သရုပ်ဆောင်လင်းလက်ဟိန်းကို လူသတ်မှုအား ကျူးလွန်ရန် အားထုတ်မှုပုဒ်မဖြင့် ဖမ်းဆီးအမှုဖွင့်

သရုပ်ဆောင်လင်းလက်ဟိန်းကို လူသတ်မှုအား ကျူးလွန်ရန် အားထုတ်မှုပုဒ်မဖြင့် ယနေ့(စက်တင်ဘာလ ၁၉ ရက်)၊ နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် ဖမ်းဆီအမှုဖွင့်ထားကြောင်း သိရသည်။ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဆယ်သိန်းရပ်ကွက်တွင် စက်တင်ဘာလ ၁၉ ရက်၊ နံနက် ၅ နာရီခွဲခန့်က သရုပ်ဆောင်လင်းလက်ဟိန်း(ခ)သန်းထိုက်ဦး၊ (၃၆)နှစ်သည် ဟင်္ဂလန်သံပြားချောင်းနှင့် ကတ်ကြေးတို့ကို ကိုင်ဆောင်ပြီး သောင်းကျန်းနေသောကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်ထိန်းသိမ်းစဉ် အုပ်ချုပ်ရေးမှူးကို ဟင်္ဂလန်သံပြားချောင်းဖြင့် ပြန်လည်ရိုက်နှက်ခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ သိရသည်။ “ပုံမှန်အနေအထားနဲ့ဆိုရင်တော့ လူတစ်ယောက်အနေနဲ့ ဒီလိုလုပ်မှာမဟုတ်ဘူး။ ဆေးကြောင်နေတာလား ဘာလားဆိုတာ ဆေးစာအဖြေထွက်လာမှပဲ သိနိုင်မယ်။ အခုလောလောဆယ်တော့ စစ်ဆေးနေတုန်းပဲ ရှိပါသေးတယ်” ဟု ရဲအရာရှိတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သရုပ်ဆောင်လင်းလက်ဟိန်း(ခ)သန်းထိုက်ဦး၊ (၃၆)နှစ် (သင်္ဃန်းကျွန်းမြို့နယ်၊ ရတာနာပုံလမ်း၊ ဆယ်သိန်းရပ်ကွက်နေသူ)ကို သင်္ဃန်းကျွန်းမြို့မရဲစခန်း၌ (ပ)၁၂၈၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၀၇ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ အဆိုပါပုဒ်မ-၃၀၇ ဆိုသည်မှာ...

ရှုတင်တွေနဲ့မအားတဲ့ကြားကနေ ချစ်ဇနီးလေးနဲ့ သားလေးကိုအချိန်ပေးကာ Dinner လေးစားရင်း ပျော်နေခဲ့တဲ့ မြင့်မြတ်

