာကျဆင်းစေရန်၊ စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းများ ဖြစ်ပေါ်စေရန် နိုင်ငံတကာဖိအားများ သက်ရောက်စေရန် ရည်ရွယ်ချက်များဖြင့် လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် မဟုတ်မမှန်လုပ်ကြံရေးသားမှုများ ပြုလုပ်ခဲ့ကြောင်း AA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် တပ်မတော်၏ ဝါဒဖြန့်အရေးအသားများကို ထပ်ဆင့်ဖြန့်ဝေခြင်း၊ တပ်မတော်၏ ပလက်ဝမြို့နယ်အတွင်း စစ်ရာဇဝတ်မှုများကို ဖုံးဖိကာ AA အဖွဲ့အပေါ် အပြစ်ပုံချရန် ကြိုးပမ်းလုပ်ဆောင်နေကြောင်းAA ဆန့်ကျင်ရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေခြင်း အစရှိသည်တို့ကို အဓိကထား လုပ်ဆောင်သူများတွင် ဦးဝှေ့တင်းလည်း တစ်ဦးအပါအဝင်ဖြစ်ကာ အခြားသောသူအချို့လည်း ပါဝင်နေကြောင်းကို စုံစမ်းထားပြီးဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင်...

အခွန်ဌာနအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ပကတိအခြေအနေကိုလက်ခံရန်၊ အခွန်ဆောင်သူများ လွယ်ကူအဆင်ပြေသောနည်းဖြင့် အခွန်ဆောင်နိုင်ရန်အတွက် ဆောင်ရွက်ပေးရန်နှင့် အခွန်ဆောင်သူများကို အသိအမှတ်ပြုမှုအားနည်းသေးကြောင်း MAMDA ဥက္ကဋ္ဌ ပြောကြား

အခွန်ဌာနအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ပကတိအခြေအနေကို လက်ခံရန်၊ အခွန်ထမ်းဆောင်သူများအတွက် online စနစ်ကဲ့သို့သော အဆင်ပြေလွယ်ကူစွာအခွန်ဆောင်နိုင်မည့်အနေအထားမျိုး ဆောင်ရွက်ပေးရန်နှင့် အစိုးရအနေဖြင့် အခွန်ဆောင်သူများကို အသိအမှတ်ပြုမှုအားနည်းနေသေးကြောင်း မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း( Myanmar Automobile Manufacturers And Distributors Association – MAMDA) ၏ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းမှပြောကြားခဲ့သည်။ “ကားတစ်စီးကို သိန်း ၂၀၀ နဲ့ဝယ်ပြီး သိန်း ၂၁၀ နဲ့ပြန်ရောင်းတယ်ဆိုရင် မြတ်တဲ့ ၁၀ သိန်းကို အခွန်ဆောင်ရတယ်ပေါ့။ ဒါပေမဲ့ ရှုံးသွားရင်၊ အရှုံးပြရင် လက်ခံ/ မခံ ဆိုတဲ့ပြဿနာကရှိပြန်ရော။ အရှုံးပြရင် များသောအားဖြင့် လက်ခံသူမရှိဘူးဖြစ်နေတယ်။ ဒါ ကျွန်တော်တို့လက်ရှိကြုံတွေ့နေရတဲ့ဟာပါ။ အရှုံးပြရင် လက်ခံဖို့ဟာမှာ ကျွန်တော်တို့အခွန်ဌာနမှာ ပြဿနာရှိနေတယ်။ ဒါဟာ ကားဖြစ်ဖြစ် အိမ်၊ ခြံ၊ မြေ ဖြစ်ဖြစ် အရှုံးပြလက်ခံမှုဆိုတာ နည်းပါတယ်။ လက်ရှိအခြေအနမှာက...

