ဗိုလ်ချုပ်ရဲ့ အဖိုးဖြစ်သူဗိုလ်မင်းရောင်နေရာမှာ အားဖြည့်သရုပ်ဆောင်မည့် အကယ်ဒမီလူမင်း

ပရိသတ်တွေနဲ့ အနုပညာရှင်တွေက ချစ်စနိုးနဲ့ အန်ကယ်လေးလို့ ခေါ်ဆိုကြတဲ့ လူမင်းကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ထားကာ (၁၉၈၇) ခုနှစ်ကတည်းကအနုပညာလောကကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီးအကယ်ဒမီ (၃)ဆု ရယူထားနိုင်တဲ့ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်လည်းဖြစ်ပါတယ်။ (၂၀၀၂)ခုနှစ်မှာ “ရွှေမှုန်ကြဲတဲ့ မိုးကောင်းကင်”ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်အကယ်ဒမီဆုကြီးကို ရရှိခဲ့ပါတယ်။လူမင်းဟာ “ကျန်စစ်သား”ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ တစ်ဦးအနေနဲ့ ရိုက်ကူးခဲ့ပြီး နောက်ထပ်အကယ်ဒမီဆုကြီး ကိုရရှိပိုင်ဆိုင်ထားတဲ့အပြင် (၂၀၁၆)ခုနှစ်မှာ “ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနဲ့ မြိုင်ရာဇာတာတေ” ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကြီးကို ထပ်မံရရှိထားတဲ့ အကယ်ဒမီများရှင် နိုင်ငံကျော်သရုပ်ဆောင်တစ်ဦးပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း ပရိသတ်ရဲ့ စိတ်ဝင်းတစားစောင့်ကြည့်မှုခံနေရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးမည့် “အောင်ဆန်း” ရုပ်ရှင်ကို ဦးဆောင်ရိုက်ကူးသွာဖို့ကို လုံးပန်းနေတာလည်းဖြစ်ပါတယ်။နိုင်ငံကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီလူမင်းကိုယ်တိုင်ဒါရိုက်တာတစ်ယောက်အနေနဲ့ ရိုက်ကူးမယ့်” အောင်ဆန်း”ရုပ်ရှင်ဇာတ်ကြီးကတော့ စက်တင်ဘာလ လကုန်ပိုင်းလောက်မှာ စတင်ရိုက်ကူးတော့မှာလည်းဖြစ်ပါတယ်။ ဒါရိုက်တာအကယ်ဒမီလူမင်းကတော့ ဂျပန်နိုင်ငံကိုသွားရောက်ပြီး ဂျပန်မြန်မာချစ်ကြည်ရေး အထိမ်းအမှတ်ကျောက်စာတိုင်နဲ့ “အောင်ဆန်း” ရုပ်ရှင်အတွက်တန်ဖိုးရှိလှသော သမိုင်းအချက်အလက်၊အထောက်အထားတွေကို သွားရောက်လေ့လာခဲ့ပါသေးတယ်။...

Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က သံသယတရားခံ အောင်ကြီးရဲ့ ရှေ့နေကို ပုဒ်မနှစ်ခုနဲ့ အမှုဖွင့်

