ကင်ဆာမှန်သမျှကို အမြစ်ပြတ်စေမယ့် ဗိုင်းရပ်စ်တစ်မျိုး သြဇီသိပ္ပံပညာရှင်များ ဖန်တီးနိုင်ခဲ့ပြီ

သြဇီအခြေစိုက် Viralytics Ltd ကုမ္ပဏီက လူသားအကျိုးပြုဗိုင်းရပ်စ်တစ်မျိုးကို တီထွင်နိုင်ခဲ့ပြီလို့ သိရပါတယ်။ အဲဒီဗိုင်းရပ်စ်ဟာ လူကို ဘေးဥပါဒ်မဖြစ်စေဘဲ ကင်ဆာရောဂါမှန်သမျှကို အမြစ်ပြတ်တိုက်ထုတ်နိုင်မယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကို LadBible က ဖော်ပြထားတာပါ။ အဲဒီဗိုင်းရပ်စ်ကို နှစ်ကာလများစွာ သုတေသနပြု ဖန်တီးခဲ့တာဖြစ်ပြီး၊ အပြုသဘောဆောင်တဲ့ ရလဒ်တွေ ရခဲ့တယ်လို့ သိရပါတယ်။ ကနဦးက Herpes virus အမျိုးအစားကို မော်ဒီဖိုင်း(Modify) လုပ်ပြီး၊ လောလောဆယ်တော့ အရေအပြားကင်ဆာ ကုထုံးကို စမ်းသပ်ကြည့်ရာ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် နွားကျောက်ရောဂါကို ဖြစ်စေတဲ့ Cowpox ဗိုင်းရပ်စ်ကို အသွင်ထပ်မံပြောင်းလဲလိုက်ပြီး၊ ကင်ဆာကုထုံးတွေမှာ အခြေခံဆေးအဖြစ် စမ်းသပ်ခဲ့ပါတယ်။ အဲဒီဆေးကိုတော့ CF33 လို့ အမည်ပေးထားပြီး၊ ကြွက်တွေကို ကနဦးစမ်းသပ်တဲ့အခါမှာ ကင်ဆာဆဲလ်တွေကို ဒီဆေးက တိုက်ဖျက်နိုင်ခဲ့ပါတယ်။ အခုဆို အဲဒီဆေးနဲ့ လူသားကင်ဆာဝေဒနာရှင်တွေကို စမ်းသပ်ဖို့ ပြင်ဆင်နေပြီလို့...

နေပြည်တော် ထာဝရငြိမ်းချမ်းရေးစေတီတော် ရွှေထီးတော်တင် အခမ်းအနားမှာ ကုသိုလ်ယူနေတဲ့ နေတိုး

နိုင်ငံကျော် မင်းသားချော တစ်ဦးဖြစ်တဲ့ နေတိုးက သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို တိတိကျကျ သရုပ်ဆောင်နိုင်တာမို့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကို တစ်ခဲနက် ခံရသူ တစ်ဦးပါ။ နေတိုးက သူ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ အကယ်ဒမီဆုကြီး သုံးဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိထားပြီး အောင်မြင်မှုတွေ တစ်ရှိန်ထိုး ရရှိနေတာ ဖြစ်ပါတယ်။ နေတိုးက လက်ရှိမှာလည်း သူချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက် လုပ်ကိုင်နေလျက် ရှိပါတယ်။ နေတိုးက အနုပညာလုပ်ငန်းတွေလည်း အဆက်မပြတ် လုပ်ကိုင်နေသလို လူမှုရေးကိစ္စအဝဝကိုလည်း ဆောင်ရွက်နေလျက်ရှိပါတယ်။ ဒီကနေ့ နိုဝင်ဘာလ (၁၁) ရက်နေ့မှာလည်း နေတိုးက ဘုရားအနေကဇာတင် အခမ်းအနားတစ်ခုကို ရောက်ရှိနေပါတယ်။ နေတိုးက နေပြည်တော် ထာဝရငြိမ်းချမ်းရေးစေတီတော် အထက်ဌာပနာတော်သွင်း ၊ ရွှေထီးတော်တင်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို တက်ရောက် ကုသိုလ်ယူနေတာပဲ ဖြစ်ပါတယ်။ ထို အလှူတော်မင်္ဂလာအခမ်းအနားကြီးကို နေတိုးနဲ့တကွ...

