ယနေ့တိုင် မြန်မာ့ယဉ်ကျေးမှု ဆံရစ်ဝိုင်းထားရှိမှုကို ထိန်းသိမ်းထားသည့် နွားထိုးကြီးမြို့နယ်က ခံစပ်ကုန်းရွာ

မြန်မာနိုင်ငံတွင် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းကာ ဆံရစ်ဝိုင်းဆံထောက်များ ထားရှိသည့် ယဉ်ကျေးမှုကျေးရွာကို ပြပါဆိုလျှင် မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် ဘူးကိုင်းကျေးရွာအုပ်စုရှိ ခံစပ်ကုန်းရွာကို ပြသရမည်ဖြစ်သည်။ ခံစပ်ကုန်းရွာသည် သမိုင်းဝင် နာမည်ကျော် စကြာတောင်ကို နောက်ခံထားကာ ခံစပ်ကုန်းအရှေ့ရွာ ခံစပ်ကုန်းအနောက်ရွာဟု ရှိသည်။ ရွာထဲရှိ အမျိုးသမီးများသည် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆံပင်ထားရှိမှုကို ယနေ့တိုင် ထားရှိနေသည်ကို တွေ့ရှိရသည်။ မြန်မာ့ရိုးရာ ဆံပင်ပုံထားမှုတွင် ယောက်ျားကလေးများဆိုလျှင် ငယ်ရွယ်စဉ်တွင် ဦးစွန်းဖုတ်ထားရှိကြသည်။ အမျိုးသမီးများဆိုလျှင် ဆံရစ်ဝိုင်း၊ ဆံထောက်၊ အုပ်လုံးသိမ်းဆိုသော ထားသိုမှုပုံဆံများကို ထားရှိကြသည်။ မြန်မာ့ယဉ်ကျေးမှု ဆံပင်ထားသိုမှုတွင် အမျိုးသမီးငယ်များ အပျိုဖော်မဝင်ခင်တွင် ဆံရစ်ဝိုင်းများ ထားရှိကြသည်။ ထိုဆံရစ်ဝိုင်းသည် ကလေးသာသာအရွယ်ဆိုသည်ကို ပြသနေသည်။ အပျိုဖော်ဝင်သည်နှင့် ဆံထောက်ထားလေ့ရှိသည်။ ဆံထောက်ထားမှုသည် အပျိုဖြစ်ပြီဆိုသည်ကို ပြသနေပေသည်။ အပျိုဖြစ်ပြီဟု ပြောဆိုခြင်းပင်ဖြစ်သည်။ အပျိုဘဝကျော်လွန်ပါက အုပ်လုံးသိမ်းသည့် စနစ်များကို ယနေ့တိုင်ပြုလုပ်ကြသည်။ ခေတ်မီကာ...

