“မဖြစ်နိုင်တာ ဘာမှမရှိဘူးလို့ သက်သေပြလိုက်တဲ့ အထည်ချုပ် အလုပ်သမ တစ်ဖြစ်လဲ စက်ရုံပိုင်ရှင် မယဉ်ယဉ်မိုး”

“မဖြစ်နိုင်တာ ဘာမှမရှိဘူးလို့ သက်သေပြလိုက်တဲ့ အထည်ချုပ် အလုပ်သမ တစ်ဖြစ်လဲ စက်ရုံပိုင်ရှင် မယဉ်ယဉ်မိုး” ဒီတစ်ပတ်မှာတော့ အောက်ခြေအဆင့်အထည်ချုပ်စက်ရုံအလုပ်သမလေး ဘ၀ ကနေ စက်ရုံပိုင်ရှင်တစ်ဦး ဖြစ်လာခဲ့တဲ့ နှင်းရွှေကြာအထည်ချုပ်စက်ရုံပိုင်ရှင် မယဉ်ယဉ်မိုးအကြောင်း ရေကြည်ရာက တင်ဆက် ပေးထားပါတယ်။ “မယဉ်ယဉ်မိုးရဲ့ ငယ်ဘ၀ ဖြတ်သန်းခဲ့ရပုံ” အမက အိမ်မှာ အကြီးဆုံးသမီးဆိုတော့ ငယ်ငယ်ကတည်းက အဖေအမေတွေ လုပ်တဲ့ အလုပ်တွေကို ၀င်ဝင်ပြီး ကူလုပ်ပေးတဲ့ အကျင့်ရှိခဲ့တယ်။ အမ ရှစ်တန်းနှစ်လောက်မှာ အမေက အိမ်မှာ ခြေနင်းနင်းရတဲ့ အပ်ချုပ်စက် ကလေးဖွင့်ပြီး သူများ အပ်တဲ့ ခေါင်းအုံးစွပ်လေးတွေကို အခကြေးငွေနဲ့ ယူချုပ်ပေးရတယ်။ အဲ့တုန်းကတည်းက အမက အမေ့ရဲ့ စက်ပေါ် တက်တက်နင်းပြီး စက်နင်းတာလေ့ကျင့်ခဲ့တာ။ အမေက အစပိုင်းမှာ အမ စက်ပဲချုပ်နေမှာ စိုးလို့ အမကို စက်ချုပ်တာ လုံးဝ သင်မပေးဘူး။ စာပဲ...

ဆွမ်းတော်တင်ခြင်းနှင့် ပတ်သတ်၍ သိထားသင့်သမျှ

မေး။ ။ အရှင်ဘုရား။ ဘုရားမှာ တင်ထားတဲ့ သစ်သီးကိုကျ တော့ လူတွေစားကြတယ်။ ပန်းကျတော့ လူတွေပြန်မသုံး ရဘူးလို့ ပြောကြတယ်ဘုရား။ အဲ့ဒါဘယ်လိုလဲ သိချင်လို့ပါ ဘုရား။ နောက်ပြီး ငရဲကြီးတယ် ဆိုတာမျိုးရောရှိလားဘုရား။ အဲဒါလေးေ ဖြပေးစေချင် ပါတယ်ဘုရား။ ဖြေ။ ။ တကယ်တော့ ပန်းကိုလည်း မပန်သင့်ဘူး သစ်သီးလည်း ပြန်မယူသင့်ပါဘူး။ လှူတဲ့လူဆိုရင် ပိုတောင် မယူသင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လှူတဲ့လူက မုတ္တစာဂီ-တွယ်တာတပ်မက် တွန့်တိုမှုမရှိဘဲ လွတ်လွတ်စွန့်ကြဲပြီးသား ဖြစ်လို့ပါ။ ဆွမ်းတော် တင်တယ်၊ သောက်တော်ရေကပ်တယ်၊ သစ်သီးဝလံ လှူတယ်ဆိုတာ မိမိက သက်တော်ထင်ရှားဘုရားရှင်ကို တကယ်ကြည်ညိုတဲ့ စိတ်နဲ့ သက်တော်ထင်ရှားဘုရားရှင် ကိုယ်စား ရုပ်ပွားတော်ကို ကပ်လှူခြင်းဖြစ်ပါတယ်။ မိမိလှူပြီဆိုကတည်းက သက်တော်ထင်ရှားဘုရားကို အာရုံပြုပြီး လှူထားသည့်ဖြစ်ခြင်းကြောင့် မိမိပြန်ယူဖို့ရန် မဖြစ်နိုင်တော့ပါပေ။ မြတ်ဗုဒ္ဓကလည်း အလှူဒါနကို ပြုတဲ့အခါမှာ...