စက်တင်ဘာ ၂၄ ရက် ရုံးချိန်းတွင် စွပ်စွဲခံထားရသူ အောင်ကြီးကို အာမခံလျှောက်ထားရန် စီစဉ်နေသည်။ကျူးလွန်သူ တရားခံအစစ် နှင့် အောင်ကြီးကို တရားခံအဖြစ် တွန်းပို့သည့် အင်အားစုများကို ဖော်ထုတ်ရန် နည်းလမ်းများရှိ ကြောင်း ပြောကြားသော်လည်း အသေးစိတ်ကို ထုတ်ဖော်ပြော ကြားခြင်းမရှိပေ။ ‘‘အခုချိန်ထိ ဒီအမှုမှာ ပါဝင် ပတ်သက်တဲ့ အင်အားစုတွေ အ ကုန်လုံး အစိုးရရှေ့နေ၊ မိသားစုက ငှားတဲ့ရှေ့နေ သူတို့နှစ် ယောက်က သဘောထားကွဲလွဲမှု ရှိကောင်းရှိနိုင်ပေမယ့် တစ်လိုင်း တည်းဖြစ်ပြီး အတူတူလုပ်ကြမယ် ဆိုရင်၊ တရားရုံးကလည်း ဥပဒေ နဲ့အညီ ဆောင်ရွက်မယ်ဆိုရင် ဒီ အမှုက တရားဖြောင့်မတ်မှုကို မရောက်စရာ မရှိပါဘူးဗျ’’ ဟု ဦးခင်မောင်ဇော်ကပြောသည်။တရားခံရှေ့နေများတွင် ဖိ အားနှင့် အကျပ်ကိုင်မှု အချို့ရှိ သည်ဟု ထုတ်ဖော်ပြောဆိုထား ပြီး ၎င်းတို့လုပ်ဆောင်မှု၌ အကန့်သတ်ရှိကြောင်း ဦးခင်မောင်ဇော်...

အမေစုကို နှုတ်ဆက်ဖို့ မဝံ့မရဲဖြစ်နေတဲ့ ဇနီးချောလေးကို အမေစုရှေ့ခေါ်သွားခဲ့တဲ့ လူမင်း

အနုပညာကို ချစ်မြတ်နိုးလွန်းလို့ လူငယ်ဘဝကတည်းက တစိုက်မတ်မတ် ကြိုးစားလာခဲ့တဲ့ သရုပ်ဆောင် လူမင်းကတော့ အခုအချိန်အထိ အောင်မြင်မှုတွေ များစွာ ပိုင်ဆိုင်ထားတဲ့ ဝါရင့်မင်းသားကြီးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ လူမင်းက “အောင်ဆန်း” ရုပ်ရှင်ကို စတင်ရိုက်ကူးနေပြီဖြစ်ပြီး၊ နိုင်ငံ့အကြီးအကဲတွေများစွာ တက်ရောက်ခဲ့တဲ့ အဆိုပါ ရုပ်ရှင် စတင်ရိုက်ကူးခြင်း အခမ်းအနားကိုတော့ မနေ့က စက်တင်ဘာလ (၂၄) ရက်နေ့က Novotel Hotel မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ လူမင်းကတော့ အဆိုပါပွဲကို တက်ရောက်ခဲ့တဲ့ အမေစုကို မနှုတ်ဆက်ရဲဖြစ်နေတဲ့ ချစ်ဇနီးချောလေးကိုလည်း တရင်းတနှီးဖြစ်အောင် မိတ်ဆက်ပေးခဲ့သေးတာကြောင့် ခင်စံပယ်ဦးတစ်ယောက် အရမ်းကို ပျော်ရွှင်ခဲ့ရတာပါနော်။ ချစ်ပရိသတ်တွေအတွက် အရမ်းကို ဂုဏ်ယူရတဲ့ ခင်ပွန်းကြောင့် မျက်နှာပွင့်လို့ ပျော်နေတဲ့ လူမင်းရဲ့ချစ်ဇနီးချောလေး ခင်စံပယ်ဦးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ ခင်စံပယ်ဦးကတော့ “ချစ်တဲ့ အမေစုကိုလေနှုတ်ဆက်ချင်ပေမယ့်လူအများရှေ့သွားပြီး မနှုတ်ဆက်ရဲလို့အဝေးကနေပဲကြည့်နေခဲ့တာကို လူမင်းကလာခေါ်တယ် အမေမေးနေတယ်လာပါတဲ့❤❤❤???” ဆိုပြီး...

အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မပြည့်စုံသေးဘူးဆိုတဲ့ ထွန်းအိန္ဒြာဗိုလ်

ထွန်းအိန္ဒြာဗိုလ်ဟာ သားတစ်ယောက်မိခင်ဖြစ်ပေမယ့် သားလေးရဲ့ ကိစ္စတွေကို ခင်ပွန်းဖြစ်သူက တာဝန်ယူနေတယ်လို့ ဆိုပါတယ်။ သူမကိုယ်တိုင်ကလည်း အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မပြည့်စုံဘူးလို့ ပြောပါတယ်။ ထွန်းအိန္ဒြာဗိုလ် လက်ရှိပိုင်ဆိုင်ထားတဲ့ မိသားစုလေးအကြောင်းပြောပြလာပါတယ်။ သူ့ရဲ့ အိမ်ထောင်ရေးမှာတော့ သူက မပြည့်စုံမှုတွေများတဲ့ အိမ်ထောင်ရှင်တစ်ယောက်ပါလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ ‘’ကျွန်မက အိမ်ထောင်ရှင်မကောင်းတစ်ယောက် မဟုတ်ပါဘူး။ တကယ်တမ်းကျွန်မတို့ မြန်မာ့ယဉ်ကျေးမှုအရ သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ တိုင်းတာရင်တော့ ကျွန်မ မပြည့်စုံတာတွေ အများကြီးပဲ။ အချိန်မပေးနိုင်တာတွေရော၊ ထမင်း ဟင်းမချက်နိုင်တာတွေရော၊ သားသမီးကိစ္စရော၊ အစုံပဲပေါ့နော်’’ လို့ သူကဆိုပါတယ်။သူဟာ အနုပညာအလုပ်တွေ တစိုက်မတ်မတ်လုပ်ဆောင်နေတာကြောင့် မိသားစုဘက်ကို အချိန်ပေးတာနည်းတယ်လို့ ဆိုပါတယ်။ ခင်ပွန်းဖြစ်သူကတော့ ထွန်းအိန္ဒြာဗိုလ်ရဲ့ အနုပညာအလုပ်တွေကို အရမ်းနားလည်ပေးသူပါတဲ့။ ‘’ သားကိစ္စတွေကိုလည်း ကိုအောင်မင်းထွန်းပဲလုပ်နေတာ။ အားလုံးမြင်ကြတဲ့အတိုင်းပါပဲ သူက အရမ်းအေးပါတယ်’’ ဆိုပြီးတော့ စက်တင်ဘာလ ၂၃ ရက်နေ့ ညက...

လိပ်ကျွန်းအမှုအတွက် မြန်မာအစိုးရမှမေတ္တာရပ်ခံစာ ပေးပို့ပါက ပြစ်ဒဏ်မှ ဆိုင်းငံ့နိုင်

သေဒဏ်ကျခံထားရသော လိပ်ကျွန်းအမှုအတွက် မြန်မာအစိုးရမှမေတ္တာရပ်ခံစာ ပေးပို့ပါက ဆိုင်းငံ့ ပြစ်ဒဏ်သာ ကျခံနိုင်ဖွယ်ရှိကြောင်း ထိုင်းရှေ့နေကောင်စီမှ လူအခွင့်ရေးကော်မရှင်အဖွဲ့ဝင် Ratsada Manoo Ratsada က မီဒီယာများကိုပြောဆိုသည်။ထိုင်းရှေ့နေကောင်စီနှင့် လိပ်ကျွန်းနှင့်ရနောင်း လူသတ်မှုတို့တွင် လိုက်ပါဆောင်ရွက်ပေးသည့် ဦးထူးချစ်(FED)တို့သည် စက်တင်ဘာလ ၂၃ ရက်၊ နံနက်ပိုင်းက ရန်ကုန်မြို့ Lotte Hotel တွင် သတင်းစာရှင်းလင်းပွဲ တစ်ခုပြုလုပ်ခဲ့သည်။ “အသနားခံစာကို ရက် ၆ဝအတွင်းမှာသွင်းရပါတယ်။ လာမယ့်အောက်တိုဘာလ ၂၈ ရက်နေ့ မတိုင် ခင်မှာသွင်းရမှပါ။ လက်ရှိမှတော့ မူကြမ်းကို ရေးဆွဲသားပြီးသားဖြစ်ပါတယ်။ မကြာခင်မှာ အစည်းဝေး ထိုင်ပြီးတော့ ဆုံးဖြတ်ပါမယ်။ အဲအထဲမှာလည်း တစ်ခြားပြင်ဆင်စရာတွေဖြစ်တဲ့ တွဲရက်တင်လို့ရတဲ့ ဟာတွေ ရှိပါတယ်။ မြန်မာပြည်ကနေပြီးတော့ ကလေးနှစ်ယောက်ရဲ့ ဆရာမတွေ၊ ရပ်ကွက်လူကြီး အစရှိတဲ့ ဒီကလေး နှစ်ယောက်က ပြစ်မှုတွေ မရှိပဲ။ရိုးသားအေးဆေးတဲ့ အဲလိုထောက်ခံချက်တွေ တင်သွင်းလို့ရသလို ၊...

