မိမိယုံကြည်ရာတစ်ခုတည်းဖြင့် ဘ၀ကိုခက်ခက်ခဲခဲနဲ့ ရင်ဆိုင်ဖြတ်သန်းလျှောက်လှမ်းခဲ့ရတဲ့ Sinon ရဲ့ဘ၀အကြောင်း

ယောက်ျားကြီးဖြစ်ပြီး ဗလတောင့်တောင့်နဲ့ နည်းနည်းနှောနှော ဒေါက်အမြင့်ကြီးတွေကိုစီး catwalk ကိုကျွမ်းကျင်စွာလျှောက်ပြနေတဲ့ Sinon ဟာ ဘာလို့ဒီလိုလုပ်နေတာလဲ ဘာလို့ဒီလိုအောင်မြင်လာတာလည်း ဆိုတာကို ဝေဖန်နေကြတဲ့သူတွေအတွက် အနည်းငယ်ပြောပြပေးချင်ပါတယ်။သူကပရဟိတစိတ်လည်းအလွန်ထက်သန်တဲ့သူတစ်ယောက်ဆိုတာ မြန်မာနိုင်ငံကို အလည်အပတ်လာရောက်တဲ့အချိန်တွင် လှူဒါန်းမှုပြုလုပ်ခဲ့တာတွေကို အားလုံးပဲမြင်တွေ့ပြီးဖြစ်မှာပါ။ Sinon ဟာ သူငယ်ငယ်တုန်းကသူ့မိဘတွေကသူ့ကို gay ဖြစ်နေလို့ဆိုပြီးအိမ်ပေါ်ကနေနှင်ချခဲ့တော့ ၁၈ လလောက်လမ်းပေါ်မှာပဲနေခဲ့ရပြီး ပလက်စတစ်ဗူးတို့ဘာတို့တွေလိုက်ကောက်စုဆောင်းရောင်းစားရင်းအသက်ဆက်ရှင်ခဲ့ရတယ်။ နောက်ပိုင်းမှ London မှာနေနေတဲ့သူ့အစ်မကသူနဲ့လာနေဖို့ပြောတော့မှ London မှာ ၇ နှစ်လောက်သွားနေခဲ့ဖြစ်ရင်းအိမ်အကူတောင်လုပ်ခဲ့ရပြီးအလုပ်ရှင်ရဲ့ psychical abuse လုပ်တာခံခဲ့ရတယ်။ သူ့အစ်မအတွက်လည်းကျောက်ကပ်တစ်ခြမ်းလှူပေးထားတာပါ။ ၁၀ လက်မအမြင့်ရှိတဲ့ high heels ကြီးနဲ့ catwalk လျှောက်ရင်းပိုက်ဆံရှာပြီး homeless တွေကိုထောက်ပံ့ပေးနေတဲ့သူပါ။ သူရတဲ့ပိုက်ဆံတွေနဲ့ donate လုပ်ထားတာတွေမှအများကြီးပါပဲ။ Philippines က နာမည်ကြီး မင်းသား မင်းသမီးတွေနဲ့လည်းအလုပ်တွဲလုပ်ခဲ့ပြီး သူ့ကို ‘The King Of Catwalk’ ဆိုပြီးတစ်ကမ္ဘာလုံးကတောင်သိတဲ့ worldwide...

ချစ်သူကိုယ်တိုင်ရေးပေးတဲ့ “နွားကျောင်းသူ”သီချင်းသစ်လေးထွက်ဖို့ ပြင်ဆင်နေတဲ့ ဝိုင်းစုခိုင်သိန်း