အစဉ်​​ရှောင်​ကြဉ်​ ကြရမည့်​ ဘုန်းကံနိမ့်​​စေ လာဘ်​ပိတ်​​စေ​သော အ​လေ့ဆိုးများ

အစဉ်​​ရှောင်​ကြဉ်​ ကြရမည့်​ ဘုန်းကံနိမ့်​​စေ လာဘ်​ပိတ်​​စေ​သော အ​လေ့ဆိုးများ ၁။ ဘုရားခန်းတွင်​ လင်​မယားနှစ်​​ယောက်​မအိပ်​ရ ၂။ ​ယောင်္ကျား၏ညာဘက်​တွင်​မိန်းမ မအိပ်​ရ ၃။ နံနက်​ ၄ခွဲမှ၆နာရီအတွင်းတွင်​ သာသနာ​စောင့်​နတ်​ နတ်​မင်းကြီး​လေးပါးသည်​လူအများ၏ ​ကောင်းမှု မ​ကောင်းမှုကိုကြည့်​ရှု​သောအချိန်​ဖြစ်​သည်​။ ထိုအချိန်​တွင်​ ​မေထုန်​မှီဝဲမှုကို အထူး​ရှောင်​ကြဉ်​ရမည်​။ ၄။ မိမိအိပ်​​သော ခုတင်​ထက်​ သို့မဟုတ်​အိပ်​ရာထက်​မြင့်​​သော​နေရာတွင်​ ထဘီတန်းမပြုလုပ်​ရ။ သား သမီး ​ခေါင်းရင်း မိဘ​ခြေရင်းတွင်​ မ​နေရ မအိပ်​ရ ၅။ မိမိအိပ်​ရာခင်းနှင့်​ပုဆိုး​စောင်​များကို မိမိအိပ်​​သော ​ခေါင်းအုံး​ပေါ်တွင်​ တင်​၍မထားရ ၆။ မိမိ​နေထိုင်ရာထက်​မြင့်​​သော ​နေရာတွင်​ဖျာ ​မွေ့ရာ ​စောင်​များ လှမ်းခြင်းမပြုလုပ်​ရ ၇။ မိမိအိမ်​​ရှေ့အ​ပေါက်​ဝတွင်​ ​မေးကို လက်​ဆထာက်​ပြီးမထိုင်​ရ မမှိုင်​ရ ၈။ မိမိအိမ်​​ရှေ့တံခါးအ​ပေါက်​ဝတွင်​ ဆံပင်​ဖားလားချ၍ သန်းဥ မဆွဲရ ၉။ မိမိအိမ်​​ရှေ့ တံခါး​ပေါက်​ဝတွင်​ က​လေးများ မစင်​မစွန့်​ရ ၁၀။နံနက်​အိပ်​ယာထ မင်္ဂလာယူ​သောအချိန်​၌...

