BRICS နိုင်ငံများအကြား အပြန်အလှန်အားဖြင့်မဟာဗျူဟာမြောက်ယုံကြည်မှုရှိစေရေး တရုတ်နိုင်ငံမှ တောင်းဆို
တရုတ်နိုင်ငံကိုယ်စာလှယ် Yang Jiechi မှ BRICS နိုင်ငံများအား COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကိုင်တွယ်ထိန်းချုပ်ရာတွင် နိုင်ငံရေးအရလုံခြုံရေး၊ စည်းလုံးညီညွှတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့တွင် အပြန်အလှန်အားဖြင့် မဟာဗျူဟာမြောက်ယုံကြည်မှုများပိုမိုနက်ရှိုင်းမှုရှိစေရေး တောင်းဆိုခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏နိုင်ငံရေးဆိုင်ရာဗျူရိုအဖွဲ့ဝင်၊ (CPC) ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး၏ ဒါရိုက်တာ တစ်ဦးဖြစ်ဟူ Yang Jiechi သည် video link မှတဆင့် အမျိုးသားလုံခြုံရေးဆိုင်ရာ BRICS အဆင့်မြင့် ကိုယ်စားလှယ်များ၏ ၁၀ ကြိမ်မြောက်အစည်းအဝေးတွင် မှတ်ချက်ပြုပြောကြားခဲ့ ခြင်းဖြစ်ပါသည်။ လက်ရှိနိုင်ငံတကာဆက်ဆံရေးများနှင့် စည်းမျဉ်းများသည် တစ်ဖက်သတ်ဝါဒ၊ အကာအကွယ်ပေးရေးနှင့် လွှမ်းမိုးမှုဆိုင်ရာအပြုအမှုများဖြင့် စိန်ခေါ်မှုများကိုခံနေရ ကြောင်းပြောကြားခဲ့ပြီး ကုလသမ္မဂဗဟိုပြုနိုင်ငံတကာစနစ်နှင့် ဘက်ပေါင်းစုံစနစ်ကို ကာကွယ်ရန်၊ စစ်အေးတိုက်ပွဲစိတ်ဓာတ်နှင့် ထိပ်တိုက်ရင်ဆိုင်မှုများကို ငြင်းပယ်ရန် ကြိုးပမ်းမှုများနှင့်ပတ်သက်၍ တောင်းဆိုခဲ့ပါသည်။ BRICS နိုင်ငံများအနေဖြင့် တန်းတူညီမျှမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုတို့မှတဆင့် လုံခြုံမှုရှိစေရန် ၎င်းတို့ကိုယ်တိုင်ဆောင်ရွက်သင့်ကြောင်း Yang မှ...