သဘာဝမင်းသားလို့ ပရိသတ်တွေတင်စားပြောနေကြပြီးတော့ အားပေးမှုတွေကိုတစ်ခဲနက်ရရှိထားသူကတော့ သရုပ်ဆောင် မင်းသားချောမြင့်မြတ်ပဲဖြစ်ပါတယ်နော်။ စေတနာပါတဲ့ကြိုးစားအားထုတ်မှုတွေနဲ့ ကျရာဇာတ်ရုပ်ကိုပီပီပြင်ပြင်သရုပ်ဆောင်နိုင်မှုတွေကြောင့် သူမတူအောင်အောင်မှုတွေကိုရရှိထားပြီး အကယ်ဒမီဆုကိုလည်း ထိုက်ထိုက်တန်မတန်ရရှိပိုင်ဆိုင်ထားရပါတယ်နော်။ မြင့်မြတ်ဟာ အခုအချိန်မှာဆိုရင် ချစ်ရတဲ့ဇနီးလေးရယ် သားလေးရယ်နဲ့ အရမ်းကိုတည်ငြိမ်အေးချမ်းပြီးတော့ သာယာလှပတဲ့ မိသားစုကမ္ဘာလေးကိုပိုင်ဆိုင်ထားခဲ့ရပါပြီနော်။ ချစ်စရာကောင်းတဲ့ သားလေးဂျူနီယာ မြင့်မြတ်ကိုလည်း ပိုင်ဆိုင်ခွင့်ရထားတဲ့အတွက် ဖခင်ကောင်တစ်ယောက်ပီပီ ကလေးရဲ့ရှေ့ရေးတွက်အလုပ်တွေကိုလည်း ပိုပြီးတော့ကြိုးစားလုပ်လာတာကိုတွေ့ရပါတယ်နော်။ ဖြူဖြူဖွေးဖွေးချစ်စရာသားလေးဟာလည်း ဖေဖေရဲ့ပင်ပန်းမှုတွေကိုဖြေဖျောက်ပေးနိုင်မယ့်အားဆေးတစ်ခွက်လည်းဖြစ်နေခဲ့ရပါတယ်နော်။ ဒါကြောင့် ဖေဖေမြင့်မြတ်ဟာ သူ့ရဲ့ရှုတင်ပြီးတာနဲ့ ချစ်ရတဲ့ သားလေးနဲ့ ဇနီးသည်လေးဆီအပြေးသွားကာ Dinnerအတူတူစားရင်ပျော်ခဲ့ရပါတယ်နော်။ မိသားစုအပေါ်အချိန်ပေးပြီး အိမ်ထောင်ဦးစီးတစ်ယောက်ပီသလှတဲ့ မြင့်မြတ်ကြောင့်လည်း သူ့ရဲ့ ပရိသတ်တွေက ဂုဏ်ယူမဆုံးဖြစ်ကာ အချစ်တွေပိုနေခဲ့ရတဲ့အပြင် မိသားစုကိုတန်ဖိုးထားတတ်တဲ့ သူ့ရဲ့ စိတ်ဓာတ်လေးကြောင့် လေးလည်းလေးစားကြပါတယ်နော်။ ကဲ… အခုတော့ ချစ်ဇနီးလေးရယ် သားလေးရယ်နဲ့အတူ တစ်နေ့တာပင်ပန်းမှုတွေမေ့ကာ အတူတူDinnerစားနေကြတဲ့ မြင့်မြတ်တို့ရဲ့ ကြည်နူးဖွယ်ရာမိသားစုပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.. ..။ Source:Myat Wai Tun

အမိုက်စားရဟတ်ယာဉ်ကြီးနဲ့ ရန်ကုန်တစ်မြို့လုံးကိုဝေဟင်ထက်ကနေ လည်ပတ်ခဲ့ကြတဲ့ ဖြိုးငွေစိုးတို့မိသားစု

ယနေ့အချိန်ထိ အနုပညာလောကမှာ အောင်မြင်ကျော်ကြားမှုတွေနဲ့ ရပ်တည်နေသူကတော့ သရုပ်ဆောင် ဖြိုးငွေစိုးပဲ ဖြစ်ပါတယ်။ ချစ်ရတဲ့ဇနီး၊သားလေးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုလည်း ရရှိပိုင်ဆိုင်ထားတာပါ။ လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။ ဖြိုးငွေစိုးဟာ ယနေ့ထက်ထိ မိန်းကလေးပရိသတ်များရဲ့ တစ်ခဲနက်အားပေးခြင်းကို ရရှိထားဆဲပါ။ သူ့ရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ပရိသတ်တွေကို ဝေမျှလေ့ရှိသူပါ။ အခုတစ်ခေါက်မှာလည်း ဗီဒီယိုလေးတစ်ခုကို တင်ထားတာပါ။ ဒါကတော့ ရဟတ်ယာဉ်ကြီးနဲ့ ရန်ကုန်တစ်မြို့လုံးကို ဝေဟင်ထက်ကနေ မိသားစုနဲ့အတူ လည်ပတ်ခဲ့ကြတဲ့ ဗီဒီယိုလေးပါ။ သားလေးကလည်း ရဟတ်ယာဉ်စီးရတဲ့အတွက် အရမ်းကို ရင်ခုန်စိတ်လှုပ်ရှားနေတာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။ Source – Phyo Ngwe Soe’s Facebook Account