ကမ္ဘာတလွှား ထူးထူးခြားခြား နိုင်ငံမဲ့ လူသား ၁၀ ဦး

ဤကမ္ဘာမြေပေါ်ရှိ လူသားတိုင်းသည် နိုင်ငံတစ်ခုခု၏ နိုင်ငံသားဖြစ်နေမှသာ သူ့အတွက် အာမခံချက်ရှိမည်ဟု ဆိုနိုင် ပေသည်။သို့သော် အချို့သော သူများသည် မည်သည့်နိုင်ငံသားမှ မဟုတ်သည့် နိုင်ငံမဲ့များဖြစ်နေကြသဖြင့် နိုင်ငံကူးလက်မှတ် နှင့် ပြည်ဝင်ခွင့် မရရှိမှုများမှသည် ပညာသင်ယူရေး၊ ဘဏ်ငွေစာရင်းဖွင့်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး အစရှိသည့် လူနေမှုဘ၀ အခွင့်အလမ်းများ ဆုံးရှုံးကြရသည်။ လူတိုင်းသည် နိုင်ငံတစ်ခုခုတွင် မွေးဖွားကြသူများသာ ဖြစ်ကြရာ အဘယ်သို့လျှင် နိုင်ငံမဲ့ ဖြစ်နိုင်မည်နည်းဟု မေးဖွယ် ရှိသည်။နိုင်ငံသား လက်မှတ်မရရှိခြင်းသည် အကြောင်းများစွာရှိနိုင်သဖြင့် ဖြစ်တောင့်ဖြစ်ခဲ အခြေအနေများတွင် နိုင်ငံသား ဖြစ် ခွင့် ရုပ်သိမ်းခံရသူများရှိခဲ့သည်။အချို့နိုင်ငံများတွင် လိုအပ်သည့် အထောက်အထားများ အခိုင်အမာ မပြနိုင်သဖြင့် နိုင်ငံသား အဖြစ် အသိအမှတ်ပြုရန် ပြင်းပယ်ခံကြရခြင်းများလည်းရှိခဲ့သည်။မိမိတို့မွေးဖွားခဲ့သည့် နိုင်ငံမတည်ရှိတော့သဖြင့် နိုင်ငံမဲ့ဖြစ် လာ သူများကိုလည်း ထူးခြားစွာတွေ့မြင်ကြရပြန်သည်။ ၁၀။ Vasily Babina ဆိုဗီယက်ယူနီယမ်ပြိုကွဲခဲ့သည်မှာ ၂၆ နှစ်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း...

ကမ္ဘာ့အကြီးဆုံး အမေရိကန်လေတပ်က လေယာဉ်သင်္ချိုင်း

ကမ္ဘာအကြီးဆုံးလေယာဉ်သင်္ချိုင်း (သို့) အမေရိကန်လေတပ်သင်္ချိုင်း ကတော့အမေရိကန်နိုင်ငံ အရီဇိုးနားသဲကန္တာရအတွင်းမှာရှိပြီး လေယာဉ် စုစုပေါင်း ၄၄၀၀ကျော်လောက်ရှိပါတယ်။ Davis-Monthan လေတပ်အခြေစိုက်စခန်းကတော့ လေတပ်ပြုပြင်ထိန်းသိမ်းရေးတပ်ဖွဲ့ ၃၀၉ (309th Aerospace Maintenance and Regeneration Group(AMARG)) ရဲ့အသုံးမပြုတော့တဲ့ စစ်ဘက်သုံးလေယာဉ်တွေ တိုက်လေယာဉ်တွေကို စွန့်ပစ်ရာသင်္ချိုင်းလို့ လူသိများပါတယ်။ ဒုတိယ ကမ္ဘာစစ်သုံးလေယာဉ်များအပါအဝင် စစ်ဘက်သုံးအကြီးစားသယ်ယူပို့ဆောင်ရေးလေယာဉ်ဖြစ်တဲ့ A10 Thunderbolts ၊ Top Gun ရုပ်ရှင်နဲ့ နာမည်ကြီးခဲ့တဲ့ F-14 Tomcat ကနေနျူကလီးယား သယ်ဆောင်ဗုံးကြဲနိုင်တဲ့ B-52 Stratofortress အထိရှိတဲ့ ဒီလေယာဉ်သင်္ချိုင်းကြီးကို ဧက၂၆၀၀နီးပါးရှိတဲ့ အရီဇိုးနားပြည်နယ် Tucson မြို့နားက သဲကန္တာရ ထဲမှာတွေ့နိုင်ပါတယ်။ တကယ်တော့ဒီလေတပ်စခန်းဟာ လေယာဉ်တွေရဲ့သင်္ချိုင်းလို့ပြောလို့ရသလို လက်ရှိအသုံးပြုနေတဲ့လေယာဉ်များအတွက် အပိုပစ္စည်းများထုတ်လုပ်ပေးရာနေရာလည်းဖြစ်ပါတယ်။ ထို့အတူစစ်ရေးအရလိုအပ်လာရင် အဆင်သင့်အသုံးပြုလို့ရအောင် လုပ်ဆောင်ပေးတဲ့နေရာလည်းဖြစ်ပါတယ်။ စစ်အေးကာလမှာ ဆိုဗီယက်ဂြိုလ်တုတွေရဲ့ ထောက်လှန်းမှု့ကလွတ်ကင်းအောင် နျူကလီးယား သယ်ဆောင်ကြဲချနိုင်တဲ့ B52...