၂၇ နှစ်ပြည့်မွေးနေ့အလှူ ပုံရိပ်ကလေးတွေ မျှဝေလိုက်တဲ့ စိုးပြည့်သဇင်

နိုင်ငံကျော်သရုပ်ဆောင် မင်းသမီးချောလေး အကယ်ဒမီ စိုးပြည့်သဇင် ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော် အနုပညာရှင်တစ်ဦးပါ။ သရုပ်ဆောင်ပီပြင်ပြီး ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင် နိုင်တဲ့ သူမက ချစ်စရာကောင်းတဲ့ မျက်နှာလေးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ချစ်ပရိသတ်တွေအတွက် စိုးပြည့်သဇင် ရဲ့ ၂၇ နှစ်ပြည့် မွေးနေ့အလှူမှ ပုံရိပ်ကလေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။ စိုးပြည့်သဇင်က အနုပညာလှုပ်ရှားမှု အနေနဲ့ ပွဲတက်များနဲ့ လူးလူးစိန် ဇာတ်လမ်းတွဲကို သရုပ်ဆောင် ကျော်ကျော် နဲ့အတူ ရိုက်ကူးထားတာပါ။ ဒီတစ်ခါမှာတော့ စိုးပြည့်သဇင်က သူမရဲ့ အသက် ၂၇ နှစ်ပြည့် မွေးနေ့အလှူပုံရိပ်နဲ့ မွေးနေ့မှာ ချစ်ရသူများနဲ့ ဖြတ်သန်းခဲ့တဲ့ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ စိုးပြည့်သဇင် က ” မွေးနေ့အမှတ်တရအလှူပုံရိပ်လေးများ….ချစ်ရတဲ့we love တွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နော်…တနေ့လုံးအလှူတွေနဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ရတယ်…..အရမ်းပျော်ပါတယ်….အရမ်းလည်းကျေးဇူးတင်ပါတယ်နော်…?” ဆိုပြီးပြောထားပါတယ်။ စိုးပြည့် ရဲ့ ပုံရိပ်ကလေးတွေကို ဆက်လက်ကြည့်ရူပေးကြပါဦးနော်။ သရုပ်ဆောင်စိုးပြည့်သဇင်ရဲ့ မွေးနေ့အလှူ ပုံရိပ်ကလေးတွေကို ပရိသတ်တွေသဘောကျမှာပါ။...