ထိုင်းတွင် အလုပ်ရမည်ဆိုကာ သိန်း ၂၀ ပေးထားသော်လည်း အလုပ်မရသဖြင့် အမှုဖွင့်

ထိုင်းနိုင်ငံတွင်အလုပ်ရမည်ဆိုသဖြင့် ကျပ်သိန်း ၂၀ ပေးထားသော်လည်း တစ်နှစ်ခန့်ကြာသည်အထိ အလုပ်မရသေးသဖြင့် အလုပ်ရမည်ပြောဆိုကာ ငွေလက်ခံထားသူကို ရဲစခန်းသို့ တိုင်ကြားအမှုဖွင့်ထားကြောင်း ပဲခူးတိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးကျေးရွာအုပ်စု၊ ဇလုပ်ကြီးရွာနေ မဝင်းဝင်းခိုင်(၃၀နှစ်)သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကုန်ပိုင်းက နေအိမ်၌ရှိနေစဉ် တစ်ရွာတည်းနေ ကိုကျော်ဆန်း(၄၅နှစ်)ရောက်လာပြီး ထိုင်းတွင် အလုပ်လုပ်လိုပါက ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဇရပ်ကြီးနယ်မြေရဲစခန်းထံမှ သိရသည်။ ထို့ကြောင့် မဝင်ဝင်းခိုင်သည် ၎င်း၏ခင်ပွန်း ကိုမင်းထွန်း(၂၉နှစ်)နှင့်အတူ ဦးကျော်ဆန်းနှင့် ရန်ကုန်သို့လိုက်သွားပြီး ကျပ်သိန်း ၂၀ ကို လက်ဝယ်ပေးအပ်ထားခဲ့သော်လည်း တစ်နှစ်ခန့်ကြာသည်အထိ အလုပ်မရသဖြင့် နိုဝင်ဘာ ၉ ရက်တွင် ရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။ ဇရပ်ကြီးနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက “ပြည်ပအလုပ်အကိုင်နဲ့ အမှုမဖွင့်တာက ငွေပေးငွေယူလုပ်တာပဲရှိပြီး ထိုင်းကို ပို့ဆောင်ပေးတာမျိုး မလုပ်လို့ပါ။ လက်ရှိမှာတော့ တိုင်ကြားခံရသူက ထွက်ပြေးတိမ်းရှောင်နေပါတယ်” ဟု ပြောကြားသည်။...

မိသားစုနဲ့ ချောင်းသာကမ်းခြေမှာ အပန်းဖြေခဲ့တဲ့ ပုံရိပ်တွေကို ပြသလိုက်တဲ့ မြတ်ရတနာကျော်

အရမ်းကို လိုက်​ဖက်​ညီတဲ့ အဆိုတော် Ah boy နဲ့ မင်းသမီးချောလေး မြတ်ရတနာကျော်တို့ ဇနီးမောင်နှံနှစ်ဦးကတော့ တစ်​ဦးနဲ့တစ်​ဦး နားလည်​မှုအပြည့်​နဲ့​ရှေ့ဆက်​နေကြတာပါ။ လတ်​တ​လောမှာ​တော့ မြတ်​ရတနာ​ကျော်​က သူမတို့ဇနီး​မောင်​နှံနှစ်​ဦးရယ် ချစ်ရတဲ့ သမီးလေး စကားလက်ဖြိုးထွန်းရယ်နဲ့အတူ ချောင်းသာကမ်းခြေသို့ အပန်းဖြေခရီး ထွက်ခဲ့တုန်းက ပုံလေးတွေကို​ဝေမျှ​ပေးထားတာပါ။ မိုမို​လေးချစ်​ပရိသတ်​တွေအတွက်​မြင်​ရုံနဲ့တင်​ကြည်​နူးမှု​တွေကူးစက်​စေမယ့်​ Ah boyနဲ့​မြတ်​ရတနာ​ကျော်တို့ မိသားစုသုံးယောက်ရဲ့ပုံရိပ်တွေကို​ဖော်​ပြ​ပေးလိုက်​ပါတယ်​နော်​။ မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကို ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ Ah boy နဲ့ မြတ်ရတနာကျော်တို့ မိသားစုလေးရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ မြတ်ရတနာကျော်ကတော့ “ချောင်းသာသွားတုန်းက အချစ်တွေနဲ့ ပုံလေးတွေ ♥️♥️” ဆိုပြီး မိသားစုနဲ့ ချောင်းသာသွားခဲ့တဲ့ အမှတ်တရ ပုံရိပ်လှလှလေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ စကားလက်လေးကလည်း ပဲတွေပေးတတ်နေပြီနော် ချစ်ဖို့ကောင်းချက်ပဲ Ah boy နဲ့ မြတ်ရတနာကျော်တို့နှစ်ဦးကတော့ ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က အခမ်းနားဆုံး...