ယူအေအီးကျန်းမာရေးဝန်ကြီးက နိုင်ငံတွင်အဦးဆုံးအနေနှင့် Covid-19 ကာကွယ်ဆေး စတင်ထိုး

ယူအေအီးနိုင်ငံမှာ Covid-19ကာကွယ်ဆေးထိုးနှံမှုစတင်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးအဘဒူရာမန်မိုဟာမက်အယ်အိုဝါအစ်က နိုင်ငံမှာအဦးဆုံးအနေနဲ့ စတင်ထိုးနှံခဲ့တာလို့ သိရပါတယ်။ တရုတ်ရဲ့ Sinopharma CNBG ကာကွယ်ဆေးကို ယူအေအီးနိုင်ငံမှာ အဆင့်၃စမ်းသပ်လေ့လာမှုစတင်ခဲ့တာဖြစ်ပြီး စေတနာ့ဝန်ထမ်းအနေနဲ့ အဦးဆုံးစတင်ထိုးနှံခဲ့သူတွေထဲမှာ ကျန်းမာရေးဝန်ကြီးအပြင် အဘူဒါဘီကျန်းမာရေးဌာနဥက္ကဋ္ဌ ရှိတ်အဘဒူလာဘင်မိုဟာမက်အယ်ဟာမက်နဲ့ အတွင်းရေးမှူးဒေါက်တာဂျမေးလ်အယ်လ်ကာဘီတို့လည်း ပါဝင်ခဲ့ကြတယ်လို့သိရပါတယ်။ ကျန်းမာရေးနှင့်ကာကွယ်ရေးဝန်ကြီးဌာန (MoHAP)ရဲ့အစီအစဉ်နဲ့ ကာကွယ်ဆေးထိုးနှံမှုတွေစတင်ခဲ့တာဖြစ်ပြီး ရှေ့တန်းကျန်းမာရေးဝန်ထမ်းတွေဆီမှာ ကနဦးထိုးနှံမှုတွေဆောင်ရွက်ပေးသွားမယ်လို့သိရပါတယ်။ အခုနှစ်အတွင်းမှာတင် စေတနာ့ဝန်ထမ်း ၁၃၀၀၀ဦးထိ ကာကွယ်ဆေးထိုးပေးသွားဖို့ စီစဉ်ထားပြီး စမ်းသပ်ထိုးနှံပြီးသွားသူတစ်ချို့မှာ လည်ချောင်းနာနဲ့ ရာသီတုပ်ကွေးကာကွယ်ဆေးမှာလိုမျိုးအလားတူတဲ့ မပြင်းထန်တဲ့တုံ့ပြန်မှုလက္ခဏာတွေပြခဲ့တယ်လို့ သိရပါတယ်။ ယူအေအီးနိုင်ငံမှာ ကာကွယ်ဆေးအဆင့်၃ စမ်းသပ်မှုနဲ့ ကာကွယ်ဆေးထုတ်လုပ်မှုတွေပူးပေါင်းဆောင်ရွက်ဖို့အတွက် ပြီးခဲ့တဲ့ဇွန်လ ၂၃ရက်က အဘူဒါဘီမြို့မှာ ယူအေအီးကျန်းမာရေးဝန်ကြီးအဘဒူရာမန်မိုဟာမက်အယ်အိုဝါအစ်နဲ့ တရုတ်သံအမတ်နီကျန်းတို့က သဘောတူလက်မှတ်ရေးထိုးထားခဲ့တာဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်အတွက် အဘူဒါဘီကျန်းမာရေးဝန်ဆောင်မှုကုမ္ပဏီရဲ့စီမံခန့်ခွဲမှုနဲ့ ဆေးရုံငါးရုံမှာထိုးနှံဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၂၂ရက် Worldometers စာရင်းအရ ယူအေအီးနိုင်ငံမှာ Covid-19ကူးစက်သူဦးရေ ၈၅၅၉၅ဦးထိ ရှိခဲ့ပြီး သေဆုံးသူ ၄၀၅ဦးရှိခဲ့ပြီလို့သိရပါတယ်။ ကူးစက်သူတွေထဲကနေ ပြန်သက်သာလာသူက...

ပိုးတွေ့လူနာ ၁၀၀ ကျော်အထိရှိခဲ့သည့် ဗဟိုရ်စည်ဆေးရုံကို စုံစမ်းရေးအဖွဲ့ဖွဲ့၍ စစ်ဆေး

ပိုးတွေ့လူနာ ၁၀၀ ကျော်အထိ ရှိသည့် ဗဟိုရ်စည် ဆေးရုံကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့၍ စက်တင်ဘာ ၂၁ ရက်က စတင် စစ်ဆေးနေကြောင်း တာ ဝန်ရှိသူများက ပြောသည်။ အဆိုပါ စုံစမ်းစစ်ဆေးရေး အဖွဲ့တွင် ဆေးရုံတည်ရှိရာ မြို့ နယ်ဖြစ်သော လမ်းမတော်မြို့ နယ် ကျန်းမာရေးဦးစီးမှူး ဒေါက် တာအောင်ကိုကိုက ဥက္ကဋ္ဌ၊ မြို့ နယ်အဆင့် သူနာပြုအရာရှိက အတွင်းရေးမှူး၊ ဒုတိယရဲမှူး၊ ဒုတိယ မြို့နယ်အထွေထွေအုပ် ချုပ်ရေးမှူးနှင့် ဒုဦးစီးမှူးစည်ပင် သာယာရေးကော်မတီ အရာရှိ များဖြင့် ဖွဲ့စည်းစစ်ဆေးနေခြင်း ဖြစ်သည်။ ‘‘ဘယ်က စဖြစ်တာလဲဆိုတဲ့ စစ်ဆေးမှုတွေလည်းပါတယ်။ နောက် အဓိကက ဆေးရုံမှာ လုပ် ထားတဲ့ ရောဂါ ကူးစက်ကာကွယ် မှု စံနှုန်းစည်းကမ်းတွေလည်း စစ် ဆေးမှုထဲမှာပါတယ်’’ ဟု စစ် ဆေးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ အောင်ကိုကိုက ပြောသည်။...