ဘာလုပ်လုပ်အောင်မြင်နိုင်တဲ့ အောင်မြင်ကျော်ကြားဖို့ကံအများဆုံး ရာသီခွင် (၃)ခု

အောင်မြင်မှုဆိုတာ ငွေကြေးနဲ့လည်းမဆိုင်ပါဘူး၊ ရုပ်ချောတိုင်းလည်း မရပါဘူး။ ကံနဲ့စန်းနဲ့က အဓိကပါပဲ။ ခုဖော်ပြပေးမှာကတော့ အောင်မြင်ကျော်ကြားဖို့ကံပါလာတဲ့ စန်းအကောင်းဆုံး ရာသီခွင်တွေပဲဖြစ်ပါတယ်။ 1. SAGITTARIUS (November 22 – December 21) ဒီရာသီဖွားတွေဟာ မီးဓာတ်လွှမ်းမိုးမှုအောက်မှာ ရှိနေတဲ့သူတွေဖြစ်ပြီး အမြဲလိုလိုထွန်းလင်းနေတဲ့သူတွေပါ။ ဒီရာသီဖွားတွေဟာ လူတွေအာရုံစိုက်မှာ၊ ဝေဖန်ခံရမှာမျိုးတွေကို ဘယ်တော့မှ မကြောက်တတ်တဲ့သူတွေပါ။ ဘယ်အရာကိုပဲလုပ်လုပ် ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့ သူတွေဖြစ်ပြီး ပြတ်သားတဲ့သူတွေပါ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အရာရာတိုင်းကို လုပ်ဆောင်တတ်ကြပါတယ်။ 2. ARIES (March 21 – April 19) ဒီရာသီဖွားတွေဟာ အောင်မြင်မှုဒဏ်ကို ကောင်းကောင်းခံနိုင်ရည်ရှိတဲ့သူတွေပါ။ သူတို့တွေဟာ စစ်သည်တော်တွေလိုပါပဲ တိုက်ခိုက်ယှဉ်ပြိုင်ရတာမျိုးကို နှစ်သက်တဲ့သူတွေပါ။ ဒါကြောင့် အောင်မြင်ကျော်ကြားမှုကိုလိုချင်ရင် ဘယ်လိုနည်းနဲ့ သွားရမလဲဆိုတာကို ကောင်းကောင်းသိတဲ့သူတွေပါ။ အမြဲတမ်း ရာထူး၊ ဂုဏ်ရှိန်ဝါကြီးတဲ့နေရာမျိုးမှာ နေရာရတတ်တဲ့ရာသီဖွားတွေ ဖြစ်ပါတယ်။ 3. SCORPIO (October...

ကျုံဒိုးမြို့ တန်ဆောင်တိုင်ပွဲတော် လုံခြုံရေး ရဲကင်းလှည့်ကားအား လက်ပစ်ဗုံး ပစ်သွင်းသွားသဖြင့် ၄ဦး သေဆုံး

ကျုံဒိုးမြို့ တန်ဆောင်တိုင်ပွဲတော် လုံခြုံရေး ရဲကင်းလှည့်ကားအား လက်ပစ်ဗုံး ပစ်သွင်းသွားသဖြင့် ၄ဦး သေဆုံး ကနဦး သတင်းရရှိ ကျုံဒိုးမြို့ တန်ဆောင်တိုင်ပွဲတော် လုံခြုံရေးရဲကင်းလှည့်ကားကို နိုဝင်ဘာ ၁၁ ရက် ည ၈:၃၀ လောက်မှာ ဆိုင်ကယ် စီးနင်းလာသူတစ်ဦးက လက်ပစ်ဗုံး ပစ်သွင်းသွားလို့ ၄ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။ကျုံဒိုးမြို့တန်ဆောင်တိုင်ပွဲ တော်ကျင်းပနေတဲ့ ကျုံဒိုး ဈေးပိုင်းထိပ် နေရာမှာ ကျုံဒိုးရဲစန်းက လုံခြုံရေးယာဉ်နဲ့ လှည့်လည့်နေစဉ် ဆိုင်ကယ်စီးနင်းလာသူက လုံခြုံရေးယာဉ်နောက်ခန်းအတွင်းကို လက်ပစ်ဗုံးလို့ ယူဆရတဲ့ပေါက်ကွဲပစ္စည်း ပစ်သွင်းခဲ့တာပါ။ အဲ့ဒီလို ပစ်သွင်းခဲ့တဲ့အတွက် ရဲကားအတွင်း ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး ရဲကားပေါ်လိုက်ပါလာတဲ့ ရဲ ၂ ယောက်နဲ့ အနီးရှိ အရပ်သား ၂ ယောက် သေဆုံးခဲ့ပါတယ်။ ၁၀ဦးခန့် ဒဏ်ရာရရှိပြီး ပြင်းထန်ဒဏ်ရာ ရရှိသူ ကျုံဒိုးရဲစခန်းမှုး အပါအဝင် အခြားသူတွေကို ဘားအံဆေးရုံသို့...