ပုသိမ်က အချုပ်သား ၃ ဦးထွက်ပြေးမှု ရဲ ၅ ဦး အချုပ်ထဲရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ နယ်မြေရဲစခန်းရှိ အချုပ်ခန်းအတွင်းမှ အချုပ်သား ၃ ဦးမှာ နိုဝင်ဘာ ၁၀ ရက်နေ့ နံနက် ၂ နာရီခန့်က အချုပ်ခန်းဖောက်၍ ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ၃ ဦးမှာ ရဲတပ်ဖွဲ့က ခိုးမှုဖြင့်ဖမ်းဆီးပြီး တရားရုံးတင်စစ်ဆေးနေသည့် နောင်နော်၊ ဇော်ဇော်လှိုင် (ခ) မိုးကြီးသားနှင့် ရဲဇော်တို့ ဖြစ်သည်။ ၎င်းတို့သည် ယနေ့ နံနက်ပိုင်းက အချုပ်ခန်းအားဖောက်၍ ထွက်ပြေးသည့်အတွက် ပုသိမ်မြို့၊ နယ်မြေရဲစခန်းမှ လိုက်လံဖမ်းဆီးခဲ့ရာ နာရီပိုင်းအတွင်း နောင်နော်နှင့် ဇော်ဇော်လှိုင် (ခ) မိုးကြီးသားတို့ကို ပြန်လည်ဖမ်းမိခဲ့သော်လည်း ရဲဇော်ဟူသည့်အချုပ်သားမှာ လက်ရှိအချိန်ထိ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်သည်။ ပုသိမ်မြို့၊ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ပြည့်ဖြိုးမြင့်က “အချုပ်သား ၃ ဦး ထွက်ပြေးလို့ ကျနော်တို့ ပြန်လည်ဖမ်းဆီးရာမှာ နာရီပိုင်းအတွင်း ၂...

လက်နက်ကိုင်ပဋိပက္ခဖြစ်ပါက ပြည်သူနှင့်တစ်သားတည်းရှိသော လွှတ်တော်ကိုယ်စားလှယ်များလည်း ဒုက္ခရောက်ကြရဟု ဆို

လက်နက်ကိုင်ပဋိပက္ခဖြစ်ပါက ပြည်သူသာမက ပြည်သူနှင့်တစ်သားတည်းရှိသော လွှတ်တော်ကိုယ်စားလှယ်များလည်း ဒုက္ခရောက်ကြရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။ ရန်ကုန်မြို့ရှိ NLD ပါတီရုံးချုပ်တွင် နိုဝင်ဘာလ (၈)ရက်ကကျင်းပသည့် နိုင်ငံရေးအကျဉ်သားဟောင်းများ၏ သားသမီးများကိုပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲတွင် အထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။“ကျွန်တော်တို့ပြောချင်တာကတော့ ပြည်သူတွေမှာ လက်နက်ကိုင်ပဋိပက္ခဖြစ်ရင် ဒုက္ခရောက်မှာပါပဲ။ အဲဒီတော့ ပြည်သူနဲ့တစ်သားတည်းရှိတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကလည်းဒုက္ခရောက်ကြရတာပဲ။ ပြည်သူတွေကြားထဲမှာ သွားလာလှုပ်ရှားနေရင် အန္တရာယ်ရှိမယ်ဆိုတာဒါကတော့သဘာဝပါပဲ” ဟု NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။ Facebook ပေါ်တွင် ပျံ့နှံ့နေသည့် အေအေ အဖွဲ့၏ထုတ်ပြန်ချက်တွင် NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား ရခိုင်တစ်မျိုးသားလုံး၏ လုံခြုံရေးနှင့် ရခိုင်ပြည်သူလူထုအကျိုးစီးပွားအပေါ် သစ္စာဖောက်ဖျက်မှု ရှိ/မရှိ သိရှိစေရန်ခေတ္တခေါ်ယူထိန်းသိမ်းထားပြီး စစ်ဆေးခဲ့ရာ ဦးဝှေ့တင်းသည် တပ်မတော်အား မိမိတို့သတင်းများပေးခြင်း၊ မိမိတို့ရခိုင်ဒေသအတွင်း ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများကို မိမိတို့အား အသိမပေးဘဲ ပြုလုပ်စေခဲ့ခြင်းဖြင့် ရခိုင်ပြည်သူလူထုအကျိုးစီးပွားအပေါ် သစ္စာဖောက်ဖျက်ခဲ့ခြင်းများရှိခဲ့ကြောင်း ဖော်ပြပါရှိသည်။ ထို့ကြောင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်...