အသည်းကွဲသီချင်းလေးတွေကို ပရိသတ်ရင်ထဲအရောက်ပို့နိုင်သူတစ်ယောက်ဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းကတော့ ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အဆိုတော်တစ်ယောက်ပါ။ “မက်လာက်စရာ”၊”အာဘွား”၊ “ခါချနေရတယ်”၊”ဂါ”၊” မယ်သီတာ” ဆိုတဲ့ တေးစီးရီးအယ်ဘမ်တွေကို ထွက်ရှိအောင်မြင်ထားတာဖြစ်ပါတယ်။ ဝိုင်းစုခိုင်သိန်းရဲ့ ထွက်သမျှသီချင်းတိုင်းကလည်း ပရိသတ်တွေအတွက် ခံစားချက်အပြည့်အဝကို ပေးနိုင်တာကြောင့် မိန်းကလေးပရိသတ်တော်တော်များများရဲ့ ဝန်းရံမှုကို အခိုင်အမာရရှိထားသူတစ်ယောက်ပါ။ အလွမ်းအဆွေးသီချင်းလေးတွေနဲ့ ပရိသတ်ရင်ကို တိုးဝင်လာသူတစ်ယောက်ဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းကတော့ အဆိုပိုင်းမှာသာမက သရုပ်ဆောင်ပိုင်းမှာလည်း ပီပြင်ပြီး အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ပါ။ လတ်တလောမှာလည်း ဝိုင်းစုခိုင်သိန်းဟာ ချစ်သူအောင်လရဲ့ သီချင်းတွေမှာလည်း အဓိသရုပ်ဆောင်တစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်နေရုံသာမက သူမရဲ့ သီချင်းခွေအသစ်လေးထွက်ရှိဖို့လည်း ပြင်ဆင်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ အဆိုပါသီချင်းအခွေလေးကတော့ “နွားကျောင်းသူ”ဆိုတဲ့ အခွေလေးပဲဖြစ်ပါတယ်။“နွားကျောင်းသူ”ဆိုတဲ့သီချင်းလေးကိုတော့ အဆန်းဖြစ်သွားစေမယ့် စာသားလေးတွေနဲ့အတူ ချစ်သူအောင်လကိုယ်တိုင်က ရေးသားပေးထားတာဖြစ်ပြီး ဒီသီချင်းခွေနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတွေကို ပြုလုပ်နေပြီလို့ ပြောပြခဲ့ပါတယ်။ဒါပေမယ့် ဘာတွေကြိုတင်ပြင်ဆင်မှုတွေ လုပ်နေလည်းဆိုတာကိုတော့ “လျို့ဝှက်ထားအုံးမယ်နော်” လို့ ဝိုင်းစုခိုင်သိန်းက သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ပရိသတ်ကြီးရေ မကြာခင်မှာတော့...

မျိုးစန္ဒီကျော်နဲ့ ဖြိုးကျော်ကျော်မြတ်တို့ ကွာရှင်းရခြင်း အကြောင်းအရင်းကို ဘက်မလိုက်ဘဲ ပြောပြလာတဲ့ ဂျူလိုင်မိုး

သရုပ်ဆောင် မျိုးစန္ဒီကျော်နဲ့ ဖြိုးကျော်ကျော်မြတ်တို့ဟာ စက်တင်ဘာလ ၁၉ ရက်နေ့မှာပဲ တရားဝင်ကွာရှင်းလိုက်ကြတာဖြစ်ပါတယ်။ နှစ်ဘက်လုံးအဆင်မပြေမှုတွေနဲ့ပြည့်နှက်နေတဲ့ ဒီအိမ်ထောင်ရေးလေးကို ပရိသတ်တွေက ပြန်လည်အဆင်ပြေစေချင်ကြပေမယ့် သမီးလေးနဲ့ ဝေးကွာသွားမှာစိုးရိမ်တဲ့စိတ်ကြောင့် လက်မှတ်ထိုးပေးလိုက်တာလို့ ဖြိုးကျော်ကျော်မြတ်က အင်တာဗျူးတွေမှာ ဖြေဆိုထားပါတယ်။ သရုပ်ဆောင် မျိုးစန္ဒီကျော်နဲ့ ဖြိုးကျော်ကျော်မြတ်တို့ရဲ့ အိမ်ထောင်အစတည်းက ပါဝင်သိကျွမ်းခဲ့တဲ့ အသိတစ်ယောက်က သူတို့ နှစ်ဦး အိမ်ထောင်ပြိုကွဲရတဲ့ အကြောင်းအရင်းတွေကိုပြောပြလာပါတယ်။ဖြိုး​ကျော်မြတ်နဲ့ ဂျိုးတို့ရဲ့ အိမ်ထောင်အစမှာကတည်းက ကိုယ်ကပါဝင်ခဲ့တဲ့သူ …အဲဒီတုန်းကလည်း ချစ်စခင်စ ကြင်နာစ နှစ်ယောက်ကို ဘာသွားပြောတယ်မှတ်လဲ နင်တို့လုပ်ရပ်က မိဘ​တွေခံစားနေ​ ​ကြရတယ် အခု မိဘ တွေကို ပြန် တောင်းပန်ကြ ပြန် ကြည့်ကြပါဟာ လို့ ကိုယ့်ထမင်း ကိုယ်စားပြီး ခေါင်းရောင်းခဲ့တဲ့ ကျမပါ မနေ့ကလည်း သူတို့ နှစ်ယောက်ရဲ့ ကွာရှင်းမှုမှာ တရားရုံးထဲ ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက်နဲ့ စိတ်မ ကောင်း ဖြစ်နေရတာလည်း...