ကိုဗစ်ဆေးပေါ်ပါက မြန်မာနိုင်ငံသားများအားလုံးအတွက် အချိန်နဲ့တပြေးညီ ရရှိအောင် စီစဉ်နေ

ကိုဗစ်ဆေးပေါ်ပါက မြန်မာနိုင်ငံသားများအားလုံးအတွက် အချိန်နဲ့တပြေးညီ ရရှိအောင် စီစဉ်နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ယနေ့ည ၈ နာရီမှာ နိုင်ငံတော်ပိုင် ရုပ်သံလိုင်းမှတစ်ဆင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအတွင်း COVID -19 ရောဂါဖြစ်ပွားမှု အခြေအနေနှင့် စပ်လျဉ်းပြီး ပြည်သူသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်တာ ဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က “ ကိုဗစ်ဆေးပေါ်လာရင် အချိန်နဲ့တပြေးညီရရှိ ဖို့စီစဉ်နေပါတယ်။ နိုင်ငံတကာသံတမန်တွေနဲ့ချိတ်ဆက်ပြီး လုပ်ဆောင်နေပါတယ်။ သုံးသင့် မသုံးသင့်ဆို တာကို ကျန်းမာရေးဝန်ကြီးဌာနက သုံးသပ်ပြီးလုပ်သွားမယ်” လို့ဆိုပါတယ်။ လက်ရှိတွင် ကိုဗစ်ကာကွယ်ရေးအတွက် ရန်ကုန်မြို့တွင် ကိုဗစ်ထိန်းချုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေပြီး ပြည်သူ တစ်ဦးချင်းအနေဖြင့် ရောဂါ မကူးစက်အောင် ဂရုစိုက်ပါလို့ အတိုင်ပင်ခံကဆိုပါတယ်။ အတိုင်ပင်ခံက“အစိုးရအဖွဲ့ကိုယ်စား ကျေးဇူးတင်ပါတယ်။လိုအပ်တာတွေကိုလည်းထပ်မံ ထောက်ပံ့ပေးသွားပါမယ်” လို့လည်း ထပ်မံပြောကြားခဲ့ပါတယ်။ MyanmaPlatform

ဧရာဝတီစင်တာတွင် လူနာဦးရေ (၂၅၀)ကျော် ရောက်ရှိကုသမှုခံယူ

ဧရာဝတီစင်တာတွင် လူနာဦးရေ (၂၅၀)ကျော် ရောက်ရှိကုသမှုခံယူ ဧရာဝတီစင်တာတွင် စက်တင်ဘာလ (၂၀)ရက် ည(၉)နာရီ အချိန်ထိ လူနာဦးရေ (၂၅၀)ကျော်ကို ဆေးရုံအုပ်ကြီး ဒေါက်တာကောင်းမြတ်စိုး၏ ဦးဆောင်မှုနှင့်အတူ ကျန်းမာရေးဝန်ထမ်း၊ စေတနာ့ ဝန်ထမ်း၊ ကြက်ခြေနီ၊ အင်ဂျင်နီယာနှင့် နည်းပညာကျွမ်းကျင်သူ စုစုပေါင်း (၁၃၀)ကျော်က စောင့် ရှောက် ကုသပေးလျက်ရှိကြောင်း သိရသည်။ လူနာရှင်၏မိသားစုများအနေဖြင့် ပစ္စည်းပေးပို့နိုင်မည့် အချိန်ကို နံနက် (၈)နာရီမှ မွန်းတည့် (၁၂) နာရီထိ တစ်ကြိမ်၊ မွန်းလွဲ(၁)နာရီမှ ညနေ (၅)နာရီအထိ တစ်ကြိမ် သတ်မှတ်ထားကြောင်း၊ အမှန် တကယ် လိုအပ်သောပစ္စည်းများကိုသာ ပေးပို့ကြပါရန် မေတ္တာ ရပ်ခံထားကြောင်း ဧရာဝတီဖောင်ဒေး ရှင်းက ထုတ်ပြန်ထားသည်။ အဆိုပါ စင်တာကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဧရာဝတီဖောင်ဒေးရှင်း၏ ဦးဆောင်မှုဖြင့် (၇)ရက်အတွင်း အပြီးတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လူဦးရေ...