ဆရာဝန်ဖြစ်ပေမယ့် အနုပညာလုပ်ငန်းကို လုပ်ကိုင်နေကြတဲ့ အနုပညာရှင်များ

ပရိသတ်တွေချစ်ကြတဲ့ အနုပညာရှင်များစွာထဲမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ဆရာဝန်များ၊ အင်ဂျီနီယာများလဲ များစွာ ရှိနေတာဖြစ်ပါတယ်။ အဲ့ထဲကမှ ဆရာဝန်အနုပညာရှင်တွေကတော့ တော်တော်လေး များတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် ဆရာဝန်ဖြစ်ပေမယ့် အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ အနုပညာရှင်တွေကို တင်ပြပေးလိုက်ပါတယ်နော်။ ဆရာဝန်မလေးချစ်သုဝေ သွားဆရာဝန် ကျားပေါက်(ဟန်ထူးလွင်) ဆရာဝန်လေးဖြစ်လာတော့မယ့် ပိုးမမှီသာ ဆရာဝန်မလေး ပိုင်ဖြိုးသု ဆရာဝန်လေး ဖြိုးပြည့်စုံ ဆရာဝန်မလေး နီနီခင်ဇော် ဆရာဝန်မလေး ဖြူဖြူကျော်သိန်း ဆရာဝန် L လွန်းဝါ ဆောင်းဦးလှိုင် ပရိသတ်တွေလဲ အခုဖော်ပြတဲ့ အနုပညာရှင်တွေကို သိပြီးသားဖြစ်ပေမယ့် ပြန်လည်အမှတ်ရစေဖို့ ပြန်လည်တင်ပြပေးခဲ့တာပဲဖြစ်ပါတယ်။ ဒီပိုစ့်လေးကို ကြိုက်နှစ်သက်ရင် Like & Share လုပ်​ဖို့မ​မေ့ပါနဲ့​နော်​။ အချိန်​​ပေးပြီး ဖတ်​ရှု​ပေးတဲ့ ပရိသတ်​ကြီးကို ​ကျေးဇူးအထူးတင်​ရှိပါတယ်​။ Credit- momolay

ကော်ဖီ(၃)ခွက်ထက် ပိုသောက်တဲ့ အမျိုးသမီးများ ရင်သားသေးငယ်စေနိုင်

လေ့လာမှုတစ်ရပ်အရ ကော်ဖီသောက်ခြင်းဟာ အမျိုးသမီးတွေအတွက် ရင်သားကို သေးငယ်စေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက အတည်ပြုထုတ်ပြန်ထားပါတယ်။ ဒီသတင်းဟာ ကော်ဖီပုံမှန် သောက်သုံးတဲ့ အမျိုးသမီးတွေအတွက်တော့ သတိပြု ဆင်ခြင်စရာဖြစ်ပါတယ်။ သိပ္ပံရှင်တွေရဲ့ တွေ့ရှိချက်မှာ တစ်နေ့ကို အနည်းဆုံး ကော်ဖီ (၃)ခွက်သောက်သုံးတတ်တဲ့ မမတွေအနေနဲ့ နဂိုရှိရင်းစွဲ ရင်သားအလှကို လျှော့ကျစေပြီး၊ ရင်သားသေးသွားခြင်း၊ အနေအထားမမှန်ခြင်း စတာတွေကို ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ ဒီလေ့လာမှုကို ဆွီဒင်နိုင်ငံ၊ Lund University မှ ပါမောက္ခ Helena Jernstroem နဲ့အဖွဲ့က တွေ့ရှိခဲ့တာဖြစ်ပြီး၊ ရင်သားကင်ဆာဖြစ်ပွားနိုင်ချေကို သုတေသနပြုလုပ်စဉ်မှာ အခုလို ထူးဆန်တဲ့အချက်အလက်တွေကို အတည်ပြုနိုင်ခဲ့တာပါ။ ပါမောက္ခ Helena ရဲ့အဆိုအရ အနည်းဆုံး ကော်ဖီသုံးကြိမ်ထက် မနည်း သောက်သုံးတယ်ဆိုရင် အဲဒီအမျိုးသမီးရဲ့ ရင်သားအရွယ်အစားဟာ တဖြည်းဖြည်းနဲ့ သေးလာဖို့သာရှိတယ်လို့ တိတိကျကျ အဖြေထုတ်ထားပါတယ်။ ကော်ဖီသောက်ခြင်းကြောင့် အမျိုးသမီးတွေ ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာကို အရင်ဆုံး...