အစ်ကိုကြီးရဲ့ အိမ်ထောင်ရေးကို မဖျက်ဆီးပါဘူး. . .တိတ်တိတ်လေး ပေးဆပ်ရတာကိုပဲ ကျေနပ်ပါတယ်” ဆိုသူလေးက ပေးတဲ့ ဒုက္ခတွေ

အသက်၄၅ လောက် ကလေး၃ယောက်အဖေဟာရွယ်တူ သူ့မိန်းမကို အသက်ကြီးပြီငြီးငွေ့ ပြီဆိုပြီး ကောင်မလေးငယ်ငယ်ရှာပါတယ်။ထုံးစံအတိုင်း FB ကနေအသက်၂၂နှစ် အချောစားမိန်းကလေးတစ်ယောက်နဲ့ချိတ်မိပါတယ် ။အပျော်ရှာချင်ပေမဲ့…အပြစ်ပြောစရာမရှိတဲ့ကလေးတွေ အမေ ကိုလည်းမကွဲချင်တဲ့ ဒီလူ့အတွက် ပိုအဆင်ပြေစေတာကကောင်မလေးကလည်း “အိမ်ထောင်ရှိတာလည်းသိဒီအိမ်ထောင်ကိုလည်း ဖျက်စီးလိုတဲ့ စိတ်မရှိ ။တိတ်တဆိတ် ချစ်နေ ပေးဆပ်နေရရင်ကျေနပ်ပါသတဲ့ အရမ်းချစ်လို့ပါ”တဲ့ ။ တစ်လကို ငွေ၁သိန်းလောက်ပေးကမ်းထောက်ပံ့ရတာကလည်းဒေါ်လာစား ဒီလူ့အတွက်တော့ အေးဆေးပါပဲ ။သူ ကံကောင်းလွန်းလို့သူနဲ့မှ အနစ်နာခံပေးဆပ်ချင်သူချစ်သူချောချောသန့်သန့်လေးကိုရတာပါဆိုပဲ ။အဲဒီလိုနဲ့ ၁ပတ် ၁ရက်လောက် ကောင်မလေးနဲ့သွားနေပုံမပျက် မိန်းမနဲ့လည်းပေါင်းသင်းပျော်ပျော်ကြီးနေလာလိုက်တဲ့ တစ်နှစ်လောက်အတွင်းမှာပဲမိန်းမ က ခဏခဏဖျား နေမကောင်းတရှောင်ရှောင်တွေဖြစ်လာပါရော။သွေးစစ်လိုက်တော့ HIV တဲ့အပြင်အလုပ်လည်းမလုပ် ၊ကလေးကျောင်းအသိုင်းဝိုင်း အိမ်မှုကိစ္စနဲ့ ယောက်ျားအိပ်ယာကလွဲလို့ ဘယ်မှမရောက်တဲ့ မိန်းမဘယ်လိုဒီရောဂါ ရပါသလဲ ?။မိန်းမဖြစ်သူဟာ သနားစရာကောင်းလှစွာစိတ်ဓာတ်တွေ ချွတ်ချုံကျပြီး၁လလောက်အတွင်း အရိုးပေါ်အရေတင်ဖြစ်သွားပါတယ် ။သမီး အငယ်ဆုံးလေး က ခုမှ ၇နှစ် ထိုယောက်ျားကြီးကတော့ သွေးတွေပျက်ပြီးဆေးစစ်မခံဘဲ ပတ်ပြေးနေပါသတဲ့ ။အဲသလိုနဲ့...