အသက်၂၃ နှစ်ပြည့်မွေးနေ့မှာ မိဘကို ပိုက်ဆံပုံကြီးနှစ်ပုံ နဲ့ ကန်တော့ ခဲ့တဲ့ ပိုင်တံခွန် ရဲ့ Video File

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ သရုပ်ဆောင်မော်ဒယ်လ် ပိုင်တံခွန် ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ဦးပါ။ ပိုင်တံခွန်က မော်ဒယ်လ် အလုပ်အပြင် သူပါဝင်သရုပ်ဆောင် ထားတဲ့ ဇာတ်ကားတွေရှိတာကြောင့် သူ့ကို အားပေးချစ်ခင်တဲ့ အမာခံပရိသတ်တွေ ရရှိပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် ပိုင်တံခွန် ရဲ့မွေးနေ့ မှာ မိဘတွေကို များပြားလှတဲ့ ပိုက်ဆံများနဲ့ ကန်တော့ခဲ့တဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ ပိုင်တံခွန် က ခုနောက်ပိုင်းမှာ ပိုအောင်မြင်လာပြီး မြန်မာနိုင်ငံမှာသာမက ထိုင်နိုင်ငံမှာပါ ကြော်ငြာများ လက်ခံရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်အနေနဲ့လည်း ဇာတ်လမ်းတွဲများနဲ့ ရုပ်ရှင်ဇာတ်ကားများစွာလည်း ရိုက်ဖို့ရှိတယ်လို့ သိရပါတယ်။ ပိုင်တံခွန်းနဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော် တို့သရုပ်ဆောင် ရိုက်ကူးထားတဲ့ ” သူဘယ်သူလဲ” ဇာတ်လမ်းတွဲ ကလည်း မကြာခင်မှာ ကြည့်ခွင့်ရတော့မှာပါ။ ဒီနေ့လေးကတော့ ပိုင်တံခွန် ရဲ့ အသက် ၂၃ နှစ်ပြည့် မွေးနေ့လေးပဲ...

ဟိုးအောက်ခြေက ရထားပေါ် မှာကြက်ဥပြုတ်ရောင်းတဲ့ ဘ၀ကလာခဲ့တာပါ ဆိုတဲ့ ဖိုးချစ်

ဖိုးချစ်ကတော့ ပရိသတ်အချစ်တော် ဇာတ်မင်းသားတစ်ယောက်ပဲဖြစ်ပါတယ်။ လူပျိုကြီး ဘဝနဲ့ ဖြတ်သန်းနေတဲ့ဖိုးချစ်ဟာ မကြာခင် လပိုင်းကပဲ ချစ်ရသူလေးနဲ့ စေ့စပ်ခဲ့တာပဲဖြစ်ပါတယ်။ ဖိုးချစ်ကတော့ ဇာတ်ပွဲတွေကရင်း ပရိသတ်တွေရဲ့ အချစ်တွေ တိုးလို့ရနေတာပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာအောင်မြင်နေတဲ့ ဖိုးချစ်ဟာ တချိန်က ဆင်းရဲခဲ့တဲ့ ဘဝအကြောင်းတွေကိုပြောပြလာခဲ့ပါတယ်။ ဖိုးချစ်က ရထားပေါ် ကကြက်ဥပြုတ်ေ ရာင်းတဲ့ ဘ၀ကလာခဲ့တာ ပါ ဆိုပြီး ငယ်ဘဝအကြောင်းကိုပြောပြလာပါတယ်။ ပရိသတ်ကြီးအတွက် ဖိုးချစ်ရဲ့ interview ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။ ဟိုးအောက်ခြေက ရ ထားပေါ် မှာကြက်ဥပြုတ်ေ ရာင်းတဲ့ ဘ၀ကလာခဲ့တာ ပါ ဆိုတဲ့ ဖိုးချစ်ရဲ့ video

