ကမ္ဘာကလေးစားရတဲ့ မြန်မာပြည်ဖွားတွေအဖြစ် ဆုချီးမြှင့်ခြင်းခံခဲ့ရတဲ့ ဒိတ်ဒိတ်ကြဲ အနုပညာရှင် (၃) ဦး

မနေ့ညက ပြုလုပ်ကျင်းပခဲ့တဲ့ ” Pride Of Myanmar Awards ” ဆုပေးပွဲကြီးကတော့ တကယ့်ကို ကြီးကျယ်ခမ်းနားမှုတွေနဲ့ အောင်မြင်စွာကျင်းပပြီးဆုံးခဲ့ပြီ ဖြစ်ပါတယ်။ နယ်ပယ်အသီးသီးမှာ ထူးချွန်တဲ့အရည်အချင်းတွေကို ပိုင်ဆိုင်ထားကြတဲ့ ပညာရှင်တွေကို ရွေးချယ်ပြီး ချီးမြှင့်တဲ့ပွဲကြီးမှာတော့ ထူးချွန်သူတွေက ထိုက်တန်တဲ့ဆုတွေကိုလည်း ဆွတ်ခူးရရှိခဲ့ကြပါတယ်။ ကမ္ဘာက လေးစားရတဲ့ မြန်မာပြည်ဖွားတွေအဖြစ် ဆုရရှိခဲ့ကြသူတွေထဲမှာတော့ ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေလည်း အပါအဝင် ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ အကယ်ဒမီများဆုရှင် မင်းသမီးချော အိန္ဒြာကျော်ဇင်က ” ဘက်စုံထူးချွန်သော အကယ်ဒမီဆုများရှင် အမျိုးသမီးသရုပ်ဆောင်၊ အလှအပနှင့်ဆိုင်သော ဆုများစွာရရှိထားသူ၊ ပရိတ်သတ်များက လေးစားအားကျ အတုယူရသော စံပြအမျိုးသမီး – အိန္ဒြာကျော်ဇင် – ကမ္ဘာကလေးစားရတဲ့ မြန်မာပြည်ဖွား ” ဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့အတူ ဆုရရှိခဲ့တာ ဖြစ်ပါတယ်။ စူပါမော်ဒယ်၊ သရုပ်ဆောင် မေမြတ်နိုးကလည်း ” အလှအပနှင့် ဖက်ရှင်ရေးရာတွင်...