သန်လျင်မြို့နယ်တွင် နေအိမ်တစ်အိမ် အနုကြမ်းစီးခံရ၊ တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရှာဖွေဖော်ထုတ်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် ဘုရားကုန်းအုပ်စု ကျောက်ရေတွင်းကျေးရွာခြံအမှတ် ( ၅၀)ခရေပင်လမ်းနေ ဦးတင်နုနေအိမ်သို့ စက်တင်ဘာလ ၂၀ ရက်နေ့ ညနေ (၄)နာရီ် ဝန်းကျင်ခန့်က ဓါးကိုင်ဆောင်သူအယောက် ၂၀ ခန့်မှ ဝင်ရောက်၍ အနုကြမ်းစီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ အမှုအား တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ လိုက်လံဖော်ထုတ်လျက်ရှိပြီး ဖျက်စီးပစ္စည်းနှင့်ယူဆောင်သွားသောပစ္စည်းများမှာ 6C/6929 2N/3494 9M/8471 နောက်မှန်ကွဲ ဆိုင်ကယ် ၂ စီးရှေ့နောက်ရိုက်ခွဲ ဧည့်ခန်းတံခါးရိုက်ချိုး၍ တီဗွီများရိုက်ခွဲ စီစီတီဗွီများရိုက်ခွဲဖျက်စီးခဲ့ပြီး အိပ်ခန်းအတွင်းမှ စိန်ဖြူ 40KR ၃၀၀၀၀၀၀ နှင့်ပရက်တီနံအဝိုင်းပတ် ၁၂၅၀၀၀၀ တန်နှင့် ဆန်ဆောင်းဖုန်းတစ်လုံးယူဆောင်သွားကြောင်း သိရသည်။     #Source_NayMinnThaKhin #Myanmar_Online_News

ဒိုင်တွေဆီကGolden Ticket ကိုအကောင်းဆုံးသီဆိုပြီးရယူသွားခဲ့တဲ့ မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းကစားသမား ဟန်နီ (ခေါ်) ဆုရည်ထက်

ပရိသတ်ကြီးရေ Myanmar Idol Season 4 ပြိုင်ပွဲကြီးကတော့ ကတော့မကြာခင်စတင်တော့မှာပဲဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ဒိုင်တွေ အပြောင်းအလဲ ဖြစ်ခဲ့သလို ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကလဲ ပိုမြင့်တက်လာခဲ့ပါတယ်။ Myanmar idol ကတော့ တောင်ငူမြို့နဲ့ ဘားအံမြို့တို့မှာ အသံစစ်ဆေးမှုပြုလုပ်ခဲ့ပြီး အကောင်းဆုံးအဆိုရှင်တွေကိုလဲရွေးထုတ်ခဲ့ပါတယ်။ အဆိုရှင်တွေထဲက တစ်ဦးဖြစ်တဲ့ မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းကစားသမား ဟန်နီ (ခေါ်) ဆုရည်ထက်ကြလဲ ဒိုင်တွေဆီကGolden Ticket ကိုအကောင်းဆုံးသီဆိုပြီးရယူသွားခဲ့ပါတယ်။ ပရိသတ်ကြီးအတွက် ဟန်နီ ရဲ့ သီဆိုဖျော်ဖြေမှု ဗီဒီယိုဖိုင်လေးကိုဖ်ာပြပေးလိုက်ပါတယ်နော်။ Credit-စွယ်စုံ

အသက်(၂၀)ပြည့်မွေးနေ့မှာ ပရိသတ်တွေဆီက တန်ဖိုးကြီးကား မွေးနေ့လက်ဆောင်ရခဲ့တဲ့ ချမ်းမြေ့မောင်ချို

အသက်(၂၀)ပြည့်မွေးနေ့မှာ ပရိသတ်တွေဆီက ကား မွေးနေ့လက်ဆောင်ရခဲ့တဲ့ ချမ်းမြေ့မောင်ချို ဒီနေ့ကတော့ ချမ်းမြေ့မောင်ချိုလေးရဲ့ အသက် (၂၀) ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။ အသံချိုချိုလေးနဲ့ ပရိသတ်တွေချစ်တဲ့ မောင်ချိုလေးဟာ မွေးနေ့ပွဲလေးကို မိသားစုတွေ ပရိသတ်တွေနဲ့ အတူကျင်းပခဲ့တာပဲဖြစ်ပါတယ်။ချမ်းမြေ့မောင်ချိုရဲ့မွေးနေ့ပွဲလေးကို ပရိတ်သတ်တွေအများအပြားလာရောက်ခဲ့တာပဲဖြစ်ပါတယ်။ပရိတ်သတ်တွေကလည်း မောင်ချို့အတွက်အမှတ်တရအဖြစ် တန်ဖိုးကြီးကားတစ်စီးကို လက်ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။ မွေးနေ့ပွဲကိုတော့ သူချစ်ရတဲ့ မိသားစုတွေ၊ ပရိသတ်တွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။မောင်ချိုလေးကတော့ မွေးနေ့မှာ ပရိတ်သတ်တွေရဲ့ မထင်မှတ်ထားတဲ့ Surprise လုပ်တာခံလိုက်ရတာပဲဖြစ်ပါတယ်။ အဲ့ဒါကတော့ ချစ်ပရိသတ်တွေက မောင်ချိုမွေးနေ့မှာ ကား တစ်စီး မွေးနေ့လက်ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။ မထင်မှတ်ပဲ ရလိုက်တဲ့ မွေးနေ့လက်ဆောင်လေးကြောင့်မောင်ချိုလေးကတော့ အရမ်းပျော်ရွှင်နေပါတယ်။ ပရိတ်သတ်ကြီးအတွက် ပျော်ရွှင်နေတဲ့ မောင်ချိုရဲ့ ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။ Photo Source : Cele Yatkwat