ဒီကနေ့ Victoria လေးက ကိုကိုအငယ် နဲ့ ကိုကိုအကြီးလုပ်တာလို့ တရားရုံးမှာထွက်ဆိုလိုက်ပါပြီ

ဒီနေ့ စက်တင်ဘာ ၁၁ ရက်နေ့ဟာဆိုရင် ဗစ်တိုးရီးယား အမှုအတွက် အဖြေထွက်တဲ့နေ့လို့ပဲ ဆိုရတော့မယ်ထင်ပါတယ်..။ယနေ့မှာ ၆ ကြိမ်မြောက် ရုံးချိန်းကို ကြားနာခဲ့ပြီး တရားခွင်မှာ ဗစ်တိုးရီးယားလေးကို မေးမြန်ရတဲ့ နေ့ဖြစ်ပါတယ်။ ဒီလို မေးမြန်တဲ့အခါမှာ ဗွီဒီယိုကွန်ဖရင့်စင်း နည်းပညာကို အသုံးပြုထားပြီး စစ်ဆေးမေးမြန်းမှုတွေ လုပ်ခဲ့တယ်လို့သိရပါတယ်။ ဒီလို စစ်ဆေးမေးမြန်းမှုတွေ လုပ်တဲ့အခါမှာတော့ ဗစ်တိုးရီးယားလေးဟာ သူမကို ကိုကိုအငယ်နဲ့ ကိုကိုအကြီး လုပ်တယ်လို့ပဲ တသမတ်တည်း ထွက်ဆိုနေပါတယ်။ ဒီထွက်ဆိုမှုဟာ အခုမှ မဟုတ်ပဲ အမှုစတင်ဖြစ်ပွားကတည်းက ဗစ်တိုးရီးယားလေးက ထွက်ဆိုနေခဲ့ပေမယ့် ဒီအပေါ်မှာတော့ တာဝန်ရှိသူတွေ အဆင့်ဆင့်ဟာ တိတိပပ အရေးယူမှု စစ်ဆေးမှုတွေ မပြုလုပ်ခဲ့ဘူးလို့ သိရပါတယ်။ အဲ့ဒီအစား ယာဉ်မောင်းအောင်ကြီးကိုပဲ တရားခံဖြစ်တယ်လို့ စီအိုင်ဒီက ရဲချုပ်ကိုယ်တိုင် သတင်းစာရှင်းလင်းပွဲလုပ်ပြီး ကြေငြာခဲ့ပါသေးတယ်။ အခုတော့ ဗစ်တိုးရီးယားလေးကိုယ်တိုင် တရားရုံးမှာ ကိုကိုအငယ်နဲ့ ကိုကိုအကြီး လုပ်တာပါလို့...

ဒေါက်တာမြဝတ်ရည် ဝက်အူလှည့်ဖြင့် အထိုးခံရ

ည ၁၀နာရီကျော်က မိတိဆွေတစ်ယောက် မုန့်ဟင်းခါး လာစားလ်ု့ ဖုန်းဆက်တော့ အလုပ်ကိစ္စ ပြောဖို့လည်း ရှိတော့ အာရောဂျံ မဂ္ဂဇင်းစာအုပ်ပေးဖို့ အောက်ဆင်းလာတော့ ကားလမ်းကူးဖို့ လုပ်နေတုန်း ကားတစ်စီးလာလို့ လမ်းဘေး ပြန်ရှောင်ပေးတာကို မှန်တွေ အကုန် ချထားတဲ့ ကားနောက်ခန်းကနေ တစ်ယောက်က ချွတ်ချွတ်ဆိုပြီး နှုတ်ခမ်း ဆူပြတယ် ကားကို တမင် ရပ်ပြီး ဘယ်သွားမလဲ ဘာလုပ်မှာလဲ ကားပေါ်တက်ဆိုပြီး ပြောတော့ Taxi ထင်ပြီး မိတ်ဆွေကားကို လက်ညိုးထိုးပြပြီး စကားနည်း ရန်စဲ ကားကို ပတ်ပြီး ဟိုဘက်ကားဆီ သွားပါမှ အိမ်စီးကား ဖြစ်ပြီး ကားပေါ်ပါ ၄ယောက်လုံး မူးနေတာ ကားပေါ်ကနေ ထပ်ပြောနေလို့ အရက်မူးနေရင်လည်း အေးဆေးနေပါ မကောင်းတဲ့ မိန်းမ မဟုတ်ဘူး အဲ့လို မပြောပါနဲ့ ပြောတာကို နောက်က ကောင်က စောက်ရူးမ...