သိန်း (၁၅၀၀) ကျော်သုံးထားတဲ့ မွေးနေ့လက်ဆောင်နဲ့ ရွှေထူးကို Surprise လုပ်လိုက်တဲ့ ရွှေမှုံရတီ

သိပ်ကိုရိုကြလွန်းတဲ့ စုံတွဲလေးတွေလို့ တင်စားရလောက်အောင်ပါပဲ။ ချစ်တတ်လွန်းတဲ့ ရွှေမှုံလေးကို ပိုင်ဆိုင်ခွင့်ရထားတာလည်း ရွှေထူးအတွက်တော့ ဘုရားပေးတဲ့ လက်ဆောင်လေးလို့ဆိုရမှာပါ။ အထိမ်းအမှတ်နေ့တွေတိုင်း Surprise လေးတွေလုပ်ပြီး ဖြတ်သန်းပုံကလည်း အိမ်ထောင်ရေးဘဝကို ပိုမိုနွေးထွေးစေရုံမက မျှဝေပေးခြင်းအားဖြင့် ပရိသတ်တွေကိုလည်း ဝမ်းသာပျော်ရွှင်မှုလေးတွေ ဖြစ်စေပါတယ်။ အတိုက်အခိုက်တွေကြားထဲက တွဲထားရတဲ့ လက်တစ်စုံမို့ ပိုပြီး ခိုင်မြဲနေကြတယ်ဆိုတာ ပရိသတ်ကြီးလည်း အသိဆုံးဖြစ်မယ်ထင်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ နှစ်ယောက်ကတော့ မင်္ဂလာသက်တမ်း ၁ နှစ်နီးပါး ရှိတော့မှာပါ။ ငယ်ရွယ်နုပျိုလှတဲ့ အနုပညာရှင်လေးတွဖြစ်ကြပြီးတော့ ယုံကြည်ရာဆုံးဖြတ်ချက်တစ်ခုပေါ်မှာ လျှောက်လှမ်းနေကြတဲ့ လူငယ်လေးတွေလည်း ဖြစ်ပါသေးတယ်။ စက်တင်ဘာလ ၁၉ ရက်နေ့လေးဟာ အဆိုတော်ရွှေထူးရဲ့ မွေးနေ့ဖြစ်ပြီးတော့ ချစ်ဇနီးချောလေး ရွှေမှုံရတီက ခင်ပွန်းဖြစ်သူကို Surprise လုပ်ဖို့အတွက် ကျပ်သိန်းပေါင်း (၁၅၀၀) ကျော်ကို သုံးထားတယ်လို့ မွေးနေ့မတိုင်ခင်မှာ ပြောပြခဲ့ပါတယ်။ ငွေကျပ်သိန်းပေါင်း များစွာသုံးစွဲထားတဲ့ မွေးနေ့လက်ဆောင်လေးက ဘာများဖြစ်မလဲဆိုတာ ရွှေထူးကိုယ်တိုင် စိတ်ဝင်စားခဲ့ပြီးတော့ ပရိသတ်တွေကလည်း စိတ်ဝင်တစားရှိခဲ့ကြပါတယ်။ မွေးနေ့ Surprise အလုပ်ခံလိုက်ရတဲ့ ရွှေထူးက ဒီနှစ်မွေးနေ့လေးဟာ သူ့အတွက် ပြီးပြည့်စုံတဲ့ မွေးနေ့လေးဖြစ်ခဲ့ကြောင်းရေးသားထာားတာကြောင့် ပရိသတ်တွေက ရွှေပေါက်စလေးများ ဖြစ်နေမလားဆိုတဲ့ မှတ်ချက်ပေးမှုတွေလည်း ရှိနေခဲ့တာဖြစ်ပါတယ်။ တကယ်တမ်း ရွှေမှုံရတီတစ်ယောက် ကျပ်သိန်း (၁၅၀၀) ကျော်သုံးပြီး Surprise...

သူမအပေါ်ရက်စက်ခဲ့တဲ့ အမျိုးသားနဲ့ ယောက္ခမအေကြာင်းကို ရင်ဖွင့်ပြောပြလာခဲ့တဲ့ မျိုးစန္ဒီကျော်