ရန်ကုန်ရှိ COVID-19ကုသရေးဌာနသစ်များတွင် တာဝန်ထမ်းဆောင်ရန် ဆေးဘက်ပညာရှင် ၁၅ဝခန့်ခေါ်ယူထား

ရန်ကုန်တိုင်းဒေသကြီးအတွင်း အသစ်ဖွင့်လှစ်လိုက်သည့် COVID-19 ကုသရေးဌာနသစ်များတွင် တာဝန်ထမ်းဆောင်ရန် မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ ဆေးဘက်ပညာရှင် ဦးရေ ၁၅ဝခန့်ကို ခေါ်ယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန သတင်းများအရ သိရပါတယ်။ ရန်ကုန်တွင် COVID-19 အတည်ပြုလူနာများ များပြားလာသည့်အတွက်ကြောင့် ကုသရေးဌာနများကို ဖောင်ကြီးအပြင် သုဝဏ္ဏ၊ ဒဂုံ(ဆိပ်ကမ်း)၊ လှိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)နှင့် လှိုင်သာယာမြို့နယ် စသည်တို့တွင် ကုသရေးဌာနအသစ် ၁၀ ခုအထိ တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ထို့အတူ အဓိကဆေးရုံကြီး လေးခုတွင်လည်း ခုတင် ၁၀၀ ဆံ့ ယာယီကုသဆောင်များ ထပ်တိုးထားရှိမည်ဖြစ်ကာ ပြင်ဆင်နေသော ကိုဗစ်ကုသရေးနေရာများတွင် လူနာ ဦးရေ ၄၅၀၀ ခန့်ကုသပေးနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ MyanmaPlatform

ကမ္ဘာ့ပထမဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေး “Sputnik V” ပြည်ပသို့ စတင်ပို့ပြီ

ရုရှားဟာ ၎င်းရဲ့ ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေး Sputnik V ပထမအသုတ်ကို သူ့နိုင်ငံရဲ့ ဒေသ ၈၅ ခုလုံးကို ဖြန့်ကြက်ပေးပို့လိုက်ပြီး တတိယအဆင့်နဲ့နောက်ဆုံးအဆင့်စမ်းသပ်မှုကို ရုရှားနိုင်ငံသား ၄၀၀၀၀ နဲ့စတင်ခဲ့ပါတယ် အခုအခါမှာ နိုင်ငံသား ၃၅၀၀၀ ထိ ကာကွယ်ဆေးထိုးပြီးသွားပြီး ရလဒ်ကောင်းမွန်နေတယ်လို့ဆိုပါတယ်.. ပထမဆုံး စမ်းသပ်ခဲ့သူ ၇၆ ဦးမှာပင် ဆေးအာနိသင်ဟာ ၁၀၀% အစွမ်းပြခဲ့ပြီး COVID-19 ကိုတွန်းလှန်နိုင်တဲ့ antibody ကိုလုံလောက်စွာ ထုတ်ပေးနိုင်တာကိုတွေ့ရှိရတယ်လို့ဆိုပါတယ်.. ယခုအခါ ဘရာဇီးနိုင်ငံက ရုရှားရဲ့ Sputnik V ကို အရေအတွက် သန်း ၅၀ ဝယ်ယူဖို့ညှိုနှိုင်းထားပြီး ၎င်းတို့ရဲ့ပြည်နယ်တစ်ခုဖြစ်တဲ့ ဘာဗီယာပြည်နယ်မှာ စတင်ဖြန့်ချီဖို့ လုပ်ဆောင်နေပါပြီ.. မက္ကဆီကိုနိုင်ငံကလည်း ၎င်းတို့နိုင်ငံအတွက် ကာကွယ်ဆေး ၃၃ သန်းဝယ်ယူဖို့ ရုရှားနဲ့ညှိုနှိုင်းထားတယ်လို့ဆိုပါတယ်.. Sputnik V ဟာ ထိုးဆေး ၂...

ကမာရွတ် TTC ကျောင်းတွင် လူ ၃၀၀ ဆံ့ ကွာရတင်းစင်တာ လုပ်ဆောင်မည်

ရန်ကုန် ကမာရွတ်မြို့နယ်ရှိ (TTC) ကျောင်းတွင် လူ (၃၀၀) ဆံ့ Quarantine Center လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်တွင် လက်ရှိ Facility Quarantine Center (၅) နေရာနှင့် Community Base Facility Quarantine Center (၁) နေရာတွင် လူဦးရေ (၇၀၀)ကျော်ရှိသည့်အတွက် နေရာလုံလောက်မှုရှိစေရန် (TTC) ကမာရွတ်ရှိ (၃)ထပ် ကျောင်းဆောင်အား လူဦးရေ (၃၀၀)ထားရှိ နိုင်သည့် Quarantine Center အဖြစ် ပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။ #MyanmaPlatform #News #Domestic