ဗိုလ်ချုပ်ပုံရိုက်နှိပ်ထားသည့် ငါးမူးသားရွှေဒင်္ဂါးများ ဗဟိုဘဏ် စတင်ထုတ်ဝေ

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့် အသစ်ထပ်မံထုတ်လုပ်ထားသည့် စံချိန်မီ ငါးမူးသားဒင်္ဂါးများကို စတင်ရောင်းချနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။ “ဗိုလ်ချုပ်ပုံ ဒင်္ဂါးပြားတွေကို အသစ်ပြန်ထုတ်လိုက်တာ။ အရင်က တစ်ကျပ်သားနဲ့ တစ်မတ်သားထုတ်ပြီးသား။ အခုက အသစ်အနေနဲ့ ငါးမူးသားကို ထပ်ထုတ်လိုက်တာ” ဟု ၎င်းက ပြောဆိုသည်။ လက်ရှိတွင် ဗဟိုဘဏ်အနေနှင့် တစ်ကျပ်သား၊ ငါးမူးသား၊ တစ်မတ်သား စံချိန်မီဒင်္ဂါးများကို ပြီးခဲ့သည့် ၁၉၉၁ ခုနှစ်က စတင်ထုတ်ဝေခဲ့ပြီး ပုံစံသစ်များကို ၂၀၁၈ ခုနှစ်က စတင်၍ ပြန်လည်ထုတ်ဝေခဲ့ခြင်းဖြစ်ကြောင်း ဗဟိုဘဏ်ထံမှ သိရသည်။ လက်ရှိထုတ်လုပ်ထားသည့် တစ်ကျပ်သားရွှေဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် ကြယ်တစ်ပွင့်ပုံ၊ ငါးမူးသားရွှေဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် လယ်ထွန်သောပုံ၊ တစ်မတ်သားရွှေဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် သစ်ဆွဲနေသည့် ဆင်ပုံများ သွန်းလောင်းပြီး တစ်မတ်သား (ပုံစံသစ်) နှင့် တစ်ကျပ်သား (ပုံစံသစ်) စံချိန်မီ ရွှေဒင်္ဂါးများ၏ မျက်နှာပိုင်းဗဟိုတွင် ဗိုလ်ချုပ်ပုံ...

ဒီအချက်တွေကိုမသိသေးဘူးဆိုရင် သင်ဟာ စကားပြောတတ်သူမဟုတ်သေးဘူး

စကားပဲ။ ပြောတတ်တာပေါ့..။ ချွင်းချက်ထားလို့ရတဲ့ တချို့တလေကလွဲရင် လူအများစုက စကားပြောတတ်ကြတာပဲလေ။ ဒါပေမယ့် စကားပြောတတ်တယ်ဆိုတာ အသံထွက်ရုံနဲ့တင် မပြီးသေးပါဘူး။ ကိုယ်ပြောတဲ့စကားကို သူများနားထောင်ချင်လာဖို့၊ ကိုယ်ပြောလိုက်တဲ့စကားကြောင့် တခြားသူတွေ စိတ်အနှောင့်အယှက်ဖြစ်မသွားဖို့ စတာတွေကလည်း အရေးကြီးပါသေးတယ်နော်..။ တကယ်လို့သာ အောက်မှာဖော်ပြထားတဲ့အချက်တွေကို လိုက်နာရကောင်းမှန်း သင်မသိသေးဘူးဆိုရင် သင်ဟာ စကားပြောတတ်တဲ့လူတစ်ယောက် မဟုတ်သေးဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ် လက်ခံလိုက်ပါ။ ၁) ပွင့်လင်းလွန်းတာ ကိုယ်ကတော့ စိတ်ထဲမှာရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း ပြောလိုက်တာပဲ။ ကိုယ့်အကြောင်းတွေဆို ဘာပဲဖြစ်ဖြစ် လျို့ဝှက်မထားတတ်သလို ကိုယ်ကြုံခဲ့ရတာတွေကိုလည်း ပြန်ပြီး အားလုံးဖောက်သည်ပြန်ချတတ်တယ်။ အဲဒီရဲ့ ရလဒ်က လူတွေက ကိုယ့်ကွယ်ရာမှာ ကဲ့ရဲ့ကြတာပါ။ တချို့ကိစ္စတွေက ကိုယ့်အတွက်အလေးထားစရာဖြစ်ပေမယ့် သူတို့အတွက်တော့ လှောင်စရာလည်း ဖြစ်သွားနိုင်ပါတယ်။ ပွင့်လင်းလွန်းတာ မကောင်းပါဘူး။ ၂) စပ်စုလွန်းတာ လူတစ်ယောက်နဲ့ စကားပြောပြီဆိုရင် အဲဒီလူနဲ့ ပတ်သက်သမျှတွေကို အသေးစိတ်က အစ လိုက်ပြီး မေးခွန်းထုတ်နေမိတာဟာ...