တဖက်သတ်ချစ်မိပြီဆိုရင် ဘာတွေ ပြင်ဆင်ထားဖို့လိုလဲ………

လူတစ်ယောက်ဟာ တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ ကံဆိုးမိုးမှောင်ကျပြီး၊ ကိုယ့်ကို ဘယ်လိုနည်းနဲ့မှ ပြန်မချစ်နိုင်မယ့်သူတစ်ယောက်ကို ရူးရူးမူးမူး၊ စွဲစွဲလမ်းလမ်း ချစ်မိသွားနိုင်တာပဲမဟုတ်လား။ အဲ့လိုအခြေအနေတွေနဲ့ကြုံဆုံလာရပြီဆိုရင်၊ ဘာတွေပြင်ဆင်ထားသင့်လဲဆိုတာတွေကို ဆွေးနွေးကြည့်ကြရအောင်လေ။ ပြီးမှ အတူဖက်ငိုကြတာပေါ့။ (၁)။ ဘာမျှော်လင့်ချက်မှ မထားပါနဲ့ သူ့စိတ်က တစ်နေ့နေ့တော့ပြောင်းလာမှာဆိုတဲ့မျှော်လင့်ချက်မျိုး၊ ကိုယ့်အချစ်ကို တစ်ချိန်ကျရင် အသိအမှတ်ပြုလာမှာဆိုတဲ့မျှော်လင့်ချက်မျိုးတွေက အန္တရာယ်သိပ်များပါတယ်။ ကိုယ့်စိတ်ကိုကိုယ်ပြန်သတ်နေမယ့် အတွေးတွေမို့၊ လုံးဝမထားပါနဲ့။ (၂)။ ငေးကြည့်နေရရုံနဲ့ ကျေနပ်ပါ သူဆိုတဲ့ဖြစ်တည်ချက်လေးကို ချစ်တာမဟုတ်လား။ အဲ့ဒီ့တော့ သူဘာလုပ်လုပ် ဝေးဝေးကပဲငေးကြည့်နေပါ။ မြင်နေသိနေရရုံနဲ့ပဲ ကျေနပ်ပါ။ အဲဒီထက်ကျော်ချင်လာရင် စပြီးပူလောင်လာမှာမို့ပါ။ (၃)။ သူ့ကို ပေးမသိပါနဲ့ အစထဲက မဖြစ်နိုင်မှန်း သိနေပေမယ့်၊ မနေနိုင်ပဲ ချစ်ခဲ့တာမဟုတ်လား။ ရှေ့တိုးလို့ ဘယ်လိုမှမရတဲ့အခြေအနေမှာ သူ့ကိုပေးမသိတာအကောင်းဆုံးပဲလေ။ သူလည်း အနေရမခက်တော့ဘူး။ ကိုယ်လည်း အနေရမခက်တော့ဘူး။ (၄)။ ရင်းနှီးအောင်နေပါ၊ မပိုပါစေနဲ့ သူ့နားမှာ သူငယ်ချင်းလိုနေနိုင်ရင် ပိုကောင်းပါတယ်။...

ခင်ပွန်းဖြစ်သူရိုက်ပေးထားတဲ့ အမိုက်စားပုံရိပ်တွေကို မျှဝေလာတဲ့ စမိုင်းလ်

ချစ်စရာကောင်းတဲ့ အပြုံးလေးတွေရဲ့ ပိုင်ရှင် စမိုင်းလ်က တစ်ခေတ်တစ်ခါက အနုပညာလောကမှာ လျှမ်းလျှမ်းတောက် နာမည်ကြီးသူတစ်ဦးပါ။ စမိုင်းလ်က ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်နဲ့အတူတူ အိမ်ထောင်ကျပြီး သမီးလေးနှစ်ယောက်ကို မွေးဖွားထားတာ ဖြစ်ပါတယ်။ စမိုင်းလ်က အသက်အရွယ် တစ်ခုရောက်လာပြီးတဲ့နောက်မှာ အနုပညာလုပ်ငန်းတွေထက် စီးပွားရေးလုပ်ငန်းတွေကို ခင်ပွန်းဖြစ်သူနဲ့ အတူတူ တွဲဖက်ပြီး လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ စမိုင်းလ်တို့ ဇနီးမောင်နှံက ခရီးလည်းသွားရင်း အလုပ်ကိစ္စလည်းလုပ်ရင်း သာယာပျော်ရွှင်တဲ့ အမှတ်တရတွေကို ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ စမိုင်းလ်က ခင်ပွန်းဖြစ်သူ ကိုပြည့်မောင် ရိုက်ပေးထားတဲ့ ရင်သပ်ရှုမောဖွယ် ပုံရိပ်တွေကို ပရိသတ်တွေအတွက် အခုလိုပဲ မျှဝေဖော်ပြပေးထားပါတယ်။ စမိုင်းလ်ကတော့ သူမရဲ့ နိုင်ငံခြား ခရီးစဉ်မှာ တော်တော်လေး ပျော်ရွှင်ခဲ့ရပုံပါပဲနော်။ ပရိသတ်ကြီးလည်း စမိုင်းလ်ရဲ့ အမိုက်စား ပုံရိပ်တွေကိုကြည့်ပြီး အပျော်တွေ ကူးစက်သွားမယ် ထင်ပါတယ်နော်။ Credit -> MoMoLay

မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိရှိလှနေတဲ့ မေကဗျာ

ဆယ်ကျော်သက်လူငယ်လေးလို အမြဲနုပျိုလှပနေတဲ့ နိုင်ငံကျော်မင်းသမီးချောလေး မေကဗျာ ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော် အနုပညာရှင် တစ်ဦးပဲဖြစ်ပါတယ်။ သူမသရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားများစွာရှိတာကြောင့် သူမကိုချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားသူပါ။ သူမက သမီးလေး နဲ့အတူ အနပညာအလုပ်တွေလုပ်ရင်း ကိုယ်ပိုင်စီးပွားရေးအလုပ်ကို လုပ်ကိုင်နေသူပဲဖြစ်ပါတယ်။ မိုမိုလေး ရဲ့ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင် မေကဗျာရဲ့ အလှပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ဆယ်ကျော်သက်တစ်ယောက်လို ခုအရွယ်ထိနုပျိုလှပနေဆဲ မင်းသမီးချောလေး မေကဗျာရဲ့ အလှပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ မေကဗျာ က မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိရှိလှနေတဲ့ သူမရဲ့အလှပုံရိပ်ကလေးတွေကို ဖေ့စ်ဘွတ်ပေါ်မှာဖော်ပြထားပါတယ်။ လှလိုက်တာ ကဗျာရယ် သရုပ်ဆောင်မေကဗျာရဲ့ အလှပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျမှာပါ။ ကြည့်ရူပေးကြတဲ့ မိုမိုလေးချစ်ပရိသတ် ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်နော်။ Credit -> MoMoLay

သီချင်းအသစ်တွေ ထွက်ဖို့ ပြင်ဆင်နေတဲ့ No အဖွဲ့

ပရိသတ်တွေရဲ့ အားပေးမှုကို ယနေ့ထက်ထိ ပိုင်ဆိုင်ထားနိုင်တဲ့ No အဖွဲ့ကတော့ သီချင်းအသစ်တွေ ထွက်နိုင်အောင် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ “လတ်တလောအနေနဲ့တော့ သီချင်းတွေ ဆက်ဆိုဖို့ ရှိပါတယ်။ လုပ်ထားပြီးသားတွေလည်း ရှိပါတယ်။ အသစ်တွေ လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ အဟောင်းတွေဆိုရင်လည်း ပရိသတ်တွေအရမ်းအားပေးခဲ့တဲ့ သီချင်းတွေဆိုရင် ဗားရှင်း အသစ်လေးတွေနဲ့တော့ ပြန်လုပ်ချင်တယ်”လို့ အဖွဲ့ဝင်ဖြစ်သူ ရည်မွန်က ဆိုပါတယ်။ ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်နေသလို ဖြစ်တဲ့ သူတို့ဟာ အခုမှ သီချင်းသစ်တွေ ပြန်လုပ်ရတဲ့ ခံစားချက်ကိုလည်း ယခုလို ပြောပြခဲ့ပါသေးတယ်။ “အရမ်းကြာသွားပြီးမှ ပြန်လုပ်တော့ ဟိုးအရင်တုန်းကလို ပထမဆုံးအခွေလုပ်ခဲ့သလိုမျိုးပဲ စိတ်လှုပ်ရှားတယ်။ အဲတုန်းက ကြိုးစားခဲ့တဲ့ ကြိုးစားမှုလေးတွေနဲ့ ကြိုးစားချင်တယ်။သီချင်းကတော့ အမတို့အဖွဲ့ဆိုနေကျ အတိုင်းလေးပဲ ဆိုဖို့ ရှိမှာပါ” လို့ သူမက ဆက်လက်ပြောပြခဲ့ပါတယ်။ ယနေ့အချိန်ထိ No အဖွဲ့ကို သီချင်းတွေ ဆိုစေချင်ကြတဲ့ ပရိသတ်တွေ...