တပ်မတော် Q စင်တာ တွေမှာ ဝင်ချင်တယ် ဆိုရင် ဆက် သွယ် ရမယ့် နည်း လမ်းနှင့် ဖုန်း နံပါတ်များ

တပ်မတော် Q စင်တာ တွေမှာ ဝင်ချင်တယ် ဆိုရင် ဆက် သွယ် ရမယ့် နည်း လမ်းနှင့် ဖုန်း နံပါတ်များ “တပ်မတော် Quarantine စင်တာများမှာ Q ဝင်ချင်တယ် ဆိုရင်ဘယ်လိုလုပ်ရမလဲ၊ ဘယ်ကို ဆက်သွယ်ရမလဲ” တကယ် လို့ တပ်မတော် ကွာရန်တင်းစခန်း တွမှာ Q ဝင်ချင်တယ်ဆိုရင် – နံပါတ်(၁) ရပ်ကွက် အုပ်ချုပ်ရေးမှုးကို အရင်ဆုံး အကြောင်းကြားရပါမယ်။ နံပါတ်(၂) အုပ်ချုပ်ရေးမှုးက တိုင်းကျန်းမာရေးမှုးကို အကြောင်းကြားပြီး ရုံးအဖွဲ့ဝင်တစ်ဦးနဲ့ အတူ တပ်မတော် Q စခန်းကိုလိုက်ပို့မှာဖြစ်ပါတယ်။ တကယ်လို့ Q ဝင်ဖို့စုံစမ်းချင်တယ် ဆိုရင် ဆက်သွယ်လို့ ရမယ့်ဖုန်းနံပါတ်တွေ ကတော့ – ရန်ကုန်။ အမှတ်(၁)အမှတ်(၁) စစ်ကြောရေးနှင့် တည်းခိုရေး စခန်း ဗိုလ်ကြီးမြတ်သူ -01680914 ဘုရင့်နောင် စတခ...

အထူးသတိပေးပါရစေ!!! ခွဲခွာခြင်းက အရမ်းကိုမြန်ဆန်လွန်းတယ်

COVID second wave စတာ တစ်လကျော်ကြာပြီးချိန်မှာ တစ်ရက်တစ်ရက် ဆေးရုံအရေးပေါ်ကို အသက်ရှူလမ်းကြောင်း လက္ခဏာနဲ့ လာတာတွေက ပိုပိုပြီး များများလာပြီ။ကျွန်တော်တို့ကြည့်ရတဲ့လူနာတွေက လက္ခဏာဆိုးတာတွေများတယ်။ လတ်တလောကြည့်နေရတာ လူနာတွေက ရောက်တုန်းက သတိကအကောင်း၊ အသက်ရှူကြပ်ပြီး အသက်ရှူတွေမြန်၊ oxygen ကျနေတာကလွဲရင် ကိုယ်တွေနဲ့စကားပြောနိုင်၊ အစားအစာစားနိုင်သေးတယ်။ oxygen အဆင်မပြေလို့ စက်တွေနဲ့ oxygen ရိုက်သွင်းပေးထားခဲ့ ဂျူတီအချိန်ပြီး ပြန်ထွက်လာပြီး သိပ်မကြာ ဆုံးပါးသွားနဲ့ တစ်ယောက်လည်း မဟုတ် နှစ်ယောက်လည်း မကနဲ့ swab test အဖြေထွက်လာရင်လည်း Positive တွေ ဖြစ်တာများတယ်။ မိသားစုဝင်တွေကလည်း ရုတ်တရတ်ကြီးဆိုတော့ ဖြေမဆည်နိုင်ကြ ရုတ်တရတ်ကြီးလိုကို ဖြစ်နေတာကိုး။သူတို့မပြောပါနဲ့ ကုပေးတဲ့ဆရာဝန်တွေတောင် စိတ်ထဲမကောင်းကြဘူး။ ကိုယ့်ရှေ့မှာစကားပြောနိုင်ရင်းနဲ့ တစ်ဖြေးဖြေးခြင်း oxygen တွေ ကျပြီး ဆုံးသွားကြတာ။ စိတ်ထဲတစ်ကယ်မကောင်းတွေဖြစ်တာ။ (၁) မဖျားရင် အနံ့ပျောက်တာမဖြစ်ရင် မရှိဘူးထင်နေသူများ...