ဒေါက်တာမြဝတ်ရည် ဝက်အူလှည့်ဖြင့် အထိုးခံရ

ည ၁၀နာရီကျော်က မိတိဆွေတစ်ယောက် မုန့်ဟင်းခါး လာစားလ်ု့ ဖုန်းဆက်တော့ အလုပ်ကိစ္စ ပြောဖို့လည်း ရှိတော့ အာရောဂျံ မဂ္ဂဇင်းစာအုပ်ပေးဖို့ အောက်ဆင်းလာတော့ ကားလမ်းကူးဖို့ လုပ်နေတုန်း ကားတစ်စီးလာလို့ လမ်းဘေး ပြန်ရှောင်ပေးတာကို မှန်တွေ အကုန် ချထားတဲ့ ကားနောက်ခန်းကနေ တစ်ယောက်က ချွတ်ချွတ်ဆိုပြီး နှုတ်ခမ်း ဆူပြတယ် ကားကို တမင် ရပ်ပြီး ဘယ်သွားမလဲ ဘာလုပ်မှာလဲ ကားပေါ်တက်ဆိုပြီး ပြောတော့ Taxi ထင်ပြီး မိတ်ဆွေကားကို လက်ညိုးထိုးပြပြီး စကားနည်း ရန်စဲ ကားကို ပတ်ပြီး ဟိုဘက်ကားဆီ သွားပါမှ အိမ်စီးကား ဖြစ်ပြီး ကားပေါ်ပါ ၄ယောက်လုံး မူးနေတာ ကားပေါ်ကနေ ထပ်ပြောနေလို့ အရက်မူးနေရင်လည်း အေးဆေးနေပါ မကောင်းတဲ့ မိန်းမ မဟုတ်ဘူး အဲ့လို မပြောပါနဲ့ ပြောတာကို နောက်က ကောင်က စောက်ရူးမ...

မွေးနေ့အမှတ်တရအဖြစ် ပရိသတ်တွေကို Samsung ဖုန်းတွေ မဲဖောက်ပေးမယ့် နေတိုး

ဒီကနေ့ စက်တင်ဘာလ (၉) ရက်နေ့ကတော့ တစ်နိုင်ငံလုံးက ပရိသတ်တွေ ချစ်ကြတဲ့ မင်းသားချော နေတိုးရဲ့ အသက် (၃၈) နှစ်ပြည့် မွေးနေ့မင်္ဂလာလေးပဲ ဖြစ်ပါတယ်။ နေတိုးက သူ့ရဲ့ မွေးနေ့အမှတ်တရအဖြစ် သူ့ရဲ့ ချစ်ရတဲ့ ပရိသတ်တွေကို Samsung ဖုန်းတွေကို မဲဖော်ပေးမယ်ဆိုပြီး အခုလိုပဲ သတင်းကောင်းလေး ပါးထားတာကို တွေ့ရပါတယ်။ “မင်္ဂလာပါခင်ဗျာ အရင်ဦးဆုံး ဒီနေ့ကျွန်တော့်မွေးနေ့မှာ မွေးနေ့ဆုတောင်းပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော့်မွေးနေ့မှာ ချစ်ရတဲ့ပရိသတ်ကြီးအတွက် ခုကျွန်တော့်လက်ထဲမှာရောက်နေတဲ့ Samsung Galaxy Fit တစ်လုံး Samsung Galaxy Tab A8 2019 တစ်လုံး နဲ့ Samsung Galaxy Buds တစ်စုံကို မွေးနေ့အမှတ်တရ Giveaway Lucky Draw လေး လုပ်ပေးချင်ပါတယ်။ ခု Giveaway မှာ...