ဖေဖေ မေမေ တို့နဲ့ ကထိန်အလှူမှာ ကုသိုလ်ရေးလုပ်နေတဲ့ ဖစ်ဖစ်တုန်နဲ့ ချစ်ချစ်တုန်တို့ ညီအကိုနှစ်ဦ

အသံကောင်းလွန်းလို့ ပရိသတ်တွေ အရမ်းကြိုက်နှစ်သက်ကြတဲ့ အဆို​တော်​Rဇာနည်​က​တော့ အရမ်းကိုချစ်​စရာ​ကောင်းတဲ့ ဇနီး​ချော​လေးရယ်​၊ သား​ချော​လေးနှစ်​ယောက်​ရယ်​နဲ့အတူ​ပျော်​စရာ​ကောင်းတဲ့ မိသားစုဘဝ​လေးကို ဖန်​တီးပုံ​ဖော်​ထားတာပဲ ဖြစ်​ပါတယ်​။ လတ်တလောမှာ​တော့ Rဇာနည်​က ကထိန်အလှူလုပ်ခဲ့တဲ့ သူတို့မိသားစုလေးရဲ့ ကြည်နူးစရာ ပုံရိပ်တွေကို လူမှုကွန်​ယက်​ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အရမ်းကို ယဉ်ကျေးလိမ္မာတဲ့ သားလေးနှစ်ယောက်နဲ့ ကုသိုလ်ရေးလုပ်နေတဲ့ Rဇာနည်နဲ့ ဝမ်းတို့ ဇနီးမောင်နှံကတော့ အရမ်းကိုပျော်ရွှင်နေပုံပေါ်ပါတယ်နော်။ ဖေဖေ Rဇာနည်ကတော့ “သားဖစ်ဖစ်ချစ်ချစ်တို့ ကထိန် အလှူတုန်းက မိသားစုပုံ​လေး​တွေပါ ❤ အလှူအတွက် ဝိုင်းဝန်းကူညီပေးတဲ့ @PremierWellness ကိုလည်း ကျေးဇူးတင်ပါတယ်။ ” ဆိုပြီး သူတို့ မိသားစုလေးရဲ့ကထိန်အလှူက ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ ပုဆိုးလေးတွေ ကိုယ်စီနဲ့ လူပျိုလေးတွေလို ချစ်စရာကောင်းနေတဲ့ ဖစ်ဖစ်နဲ့ ချစ်ချစ်လေးတို့ ညီအကိုနှစ်ဦးကတော့ မိဘနှစ်ပါးနဲ့အတူ ကုသိုလ်ရေးလုပ်ရင်း ပျော်နေတာပဲ ဖြစ်ပါတယ်။ လူပျိုလေး ချစ်ချစ်တုန်ကို ပုဆိုးနဲ့...

Voting အနဲဆုံးနဲ့ Myanmar Idol ကနေ ထွက်ခွာခဲ့ရပေမယ့် ဒိုင်တွေရဲ့ Save လုပ်ခြင်းခံခဲ့ရတဲ့ နော်စေးစေးထူ

နော်စေးစေးထူးကတော့ဒီနေ့ညမှာတည်တည်ငြိမ်ငြိမ်နဲ့ပဲ Save သီချင်းဆိုပြသွားခဲ့တာပါ။ Voting အနဲဆုံးရပြီး ထွက်ခွာခဲ့ရပေမယ့် ဒိုင်တွေ အချိန်တော်တော်ကြာကြာဆုံးဖြတ်ခဲ့ကြပြီး Save လုပ်ခဲ့လို့ နောက်တစ်ဆင့်ကိုတက်လှမ်းနိုင်သွားခဲ့ပါပြီနော်။ ဒိုင်တစ်ဦးဖြစ်တဲ့ ဖြူဖြူကျော်သိန်းကတော့ မြန်မာအိုင်ဒေါ ပရိတ်သတ်တွေအနေနဲ့ နောက်အပတ်တွေမှာ ဆုံးဖြတ်ချက်မှန်မှန်နဲ့ အရည်ချင်းကိုကြည့်ပြီး Vote ပေးကြပါလို့လဲ ပြောသွားတာကိုတွေ့ရပါတယ်။ ဖိုက်တင်းပါ နော်စေးစေးထူးရေ ဒိုင်တွေရဲ့ ပြန်လည် save ပြီးခေါ်ယူတဲ့ထဲ ပါဝင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်