ပိုးဟပ်နဲ့ချစ်ကြိုက်နေပြီး ချစ်တင်းနှောလေ့ရှိတယ်လို့ ဖွင့်ဟလာတဲ့ ဂျပန်အမျိုးသား

လူအများစုအတွက်တော့ ပိုးဟပ်တွေက စက်ဆုပ်ဖွယ်ရာ ပိုးကောင်တွေဖြစ်ပြီး ပိုးဟပ်တွေကိုအနီးနားမလာစေရန် လုပ်ဆောင်လေ့ရှိပါတယ်။ဒါပေမယ့် 23 နှစ်အရွယ်ဂျပန်အမျိုးသားကတော့ ပိုးဟပ်တွေကို နှစ်သက်ပြီး သူမွေးထားတဲ့ ပိုးဟပ်မလေးနဲ့ ချစ်ကြိုက်နေတယ်လို့ ဆိုပါတယ်။ Yuta Shinoharaဆိုတဲ့ 23 နှစ်အရွယ် ဂျပန်အမျိုးသားဟာ ငယ်ငယ်ကတည်းက အင်းဆတ်ပိုးမွှားတွေကို နှစ်သက်တဲ့လူဖြစ်ပါတယ်။ ပြီးတော့ Yuta ဟာ ဂျပန်မှာ ပုရစ်ရာမန်ခေါက်ဆွဲ လုပ်ရောင်းသူအဖြသ်လဲ နာမည်ကြီးပါတယ်။ သူရဲ့ပုရစ်ခေါက်ဆွဲတစ်ပွဲမှာ ပုရစ်အကောင် 100 ခန့်ပါဝင်ပြီး အခုဆိုရင် ပွဲပေါင်း 7000 ခန့်ရောင်းချပြီးပြီ လို့လဲသိရပါတယ်။ အရင်ကသူဟာ အင်းဆက်တွေကိုနှစ်သက်ကြောင်း တခြားလူတွေကို ဖွင့်မပြောခဲ့ပေမယ့် UN Food & Agriculture အဖွဲ့အစည်းက အင်းဆက်တွေကို စားသုံးတာ Protein ဓာတ်ပြည့်ဝကြောင်းနှင့် လူအများစားသုံးရန်သင့်တော်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက်မှာ Yuta ဟာ သူအင်းဆက်တွေကိုနှစ်သက်သလို တခြားလူတွေပါနှစ်သက်စေရန် စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ Yuta ဟာ...

ယမကာ အတူတူသောက်တတ်တဲ့ စုံတွဲတွေဟာ ပိုပြီးပျော်ရွှင်ပြည့်စုံတဲ့ အချစ်ရေးကို ခံစားရ