ရိုင်းစိုင်းလွန်းတဲ့ ဖုန်းဆိုင်က အရောင်းဝန်ထမ်းရဲ့ ဆဲဆိုမှုကြောင့် ဒေါသထွက်ခဲ့ရတဲ့ စမိုင်းလ်

ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာလောကထဲကို မော်ဒယ်သရုပ်ဆောင်အနေနဲ့ဝင်ရောက်လာပြီး အောင်မြင်မှုတွေရရှိပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် စမိုင်းလ်ကတော့ လက်ရှိမှာ ပရိသတ်တွေအားကျနှစ်သက်ရတဲ့ သာယာပျော်ရွှင်ဖွယ်အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။စမိုင်းလ်ဟာ စိတ်ထားကောင်းမွန်ပြီး လူတိုင်းအပေါ်မှာ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းနဲ့ ဆက်ဆံတတ်တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။သူမရဲ့ မာန်မာနမရှိတန်းတူဆက်ဆံတတ်တဲ့ အကျင့်လေးကြောင့် သူမကို လူတိုင်နီးပါးက ချစ်ခင်ကြတာပါ။ သို့သော်လည်း စမိုင်းလ်ကတော့ လတ်တလောမှာ ဖုန်းဆိုင်တစ်ခုက ဝန်ထမ်းတစ်ယောက်ရဲ့ အသလွတ်ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံခြင်းကို ခံလိုက်ရတာပဲဖြစ်ပါတယ်။ဒီလို ရိုင်းရိုင်းစိုင်းစိုင်းပြုမူဆက်ဆံခဲ့တဲ့ လုပ်ရပ်ကို စမိုင်းလ်က “Taw Win Mobile ကဖုန်းဆက်ပြီးနံပါတ်ရောင်းတဲ့မိန်းမ မအားလို့တော်ပြီပြောပြီးဖုန်းချလိုက်တာကို အခုလိုမျိုးပို့ပြီးဆဲတယ်တော့။ Sales and marketing သင်တန်းမှာအခုလိုသင်ထားလားမသိ ရိုင်းလိုက်တာ ဘုရားဘုရား မိန်းမဖြစ်ပြီးတော့ Taw Win Mobile ဘယ်နားမှာရှိလဲပြောကြပါ”လို့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြခဲ့တာပဲဖြစ်ပါတယ်။ အခုလို အသလွတ် ရိုင်းရိုင်းဆိုင်းဆိုင်း ဆက်ဆံခံရတာကြောင့် ဒေါသထွက်ခဲ့ပေမဲ့လည်း ခင်ပွန်းဖြစ်သူရဲ့ စကားလေးကြောင့် ဒေါသတွေပြေလျော့ခဲ့ရတဲ့အကြောင်းကို “ဘုရားတရားလုပ်နေရင်အကုသိုလ်အဖျက်တွေကြုံတွေ့ရစမြဲပါ။...