မျိုးစန္ဒီကျော်ရဲ့ အိမ်ထောင်ရေးကွာရှင်းတဲ့ သတင်းကြောင့် ကြားထဲကမြေဇာပင် တစ်ပင်လိုဖြစ်ခဲ့ရတဲ့ သမီးလေးအတွက် ပရိသတ်တွေက စိတ်မကောင်းဖြစ်နေရတာပါ။ မျိုးစန္ဒီကျော်ကတော့ ခင်ပွန်းဖြစ်သူကို ကားတစ်စီးပေးကာ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်မှာ ပြတ်ပြတ်ဆဲဆဲကွာရှင်းလက်မှတ်ထိုးခဲ့တယ်လို့ သိရပါတယ်။ ယခုလို ကွာရှင်းတာကို သူငယ်ချင်းဖြစ်သူ ဂျူလှိုင်မိုးက စိတ်မကောင်းဖြစ်စွာနဲ့ သူမရဲ့ လူမှုကွန်ရက် စာမျက်နှာထက်ကနေ မျိုးစန္ဒီကျော်တို့ ဇနီးမောင်နှံရဲ့ ချစ်စကြင်စအချိန်လေးတွေကို ပြန်လည်ပြောပြပြီး တရားရုံးမှာ သူတို့ကွာရှင်းနေတာကို ကြည့်ပြီး ကြားထဲကနေစိတ်မကောင်းဖြစ်နေရတယ်လို့ Post တစ်ခုရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။ အဆိုပါ Post အောက်မှာတော့ မျိုးစန္ဒီကျော်တို့ ဇနီးမောင်နှံရဲ့ ကွာရှင်းမှုနဲ့ပတ်သက်ပြီး ဝေဖန်အကြုံပြုချက်တွေပြုလုပ်ထားတာဖြစ်ပါတယ်။ ဒါကို မျိုးစန္ဒီကျော်က အဲဒီ Post အောက်မှာ သူတို့နှစ်ယောက်ကွာရှင်းရတာကို အကြောင်းစုံမသိသေးတဲ့သူတွေအတွက် သိအောင်နည်းနည်းလေးပြောပြခဲ့တာဖြစ်ပါတယ်။ အဲဒါကတော့ “ငါ့စိတ်ထားဖြူစင်တာ ရိုးသားတာ ငါနဲ့အနီးကပ်ပေါင်းတဲ့သူတိုင်းသိတယ် အလုပ်မရှိတဲ့ယောက်ကျားနဲ့သူ့အမေ သူ့အစ်မ သူ့တူ သူ့တူမတွေကို ငါ့ပိုက်ဆံနဲ့ငှားထားတဲ့အိမ်မှာ ၄နှစ်ကျော် ငါရှာကျွေးခဲ့ တယ်သူ့အမေကိုလစဉ်ဆေးဖိုးတွေကြည်ဖြူစွာပေးခဲ့တယ် ငါ့အမေလည်းရောဂါသည်ပဲလေ...

ဦးနှောက်ရဲ့ ညာဘက်အခြမ်းမှာ သွေးခဲပြီး အမာရွတ်ဖြစ်ကာ လေဖြတ်ခဲ့တဲ့ ဇာတ်မင်းသားဟန်ဇာမိုးဝင်း