အေးအတူ ၊ ပူအမျှဆိုတဲ့ အတိုင်းပဲ သူ့အကြိုက် ကိုယ့်အကြိုက်ထပ်တူညီသွားရင်တော့ အဲ့ဒီစုံတွဲဟာ ပိုမိုပျော်ရွှင်ရမယ်ဆိုတာ အသေအချာပါပဲ။နှစ်ဦးသား လက်တွဲပြီး လျှောက်လှမ်းကြမယ့် ပန်းတိုင်တွေ ၊ နှစ်ယောက်ကြား ပွင့်လင်းမြင်သာရှိမှုတွေဟာ ခရီးရှည်ကြီးမှာ အဖုအထစ်မရှိဘဲ ဖြတ်သန်းသွားနိုင်မယ့် သင်္ကေတတွေဖြစ်ပါတယ်။ နောက်ဆုံးလေ့လာမှုတစ်ခုအရတော့ ချစ်သူနဲ့အတူတူ ယမကာ မှီဝဲတတ်တဲ့ စုံတွဲတွေဟာဆိုရင်လည်း ပိုမိုသာယာပျော်ရွှင်နေရတယ်လို့ အခိုင်အမာသိရှိလိုက်ရပြီဖြစ်ပါတယ်။ အမှန်တကယ်ပါပဲ။ နာမည်ကျော် မီချီဂန်တက္ကသိုလ်က ပြုလုပ်လိုက်တဲ့ နောက်ဆုံးလေ့လာမှုအရဆိုရင်တော့ အခုလို အံ့သြဖွယ်ရလဒ်ကို တွေ့ရမှာပါ။ စုံတွဲတွေမှာ တစ်ယောက်တည်းသာ သောက်တတ်တဲ့ အတွဲနဲ့ နှစ်ယောက်လုံး တက်ညီလက်ညီသောက်တတ်တဲ့ အတွဲတွေကို လေ့လာမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဆယ်နှစ်ကြာ ပြုစုခဲ့တဲ့ လေ့လာမှုအရဆိုရင်တော့ လက်ထပ်ပြီးသား စုံတွဲ ၂၇၆၇ တွဲကို လေ့လာခဲ့ကြတာပါ။ အိမ်ထောင်သက် နှစ် ၅၀ အထိရှိတဲ့ စုံတွဲတွေပါဝင်ကြပြီး ပျမ်းမျှအိမ်ထောင်သက်ဟာ ၃၃ နှစ်အထိရှိတဲ့ လေ့လာမှုဖြစ်ပါတယ်။ စုံတွဲတွေထဲက တစ်ဝက်ကျော်မှာဆိုရင်တော့...

တမလွန်ရှိကြောင်းပြချင်လို့ ကိုယ့်ကိုယ်ကို သတ်သေခဲ့သူ

၁၉၂၁ ခုနှစ်ရဲ့ စက်တင်ဘာလ ၆ ရက်နေ့မှာ Thomas Lynn Bradford ဆိုတဲ့ လူသိများတဲ့ ပါမောက္ခတစ်ဦးဟာ ကိုယ့်ကိုယ်ကို သတ်သေခဲ့ပါတယ်။ ဖြစ်ပွားတဲ့နေရာကတော့ အမေရိကန်နိုင်ငံ Michigan ပြည်နယ်က Detroit မြို့မှာပဲ ဖြစ်ပါတယ်။ ဒီလိုသတ်သေတာဟာ ကမ္ဘာကျော်ဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။ အကြောင်းကတော့ သူဟာ အခြားသူတွေလို ဘ၀ကိုရင်မဆိုင်နိုင်လို့ ၊ စိတ်ညစ်လို့ သေကြောင်းကြံခဲ့တာ မဟုတ်ပဲ နောက်ဘ၀ တမလွန်ဆိုတာကို ရှိကြောင်း သက်သေပြဖို့ ကိုယ့်ကိုယ်ကို သတ်သေခဲ့ခြင်း ဖြစ်တာကြောင့်ပါ။ ဒီလိုသေပြီးတာနဲ့ နောက်တစ်နေ့မှာ နောက်ဘ၀ရှိကြောင်းပြနိုင်ဖို့ သူ့ကိုကူညီပေးခဲ့သူ Ruth Doran ဆိုတဲ့ အမျိုးသမီးကို ပြန်ဆက်သွယ်မယ်လို့ တရားဝင်ကြေငြာခဲ့ပါတယ်။ အဲဒီနောက်တော့သူဟာ သူ့ရဲ့တိုက်ခန်းထဲမှာပဲ အခန်းတံခါးကိုအလုံပိတ် ဂတ်စ်မီးဖိုက ဂတ်စ်များအပြည့်လွှတ်စေကာ သေကြောင်းကြံပြီး သေဆုံးသွားပါတော့တယ်။ ကမ္ဘာ့နာမည်ကြီး သတင်းစာ မီဒီယာတွေက ဒီဖြစ်ရပ်ကို စိတ်ဝင်တစားစောင့်ကြည့်ပြီး Bradford...