စက်တင်ဘာ (၁၉) ရက်နေ့က ခင်ပွန်းဖြစ်သူကို ကားတစ်စီးပေးပြီး တရားဝင်ကွာရှင်းခဲ့တဲ့ မျိုးစန္ဒီကျော်

ပရိသတ်တွေ မျက်စိရှေ့ကနေ ကာလအတော်ကြာပျောက်နေခဲ့ပြီး လတ်တလောမှာ Photo Shooting တွေ ပွဲတက်တွေနဲ့ အနုပညာလှုပ်ရှားမှု ခပ်စိပ်စိပ် ပြန်လုပ်လာတဲ့ သရုပ်ဆောင်မျိုးစန္ဒီကျော် ဟာ သူကွာရှင်းခဲ့တုန်းက အကြောင်းတွေကို Oasis Journal နဲ့ သီးသန့်တွေ့ဆုံခန်းမှာတော့ အခုလို ပြောပြခဲ့ပါတယ် ။ “သူကတစ်ချိန်လုံး အဖေ အဖေ ဆိုပြီးတော့ ပြောနေတဲ့ အတွက် ဖခင်တစ်ယောက်ရဲ့ တာဝန်သိအောင်လို့ ကလေးစရိတ်ရော ဘယ်လိုလုပ်မှာလဲ? ကလေးကိုရော ဘယ်လိုတာဝန်ယူမလဲ ဆိုတာမေးတော့ မပြောခဲ့တဲ့အပြင် သူကကွာရှင်းစာချုပ်မြှ လက်မှတ်ထိုးဖို့ ၊ လက်မှတ်ရဖို့ကို ကျွန်မ အလုပ်လုပ်ပြီးဝယ်တဲ့ကားလေးရှိတယ် ။ အဲ့ကားလေး သူ့ ပေးလိုက်ရတယ် ။ နောက်ပြီးတော့ ကလေးတွေ့ခွင့် ၊ သူပြောတဲ့အတိုင်းပေါ့။ သူလိုချင်တာတွေ အကုန်ပေးလိုက်ရတယ် ” ဟု ကာယကံရှင် မျိုးစန္ဒီကျော်က ရင်ဖွင့်ခဲ့သည်။ ဆက်လက်ပြီး ”...

မိန်းကလေးပရိသတ်တွေ မနာလိုသွားအောင် မိုးဟေကိုရဲ့အလှကို တင်စားလိုက်တဲ့ ပိုင်တံခွန်

အရပ်ရှည်ရှည်၊ ခန္ဓာကိုယ်တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ ကြင်​နာတတ်​တဲ့ စိတ်​ထားကို ပိုင်ဆိုင်ထားတာကြောင့်​ မြန်​မာနိုင်​ငံက​ရော ထိုင်းနိုင်​ငံက နှုတ်​ခမ်းနီမ​လေး​တွေပါ သဲသဲလှုပ်​ချစ်​ကြတဲ့ ​မော်​ဒယ်​မင်းသား​ချော​လေး ပိုင်တံခွန်ကတော့ ​ညို့အားပြင်းတဲ့ မင်းသားတစ်​ဦးပဲ ဖြစ်​ပါတယ်​။ လတ်တလောမှာတော့ ပိုင်တံခွန်​က စီနီယာ မမတစ်ဦးဖြစ်တဲ့ မိုးဟေကိုနဲ့ ရိုက်ကွင်းတစ်ခုမှာဆုံတုန်း အတူရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာ ​တွေ့ရပါတယ်​။ ပိုင်တံခွန်ကတော့ အဆိုပါပုံတွေနဲ့အတူ မိုးဟေကိုရဲ့အလှကို တင်စား ညွှန်းဆိုထားတဲ့ စာသားလေးကိုလည်း တင်ထားပါသေးတယ်။ ချစ်ပရိသတ်တွေအတွက် အရမ်းကို ကဗျာဆန်လွန်းတဲ့ စာသားလေးနဲ့ မိုးဟေကိုရဲ့အလှကို ညွှန်းလိုက်တဲ့ ပိုင်တံခွန်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ ပိုင်တံခွန်ကတော့ “မနေ့ညက ရွာတဲ့မိုးတောင် မ လောက် ကဗျာမဆန်ဘူး” ဆိုပြီး သဘာဝတရားကြီးရဲ့အလှအပထက်တောင် မမမိုးက ပိုလှတဲ့အကြောင်း တင်စားထားတဲ့ စာလေးနဲ့ သူတို့နှစ်ဦးရဲ့ပုံလေးတွေကို ဝေမျှပေးထားတာပါ။ အခုအချိန်အထိကို လှပလန်းဆန်းနေဆဲဖြစ်တဲ့ မိုးဟေကိုကတော့ ဒီနေ့ခေတ် မော်ဒယ်မလေးတွေ ရှုံးလောက်အောင်...