အနုပညာလောကမှာ မြန်မာ့ဇာတ်သဘင်ပညာကတော့ ယနေ့အချိန်အထိအောင်မြင်နေတဲ့ ပညာရပ်တစ်ခုပါ။တစ်ခေတ်တစ်ခါက မြန်မာဇာတ်သဘင်လောကမှာအောင်မြင်နေတဲ့ မင်းသားတွေများစွာရှိပေမယ့် မင်းသားကြီး စိန်မာဒင်နဲ့ မြေးဖြစ်သူ မင်းသားကြီး ဦးမိုးမင်း၊မင်းသားကြီး မိုးဝင်း တို့က မြန်မာ့ဇာတ်သဘင်လောကမှာ အောင်မြင်မှုထိပ်တန်းကို ရောက်ရှိခဲ့တဲ့ မင်းသားကြီးတွေပဲဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ အဆိုပါမင်းသားကြီးတွေရဲ့ အမွေကို ဆက်ခံနိုင်တဲ့ မင်းသားတစ်ဦးကတော့ ပေါ်ထွက်ခဲ့ပါပြီ။ သူကတော့ မင်းသားကြီး စိန်မာဒင်ရဲ့ မြေး၊ မင်းသားကြီး ဦးမိုးမင်းရဲ့ တူဖြစ်ပြီး ဖခင်ဖြစ်သူ မင်းသားကြီး မိုးဝင်းတို့ရဲ့ သား ဟန်ဇာမိုးဝင်းပဲ ဖြစ်ပါတယ်။ ဟန်ဇာမိုးဝင်းကလည်း မိဘဘိုးဘွားတွေရဲ့ ခြေရာကို အပြည့်နင်းနိုင်ပြီး ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ယောက်ပါ။ မင်းသားဟန်ဇာမိုးဝင်ကို (၁၉၈၄) ခုနှစ် စက်တင်ဘာ (၇)ရက်မှာမွေးဖွားခဲ့တာဖြစ်ပြီး ဒီလမှာကျရောက်တဲ့ သူရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ လွန်ခဲ့တဲ့ (၈) နှစ်က လေဖြတ်သွားခဲ့တဲ့ အကြောင်းကို ပြန်လည်ပြောပြရင်း စိတ်ဓာတ်ကျနေတဲ့ ပရိသတ်တွေအတွက် အားပေးစကားပြောကာ မွေးနေ့လက်ဆောင်အနေနဲ့...

စကားဝါမြေပုပ္ပါးမှာ ဆာလောင်နေတဲ့ မျောက်လေးတွေကို အစာကျွေးခဲ့တဲ့ အေးမြတ်သူ

ပရိသတ်ကြီးရေ ပူပူနွေးနွေးအကယ်ဒမီဆုရှင်လေး အေးမြတ်သူဟာဆိုရင် အေးအေးချမ်းချမ်းနဲ့အရမ်းလှတဲ့သူတစ်ယောက်ဖြစ်ပါတယ်။အေးမြတ်သူက ဟိုးတစ်ခေတ်တုန်းက အလှမယ်သရဖူကိုရရှိခဲ့ပြီး အနုပညာလောကထဲကို တစိုက်မက်မက်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။အေးမြတ်သူကလည်း အနုပညာကို စိတ်ရောကိုယ်ပါနှစ်ပြီး ကြိုးစားတာကြောင့် အောင်မြင်မှုတွေကို ရရှိလာတာပေါ့နော်။ အေးမြတ်သူရဲ့ ချစ်ပရိသတ်တွေကလည်း သူမရဲ့အနုပညာလှုပ်ရားမှုတိုင်းကို စောင့်ကြည့်အားပေးကြပါတယ်။အေးမြတ်သူကတော့ ရုပ်ချောသဘောကောင်းပြီး မာန်မာနကင်းမဲ့ကာ စိတ်ထားလေးဖြူစင်တဲ့မင်းသမီးလေးပါနော်။လူတိုင်းအပေါ်လည်း ဖော်ရွေစွာဆက်ဆံပြီး လက်ရည်တပြင်တည်းစားကြသောက်ကြနဲ့ ပျော်ပျော်ပါးပါးနေတတ်တာဖြစ်ပါတယ်။ အေးမြတ်သူက တိရိစ္ဆာန်လေးတွေအပေါ်မှာလည်း သနားကြင်နာတတ်တာကြောင့် အခုဆိုရင်လည်း အေးမြတ်သူတို့အဖွဲ့က ပုပ္ပါးကိုရောက်ရှိနေတာဖြစ်ပါတယ်။ပုပ္ပါးကိုရောက်တုန်းမှာ မျောက်လေးတွေအတွက်ကိုယ်တိုင်အစာကျွေးနေပြီး မျောက်လေးတွေက ခန္ဓာကိုယ်ပေါ် တက်နေကြတာတောင် မကြောက်ဘဲပျော်ပျော်ရွှင်ရွှင် အစာကျွေးခဲ့တဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါရစေနော်။