သမီးဖြစ်သူ Tattooထိုးမယ်ဆိုရင်လည်း သူ့ရွေးချယ်မှုအတိုင်းပါပဲလို့ ဆိုလာတဲ့ ခင်လှိုင်

ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ဟာသလူရွှင်တော် ဦးခင်လှိုင်ကတော့ လတ်တလောမှာ သမီးချောလေးကို ပိုင်ဆိုင်ထားတာကြောင့် ယောက်ျားလေးပရိသတ်တွေရဲ့ ယောက္ခမကြီးလို့ ခေါ်ဆိုခြင်းကိုလည်းခံနေရတာလည်းဖြစ်ပါတယ်။ဦးခင်လှိုင်ရဲ့ သမီးချောလေး သဇင်ထူးမြင့်ဟာဆိုရင်လည်း (၂၀၁၉)ခုနှစ် အကယ်ဒမီပေးပွဲကြီးမှာ ရွှေကြိုတစ်ယောက်အနေနဲ့ ပါဝင်ခဲ့ပြီး လက်ရှိမှာ အနုပညာအလုပ်တွေကို တစိုက်မတ်မတ်နဲ့လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ ဦးခင်လှိုင်ကိုယ်တိုင်က Tattooထိုးရတာကို ဝါသနာပါတဲ့ သူပီပီ ခန္ဓာကိုယ်ပေါ်မှာ Tattooတွေကိုထိုးထားပြီး “ငယ်ငယ်ထဲက Tattooကိုထိုးချင်ခဲ့တာ။ ဒါပေမဲ့ အိမ်ကအဖေနဲ့အမေက လက်မခံတော့ မထိုးခဲ့ရဘူး။အိမ်ထောင်ကျပြီး ကလေးတွေဘာတွေရပြီးတော့မှ Tattooထိုးချင်တဲ့ဝါသနာက တရေးပြန်နိုးလာတယ်။စထိုးတုန်းကတော့ တွေကရာ အကုန်လျှောက်ထိုးတာပဲ။နောက်ပိုင်းကျတော့ မိသားစုရဲ့ အဓိပ္ပာယ်ရှိတဲ့ Dateလေးတွေ။ကိုယ်ကြိုက်တဲ့ပုံလေးတွေသေချာရေးပြီးထိုးဖြစ်လာတယ်လို့”ခန္ဓာကိုယ်ပေါ်က Tattooတွေနဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။ သမီးဖြစ်သူသဇင်ထူးမြင့်တစ်ယောက် Tattooထိုးမယ်ဆိုရင်လည်းဦးခင်လှိုင်ကခွင့်ပြုမှာလားဆိုတဲ့ အပေါ် “သူ့ဘဝနဲ့ဆိုင်တယ်။သူကဘာအလုပ်လုပ်မှာလဲ။ရုံးတစ်ရုံးမှာ အရေးပါအရာရောက်တဲ့ အကြီးအကဲလုပ်မှာလား။ဒါဆိုရင် သူလုပ်မဲ့အလုပ်နဲ့ ဒီ Tattooနဲ့ သင့်တော်လား။သမီးအပေါ်မှာ ဦးခင်လှိုင်က ထိုးပါလို့လည်းမပြောသလို မထိုးပါနဲ့လို့လည်းမတားဘူး။ဒါသူ့စိတ်နဲ့သူ ။သူတစ်ချိန်အိမ်ထောင်ကျလာလို့ သူ့အမျိုးသားက ကြည်ဖြူနိုင်မလား။ ဦးခင်လှိုင်အနေနဲ့ကတော့ တားဆီးပိတ်ပင်ထားတာမရှိပါဘူး”လို့ ပြောကြားလာတာပဲဖြစ်ပါတယ်။CeleGabarပရိသတ်ကြီးတွေကရော Tattooကို...